News @ M-Media

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျင်းပ

နိုဝင်ဘာ ၂၄-၂၀၁၃
M-Media
သီရိ

DSC01322a

ရန်ကုန်။ ။ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (Elimination of Violence Against Women Day) ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် နေ့လည် ၃ နာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းနားကို “လွတ်လပ်ခြင်း နဲ့ ဖဲကြိုးဖြူ” သီချင်းဖြင့် ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဦးစီးမှုး၊ လူမှုဝန်ထန်းဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ၁၆ ရက်တာကာလ လှုပ်ရှားမှုကိုတာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သော နိုဝင်ဘာလ ၂၅ ရက်နေ့မှစတင်ပြီး လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်နေ့ထိဖြစ်ကြောင်း ၄င်းကရှင်းလင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားသည် မြန်မာပြည်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသော အခမ်းအနားဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁၂ ခုနှစ်က ကန်တော်ကြီး အမျိုးသားဥယျာဉ်တွင် ကျင်းပခဲ့ကြောင်းလည်း သိရပါသည်။

ထိုပွဲတွင် ပဟေဠိ အမေးအဖြေ၊ သံချပ်၊ ပြဇာတ်၊ တေးသရုပ်ဖော် စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Comments

Leave a Reply