News @ M-Media

Blog

  • မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်

    မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    conf_muslimat_saratov

    “The role of women in modern society” ဟု အမည်ရသည့် မွတ်စလင်မ် အမျိုးသမီးညီလာခံတစ်ခုကို ရုရှားနိုင်ငံ အနောက်ပိုင်း Saratov Oblast ပြည်နယ် Saratov မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    ထိုညီလာခံအား Saratov မြို့အခြေစိုက် မွတ်စလင်မ် အမျိုးသမီးအဖွဲ့အစည်း Rodnik က ရုရှားမွဖ်သီကောင်စီနှင့် ရုရှားမွတ်စလင်မ်အမျိုးသမီး အစည်းအရုံးတို့၏ ကူညီမှုဖြင့် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

    ညီလာခံသို့ မော်စကို၊ တာတာစတန်၊ ဒါဂီစတန်၊ ဘရှ်ကော့တ်တိုစတန် စသည့် ပြည်နယ်များနှင့် ရုရှားနိုင်ငံတစ်ဝှမ်းမှ မွတ်စလင်မ်အမျိုးသမီး ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ ယခုလက်ရှိအခြေအနေများ၊ ကလေးငယ်များအား ပြုစုပျိုထောင်းခြင်း၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များအပါအ၀င်၊ အလှူဒါနပြုလုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး ၎င်းတို့ ကြုံတွေရသော အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသည်။

    အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံတွင် ခရစ်ယာန်ဘာသာပြီးနောက် ကိုးကွယ်ယုံကြည်မှုအများဆုံး အယူဝါဒတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်နှင့်ပက်သက်သည့် ရှေးဟောင်းအမွေအနှစ်များစွာရှိနေကာ ရုရှား လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    Ref : Islam RU

  • လူမည်းမုန်းတီးသူ လူဖြူကြီးစိုးရေး ခေါင်းဆောင်တဦး DNA စစ်ကြည့်ရာ လူမည်းသွေး ၁၄% ပါရှိကြောင်းတွေ့ရှိရ

    နိုဝင်ဘာ- ၁၂ ၂၀၁၃
    M-Media

    လူဖြူ သီးသန့်မြို့ကို တည်ထောင်လိုသည့် လူမျိုးရေး ခွဲခြားသူ တစ်ဦးမှာ အာဖရိက နွယ်ဖွားဖြစ်ကြောင်း တွေ့ရှိရ

    cobb-1.si

    အမေရိကန်ပြည်ထောက်စု မြောက်ဒါကိုတာ ပြည်နယ်ရှိ မြို့ငယ်တစ်မြို့အား လူဖြူများနေထိုင်သည့် မြိုတစ်မြို့အဖြစ် ပြုလုပ်ချင်သည့် လူဖြူ လူမျိုးကြီးဝါဒီ ကာရေ့ဂ်ျကော့ဘ်၏ DNA အား ဓာတ်ခွဲကြည့်ရာ လူမည်းသွေးဖြစ်သည့် Sub-Saharan အာဖရိကသွေးပါသူတစ်ဦးဖြစ်ကြောင်း သိရသည်။

    အသက် ၆၂ နှစ်အရွယ်ရှိ ကော့ဘ်မှာ NBC ရုပ်သံမှ တင်ဆက်သည့် The Trisha Goddard Show အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး ဓာတ်ခွဲစမ်းသပ်မှုများအရ ၎င်း၏ DNA ၁၄ ရာခိုင်နှုန်းမှာ Sub-Saharan အာဖရိကသွေးဖြစ်ပြီး ၈၆ ရာခိုင်နှုန်းမှာ ဥရောပသွေးဟု ပြသနေကြောင်း ၎င်းကိုယ်တိုင် ၀န်ခံခဲ့သည်။

    သို့ရာတွင် ကော့ဘ်က ထိုရလဒ်အား ငြင်းပယ်ခဲ့ကာ ကိန်းဂဏန်းအရ တွက်ချက်မှု တစ်ခုသာဖြစ်ပြီး ဆီနှင့် ရေမှာ ရောစပ်၍မရဟု ထည့်သွင်း ပြောကြားခဲ့သည်။ အစီစဉ်တင်ဆက်သူ Goddard က “ရှင့်မှာ လူမည်းသွေး နည်းနည်းပါတယ်လေ” ဟု ပြောကြားခဲ့သော်လည်း ကော့ဘ်က လက်မခံဘဲ နှစ်ကြိမ်တိုင်တိုင် ခုခံပြောဆိုခဲ့သည်။

    “ဒီရလဒ်ကိုကျွန်တော်လက်ခံပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သိပ္ပံစမ်းသပ်ချက်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ယူဆလို့ပါ” ဟု ထိုအစီစဉ်ပြီးနောက် Daily Mail သတင်းစာသို့ ကော့ဘ်က ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏ယုံကြည်ချက်မှာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော့်မှာ လူမည်းသွေးပါပေမယ့်၊ ကျွန်တော်တို့ ဒါမျိုးကို နောက်ထပ်  အလိုမရှိတော့ပါဘူး”

    Ref: RT.News

  • သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်

    သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Centre) ရန်ကုန်တွင် ဖွင့်တော့မည်

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    လမင်းဖြူ

    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။
    တရုတ်ပြည်ရှိ Day Care Center တစ်ခု၏ ၂၀၁၀-ခု ဇူလိုင်လက ဓါတ်ပုံဖြစ်ပါသည်။

    ရန်ကုန် ။        ။        သက်ကြီးရွယ်အိုများအား နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (Day Care Center for the Aged)ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မကြာခင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

    မကြာခင်ဖွင့်လှစ်တော့မည့် အဆိုပါ Day Care Centre တွင် ကမ္ပည်းမော်ကွန်း၊ ဘုရားခန်း၊ အဘိုးအဘွားများ နားနေခန်း၊ ဆေးပေးခန်း၊ ဧည့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း၊ အပန်းဖြေနားနေခန်း၊ စာကြည့်ခန်း၊တစ်ကိုယ်ရေသန့်ရှင်းခန်း၊ ကွန်ပျူတာခန်း၊ သီချင်းဆိုခန်း၊ စားသောက်ခန်း၊ ဖွင့်ပွဲကျင်းပမည့်နေရာများနှင့် အစမ်းလေ့ကျင့်မှုများလည်း ပြင်ဆင်လုပ်ဆောင်နေပြီး  ရနက်ုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်တွင် တည်ရှိသည်ဟု သိရသည်။

    အဆိုပါ Day Care Centre ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  ဒေါ်မြတ်မြတ်အုန်းခင်မှ နိုဝင်ဘာ ၉-ရက်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရပါသည်။

    သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာသည် တခြားသော နိုင်ငံများတွင် လုပ်ဆောင်သည်များကို လေ့လာ၍ မြန်မာနိုင်ငံတွင် ယခုအခါ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်သည့် တစ်ခုတည်းသော Day Care Center ဖြစ်ကြောင်းလည်း သိရပါသည်။

  • ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ

    ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ

    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media

    ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးတိုက်ခတ်ခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ကြောင့် လူသောင်းချီသေဆုံးခဲ့ပြီးနောက် အစိုးရက နိုင်ငံအား ကပ်ဘေးကျရောက်သည့် အရေးပေါ်အခြေအနေကြေညာလိုက်သည်ဟု သိရသည်။

    မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေနေရသည့် သန်းချီသောလူများအား အကူအညီများအလျင်အမြန် ဆောင်ရွက်ပေးရန် အတွက် ဖိလစ်ပိုင်သမ္မတ ဘန်အစ်ဂနို အကွီနိုက ယမန်နေ့တွင်အမိန့်ပေးခဲ့ပြီး၊ ဒုက္ခရောက်နေသူများထံ အကူအညီများမြန်မြန်ရောက်ရှိလိမ့်မည်ဟု ကတိပေးခဲ့သည်။

    “တည်တည်ငြိမ်ငြိမ်နေဖို့၊ ဆုတောင်းဖို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဖေးမခြင်းကသာ ဒီကပ်ဆိုး ကနေ လွတ်မြောက်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီနိုင်မှာဖြစ်ပါတယ်” ဟု အကွီနိုက ရုပ်မြင်သံကြားမှတစ်ဆင့် ယမန်နေ့ကပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

    အမေရိကန်၊ ဥရောပ၊ နယူးဇီလန်နှင့် သြစတေးလျနိုင်ငံတို့အပါအ၀င် အခြားသောနိုင်ငံများနှင့် အဖွဲ့အစည်းများမှာ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ကယ်ဆယ်ရေး နှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ယမန်နေ့ကတည်းက ဖိလစ်ပိုင်သို့ လာရောက်နေကြသည်ဟု သိရသည်။

    Ref : Aljazeera

  • တောင်ကြီးမြို့ မြို့မဈေးကြိးအနီး မီးလောင်မှုဖြစ်ပွား

    နိုဝင်ဘာ ၁၁၊ ၂၀၁၃
    M-Media
    ကျောက်ခဲ

    တောင်ကြီး ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မြို့မဈေးကြီး အနောက်ဘက်တွင် ယနေ့ နိုဝင်ဘာ ၁၁-ရက် ည ၉-နာရီမီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

    တောင်ကြီးမြို့ မြို့မဈေးကြီးအနောက်ဘက်၊ ဈေးမျက်နှာချင်းဆိုင်ရှိ လှသီရိ ဖန်စီပစ္စည်းရောင်းဝယ်ရေးဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

    အဆိုပါ မီးလောင်ကျွမ်းရာသို့ မီးသတ်ကားတစ်စီးစတင်ရောက်ရှိလာခဲ့သော်လည်း အနည်းငယ်သာ ရေပက်ဖြန်းပြီးချိန် ရေကုန်သွားခဲ့သဖြင့် နီးစပ်ရာ မြို့မဈေးကြီးအတွင်းမှ မီးသတ်ဗူးများကို ထုတ်ယူငြိမ်းသတ်ခဲ့ရပြီးနောက် မီးတောက်များ ထပ်မံပေါ်ထွက်လာပြီး ၁၅-မိနစ်ခန့် ကြာချိန်မှသာ ရေကားတစ်စီး ထပ်မံရောက်ရှိလာကာ မီးငြိမ်းသတ်ခဲ့ရပါတယ်။

    ယင်းမီးလောင်ရာသို့ မီးသတ်ကား ၂-စီးနှင့် ရေကားတစ်စီး ရောက်ရှိလာပြီး ည ၁၀-နာရီခန့်တွင် အပြီးတိုင် မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

    ၎င်း မီးလောင်ကျွမ်းမှုမှာ ၀ါယာရှော့ခ်ဟု ယူဆရသော်လည်း မီးစတင်လောင်ကျွမ်းမှုအား အတိအကျ မသိရှိရသေးပဲ စုံစမ်းလျက် ရှိပါတယ်။

     

    TGI 2

    Tgi1