News @ M-Media
Blog
  • နိုဝင်ဘာ ၃ နိုင်ငံတကာသတင်း
    နိုဝင်ဘာ ၃ နိုင်ငံတကာသတင်း
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်ကိစ္စနှင့်ပက်သက်ပြီး အမေရိကန်နှင့် တူရကီတို့ဆွေးနွေးခဲ့ကြ
    တူရကီနိုင်ငံက တရုတ်နိုင်ငံမှ တာဝေးပစ်ဒုံးခွင်းစနစ်ဝယ်ယူမည့် အစီအစဉ်အား အမေရိကန်မှ စိုးရိမ်ကြောင်းပြောကြားခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ထိုကိစ္စနှင့် ပက်သက်၍ တူရကီနိုင်ငံနှင့် ဆွေးနွေးခဲ့ကြသည်ဟု တူရကီရှိ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
    ပြီးခဲ့သည့် စက်တင်ဘာလက တရုတ်နိုင်ငံမှ လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် (CPMIEC) မှ တာဝေးပစ်ဒုံးကျည်ဖျက် လက်နက်များကို ၀ယ်ယူရန် သဘောတူညီမှုရခဲ့သည်ဟု တူရကီနိုင်ငံမှ ကြေညာခဲ့သည်။ CPMIEC ကုမ္ပဏီမှာ ဆီးရီးယားနှင့် အီရန်တို့အား လက်နက်များရောင်းချမှုကြောင့် အမေရိကန်က ပိတ်ဆို့မှုများပြုလုပ်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်၏မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီအနေဖြင့် ထိုကဲ့သိုသောဆောင်ရွက်ချက်အား အမေရိကန်မှ သဘောမကျဖြစ်နေခဲ့သည်။
    အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂျင်မ် မီလာမှာ တူရကီနိုင်ငံသို့လာရောက်ခဲ့ပြီး ဆီးရီးယားကိစ္စ၊ အမေရိကန် တူရကီနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများအပါအ၀င် နှစ်နိုင်ငံ သံတမန်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း တူရကီရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဂရူဘီရှာက ပြောကြားခဲ့သည်။
    Ref: english.alarabiya
    ……………………………….
    ရိုမေးနီးယားတွင် ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ
    နိုင်ငံရှိ ကျန်းမာရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေတိုးမြှင့်ပေးရန် တောင်းဆိုရန်အတွက် ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့တွင် ကျန်းမာရေးဝန်ထမ်းများက ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။
    ယမန်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာတို့က ၎င်းတို့၏ လစာနည်းပါးမှုနှင့် ဆိုးရွားသောလုပ်ငန်းခွင်အခြေအနေများနှင့် ပက်သက်ပြီး ၎င်းတို့၏ မကျေနပ်မှုများကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုဆန္ဒပြမှုအတွင်း နိုင်ငံအတွင်းရှိ ကျန်မားရေးလုပ်ငန်းများသို့ ဘဏ္ဍာငွေများတိုးမြှင့်ပေးရန်နှင့် နိုင်ငံမှထုပ်လုပ်သည့် ဆေးဝါးပစ္စည်းများကို ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခွင့်ပြုရန် အစိုးရအားတောင်းဆိုခဲ့ကြသည်။
    ရိုမေးနီးယား ဆရာဝန်များကောလိပ်၏ အဆိုအရ ဆရာဝန် သုံးထောင်ဝန်းကျင်မှာ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိရန်အတွက် နိုင်ငံရပ်ခြားသို့ နှစ်စဉ်ထွက်ခွာနေကြသည်ဟု သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂ၏ ဒုတိယအဆင်းရဲဆုံးတိုင်းပြည်ဖြစ်သည့် ရိုမေးနီးယားရှိ ဆရာဝန်တစ်ယောက်၏ လခမှာ တစ်လလျှင် ကန် ၂၇၅ ဒေါ်လာသာ ရရှိသည်ဟုသိရသည်။
    Ref: Press TV
    roomtwo91538520
    …………………………..
    ပင်စင်လစာကိစ္စအား မကျေနပ်သောကြောင့် ဗြိတိန်တွင် မီးသတ်သမားများ ဆန္ဒပြ
    အင်္ဂလန်နှင့် ဝေးလ်နိုင်ငံတို့ရှိ မီးသတ်သမားများက ၎င်းတို့အား ဗြိတိန်အစိုးရမှပေးသော ပင်စင်လခကိစ္စနှင့်ပက်သက်ပြီး မကျေနပ်သောကြောင့် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    မီးသတ်တပ်ဖွဲ့အစည်းရုံးတစ်ခုဖြစ်သည့် Fire Brigades Union (FBU) မှ အဖွဲ့ဝင်များမှာ မီးသတ်သမားများ၏ ပင်စင်ယူရမည့် အသက်အား အစိုးရမှ တိုးမြှင့်မည့်အစီအစဉ်နှင့် အနားယူသွားခဲ့သူများ၏ ပင်စင်လစာများ နည်းပါမှုတို့နှင့်ပက်သက်ပြီး မကျေနပ်သောကြောင့် ပြီးခဲ့သည့်သောကြာနေ့က လေးနာရီကြာ ချီတက်ဆန္ဒပြခဲ့ကြသည်။
    ထို့ပြင် တနင်္လာနေ့တွင်လည်း ဆန္ဒပြရန်စီစဉ်ထားခဲ့ကြပြီး၊ အစိုးရအနေဖြင့် ၎င်းတို့၏အစီအစဉ်အား ဆွေးနွေးညှိနှိုင်းရန်အတွက် ယခုကဲ့သို့ဆန္ဒပြခြင်းဖြစ်သည်ဟု FBU ၏ အထွေထွေ အတွင်းရေးမှူး မတ်ဝရက်က ပြောကြားခဲ့သည်။
    Ref: Press TV
    …………………………………….
    တရုတ်နိုင်ငံတွင် ကျောက်မီးသွေးတွင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွား လူ ၇ ဦးသေဆုံး
    တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ကျောက်မီးသွေးလုပ်သား ၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
    ဂွမ်ဇူပြည်နယ် ယူမိုမြို့ရှိ ကျောက်မီးသွေးတစ်ခုဖြစ်ပြီး ဒေသစံတော်ချိန် စနေနေ့ နံနက် ၂ နာရီတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ မိုင်းလုပ်သား ၄၅ ဦးအား ကယ်ဆယ်ရေးအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ပြီး ထိုအထဲမှ ၂ ဦးမှာ ရရှိထားသော ဒဏ်ရာများကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။ အခြား လုပ်သား ၅ ဦး၏ အလောင်း ၅ လောင်းကိုလည်း ပေါက်ကွဲခဲ့သည့်နေရာအနီးအနားတွင် တွေ့ရှိခဲ့ရပြီး မည့်သည့်အကြောင်းကြောင့် ပေါက်ကွဲခဲ့ခြင်းကို စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြေကြားခဲ့သည်။
    Ref: CNN
    ……………………………..
    အိန္ဒိယတွင်ရထား တိုက်မိသောကြောင့် လူ ၈ ဦးသေဆုံး
    အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် အန်ဒရာ ပရာဒက်ရှ်တွင် ယမန်နေ့က ရထား မတော်တဆဖြစ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၈ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    သေဆုံးသူများမှာ ၎င်းတို့၏ရထားတွဲမှာ မီးလောင်နေသည်ဟူသောသတင်းကြောင့် ရထားလမ်းဘက်သို့ထွက်ပြေးကြရမှာ အခြားရထားတစ်စီးနှင့်တိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
    အိန္ဒိယနိုင်ငံတွင် ရထားမတော်တဆဖြစ်ပွားမှုများအား အဖြစ်များပြီး ရထားတွဲများအား ထိန်းသိမ်မှုညံ့ဖျင်းခြင်းနှင့် ရထားမောင်းသူများ၏ ပေါ့ဆမှုများကြောင်း ဖြစ်ပွားရခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ ကလည်း အဝေးပြေးရထားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူး ခရီးသည် ၃၅ ဦး သေဆုံးခဲ့သည်။
    ………………………….
    အင်္ဂလန်အကျဉ်းထောင်တစ်ခုတွင် ထောင်ဖောက်မှုဖြစ်ပွား
    အကျဉ်းထောင်များအတွင်း အပြောင်းအလဲတစ်ချို့ပြုလုပ်ပြီးနောက် အင်္ဂလန်အရှေ့တောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် ထောင်ဖေါက်မှုတစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    ကန့်မြို့ရှိ Maidstone အမည်ရှိအကျဉ်းထောင်ဖြစ်ပြီး ဒေသစံတော်ချိန် ယနေ့နံနက် ၄ နာရီကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အကျဉ်းသား ၁၈၀ ပါဝင်ခဲ့ပြီး ထိုအကျဉ်းသားများက ထောင်အစောင့်များအား မနှောက်ယှက်ရန် ပြောကြားခဲ့သည်။
    အကျဉ်းထောင်များတွင် ၀န်ထမ်းများပြတ်လတ်မှုကြောင့် အကျဉ်းသားများအား မကြာခင်ကစ၍ အကျဉ်းခန်းများတွင် အလုံပိတ်ထားခဲ့ပြီး၊ ထိုကဲ့သို့ အလုံပိတ်ထားမှုအား အကျဉ်းသားများက မကျေနပ်သောကြောင့် ယခုကဲ့သို့ ထောက်ဖောက်မှုများဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု အကျဉ်းထောင်တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
    Ref: Press TV
  • ရိုမေးနီးယားတွင် ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    roomtwo91538520
    နိုင်ငံရှိ ကျန်းမာရေးလုပ်ငန်းများအတွက် ဘဏ္ဍာငွေတိုးမြှင့်ပေးရန် တောင်းဆိုရန်အတွက် ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့တွင် ကျန်းမာရေးဝန်ထမ်းများက ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။
    ယမန်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာတို့က ၎င်းတို့၏ လစာနည်းပါးမှုနှင့် ဆိုးရွားသောလုပ်ငန်းခွင်အခြေအနေများနှင့် ပက်သက်ပြီး ၎င်းတို့၏ မကျေနပ်မှုများကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထိုဆန္ဒပြမှုအတွင်း နိုင်ငံအတွင်းရှိ ကျန်မားရေးလုပ်ငန်းများသို့ ဘဏ္ဍာငွေများတိုးမြှင့်ပေးရန်နှင့် နိုင်ငံမှထုပ်လုပ်သည့် ဆေးဝါးပစ္စည်းများကို ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခွင့်ပြုရန် အစိုးရအားတောင်းဆိုခဲ့ကြသည်။
    ရိုမေးနီးယား ဆရာဝန်များကောလိပ်၏ အဆိုအရ ဆရာဝန် သုံးထောင်ဝန်းကျင်မှာ ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိရန်အတွက် နိုင်ငံရပ်ခြားသို့ နှစ်စဉ် ထွက်ခွာနေကြသည်ဟု သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂ၏ ဒုတိယ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်သည့် ရိုမေးနီးယားရှိ ဆရာဝန်တစ်ယောက်၏ လခမှာ တစ်လလျှင် ကန် ၂၇၅ ဒေါ်လာသာ ရရှိသည်ဟုသိရသည်။
    Ref: Press TV
  • သူလျှိုလုပ်မှု သြစတေးလျနှင့် အမေရိကန်တို့အား မလေးရှားသတိပေး
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    USA
    မလေရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ သံရုံးများမှ လုပ်ဆောင်နေသည့် သူလျှိုလုပ်ငန်းများအတွက် သြစတေးလျနှင့် အမေရိကန်နိုင်ငံတို့အား မလေးရှားက သတိပေးပြောဆိုလိုသည်။
    ထို့ကဲ့သိုပြောဆိုမှုမှာ ယမန်နေ့က ပြုလုပ်ခဲ့သည့် အိန္ဒိယသမုဒ္ဒရာ ပတ်ဝန်းကျင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ၁၃ ကြိမ်မြောက်ကျင်းပသော ၀န်ကြီးအဆင့်အစည်းအဝေးပွဲတွင် မလေးရှားနိုင်ငံခြားရေး ၀န်ကြီး အန်နီဖာ အေမန်က သြစတေးလျနိုင်ငံခြားရေး ၀န်ကြီး ဂျူလီဘစ်ရှော့အား သီးခြားတွေ့ဆုံကာ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မလေးရှားနိုင်ငံပိုင်မီဒီယာ  Bernama ကဖော်ပြခဲ့သည်။
    ထို့ပြင် မလေးရှားတွင်ပြုလုပ်နေသည့် သြစတေးလျ၏ သူလျှိုလုပ်ငန်းများက မလေးရှားပြည်သူများအား မကျေနပ်မှုကိုဖြစ်ပွားစေပြီး နှစ်နိုင်ငံ ရှိပြီးသား ဆက်ဆံရေးအား ပျက်ဆီးစေနိုင်သည်ဟု အန်နီဖာက ထည့်သွင်းပြောကြားခဲ့သည်။
    အမေရိကန်နှင့် သြစတေးလျတို့က ကွာလာလမ်ပူတွင် သူလျှိုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သံအမတ်နှင့် သြစတေးလျ သံအမတ်တို့ကိုဆင့်ခေါ်ကာ ထိုသူလျှိုလုပ်ငန်းများအား ကန့်ကွက်ကြောင်း သ၀ဏ်လွှာပေးအပ်ခဲ့သည်။
  • အာဆယ်နယ်၊ မန်ယူ၊ မန်စီးတီးတို့ အနိုင်ရရှိခဲ့ပြီး မော်ရင်ဟို၏ ချယ်ဆီး ရှုံးနိမ့်ခဲ့ရသည့် ပရီးမီယားလိဂ် ပွဲစဉ် ၁၀ စနေနေ့ညပွဲစဉ်များ
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    MU
    ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ၏ ပွဲစဉ် ၈ ပွဲကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ရာ ဇယားထိပ်တွင်ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်းအီမရိတ်တွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ မန်ချက်စတာစီးတီးအသင်းမှာလည်း တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး စပါးအသင်းမှာ အိမ်ကွင်းတွင် အမှားအယွင်းမရှိ ၃ မှတ်ရယူနိုင်ခဲ့သည်။ မန်ယူအသင်းမှာ ဖူလ်ဟမ်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်ခဲ့ပြီး ချယ်ဆီးအသင်းက နယူးကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သည်။
    အာဆင်နယ် ၂-၀ လီဗာပူးလ်
    လိဂ်ဖလားတွင် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်အသင်းမှာ ယခုပွဲတွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေသည့် လူငယ်ကစားသမား ၀ီလ်ရှိုင်းယားနှင့် ဖလာမီနီတို့ မပါဝင်နိုင်ခဲ့ဘဲ ရိုစစ်စကီးက ဖလာမီနီ၏နေရာတွင် ၀င်ရောက်ကစားခဲ့သည်။
    လီဗာပူးအသင်းကလည်း ပြီးခဲ့သည့် သီတင်းပတ်က ၀က်စ်ဘရွန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား တစ်နေရာသာ အပြောင်းအလဲလုပ်ကာ အာဆင်နယ်အသင်းအား ရင်ဆိုင်ခဲ့သည်။
    ပထမပိုင်း၏ အစောပိုင်းမိနစ်များတွင် လီဗာပူးလ်အသင်းက ပွဲကိုစိုးမိုးထားနိုင်ခဲ့သော်လည်း အဖွင့်ဂိုးကို ၁၉ မိနစ်တွင် အာဆင်နယ်အသင်းက ရရှိခဲ့သည်။ ထိုဂိုးအား ဆက်ဂ်နာ၏ ဖြတ်တင်ဘောမှတစ်ဆင် ကာဇိုလာကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၅၉ မိနစ်တွင် အာဆင်နယ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး အိုဇေးလ်၏ ဖန်တီးပေးမှုမှတဆင့် ရမ်ဆေးက သွင်းယူခဲ့ခြင်းဖြစ်သည်။
    အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ပြိုက်ဘက်များကို ၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်နေသည်။
    …………………………………………………
    ဖူလ်ဟမ် ၁-၃ မန်ယူ
    ရာသီအစတွင် ခြေစွမ်းမမှန်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် တည်ငြိမ်လာသည့် မန်ယူအသင်းမှာ အဝေးကွင်းတွင် ဖူလ်ဟမ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့သည်။
    ဦးဆောင်ဂိုးကို မန်ယူအသင်းက ပထမပိုင်း ၉ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဗလင်စီယာက သွင်းယူပေးခဲ့သည်။ ထို့နောက် ပမထမိုင်း မိနစ် ၂၀နှင့် ၂၂ မိနစ်တို့တွင် တိုက်စစ်မှူး ဗန်ပါစီနှင့် ရူနီတို့က အနိုင်ဂိုးများကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင်ပင် မန်ယူတို့ ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိနေခဲ့သည်။
    ဒုတိယပိုင်း ၆၅ မိနစ်တွင် အိမ်ရှင်အသင်း၏ကစားသမား ကာချန်နစ်လစ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သော်လည်း ကျန်ရှိသည့်ပွဲချိန်များတွင် မန်ယူအသင်းက ထိန်းကစားသွားခဲ့သောကြောင့် အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့သည်။ မန်ယူအင၏သင်းမှာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲတွင် ရှုံးပွဲမရှိသေးဘဲ ယခင်ပုံစံကောင်းကို ပြန်လည်ရရှိနေသည်။
    ………………………………………………….
    နယူးကာဆယ် ၂-၀ ချယ်ဆီး
    ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ်တွင်မန်စီးတီးအသင်းနှင့်၊ လိဂ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည့်
    ချယ်ဆီးအသင်းမှာ စိန့်ဂျိမ်းစ်ပါ့ခ်တွင် နယူးကာဆယ်အသင်းအား အရှုံးပေးခဲ့ရသည်။
    မော်ရင်ဟိုမှာ မန်စီးတီးအသင်းအား အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား ၂ နေရာအပြောင်းအလဲလုပ်ကာ နယူးကာဆယ်အသင်းအားရင်ဆိုင်ခဲ့သည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် ချယ်ဆီးအသင်းကသာ ပွဲကိုစိုးမိုးထားပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲခြင်းမပြုနိုင်ခဲ့ပေ။
    အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း ၆၉ မိနစ်တွင် ဂေါ့ဖရင်က ကာဘာယီ၏ ဖရီးကစ်အားခေါင်းတိုက်၍လည်းကောင်း၊ ပွဲပြီးကာနီး ၈၉ မိနစ်တွင် ရီမီကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ယခုပွဲအရှုံးမှာ ချယ်ဆီးအသင်းအတွက် ယခုနှစ်ရာသီ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ဦးဆောင်သူ အာဆင်နယ်အသင်းနှင့်လည်း ၅ မှတ်ကွာဟသွားပြီဖြစ်သည်။
    ……………………………….
    မန်စီတီး ၇-၀ နော်ဝစ်ခ်ျ
    မန်စီးတီးအသင်း၏ အိမ်ကွင်းအီတီဟတ်တွင်ကစားခဲ့ရသည့် ယခုပွဲစဉ်တွင် မန်စီးတီးအသင်းမှာ တန်းဆင်းဇုန်နားရှိ နော်ဝစ်ခ်ျအသင်းအား ဂိုးအများအပြားသွင်းကာ လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်ခဲ့သည်။
    မန်စီးတီးအသင်း၏ဂိုးများကို ကစားသမား ၇ ယောက်က တစ်ဂိုးစီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ၁၆ မိနစ်တွင် နော့်ဝစ်ခ်ျကစားသမား ဂျွန်ဆင်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုမှ ချယ်ဆီးတို့ အဖွင့်ဂိုးစရခဲ့ပြီးနောက်ပိုင်း ဒေးဗစ်ဆေးလ်ဗား၊ နက်စတာစစ်၊ နီဂရီဒိုတို့က သုံးဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် မန်စီးတီး အသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရနေခဲ့သည်။
    ဒုတိယပိုင်းတွင် ယာယာတိုးယေး၊ အဂူရိုနှင့် ဇက်ကိုတို့က သုံးဂိုးထပ်မံသွင်းယူပေးခဲ့ပြီး ၇ ဂိုး ဂိုးမရှိဖြင့် ပွဲစဉ်ပြီးဆုံးခဲ့သည်။
    ……………………………………..
    ဟားလ်စီးတီး ၁-၀ ဆန်းဒါးလန်း
    ဟားလ်စီးတီးအသင်း၏ အိမ်ကွင်း KC ကွင်းတွင် ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းထောက်မစွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ဟားလ်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၂၅ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဆန်းဒါးလန်းကစားသမား ကားလို့စ် စူအဲလာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်မှာ ဟားလ်စီးတီးအသင်း၏ ယခုနှစ်ရာသီ စတုတ္ထမြောက်နိုင်ပွဲလည်းဖြစ်သည်။
    ………………………………………..
    ပရီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲမရခဲ့သည့် ၀က်စ်ဘရွန်းအသင်းမှာ အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ………………………………………..
    စတုတ် ၁-၁ ဆောက်သက်တမ်
    ၁ ဂိုး စီသရေကျခဲ့သည့် စတုတ်နှင့် ဆောက်သက်တမ်တို့ပွဲတွင် ပွဲအစ ၁၃ စက္ကန့်တွင်ပင် အိမ်ရှင်အသင်းဂိုးသမားက အက်စ်မီရ် ဘီဂိုဗစ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ ၄၂ မိနစ်တွင် ဂျေးရော်ဒရီဂက်ဇ်က ဧည့်သည်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ၀က်စ်ဟမ်းနှင့် အက်စတွန်ဗီလာတို့ပွဲတွင် နှစ်သစ်စလုံး ဂိုးသွင်းခွင့်နည်းငယ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရှိသရေကျခဲ့သည်။
  • တောင်ပေါ် ထင်းခုတ်သွားသည့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး အသတ်ခံရ
    နိုဝင်ဘာ ၂၊ ၂၀၁၃
    M-Media
    ဇာဏီ
    image-1383407027771-V
    ဆင်တပ်မှော် ။      ။           ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဆင်တပ်မှော် အကြမ်းဖက်ခံ ဒုက္ခသည်များ စခန်းမှ အသက် ၅၅-နှစ်အရွယ် ဦးအာလေအဟ်မာန်သည် တောင်ပေါ်ထင်းခုတ်သွားရာမှ လိုက်ရှာသည့်အခါ သူ၏ အလောင်းအား တောင်ပေါ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သဖြင့် သယ်ယူမြှုပ်နှံရန် စီစဉ်ရာ သယ်ယူခွင့်မရဟု သိရသည်။
    ဖြစ်စဉ်မှာ ယနေ့မနက် ၈-နာရီခန့်က ဆင်တပ်မှော်ရွာတွင် နေထိုင်နေသော  ဦးအာလေအဟ်မာန်၊ (၅၅-နှစ်)သည် သူ၏ ကလေးများနှင့် အတူ ထင်းခုတ်ရန် တောင်ပေါ်သို့သွားရာ ရခိုင် အကြမ်းဖက်သမားအချို့မှ ၀ိုင်းဝန်း ဖမ်းဆီးသဖြင့် ကလေးများမှ ထွက်ပြေးလာခဲ့ပြီး ရွာရှိ လူများအား ပြောသောကြောင့် လူအင်အားဖြင့် ၀ိုင်းဝန်း၍ ရှာဖွေကြရာ တောင်ပေါ်တွင် လက်နှင့် ခြေထောက်တို့အား ကြိုးတုတ်လျက် လည်ပင်းလှီးဖြတ်ခံထားရပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး သယ်ယူရန် လုပ်ဆောင်သော်လည်း ရခိုင်များနှင့် စစ်တပ်မှ သယ်ယူခွင့်မပြုသည့်အတွက် စစ်တပ်နှင့် စကားများရာမှ တဆင့် အခြေအတင် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်မှ သေနတ်ဖြင့် ပစ်သည့်အတွက် ရိုဟင်ဂျာ ၃-ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ NGO တစ်ခုမှ ခေါ်ဆောင်၍ စစ်တွေသို့ ပို့ဆောင်ထားကြောင်း၊ ယခုအခါ ရွာရှိ ရိုဟင်ဂျာ ဒေသခံများအား ပတ်ဝန်းကျင်ရှိ ရခိုင်ရွာများမှ ခြိမ်းခြောက်မှုများ ရှိလာသဖြင့် စိုးရိမ်နေကြောင်း၊ သိရသည်။
    ဆင်တပ်မှော်ရွာမှပင် အသက် ၃၅-နှစ်ဝန်းကျင်ခန့် ရိုဟင်ဂျာ အမျိုးသားတစ်ယောက်သည်လည်း တောင်ပေါ်သို့ ထင်းခုတ်သွားရာ ယခုအချိန်ထိ ပြန်မရောက်လာသဖြင့် သူသည်လည်း အသတ်ခံလိုက်ရပြီဟု ရွာသားများမှ သတ်မှတ်လိုက်ကြကြောင်း ဒေသခံများမှ ပြောပါသည်။