News @ M-Media

တောင်ပေါ် ထင်းခုတ်သွားသည့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး အသတ်ခံရ

နိုဝင်ဘာ ၂၊ ၂၀၁၃
M-Media
ဇာဏီ

image-1383407027771-V

ဆင်တပ်မှော် ။      ။           ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဆင်တပ်မှော် အကြမ်းဖက်ခံ ဒုက္ခသည်များ စခန်းမှ အသက် ၅၅-နှစ်အရွယ် ဦးအာလေအဟ်မာန်သည် တောင်ပေါ်ထင်းခုတ်သွားရာမှ လိုက်ရှာသည့်အခါ သူ၏ အလောင်းအား တောင်ပေါ်တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့သဖြင့် သယ်ယူမြှုပ်နှံရန် စီစဉ်ရာ သယ်ယူခွင့်မရဟု သိရသည်။

ဖြစ်စဉ်မှာ ယနေ့မနက် ၈-နာရီခန့်က ဆင်တပ်မှော်ရွာတွင် နေထိုင်နေသော  ဦးအာလေအဟ်မာန်၊ (၅၅-နှစ်)သည် သူ၏ ကလေးများနှင့် အတူ ထင်းခုတ်ရန် တောင်ပေါ်သို့သွားရာ ရခိုင် အကြမ်းဖက်သမားအချို့မှ ၀ိုင်းဝန်း ဖမ်းဆီးသဖြင့် ကလေးများမှ ထွက်ပြေးလာခဲ့ပြီး ရွာရှိ လူများအား ပြောသောကြောင့် လူအင်အားဖြင့် ၀ိုင်းဝန်း၍ ရှာဖွေကြရာ တောင်ပေါ်တွင် လက်နှင့် ခြေထောက်တို့အား ကြိုးတုတ်လျက် လည်ပင်းလှီးဖြတ်ခံထားရပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး သယ်ယူရန် လုပ်ဆောင်သော်လည်း ရခိုင်များနှင့် စစ်တပ်မှ သယ်ယူခွင့်မပြုသည့်အတွက် စစ်တပ်နှင့် စကားများရာမှ တဆင့် အခြေအတင် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်မှ သေနတ်ဖြင့် ပစ်သည့်အတွက် ရိုဟင်ဂျာ ၃-ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ NGO တစ်ခုမှ ခေါ်ဆောင်၍ စစ်တွေသို့ ပို့ဆောင်ထားကြောင်း၊ ယခုအခါ ရွာရှိ ရိုဟင်ဂျာ ဒေသခံများအား ပတ်ဝန်းကျင်ရှိ ရခိုင်ရွာများမှ ခြိမ်းခြောက်မှုများ ရှိလာသဖြင့် စိုးရိမ်နေကြောင်း၊ သိရသည်။

ဆင်တပ်မှော်ရွာမှပင် အသက် ၃၅-နှစ်ဝန်းကျင်ခန့် ရိုဟင်ဂျာ အမျိုးသားတစ်ယောက်သည်လည်း တောင်ပေါ်သို့ ထင်းခုတ်သွားရာ ယခုအချိန်ထိ ပြန်မရောက်လာသဖြင့် သူသည်လည်း အသတ်ခံလိုက်ရပြီဟု ရွာသားများမှ သတ်မှတ်လိုက်ကြကြောင်း ဒေသခံများမှ ပြောပါသည်။

Comments

Leave a Reply