News @ M-Media

Blog

  • အောက်တိုဘာ ၃၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၃၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media

    သမ္မတနှင့် ၀န်ကြီးများ ပြည်ခိုင်ဖြိုးတွင် ပါဝင်မှု လွှတ်တော်တွင် အငြင်းပွား

    NLD မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးတချို့အနေဖြင့် ပြည်ခိုင်ဖြိုးပါတီတွင် ဆက်လက် တည်ရှိနေခြင်း ရှိ မရှိနှင့် ဆက်စပ်သောမေးခွန်းမေးမြန်းစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးမောင်နှင့် ဦးဝင်းမြင့်တို့အကြား အချေအတင် အပြန်အလှန် မေးခွန်းမေးမြန်းဖြေဆိုပြီး အငြင်းပွားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးအချို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပါတီမှ နှုတ်ထွက်ရမည်ဟု ဖော်ပြထားခြင်းမရှိကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်အဖြစ် ဆက်လက် တည်ရှိနေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီပဲ အခြေခံ ဥပဒေခုရုံး၏ အဆုံးအဖြတ်ခံယူရမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားပါတယ်။
    _________________________

    လူမျိုးစုတွေကိုပါ ဖိတ်မည့် အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲ

    အောက်တိုဘာလ ၈-ရက်နေ့မှာ စတင်ပြုလုပ်မယ့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ အစိုးရတို့အကြား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီများအပြင် တိုင်းရင်းသားလူမျိုးစုများဖြစ်တဲ့ ကချင်မျိုးနွယ်စုမှ ရ၀မ်၊ လီဆူးတို့အပြင် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားမည်ဖြစ်ကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။
    ________________________

    သူ၏ ခရီးစဉ်နှင့် ချိန်ကိုက်လုပ်ဆောင်သော သံတွဲပဋိပက္ခဟု သမ္မတ သံသယရှိ

    သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သူ၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က ဒီနေ့မှာ အဏ္ဏ၀ါရိပ်သာ၌ ပြောကြားလိုက်ပြီး သွေးထိုးလှုံ့ဆော်သူများနှင့် ပြစ်မှုကျူးလွန်းသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်မှသာ ပြဿနာ၏ အရင်းအမြစ်ကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး ရခိုင်ဒေသတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ နည်းလမ်းများကို သုံးကာ လူမျိုးဘာသာ မခွဲခြားပဲ တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ပြောကြားလိုက်ကြောင်း မဇ္ဈိမသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    ______________________

    ဂျပန်တွင် ကုန်တင်သင်္ဘောနှစ်စင်းတိုက်မိ

    ဂျပန်နိုင်ငံ အနောက်ဘက်ရှိ ရှိကိုကူကျွန်းမှ ၁၇-ကီလိုမီတာအကွာ ပင်လယ်ပြင်တွင် ယမန်နေ့ညက ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဒေသစံတော်ချိန် ည ၉ နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ ၇-နိုင်ငံမှ သင်္ဘောသား ၂၁-ဦးပါဝင်သည့် တန်ချိန် ငါးသောင်းကျော်ကုန်များတင်ဆောင်လာသော စင်ကာပူသင်္ဘောနှင့် သင်္ဘောသား ၁၇-ဦးပါဝင်ပြီး တန်ချန် ငါးသောင်းနီးပါး တင်ဆောင်လာသည့် ပါနားမားသင်္ဘောတို့တိုက်မိခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှမရှိဘဲ တိုက်မိပြီးနောက်ပိုင်း သင်္ဘောနှစ်စီးစလုံးမှာ ပုံမှန်အတိုင်း ခုတ်မောင်းနိုင်သည်ဟု ဂျပန်ရေကြောင်း တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : xinhua
    ________________________

     

    ကမ္ဘောဒီယားရေကြီးမှု သေဆုံးသူ ၃၉-ဦးထိ မြင့်တက်

    ကမ္ဘောဒီးယားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီးမှုများကြောင့် သေဆုံးသူမှာ ၃၉-ဦးအထိရှိလာပြီဟုသိရသည်။ လွန်ခဲ့သည့်သုံးပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး မဲခေါင်မြစ်မှရေကြီးရေလျှံခဲ့သောကြောင့် အိမ်ထောင်စုပေါင်း ၁-သောင်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ကော်မတီ(NCDM) က ပြောကြားခဲ့သည်။ ရေကြီးမှုကြောင့် အိုးအိမ်ပေါင်း ကိုးသောင်းနီးပါး၊ ကျောင်း ၅၃၃-ကျောင်းနှင့် စေတီ ၂၉၁ ဆူ တို့ပျက်ဆီးခဲ့ကြောင်း (NCDM) မှထုတ်ပြန်သော အစီရင်ခံစာတွင်ရေးသားဖော်ပြခဲ့သည်။
    Ref : xinhua, Photo : malaysiantimes
    ________________________

     

    ငြိမ်းချမ်းရေးမဆွေးနွေးမီ ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကို ရပ်တန့်ရမည်ဟု တာလီဘန်ဆို

    ပါကစ္စတန်အစိုးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မစဉ်စားမီ အမေရိကန်အနေနှင့် ပါကစ္စတန်ရှိ ၎င်းတို့နေထိုင်ရာဒေသများသို့ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ရမည်ဟု တာလီဘန်အဖွဲ့ကပြောဆိုလိုက်သည်။ ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ၂၀၀၇-ခုနှစ်ကတည်းက အစိုးရအား တိုက်ခိုက်နေခဲ့သည့် ပါကစ္စတန်တာလီဘန်အဖွဲ့(TTP)အပါအ၀င် အခြားသော စစ်သွေးကြွအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပါကစ္စတန်အစိုးရက လုပ်ဆောင်နေစဉ် တာလီဘန်တို့က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ရှာဟီဒူလာ ရှဟိဒ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရုံမျှနှင့်မလုံလောက်ဘဲ ဒရုန်းလေယာဉ်များဖြင့်တိုက်ခိုက်မှုများကို အသုံးသတ်ဖို့အရေးကြီးကြောင်း၊ ဒရုန်းလေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်နေပါကာ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
    Ref : presstv

    ________________________

    ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲမှုများလုပ်ရန် ဘရာဇီး လူ့အခွင့်အရေး အကြီးအကဲဆို

    ဘရာဇီးနိုင်ငံ လူ့အခွင့်အရေး ၀န်ကြီးဌာန၀န်ကြီး မာရီယာ ဒို ရိုစာရီယိုက ဆောက်လုပ်ရေးလုပ်သားများအား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့မှုကြောင့် တပ်ဖွဲ့ ၁၀ ဦး တရားစွဲဆိုခံထားရသည့် ဘရာဇီးနိုင်ငံ၏ ရဲတပ်ဖွဲ့အား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ယမန်နေ့က ပြောကြားလိုက်သည်။ မြို့တော် ဘရာစီလီယာတွင်ပြုလုပ်ခဲ့သည့် နိုင်ငံရေးအခမ်းအနားတစ်ခုတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသောကြောင့် ပြုပြင်ပြောင်းလဲရေးကို သေချာအောင်ဆောင်ရွက်ဖို့လိုသည်ဟု ရိုစာရီယိုက တိုက်တွန်းခဲ့သည်။
    Ref : xinhua
    ________________________

    ချစားမှုကြောင့် အင်ဒိုနီးရှား တရားသူကြီးတစ်ဦးအဖမ်းခံရ

    လာဘ်ပေးလာဘ်ယူပြုလုပ်သည်ဟူသောစွပ်စွဲချက်ဖြင့် အင်ဒိုနီးရှား တရားသူကြီးတစ်ဦးအား အင်ဒိုနီးရှား အခြေခံဥပဒေခုံရုံးက ဖမ်းဆီးလိုက်သည်ဟုသိရသည်။ အကီလ် မွတ်ခ်ျတာဟု အမည်ရသည့် အဆိုပါတရားသူကြီးအား လာဘ်ငွေ ကန်ဒေါ်လာ၂၅၀၀၀၀ ယူဆောင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ချစားမှုတိုက်ဖျက်ရေး တာဝန်ရှိသူများက ယမန်နေ့ညပိုင်းကဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ဖမ်းဆီးမှုမှာ နိုင်ငံအတွင်းရှိ ရာထူးကြီးသောသူများအား ဖမ်းဆီးမှုထဲမှ နောက်ဆုံးဖမ်းဆီးမှုဖြစ်ပြီး ဒေသတွင်း ရွေးကောက်ပွဲနှင့် ဆက်စပ်နေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    Ref : bbc

    ________________________

    အီတလီတွင် သင်္ဘောမှောက်မှုဖြစ်ပွား လူဒါဇင်နှင့်ချီသေဆုံး

    အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူများအား သယ်ဆောင်လာသည့် သင်္ဘောတစ်စီးမှာ အီတလီတောင်ပိုင်းရှိ Lampedusa ကျွန်အနီးတွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လူ ၈၂ ဦးသေဆုံးခဲ့သည်ခဲ့သည်ဟု အဆိုပါကျွန်း၏ မြို့တော်ဝန်က ပြောကြားခဲ့သည်။ လူပေါင်း ၁၄၀ ကျော်ကိုကယ်တင်နိုင်ခဲ့ပြီး ရာနှင့်ချီ၍ ပျောက်ဆုံးနေသည်ဟုသိရသည်။ လူပေါင်း ၅၀၀ ခန့်ကိုတင်ဆောင်လာသည့်ဟု ယုံကြည်ရသည့် အဆိုပါသင်္ဘောမှာ မီးလောင်၍နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတို့ပါဝင် သည်ဟု သတင်းများက ဖော်ပြကြသည်။ ယခုတစ်ပါတ်အစောပိုင်းကလည်း စစ္စလီကျွန်းသို့ဝင်ရောက်ရန်ကြိုးစားကြသည့် ရွှေ့ပြောင်းနေထိုင်သူ ၁၃ ဦးမှာ ရေနစ်သေဆုံးခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ဥရောပသို့ ၀င်ရောက်ရန်ကြိုးစားခဲ့ကြသည့် ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ နီးပါး ပင်လယ်ပြင်တွင် ရေနစ်သေဆုံးခဲ့ကြသည်ဟု မှတ်တမ်းများက ဖော်ပြကြသည်။
    Ref : bbc

    ________________________

    အမေရိကန်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

    မြောက်ကိုရီးယား၏ နျူးကလီးယားအစီအစဉ်ပေါ် စိုးရိမ်မှုများတိုးပွားလာရခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်အနီးတစ်ဝိုက်တွင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံပါဝင်သည့် ရေတပ်ဆိုင်ရာစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟုသိရသည်။ ထိုကြေညာချက်အား အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့က တောင်ကိုရီးယား အာဏာပိုင်များနှင့် ဆွေးနွေးပြီးနောက်ပိုင်း ဂျပန် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် ယခုသီတင်းပတ်အတွင်း တိုကျို၌တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက အစီအစဉ်၏ အသေးစိတ်ကိုပြောပြသွားခြင်းမရှိချေ။
    Ref : channelnewsasia
    1111
    ________________________


    ကယ်ဆယ်ရေးအဖွဲ့များအား ၀င်ရောက်ခွင့်ပြုရန် ဆီးရီးယားကို ကုလ တိုက်တွန်း

    ဆီးရီးယားပြည်တွင်းစစ်အတွင်း ဒုက္ခရောက်နေကြသည့် ပြည်သူများအား လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ကူညီရန်အတွက် စစ်ပွဲအားခဏရပ်တန့်ပေးရန် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် အဖွဲ့များအား ကုလသမဂ္ဂက တိုက်တွန်း ပြောဆိုလိုက်သည်။ နယ်စပ်မှာ အကူအညီများပေးပို့မှုကို ခွင့်ပြုရန်နှင့် အကူအညီများသယ်ဆောင်ရာ အဓိက လမ်းတစ်လျှောက် တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ဆီးရီးယားအစိုးရနှင့် အတိုက်အခံအဖွဲ့များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    ၂၀၁၁-ခုနှစ်ကစတင်ခဲ့သည် ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၁-သိန်းကျော်သေဆုံးခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်အများစုပါဝင်သည့် လူ ၂-သန်းကျော် အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်အဖြစ်ရောက်ရှိနေသည်။ ဆီးရီးယားနိုင်ငံအတွင်းတွင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူ သန်းနှင့်ချီရှိနေပြီး အကူအညီများစွာ လိုအပ်နေသည့် ၎င်းတို့အတွက် ထောက့်ပံ့ပေးရေးမှာ ကြန့်ကြာနေခဲ့ရသည်။
    Ref : aljazeera
    201310215499977734_20
    _______________________

    ________________________

  • ကယ်ဆယ်ရေးအဖွဲ့များအား ၀င်ရောက်ခွင့်ပြုရန် ဆီးရီးယားကို ကုလ တိုက်တွန်း

    ကယ်ဆယ်ရေးအဖွဲ့များအား ၀င်ရောက်ခွင့်ပြုရန် ဆီးရီးယားကို ကုလ တိုက်တွန်း

    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media

    201310215499977734_20

    ဆီးရီးယားပြည်တွင်းစစ်အတွင်း ဒုက္ခရောက်နေကြသည့် ပြည်သူများအား လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ကူညီရန်အတွက် စစ်ပွဲအားခဏရပ်တန့်ပေးရန် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် အဖွဲ့များအား ကုလသမဂ္ဂက တိုက်တွန်း ပြောဆိုလိုက်သည်။ နယ်စပ်မှာ အကူအညီများပေးပို့မှုကို ခွင့်ပြုရန်နှင့် အကူအညီများသယ်ဆောင်ရာ အဓိက လမ်းတစ်လျှောက် တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ဆီးရီးယားအစိုးရနှင့် အတိုက်အခံအဖွဲ့များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    ၂၀၁၁-ခုနှစ်ကစတင်ခဲ့သည် ဆီးရီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၁-သိန်းကျော်သေဆုံးခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်အများစုပါဝင်သည့် လူ ၂-သန်းကျော် အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည်အဖြစ်ရောက်ရှိနေသည်။ ဆီးရီးယားနိုင်ငံအတွင်းတွင်လည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပြည်သူ သန်းနှင့်ချီရှိနေပြီး အကူအညီများစွာ လိုအပ်နေသည့် ၎င်းတို့အတွက် ထောက့်ပံ့ပေးရေးမှာ ကြန့်ကြာနေခဲ့ရသည်။
    Ref : aljazeera

  • သံတွဲ အကြမ်းဖက်မှုအား အမေရိကန် ပြစ်တင်ရှုတ်ချ

    သံတွဲ အကြမ်းဖက်မှုအား အမေရိကန် ပြစ်တင်ရှုတ်ချ

    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media

     


    ရခိုင်ပြည်နယ် သံတွဲမြို့ဝန်းကျင်ရှိ မွတ်စလင်မ်အများစုပါဝင်သော လူ့အဖွဲ့အစည်းကို အကြမ်းဖက်မှုကြောင့် ဒါဇင်များစွာသော နေအိမ်များနှင့် ဗလီများ ပျက်စီးသည့် မီးရှို့တိုက်ခိုက်မှုများ အပါအ၀င် အကြမ်းဖက်မှုများကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ ရာပေါင်းများစွာသော ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးကြရသည့် အကြမ်းဖက်မှုများကို အမေရိကန်ပြည်ထောင်စုမှ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်းကို အမေရိကန်သံရုံး အင်တာနက် ၀ဘ်ဆိုက်တွင် ဖော်ပြထားပါတယ်။

  • ရီးယဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ အိုလံပီယကော့စ်တို့ အောင်ပွဲခံခဲ့သည့် ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်များ

    ရီးယဲလ်၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ၊ အိုလံပီယကော့စ်တို့ အောင်ပွဲခံခဲ့သည့် ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်များ

    အောက်တိုဘာ ၃၊ ၂၀၁၃
    M-Media

    324142_heroa

    ချန်ပီယံလိဂ် ပထမ ၄ အုပ်စု၏ အုပ်စုဒုတိယပွဲစဉ်များကို ယနေ့နံနက်က ယှဉ်ပြိုင် ကစားခဲ့ရာ ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အိုလံပီယာကော့စ်တို့ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး မန်ယူ၊ ဂျူဗင်တပ်စ်တို့ သရေကျခဲ့ကာ၊ မန်စီးတီးအသင်း ရှုံးပွဲတွေခဲ့ရသည်။

    အုပ်စု A

    ရှက်တာဒိုးနက် ၁-၁ မန်ယူ
    လေဗာကူဆင် ၂-၁ ရီးယဲလ်ဆိုစီဒက်

    အုပ်စုအဖွင့် ပွဲစဉ်တွင် လေဗာကူဆင်အား ၄-ဂိုး ၂-ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် မန်ယူအသင်းမှာ ယခုပွဲတွင် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ၁-ဂိုး စီသရေကျခဲ့သည့်အဆိုပါပွဲတွင် ဦးဆောင်ဂိုးကို ပထမပိုင်း ၁၈-မိနစ်၌ မန်ယူအသင်းအတွက် တိုက်စစ်မှူး ၀ဲလ်ဘတ်က သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် အိမ်ရှင်ရှက်တာဒိုးနက်အသင်းမှာ မန်ယူအသင်းဘက်သို့ ဖိကစားခဲ့သော်လည်း မန်ယူအလယ်တန်းမှ ကောင်းမွန်စွာ ဖြတ်တောက်ထားနိုင်သောကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း မန်ယူနောက်ခံလူ ဗီဒစ်၏ မသေချာသော ဖြတ်ထုတ်မှုမှတစ်ဆင့် ဒုတိယပိုင်း ၇၆ မိနစ်တွင် တိုင်ဆန်က အိမ်ရှင်အသင်းအတွက်ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ယခုပွဲတွင် မန်ယူအလယ်တန်း ကစားသမား ရွိုင်ယန်ဂစ်မှာ ၆၆-မိနစ်တွင် ဖယ်လိုင်နီအစားလူစားဝင်လာခဲ့ပြီး ဥရောပပွဲ ၁၄၅-ပွဲဖြင့် ဥရောပပွဲအများဆုံးကစားသည့် စံချိန်တင်နိုင်ခဲ့သည်။

    ဂျာမနီတွင်ကစားခဲ့သည့် လေဗာကူဆင်နှင့် ဆိုစီဒက်တို့ပွဲတွင် အိမ်ရှင်လေဗာကူဆင်က အမှားအယွင်းမရှိသုံးမှတ်ရယူနိုင်ခဲ့သည်။ သို့သော်လည်း သက်တောင့်သက်တာ အနိုင်ရရှိခြင်းမျိုးမဟုတ်ဘဲ ဂျန်စ်ဟေဂယ်လာ၏ နာကျင်အချိန်ပိုသွင်းဂိုးကြောင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လေဗာကူဆင်အသင်းက ၂-ဂိုး ၁-ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် အဆိုပါပွဲတွင် ဦးဆောင်ဂိုးကို လေဗာကူဆင်အသင်းက ရရှိခဲ့သည်။ ဆိုင်မွန် ရိုဖက်စ်က ပထမပိုင်း နာကျင်အချိန်ပိုတွင် သွင်းယူခဲ့ခြင်းဖြစ်သော်လည်း ဒုတိယပိုင်း ၅၁ မိနစ်တွင် ကားလို့ ဗဲလ်လာက ဆိုစီဒက်အတွက် ချေပဂိုးကိုသွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် မည်သူမျှ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ဘဲ သရေဖြင့်ပွဲပြီးဆုံးမည်ဟု ထင်ခဲ့ရသော်လည်း ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် လေဗာကူဆင်က အနိုင်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဖရီးကစ်မှတစ်ဆင့် ဂျန်စ်ဟေဂယ်လာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………………………………

    အုပ်စု B

    ရီးယဲလ်မက်ဒရစ် ၄-၀ ကိုပင်ဟေဂင်
    ဂျူဗင်တပ်စ် ၂-၂ ဂါလာတာစာရေး

    အုပ်စုအဖွင့်ပွဲစဉ်တွင် ဂါလာတာစာရေးအား အဝေးကွင်းတွင် ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော ရီးယဲလ်မက်ဒရစ်မှာ ယခုပွဲတွင်လည်း အိမ်ကွင်း၌ ကိုပင်ဟေဂင်ဟား သက်တောင့်သက်သာ ကစားကာ ၄-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဂါလာတာစာရေးနှင့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့သော ရော်နယ်ဒိုမှာ ယခုပွဲတွင်လည်းခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ၂-ဂိုး သွင်းယူပေးခဲ့သည်။ ရီးယဲလ်နည်းပြအန်ဆယ်လော့တီမှာ အက်သလက်တီကိုအား ရှုံးနိမ့်ခဲ့ရသည် ပွဲစဉ်မှ လူစာရင်းအား ၅ နေရာအပြောင်းအလဲလုပ်ခဲ့ပြီး ကိုပင်ဟေဂင်ကိုရင်ဆိုင်ခဲ့သည်။ ရီးယဲလ်အတွက်ဂိုးများကို ၂၁-မိနစ်နှင့် ၆၅-မိနစ်တွင် ရော်နယ်ဒိုကလည်းကောင်း၊ ၇၁-မိနစ်နှင့် ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ဒီမာရီယာကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။

    အီတလီတွင်ကစားခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် ဂါလာတာစာရေးတို့ပွဲစဉ်တွင် မန်စီးတီးနည်းပြဟောင်းကိုင်တွယ်သည့် ဂါလာတာစာရေးက အဖိုးတန်သရေတစ်မှတ်ကို ရယူနိုင်ခဲ့သည်။ ၂-ဂိုးစီ သရေဖြင့်ပြီးဆုံးခဲ့သည့် အဆိုပါပွဲစဉ်တွင် ဦးဆောင်ဂိုးကို ဧည့်သည်အသင်းက စရခဲ့ပြီး ၀ါရင့်တိုက်စစ်မှူး ဒရော့ဘာက လီယိုနာဒိုဘော့ချီ၏ မသေသပ်သော လူပေးမှုကို အခွင့်ကောင်းယူကာ သွင်းယူခဲ့သည်။ နည်းပြသစ်နှင့်ဂါလာတာစာရေးမှာ ဂျူဗင်တပ်စ်အသင်းအား ဒုက္ခပေးနိုင်ခဲ့သည်။ ဂျူဗင်တပ်စ်အသင်းအတွက် ချေပဂိုးနှင့် ဦးဆောင်ဂိုးများကို အာတူရို ဗီဒယ်က ၇၈ မိနစ်တွင် ပင်နယ်တီမှလည်းကောင်း၊ ၈၇ မိနစ်တွင် ဖေဘီယို ကွမ်လီယာရယ်လာက လည်းကောင်း အသီးအသီးသွင်းယူပေးခဲ့သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် ဂါလာတာစာရေးအသင်းက ချေပဂိုးရရှိခဲ့ပြီး ၈၈ မိနစ်တွင် အူမွတ် ဘူလွတ်က သွင်းယူပေးခဲ့ကာ ဂါလာတာစာရေးအတွက် အဖိုးတန်တစ်မှတ်ကို ရရှိစေခဲ့သည်။
    …………………………………………..

    အုပ်စု C

    ပီအက်စ်ဂျီ ၃-၀ ဘင်ဖီကာ
    အန်ဒါလက်ခ်ျ ၀-၃ အိုလံပီယာကော့စ်

    အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရခဲ့သည့် ပီအက်စ်ဂျီအသင်းမှာ အိမ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင်လည်း ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းအား တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ ခြေစွမ်းပြမှုနှင့်အတူ ၃-ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ပွဲအစငါးမိနစ်မှာပင် အိမ်ရှင်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး မတ်တူအီဒီ၏ ဖြတ်တင်ဘောမှတစ်ဆင့် အီဗရာဟီမိုဗစ်က သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ၂၅ မိနစ်တွင် မာကွင်ဟိုက သွင်းယူပေးခဲ့ပြီး မိနစ် ၃၀ တွင် အီဗရာဟီမိုဗစ်က နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

    အုပ်စု C တွင် အားအနည်းဆုံးအသင်းဖြစ်သည့် အန်ဒါလက်ခ်ျအသင်းမှာ ယခုပွဲတွင်လည်း ဂရိကလပ် အိုလံပီယာကော့စ်ကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သည်။ ဧည့်သည်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော အဆိုပါပွဲတွင် အိုလံပီယာကော့စ်အတွက်ဂိုးများကို ၁၇၊ ၅၆ နှင့် ၇၂ မိနစ်တို့တွင် တိုက်စစ်မှူး ကွန်စတန်တီနို မီထရော့လူတစ်ဦးတည်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    ………………………………….

    အုပ်စု D

    မန်စီးတီး ၁-၃ ဘိုင်ယန်မြူးနစ်
    စီအက်စ်ကေအေမော်စကို ၃-၂ ဗစ်တိုးရီးယားပါဇန်

    အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် မန်စီးတီးအသင်းမှာ ယခုပွဲတွင် အိမ်ကွင်း၌ လက်ရှိချန်ပီယံကို ဂိုးပြတ်ဖြင့်ရှုံးနိမ်ခဲ့ရသည်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဂွာဒီယိုလာ၏လက်ထက်တွင် တစ်ပွဲထက်တစ်ပွဲ ပိုမိုကောင်းမွန်လာကာ ယခုပွဲတွင်လည်း မန်စီးတီးအသင်းအား အသာစီးဖြင့် ကစားနိုင်ခဲ့သည်။ ပွဲအစ ၇ မိနစ်တွင်ပင် ဘိုင်ယန်အသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး ရီဘာရီက သွင်းယူပေးခဲ့သည်။ အဖွင့်ဂိုးရပြီးနောက်ပိုင်း ဘိုင်ယန်အသင်းကပင် ဖိကစားနိုင်ခဲ့ပြီး ၅၆-မိနစ်တွင် သောမတ်စ်မူလာက ဒုတိယဂိုးနှင့် မိနစ်-၆၀ တွင် အာဂျန်ရော်ဘင်က တတိယဂိုးကိုသွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်မှာ ဘိုင်ယန်အသင်းအတွက် ချန်ပီယံလိဂ် ၇ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ကလပ်အသင်း၏ စံချိန်တစ်ခုလည်းဖြစ်ခဲ့သည်။

    ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းနှင့် ဗစ်တိုရီးယားပါဇန်တို့ပွဲစဉ်ကို ရုရှားတွင်ကစားခဲ့ကြပြီး အိမ်ရှင်အသင်းက ၃-ဂိုး ၂-ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဖွင့်ဂိုးကို ပါဇန်အသင်းက ပွဲအစ ၄-မိနစ်တွင်ရရှိခဲ့သော်လည်း ၁၉-မိနစ်တွင် ဇိုရန်တိုစစ်က အိမ်ရှင်အတွက်ချေပဂိုးကို သွင်းယူပေးခဲ့သည်။ ၂၉-မိနစ်တွင် အိမ်ရှင်အသင်းက ဦးဆောင်ဂိုးကိုရရှိခဲ့ပြီး ဂျပန်တိုက်စစ်မှူး ဟွန်ဒါက သွင်းယူပေးခဲ့သည်။ တတိယဂိုးကို ရာဒင်မ် ရန်ဇစ်က်၏ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းမှရရှိခဲ့ပြီး ပါဇန်အသင်းအတွက် ဒုတိယချေပဂိုးကို ဒုတိယပိုင်းနာကျင်အချိန်ပိုတွင်မှ မရက် ဘာကို့စ်က သွင်းယူပေးခဲ့သည်။

  • သံတွဲ ဗောဓိကုန်းရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ

    သံတွဲ ဗောဓိကုန်းရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ

    အောက်တိုဘာ ၂၊ ၂၀၁၃
    M-Media
    ထွန်းတောက်

     

    သံတွဲ ဗောဓိကုန်းရှိ ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ (Breaking News ၁၀း၀၅-နာရီ)

    ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲ အဏ္ဏ၀ါရပ်ကွက် ငပလီ အဏ္ဏ၀ါရိပ်သာမှာ ရှိနေသော ယခုအချိန် (ည ၁၀း၀၅-နာရီ) မှာပင် သံတွဲ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် အိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

    =================

    ဗောဓိကုန်းရပ်ကွက် မီးရှို့မှု နောက်ဆက်တွဲသတင်း (Breaking News ၁၀း၂၀-နာရီ)

    သံတွဲမြို့နေ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှ ပိုင်သော ဗောဓိကုန်းရပ်ကွက်ရှိအိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း၊ ရဲနှင့် ရပ်ကွက်မှ လူ ၆၀-ခန့် ရောက်ရှိကြောင်း၊ မီးသတ်ဌာနသို့ အကြောင်းကြားထားသော်လည်း မီးသတ်ကား မရောက်လာသေးကြောင်း၊ အနီးအနားဝန်းကျင်မှဝိုင်းပြီး မီးငြိမ်းသတ်ရန် လုပ်ဆောင်နေကြောင်းကို သံတွဲမြို့မှ ထပ်မံ သတင်းပေးပို့လာပါတယ်။

    =================

    သံတွဲမြို့ ရွှေကျောင်းပြင်ရပ်ကွက်အားလည်း အကြမ်းဖက်သမားများ ၀ိုင်းထား (Breaking News ၁၀း၃၅-နာရီ)

    သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေရာမှ ယခုအခါ ကမန်တိုင်းရင်းသားအများစုနေထိုင်သည့် ရွှေကျောင်းပြင်ရပ်ကွက်ကို အကြမ်းဖက်ရန် အကြမ်းဖက်သမားများ ၀ိုင်းထားသည်ဟု သံတွဲမြို့မှ သတင်းရရှိပါတယ်။

    =================


    သံတွဲမြို့ နောက်ဆက်တွဲသတင်း (Breaking News ၁၁း၀၀-နာရီ)

    သံတွဲမြို့ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် ဗောဓိကုန်းရပ်ကွက်ရှိ အိမ်တစ်လုံးအား အကြမ်းဖက်သမားများမှ မီးရှို့ခဲ့ပြီး ဦးရှဖီးယား၏ အိမ်အားလည်း မီးကွင်း ၂-ကြိမ်ပစ်ခဲ့ကာ ပထမအကြိမ်တွင် သစ်ပင်အား ထိမှန်၍ မီးမလောင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အိမ်ကို မီးအနည်းငယ် လောင်ကျွမ်းခဲ့ပါတယ်။

    ယခုအခါ သေနတ်ပစ်ဖောက်သံ ၈-ချက်ကို ကြားရပြီး အခြေအနေ မည်သို့ ရှိနေသည်ကိုမူ အသေးစိတ် မသိနိုင်ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများတွင် ဦးဆောင် ပါဝင်နေသူမှာ သံတွဲမြို့မှ ရဲတပ်ကြပ် စိန်ဝင်း၏ ညီဖြစ်သူ ကိုဇော်ဆိုသူဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းပါဝင်နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။