စက်တင်ဘာ ၂၀၊ ၂၀၁၃
M-Media
နိုင်ငံခြားဘဏ်များတွင် ၁၁ ဘီလျံ မဟုတ်ပဲ ဒေါ်လာ ၇-ဘီလျံကျော် အပ်နှံထားဟု အစိုးရထုတ်ပြန်
လွန်ခဲ့သောရက်ပိုင်းအတွင်းက နိုင်ငံခြားဘဏ်၌ မြန်မာပြည်မှ အမည်မသိ ဘဏ်အကောင့်များ ရှိနေသည်ဟု ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အဆိုပါ သတင်းနဲ့ ပတ်သက်၍ မြန်မာ အစိုးရဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များက နိုင်ငံတကာ ဘဏ်များတွင် အမေရိကန် ဒေါ်လာ ၇-ဘီလီယျံ (သန်း ၇၀၀၀) ကျော်ကို အပ်နှံထားသည်ဟု နေပြည်တော်တွင် ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဗဟိုဘဏ် ဥက္ကဋ္ဌက ၀န်ခံပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ရှင်းလင်းခြင်း မရှိကြောင်း ဧရာဝတီ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။
________________________
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ပါဝင်ကြဖို့ ဦးအောင်မင်း တိုက်တွန်း
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲတွင် ပါဝင်ကြရန် မနက်ဖြန် တောင်ကြီးမြို့မှာ ကျင်းပမည့် တိုင်းရင်းသား ညီလာခံကို တက်ရောက်လာသော အပစ်ရပ်စဲထားသည့် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်တယ်လို့ RFA သတင်းဌာနမှ သိရှိရပါတယ်။
________________________
ဗိုလ်မှူးတစ်ဦး ဟန်ဆောင်ကာ ကျပ်သိန်းတစ်ထောင်လိမ်လည်
မိမိကိုယ်ကို ဗိုလ်မှူးတစ်ဦးဖြစ်သည်ဟုဆိုကာ ပဲခူးမြို့ ဟံသာဝတီလေဆိပ်အနီး အိမ်ရာစီမံကိန်းရှိ မြေကွက်ရောင်းချမည်ဆို၍ ကျပ်သိန်းတစ်ထောင်ကို ပဲခူးမြို့နေ ဇနီးမောင်နှံထံမှ လိမ်လည်ယူဆောင်သွားသော အမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ရန်ကုန်မြို့ ဗဟန်းရဲစခန်းမှ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
_______________________
မြန်မာနိုင်ငံ ဒုတိယ သမ္မတ Nissan Motor Co.,Ltd ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် Nissan Motor Co.,Ltd ၏ President နှင့် CEO ဖြစ်သူ Mr. Carlos Ghosn ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်က နေပြည်တော် နိုင်ငံတော် သမ္မတအိမ်တော်၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် လျင်မြန်၍ အပြုသဘော ဆောင်သော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအတွင်း Nissan အမှတ်တံဆိပ် ကမ္ဘာ့အဆင့်မီ မော်တော်ယာဉ်စက်ရုံနှင့် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတို့ စီမံချိန်ကာလအတိုင်းတည်ဆောက်ရေး ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သမ္မတရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထား ပါတယ်။
___________________________
ဆီးရီးယားကိစ္စ ကုလမှအဖြေရှာရန် ဂျွန်ကယ်ရီတိုက်တွန်း
ဆီးရီးယားအာဏာပိုင်များက တိုင်းပြည်၏အခြေအနေမှာ မတိုးသာမဆုတ်သာအခြေအနေတွင်ရှိနေသည်ဟု ပြောဆိုလိုက်သောကြောင့် ကုလသမဂ္ဂအနေဖြင့် ထိုကိစ္စအားလာမည့် သီတင်းပတ်တွင် ဥပေဒကြောင်းအရအဖြေရှာရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းပြောဆိုလိုက်သည်။
ဂျွန်ကယ်ရီက ကုလမှနောက်ဆုံးထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင် ဓာတုလက်နက်များသုံးစွဲကာ တိုက်ခိုက်မှု၏နောက်ကွယ်တွင် ဆီးရီးယား အာဏာရှင်များရှိနေကြောင်း ဖော်ပြပါရှိသည်ဟု ပြောကြားခဲ့သည်။
“အခုစမ်းသပ်မှုတွေလာပါပြီ။ ကုလသမဂ္ဂအနေနဲ့ လာမယ့်သီတင်းပတ်မှာ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ပြင်ဆင်ရပါတော့မယ်။ ပြီးတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေက ဒါကိုထောက်ခံဖို့ ပြောဆိုဖို့အရေးကြီးပါတယ်” ဟု ဂျွန်ကယ်ရီက ယမန်နေ့က ပြောကြားခဲ့သည်။
Ref : aljazeera

___________________________
စွန့်ပစ်ပစ္စည်းများအားအသုံးပြုကာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့်စက်ရုံ ဗီယက်နမ်တည်ဆောက်
စွန့်ပစ္စည်းများအားပြန်လည်အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခုကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ယမန်နေ့က စတင်ဆောက်လုပ်ခဲ့သည်ဟု သိရသည်။
နမ်ဆန်(Nam Son)ဟုအမည်ရသည့် အဆိုပါစက်ရုံမှာ ဟနွိုင်းမြို့ Soc Son ခရိုင်တွင်တည်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးစက်ရုံဖြစ်လာမည်ဖြစ်သည်။
ဂျပန်နိုင်ငံလုပ်အပူစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ထုတ်လုပ်ပေးသည့် စက်တစ်ခုအားခေတ်မီနည်းပညာများဖြင့်မွမ်းမံကာ စက်ရုံအလုပ်ရုံများမှစွန့်ပစ်သောအမိုက်သရိုက်များကို လောင်ကျွမ်းစေကာ ထိုမှရရှိသည့်အပူမှ လျှပ်စစ်ဓာတ်အားကို
ထုတ်လုပ်သောစနစ်ဖြစ်သည်ဟု ဗီယက်နမ်အွန်လိုင်းသတင်းစာ Nhandan တွင် ရေးသားဖော်ပြခဲ့သည်။ ထိုစနစ်က တစ်နေ့တွင် စွန့်ပစ်ပစ္စည်း ၇၅တန်အသုံးပြုကာ လျှပ်စစ်ကီလိုဝပ် ၁၉၃၀ ထုတ်လုပ်နိုင်မည်ဟုသိရသည်။
Re f: xinhua, Photo-vietmaz

___________________________
ကရှ်မီးယားတွင် ကားတစ်စီးတိမ်မှောက်မှုဖြစ်ပွား လူငါးဦးသေဆုံး
အိန္ဒိယကထိန်းချုပ်ထားသည့် ကရှ်မီးယားဒေသတွင် ယမန်နေ့က လူကိုးဦးအားတင်ဆောင်လာသည့် ဆူမိုကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူငါးဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟုရဲတပ်ဖွဲ့က ဒီကနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
Machil-Kupwra အဝေးပြေးလမ်းရှိ တောင်ကုန်းများထူထပ်သည့် Z-Morh ဒေသတွင်ယမန်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Srinagarမြိုတော်နှင့် ၁၃၅ ကီလိုမီတာကွာဝေးသည်။ “မနေ့ကဖြစ်ခဲ့တာဖြစ်ပြီး လူကိုးယောက်တင်ဆောင်လာတဲ့ ဆူမိုမော်တော်ယာဉ်တစ်စီးဟာ
ချောက်နက်ထဲပြုတ်ကျခဲ့ပြီး လူငါးဦးသေဆုံးခဲ့ကာ လေးဦးဒဏ်ရာရခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ထားသည်ဟုသိရသည်။
xinhuanet

___________________________
ဆီးရီးယားပြည်တွင်းစစ်မှာ မတိုးသာမဆုတ်သာအခြေအနေသို့ ရောက်နေသည်ဟု ဒုဝန်ကြီးချုပ်ဆို
ဆီးရီးယားနိုင်ငံ၏ ဒုဝန်ကြီးချုပ်ဖြစ်သူ ကွာဒရီ ဂျမီလ်က တိုင်းပြည်အတွင်းဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် အစိုးရတပ်များနှင့် အတိုက်အခံတပ် မည်သူမှ ပြတ်ပြတ်သားသားအနိုင်ရနိုင်ဖွယ်ရာမရှိဟု ပြောကြားလိုက်သည်။ ဗြိတိန်သတင်းစာ Guardian
သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ကြီးမှူးကျင်းပသောငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာခဲ့လျှင် သမ္မတ ဘာရှာအလ်အာဆတ်အနေဖြင့် အတိုက်အခံလက်နက်ကိုင်များအား အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးရန် ဖိတ်ခေါ်လိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
aljazeera

___________________________
ချီကာဂို ပန်းခြံတစ်ခုတွင် သေနတ်ပစ်မှုဖြစ်ပွား ၃နှစ် ကလေးတဦးအပါအဝင် လူ ၁၁ ဦးဒဏ်ရာရ
အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ရှိ ပန်းခြံတစ်ခုတွင် ယမန်နေ့ညက သေနတ် ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
Cornell Square ပန်းခြံတွင် ဒေသစံတော်ချိန် ည ၁၀ နာရီကျော်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများထဲတွင် ၃ နှစ်သားကလေးငယ် တစ်ဦးပါဝင်ကာ ထိုကလေးငယ်နှင့် အခြားလူနှစ်ဦး၏ ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရသော အနေအထားတွင်ရှိသည်ဟု ချီကာဂို မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
အညိုရောင်ကားတစ်ဆီးမှာ ပန်းခြံအတွင်းသို့ ၀င်ရောက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများကထွက်ဆိုခဲ့ကြသည်။
Aljazeera, Photo: The Age World

___________________________
ပြိုင်ဆိုင်မှုများအားရပ်တန့်ရန် အမေရိကန်အား ရူဟာနီတိုက်တွန်း
အီရန်သမ္မတ ဟာဆန် ရူဟာနီက အီရန်နိုင်ငံ၏ နျူးကလီးယားကိစ္စအပါအ၀င်အငြင်းပွားဖွယ်ရာကိစ္စများအား အပြုသဘောဆောင်သောချဉ်းကပ်မှုများပြုလုပ်ရန် အမေရိကန်ပြည်သူများနှင့် ကမ္ဘာကြီးအား ပြောကြားလိုက်ပြီး ဆွေးနွေးညိနှိုင်းမှုမအောင်မြင်ပါက
အားလုံးအတွက် ဆုံးရှုံးမှုများသို့သာဦးတည်လိမ့်မည်ဟု ယမန်နေ့ကပြောကြားလိုက်သည်။ “အကြမ်းဖက်မှုတွေကိုမီးထိုးပေးပြီး ကျွန်တော်တို့ကိုဝေးကွာစေတဲ့ မကောင်းတဲ့ပြိုင်ဆိုင်မှုတွေ၊ ကြားဝင်စွက်ဖက်မှုတွေကို အဆုံးသတ်ဖို့ ကျွန်တော်တို့အတူတကွ လုပ်ဆောင်ရပါမယ်” ဟု ရူဟာနီက ပြောကြားခဲ့သည်။
cnn

___________________________
ချေချင်းညာအလံဟား မီးရှို့ခဲ့သည့် ဇင်းနစ်ပရိတ်သတ်များ တရားစွဲခံရမည်
Terek အသင်းနှင့် ဇင်းနစ်အသင်းတို့ကစားခဲ့သည့် ရုရှားပြည်တွင်းဘောလုံးပွဲစဉ်တစ်ခုတွင် ခြေချင်းညာအလံးအားမီးရှို့ခဲ့သည့် ဇင်းနစ်ပရိတ်သတ်များမှာ မီးအန္တရာယ်ကင်းရှင်းရေးဥပဒေအား ချိုးဖောက်မှုဖြင့် တရားစွဲဆိုခံရမည်ဟု သိရသည်။ သို့သော်လည်း
ကျူးလွန်သူမှာ ရုရှားဖက်ဒရေးရှင်း၏ နိုင်ငံတော်အလံနှင့် နိုင်ငံတော်အမှတ်အသားအား မလေးမစားပြုမှုခြင်းအက်ဥပေဒ ၃၂၉ အရ တရားစွဲဆိုခြင်းခံရမည်မဟုတ်ချေ။ ထို့ပြင် အဆိုပါကျူးလွန်သူမှာ ရုရှားနိုင်ငံတွင်ပြဌာန်းထားသည့်မည်သည့်ရာဇ၀တ်မှုပုဒ်မနှင့်မျှ
တရားစွဲဆိုခြင်းခံရမည်မဟုတ်ဘဲ အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ဒဏ်ငွေသာပေးဆောင်ရမည်ဟု စိန့်ပီတာစဘတ် ဥပဒေထိန်းသိမ်းရေးအေဂျင်ဆီများမှတဆင့်သိရသည်။
islam

___________________________
အမျိုးသမီးဓာတ်ပုံဆရာအား မုဒိမ်းကျင့်ခဲ့သည်ဟု သံသယရှိသူငါးဦးအား အိန္ဒိယတွင်တရားစွဲ
အိန္ဒိယနိုင်ငံရှိအမျိုးသမီးများ၏ လုံခြုံမှုနှင့်ပက်သက်ပြီး လူထုအား ဒေါသဖြစ်စေခဲ့သော လွန်ခဲ့သည့်လကဖြစ်ပွားခဲ့သည့် အမျိုးသမီးဓာတ်ပုံဆရာအား မုဒိမ်ကျင့်ခဲ့မှုတွင် ကျူးလွန်ခဲ့သည်ဟုသံသယရှိသူ ငါးဦးကိုယမန်နေ့ကတရားစွဲဆိုလိုက်သည်။
အခင်းဖြစ်ပွားပြီးရက်နည်းငယ်ကြာမှ ဖမ်းမိခဲ့သည့် သံသယရှိသူများးအား မွမ်ဘိုင်းမြို့တောင်ပိုင်းရှိ Esplanade တရားရုံးတွင် ရုံတင်ခဲ့ခြင်းဖြစ်ပြီး မုဒိမ်းမှု၊ ဓမ္မတာတိုင်းမဟုတ်သော လိင်ဆက်ဆံမှု၊ သက်သေဖျောက်ဖျက်မှု၊ တရားမ၀င်သားဖွားစေမှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟုသိရသည်။
channelnewsasia

___________________________