6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၇
M-Media

2792013

ဘာကာ ဖန်တီးရှင်ဟောင်း ဒေကို တားမြစ်ဆေးကြောင့် ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်

ဘာစီလိုနာအသင်းနှင့် ချယ်ဆီးအသင်းတို့၏ ကစားသမားဟောင်းဖြစ်သူ ဒေကိုအား တားမြစ်သုံးစွဲကြောင်းတွေ့ရှိရ၍ ဘောလုံးလောကမှ တစ်နှစ်ပိတ်ပင်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် သြဂုတ်လက ဘောလုံးကစားခြင်းမှ အနားယူသွားပြီဖြစ်သည့် ဒေကိုမှာ ဘရာဇီးကလပ် ဖလူမင့်စ်အသင်းတွင် ကစားနေစဉ် မတ်လက တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ယာယီအနေဖြင့် ရက်သုံးဆယ်ကစားခွင့် ပိတ်ပင်ခဲ့သည်။

အသေးစိတ် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ပြီးနောက် ဘရာဇီးအားကစားခုံရုံးမှ ယခုကဲ့သို့ တစ်နှစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကစားသမားဘ၀မှ အနားယူသွားခဲ့သည့် ဒေကိုအတွက် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။ ဒေကိုမှာ ပေါ်တိုအသင်းနှင့်ထင်ရှားလာခဲ့သူဖြစ်ပြီး ဘာစီလိုနာနှင့် ချယ်ဆီးအသင်းတို့တွင် ကစားခဲ့ကာ ၂၀၁၀-ခုနှစ်က ဖလူမင်စ့်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် သြဂုတ်လတွင် ကစားသမားဘ၀မှ အနားယူခဲ့သည်။
goal
________________________
ရီးယဲလ်အား မည်ကဲ့သို့အနိုင်ယူရမည်ဆိုသည်ကို သိသည်ဟု ကော့တွစ်ဆို

အက်သလက်တီကို မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ သီဘောက် ကော့တွစ်က စနေနေ့တွင် ကစားမည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပွဲတွင် အက်သလက်တီကိုမှာ ရီးယဲလ်အား ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ အက်သလက်တီကိုမှာ ပြီးခဲ့သည့်နှစ်က ဘာနေဗျူးတွင် ကစားခဲ့သည့် စပိန်ဘုရင့်ဖလားပွဲစဉ်တွင် ရီးယဲလ်အား အနိုင်ယူနိုင်ခဲ့သည်။

ထို့ကြောင့် ယခုအကြိမ်တွင်လည်း ၎င်းတို့၏ မြို့ခံပြိုင်ဘက်အား မနိုင်စရာအကြောင်းမရှိဟု ပြောကြားခဲ့သည့် ကော့တွစ်က “ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိပြီး သူတို့(ရီးယဲလ်ကို) နိုင်အောင် ကစားတတ်ပါတယ်။ သုံးမှတ်ရမယ့်ပွဲဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲလိုပဲဖြစ်မှာပါ။ ကျွန်တော် ဘယ်တော့မှ သရေကျဖို့အတွက် မကစားပါဘူး။ နိုင်ဖို့အတွက်ပါပဲ” ဟု သတင်းထောက်များက ပြောကြားခဲ့သည်။
goal
________________________

နာပိုလီနှင့်ပွဲ လုပ်ရပ်အတွက် ဘာလော့တယ်လီ ပြန်လည်တောင်းပန်

အေစီမီလန်အသင်းက နာပိုလီအသင်းအား ၂-ဂိုး ၁-ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ပြုလုပ်ခဲ့သည့် ၎င်း၏ အပြုအမူများမှာ မသင့်လျော်သော အပြုအမှုများ ဖြစ်သည်ဟု ၀န်ခံခဲ့သော်လည်း သူ၏ လုပ်ရပ်မှာ အသေးအဖွဲမျှသာ ဖြစ်သည်ဟု အေစီမီလန်တိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားခဲ့သည်။ ထိုပွဲအပြီးတွင် ဘာလော့တယ်လီမှာ ဒိုင်လူကြီး၊ ပွဲတာဝန်ရှိသူများနှင့် နာပိုလီအသင်းသားများအား ပြင်းပြင်းထန်ထန်စောဒတက်ခဲ့သောကြောင့် ဒိုင်လူကြီးက ဒုတိယအကြိမ် အ၀ါကတ်ပြသခဲ့သည်။

ထိုလုပ်ရပ်ကြောင့် ဘာလော့တယ်လီအား အီတလီဘောလုံးအဖွဲ့ချုပ်က သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ “ပထမဆုံးအနေနဲ့ ကျွန်တော့် အသင်းဖော်တွေကို တောင်းပန်ပါတယ်။ သူတို့တွေဟာ ကျွန်တော်နဲ့အတူ လေ့ကျင့်ကြ အလုပ်လုပ်ကြပြီး ကျွန်တော့်ရဲ့ဒီအပြုအမူက သူတို့ကို အထီးကျန်သွားစေပါတယ်။ ကျွန်တော့်ကိုဂရုစိုက်တဲ့ ပရိတ်သတ်တွေနဲ့ အသင်းအတွက်လည်း ကျွန်တော်ဟာ အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ဒိုင်လူကြီးကိုလည်းတောင်းပန်ပါတယ်။ ကျွန်တော် ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ခဲ့ပါဘူး။ တချို့အခြေအနေတွေမှာ ကျွန်တော့်ကို ကျွန်တော်ထိန်းချုပ်ရမယ် ဆိုတာ ကျွန်တော် နားလည်သွားပါပြီ “ဟု ဘာလော့တယ်လီက အီတလီ အားကစားသတင်းစာ La Gazzetta dello Sport သို့ပြောကြားခဲ့သည်။
goal
________________________
ဘာစီလိုနာနဲ့ စစ်ဖြစ်နေတာမဟုတ်ပါဘူးလို့ အင်နီယေစတာ ပြော

ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နှောင့်နှေးနေသည့် ကွင်းလယ်ဖန်တီးရှင် အင်နီယေစတာက အသင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ပဋိပက္ခများရှိနေသည်ဆိုသည့် သတင်းကို ငြင်းဆိုလိုက်ပြီး သူ၏ ကစားသမားဘ၀အား ဘာကာတွင်ပင် အဆုံးသတ်ချင်သည်ဟု ပြောကြားလိုက်သည်။

၂၀၁၅ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အင်နီယေစတာအား ဘာကာမှ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စိတ်အားထက်သန်နေသော်လည်း အင်နီယေစတာဘက်မှ နှောင့်နှေးနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန်စောင့်ကြည့်နေသည်။
“ဘာကာနဲ့ အင်နီယေစတာကြားထဲမှာ ထူးဆန်းတာမျိုးဘာမှမရှိသလို စစ်လည်းမဖြစ်ပါဘူး။ ကလပ်ကလည်း ကျွန်တော့်ကို အလိုရှိတယ်။ ကျွန်တော်ကလည်း ဒီမှာနေချင်ပါတယ်။ ကျွန်တော်ဒီအသင်းမှာပဲ ကစားသမားဘ၀က အနားယူချင်တယ်လို့ ခဏခဏပြောပြီးပါပြီ။ အသင်းကလည်းဒီအတိုင်းပါပဲ။ သဘောတူညီချက်တစ်ခုကိုကျွန်တော်တို့ ရောက်ချင်ပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အင်နီယေစတာက ပြောကြားခဲ့သည်။
goal
________________________
မလေးရှားအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ၀ါဝရင်ကာ ကွာတားဖိုင်နယ်သို့တက်ရောက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပလျက်ရှိသည့် မလေးရှားအိုးပင်းနစ်ပြိုင်ပွဲတွင် ဆွစ်ဇလန်တင်းနစ်သမား စတာနစ်လက်စ် ၀ါဝရင်ကာမှာ ကွာတားဖိုင်နယ်သို့တက်ရောက်သွားပြီဟု သိရသည်။

နိုင်ခြေအဆင့် ၂ ရှိ ၀ါဝရင်ကာမှာ ဆိုက်ပရပ်စ် တင်းနစ်သမား မားကို့စ် ဘဂ်ဒါတစ်အား ၆-၁၊ ၇-၅ ဖြင့်အနိုင်ရရှိခဲ့သည်။ ၀ါဝရင်ကာမှာ မကြာမီလန်ဒန်မြို့၌ကျင်းပမည့် နှစ်တစ်နှစ်၏ နောက်ဆုံးတင်းနစ်ပြိုင်ပွဲ ATP World Tour finals ကို ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ယခုပြိုင်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်ရန်မျှော်လင့်နေသည်။

ATP World Tour finals တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့တင်းနစ်အဖွဲ့ချုပ်ကသတ်မှတ်သည့် ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းဝင်သောကစားသမားများသာ ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ၀ါဝရင်ကာမှာ ယခုလက်ရှိတွင် ကမ္ဘာ့အဆင့် ၈ နေရာတွင်ရှိနေသည်။

“အဲဒီ(လန်ဒန်)မှာကစားခွင့်ရရေးဟာ ကစားသမားအားလုံးရဲ့အိပ်မက်ပါ။ သိပ်ကိုကြီးကျယ်ပြီး အံ့သြစရာလည်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ အခုပြိုင်ပွဲမှာ ဘာဖြစ်နေတယ်ဆိုတာကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ ကျွန်တော်အဲဒီ(လန်ဒန်)မှာကစားချင်ပါတယ်။ ကျွန်တော်ပွဲကောင်းကောင်းကစားပြီး ပွဲတွေနိုင်ဖို့လည်းလိုပါတယ်။ တကယ်လို့ကျွန်တော်အတွေးမလွန်ဘူးဆိုရင် အဲဒီမှာယှဉ်ပြိုင်ဖို့အခွင့်အရေးရးမှာပါ” ဟု ပွဲအပြီးတွင်ပြောကြားခဲ့သည်။ ၀ါဝရင်ကာမှာ မလေးရှားအိုးပင်းဆီမီးဖိုင်နယ်တွင် နိုင်ခြေအဆင့် ၆ ရ ရုရှားတင်းနစ်သမား ဒီမီထရီ တာဆူနော့ဗ်နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

Leave a Reply