News @ M-Media
Blog
  • ကုလသမဂ္ဂအကြံပေး မစ္စတာ နမ်ဘီယား မိတ္ထီလာမြို့သို့ ရောက်ရှိပြီး ဘာသာပေါင်းစုံနှင့် တွေ့ဆုံ
    သြဂုတ် ၂၉၊ ၂၀၁၃
    M-Media
    သုတ
    1234905_582756241766850_432073801_n
    မိတ္ထီလာ ။ ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကိုရောက်ရှိနေရာ ယနေ့ သြဂုတ်လ ၂၉-ရက်နေ့တွင် မိတ္ထီလာမြို့သို့ ရောက်ရှိပြီး ညနေ ၄း၀၀-နာရီက အကြမ်းဖက်ခံများ၊ ထို့နောက် ၄း၃၀-နာရီခန့်က ဘာသာပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြာင်း သိရသည်။
    အဆိုပါ တွေ့ဆုံမှုတွင် သံဃာတော် ဆရာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အကြမ်းဖက်ခံများ အပါအ၀င် မိတ္ထီလာမြို့ခံများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။
    မစ္စတာနမ်ဘီးယားသည် ၄-နာရီခန့်က ဘင်္ဂါလီဗလီနှင့် မင်္ဂလာဇေယုံရပ်ကွက်များသို့ သွားရောက်တွေ့ဆုံမေးမြန်းပြီး ချမ်းအေးသာယာဗလီသို့လည်းသွားရောက်ခဲ့သည်။ ချမ်းအေးသာယာ အကြမ်းဖက်ခံများနှင့် တွေ့ဆုံမေးမြန်းမှုတွင် အကြမ်းဖက်ခံများမှ CAMP များအတွင်း နေထိုင်လိုမှု မရှိတော့ဘဲ မိမိတို့ နေရာများသို့သာ ပြန်လိုကြောင်းပြောကြားခဲ့သည်။  မစ္စတာနမ်ဘီးယားမှ နိုင်ငံတော်မှ စီစဉ်ပေးခြင်းမရှိဘူးလားဟုမေးမြန်းရာတွင် အကြမ်းဖက်ခံများမှ နိုင်ငံတော်မှ စီစဉ်ပေးသည်။ သို့သော် မိမိတို့ မြေကွက်များကို သိမ်းယူပြီး တိုက်ခန်းများ ဆောက်လုပ်မည်ဆိုခြင်းကို လက်မခံလိုကြောင်း၊ မိမိမြေနေရာများသာ လိုချင်ကြောင်း၊ နိုင်ငံတော်မှ တိုက်ခန်းများ ဆောက်လုပ်ပေးခြင်းကို မလိုလားကြောင်း ပြန်လည်ဆွေးနွေးပြောဆိုခဲ့ကြသည်။
    ထို့နောက် ချမ်းအေးသာယာရပ်ကွက်အတွင်းမှ ဗုဒ္ဓဘာသာဝင်များ၏ CAMP များသို့လည်း သွားရောက်ရာ ထို CAMP အတွင်းမှ ဗုဒ္ဓဘာသာဝင်များမှလည်း မွတ်စလင်မ်များနှင့် မည်သည့်ပြဿနာမျှမရှိဘဲ အတူယှဉ်တွဲ နေထိုင်လို့ရကြောင်း၊ မွတ်စလင်မ်တွေနဲ့အတူ နေထိုင်နိုင်သည့်အတွက် မိမိတို့အနေနှင့်လည်း တိုက်ခန်းများတွင် မနေလိုကြောင်း ပြောဆိုခဲ့သည့်အတွက် မစ္စတာနမ်ဘီးယားမှ တာဝန်ရှိသူများအား ပြန်လည်တင်ပြမည်ဟု ဆွေးနွေးပြောဆိုခဲ့သည်။
    10026_582756175100190_123279992_n
    ညနေ ၄း၃၀-နာရီတွင် ဘာသာပေါင်းစုံနှင့် တွေ့ဆုံရာတွင် ဘာသာပေါင်းစုံမှ သံဃာတော်များ၊ မွတ်စလင်မ်ခေါင်းဆောင်များ၊ ခရစ်ယာန်ခေါင်းဆောင်များ၊ ဟိန္ဒူဘာသာမှခေါင်းဆောင်များလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ အစ္စလာမ်မှ မုဖ်သီနူးမုဟမ္မဒ်မှလည်း  ဘာသာပေါင်းစုံ အတူယှဉ်တွဲရေးနှင့် ဘာသာတရားတိုင်းသည် အကြမ်းဖက်သည့် သာသနာမဟုတ်ဘဲ တရားရေအေး တိုက်ကျွေးသည့် သာသနာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
    အင်တာနက်စာမျက်နှာများ အထူးသဖြင့် ဖေ့ဘွတ်စာမျက်နှာတွင် မုန်းတီးရေးများရေးသားနေမှု၊ ဦးရဲထွဋ်ကိုယ်တိုင်ရေးသားသည်မှာ ယခုဖြစ်ခဲ့သော ကိစ္စရပ်များသည် ဘာသာရေးအသွင် မဟုတ်၊ လူတစ်စု၏လုပ်ဆောင်မှုသည်ဆိုသည့်အတွက် အကြမ်းဖက်မှုလုပ်ဆောင်နေသည့် လူစုအား အရေးယူသင့်ကြောင်း၊ အရေးယူမှုအား နိုင်ငံတော်အနေနှင့် မလုံလောက်ပါက နိုင်ငံခြား၏ အကူအညီလည်း ယူသင့်ကြောင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။
    အချုပ်အနေနှင့် မစ္စတာ နမ်ဘီးယားမှ ဘာသာပေါင်းစုံ အေးချမ်းစွာနှင့် သင့်မြတ်စွာနေထိုင်ကြရန် ဆွေးနွေးပြောဆိုခဲ့ပါသည်။
    ဗုဒ္ဓဘာသာမှ ဆရာတော် အရှင်ဆေကိန္ဒနှင့် ဘုန်းတော်ကြီးများ၊ ခရစ်ယာန်သာသနာမှ မန္တလေးတိုင်း သင်းအုပ်ဆရာတော်၊ ဟိန္ဒူဘာသာမှ ဆရာတော် ဦးဘော်ဘီ၊ အစ္စလာမ် သာသနာမှ မုဖ်သီနူး မုဟမ္မဒ်၊ ခလီဖွှဟ်ဦးသိန်းဝင်းအောင်၊ ဦးအောင်ဇော်ဝင်း တို့လည်း အဆိုပါ တွေ့ဆုံမှုတွင် တက်ရောက်ပါဝင်ခဲ့ကြသည်။
    ဓါတ်ပုံများကြည့်ရန်။ http://goo.gl/A8877Y
  • အွန်လိုင်းကြော်ငြာ၌ ကိုယ်ရေးအချက် အလက်ပေးသူများ အတွက် ဖေ့စ်ဘွတ်မှ ဒေါ်လာ သန်း ၂၀ ပေးရန်ရှိနေ
    သြဂုတ်လ-၃၀ ၊ ၂၀၁၃
    M-Media
    ဖေ့စ်ဘွတ်ဆိုဒ်ပေါ် မိမိ၏ကိုယ်ရေးအချက်အလက်များပေါ်လွင်နေစေသော အသုံးပြုသူ ၆၁၄,၀၀၀ အနက် အပါအ၀င် ဖြစ်လျှင် ထိုက်သင့်သောငွေကြေး ချီးမြှင့်ခံရမည်ဟု ဆိုထားသည်။
    ဖေ့စ်ဘွတ်သည် “Sponsored Stories” အပါအ၀င် ကြော်ငြာများကဏ္ဍအတွက် ဒေါ်လာသန်း ၂၀ ကိစ္စနှင့်စပ်လျဉ်းပြီး ၂၀၁၁ ခုနှစ်မှစ၍ ဥပကြောင်းအရ ရင်ဆိုင်မှုမှာ နောက်ဆုံး အဆင့်သို့ တနင်္လာနေ့က  ရောက်ရှိသွားပြီဖြစ်သည်။
    မိမိတို့၏ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မတောင်းခံဘဲ အထူးးပြုဖော်ပြခြင်းမှာ ကုမ္ပဏီသည် ကိုယ်ပိုင်အခွင့်အရေးအားချိုးဖောက်ခြင်းဖြစ်ကြောင်း အသုံးပြုသူအပေါင်းကို ကိုယ်စားပြု၍ လူ ၅ ဦးက တရားရုံးသို့ တင်ပြခဲ့သည်။
    ဖေ့စ်ဘွတ်ပြောဆိုခွင့်ရှိသူမှ “ ဒီဖြေရှင်းမှုနောက်ဆုံးအဆင့်ရောက်သွားတဲ့အတွက် ကျွန်တော်တို့ အထူးဝမ်းမြောက်ရပါတယ် ” ဟု ပြောကြားသည်။ အသုံးပြုသူများအား မည်သည့် facebook-paying-ad-usersအချိန်တွင် ချီးမြှင့်မည်ကို ကုမ္ပဏီမှ တစ်စုံတစ်ရာ မှတ်ချက်မပေးသေးချေ။
    ၂၀၁၂ ခုနှစ်အစောပိုင်း နှင့် နောက်ပိုင်း နှစ်ကြိမ်တိုင်တိုင် စီရင်ချက်ချမှတ်မှုအဆင့်သို့ ရောက်ခဲ့သော်လည်း ပြန်လည် ပယ်ဖျက်ခဲ့သည်။ အသုံးပြုသူများအတွက် ချီးမြှင့်မှုမှာ နည်းပါးလှကြောင်း တရားသူကြီးမှ အတည်ပြုခဲ့သည်ဟု BBC မှ တင်ပြသည်။ ဖေ့စ်ဘွတ်သည် ထင်ရှားသောဥပဒေချိုးဖောက်မှုအထောက်အထားမရှိကြောင်း၊ တရားလိုများသည် မိမိတို့၏နစ်နာမှုများကို မဖော်ပြနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
    အသုံးပြုသူများမှ မိမိတို့၏ကိုယ်ရေးအချက်အလက် ပိုမိုထိန်းသိမ်းရေးအတွက် ဖေ့စ်ဘွတ်အနေနှင့် ကြေငြာချက် ထပ်မံထုတ်ပြန်ရန် လိုအပ်နေပေသည်။
  • ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်းမှပြုလုပ်
    သြဂုတ် ၂၉၊ ၂၀၁၃
    M-Media
    KK
    မော်လမြိုင် ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ရတနာမြေ လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်၍ သြဂုတ်လ ၂၇-၂၈ ရက်နေ့များတွင် မော်လမြိုင်မြို့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
    ထို ဆွေးနွေးပွဲသို့ မော်လမြိုင်မြို့မှ ရဲတပ်ဖွဲ့ဝင်များ၊ လ၀က အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၊ သံဃာ့မဟာနာယကမှ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာရေးအဖွဲ့၊ ဟိန္ဒူဘာသာရေးအဖွဲ့၊ မွတ်စလင်မ်ဘာသာရေးအဖွဲ့များ ပါဝင်ခဲ့ကြပြီး
    ကျိုက်မရောမြို့နယ် သာသနာ့နုဂဟအသင်းမှလည်း ပါဝင်တက်ရောက်ခဲ့ကြောင်းနှင့် စုစုပေါင်း လူ(၆၀)ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။
    အဆိုပါ အခမ်းအနားတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ဘာသာပေါင်းစုံမှ ရှင်းလင်းတင်ပြခဲ့ကြပြီး အာရဗီစာသင်ကျောင်း၊ ဗလီများ၊ ဘုရားများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများသို့လည်း သွားရောက် လေ့လာခဲ့ကြကြောင်းသိရသည်။
    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဘာသာပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ဓါတ်ပုံများ
    DSC00119
    DSC00120
    DSC00129
    DSC00148
    DSC00158
  • ကောလဟလ အားပေး သတင်းများကို မြန်မာပြည်တွင်း မီဒီယာများ ဦးဆောင်၍ ဖြန့်နေကြ
    သြဂုတ်လ-၂၉ ရက်၊ ၂၀၁၃
    M-Media
    အောင်ကောင်းထက်
    သံဃာ၊ အမျိုးသမီးနှင့်ဆိုင်သော မှုခင်းများတွင် ကျူးလွန်သူများမှာ မွတ်စလင် သို့မဟုတ် ကုလားလူမျိုးများဟူသော ကောလဟလ အားပေး သတင်းများကို  မြန်မာပြည်တွင်း မီဒီယာများ ဦးဆောင်၍ ဖြန့်နေကြ
    tarkay ta
    နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံထားရသူ ဘင်္ဂလီဟု သမုတ်ခံထားရသည့် ရိုဟင်ဂျာများကို နိုင်ငံတော်သီချင်းသီဆိုရမည် သို့မဟုတ် နိုင်ငံတော် အလံအား အလေးပြုရမည်ဟု အလဲဗင်း မီဒီယာမှ ဆွဲချက်တင်ပြီး နိုင်ငံအုပ်ချုပ်သူများနှင့် ဥပဒေပြုအမတ်များ ပြုလုပ်ရမည်အလုပ်ကို ကြားဝင်ဆောင် ရွက်နေသည်မှာ မဖွယ်မရာသော လုပ်ရပ်အဖြစ် မြန်မာ့အရေးလေ့လာ သူများက ရှုမြင်ကြပါသည်။
    ဆေးကုဆရာဝန် ဦးသန်းထွဋ်အောင်ခေါင်းဆောင်သည့် အလဲဗင်းဂရုမှာ ယခုကဲ့သို့သော အချိန်မျိုး၌ပင် ပြည်တွင်းနိုင်ငံသား မွတ်စလင်များအပေါ် အခြားသူများ အထင်အမြင်လွဲမှားစေဖို့ ရည်သန်လျက် ရိုဟင်ဂျာ အရေးအား တစိုက်မတ်မတ်ဖော်ပြနေပေသည်။
    ထို့ကြောင့် နိုင်ငံအုပ်ချုပ်သူများက တမင်တကာ လွှတ်ပေးထားသည့်အလား ဆက်တိုက်ဝါဒဖြန့် လုပ်ဆောင်နေကြသည့် အလဲဗင်းကဲ့သို့သော မီဒီယာများကြောင့် မြန်မာပြည်ဖွား နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအဖို့ အထူးသတိထားကာ သတိဝီရိယကြီးစွာဖြင့် နေထိုင်ကြရမည်ဖြစ်ပါသည်။
    တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပျက်ခဲ့သည့် သံပြားဝိုင်းဖြင့် အမျိုးသမီး ၂ ဦးအား ပါးတွင်ခြစ်ကာ ဒဏ်ရာရစေသော အမှုတွင် ကျူးလွန်သူများမှာ ကုလားလူမျိုးများဖြစ် သည်ဟု မြန်မာပြည်တွင်းအခြေဆိုက် The Voice မီဒီယာများက ၀ါဒဖြန့်ချိထားခဲ့ကြရာ သြဂုတ် ၂၆ တွင် ရန်ကုန်တိုင်း ရဲဌာနမှ တင်ပြခဲ့သော သတင်းအရ ထိုသတင်းမှာ မှန်ကန်သော်လည်း ကျူးလွန်သူများမှာ ကုလားလူမျိုးပုံသဏ္ဌာန် မဟုတ်ကြောင်း သိရသည်။
    တဖန်မိတ္ထီလာတွင်ဖြစ်ပျက်ခဲ့သော သံဃာတစ်ပါးသေဆုံးခဲ့ရသည့် သုံးဘီးဆိုင်ကယ်တိုက်မှု၌ တရားခံမှာ မွတ်စလင်တစ်ဦးဖြစ်သည်ဟု ကောလဟာလ သတင်းများ ၀ါဒဖြန့်ထားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တရားခံယာဉ်မောင်း မျိုးဆန်းမှာ မြန်မာ/ဗုဒ္ဓတစ်ဦးသာဖြစ်ကြောင်း မန္တလေးမြို့မ ရဲစခန်းက အတည်ပြုပေးခဲ့သည်။
    ယခုတဖန် အလဲဗင်းမီဒီယာဂရုသည် ချိန်သားကိုက်၍ ဆက်တိုက်ဆိုသလို သာကေတ၌ မြကန်သာရေကန်ထဲသို့ အစ္စလာမ်ဘာသာဝင်များ အဆိပ်ခပ်သည်ဟု သံသယဖြစ်ဖွယ်သတင်းကို သက်ဆိုင်ရာက တရားခံမည်သူဖြစ်သည်အား အတည်မပြုမီတင်ပြထားပါသည်။
    ပြည်တွင်းမီဒီယာများအနေဖြင့် ကောလဟာလ သတင်းများပါ ကျူးလွန်သူ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းကို သွေးထိုးလှုံဆော်သည့် အရေးအသားများ ဖြင့် ဖော်ပြသော်လဲ ၄င်းသတင်းမှာ မှန်/မမှန် လေ့လာဆန်းစစ်ခြင်း မပြု၊ သတင်းမှားဖြစ်နေသည့်တိုင် နောက်ဆက်တွဲ အမှန်ကို ထုတ်ပြန်ကြေညာရေးသာခြင်းများ ပြုလုပ်ခြင်းမရှိတာကို လေ့လာတွေ့ရှိရသည်။
    သံဃာ၊ အမျိုးသမီးများနှင့် သက်ဆိုင်သော မှုခင်းဖြစ်ရပ်များတွင် မွတ်စလင်များပြုသည်ဟု ကောလဟလ ထုတ်လွှတ်ကြံစည်မှုများ အွန်လိုင်းတွင်သာမက နေရာအနှံ့ဖြစ်ပေါ်နေပေ ရာ မြန်မာပြည်ဖွား နိုင်ငံသားမွတ်စလင်များသာမက တာဝန်သိပြည်သူများကပါ အထူးအလေးကရုပြုကြဖို့ရာ တိုက်တွန်းအပ်ပါသည်။
    ရည်ညွှန်း ။
    တောင်ဥက္ကလာသတင်း The Voice ဂျာနယ်မှ ရေးသားမှု >>http://goo.gl/vOsjFn
    ရန်ကုန်တိုင်း ရဲတပ်ဖွဲသတင်းထုတ်ပြန်မှု့ >>https://www.facebook.com/yangonpolice/posts/371109059685034
    မိတ္ထီလာ မှ သံဃာဆိုက်ကယ်တိုက်ခံရမှု >>http://goo.gl/keJGqv
    သာကေတမှ ရေကန်အဆိပ်ခပ်သည့် သတင်း Eleven >>http://www.news-eleven.com/local/yangon-news/22690
  • ဆီးရီးယားစစ် မစခင်ကလေး မှာပင် မီဒီယာကြီးများအား ဆီးရီးယားကတိုက်ခိုက်
    သြဂုတ်လ- ၂၉ ရက်၊ ၂၀၁၃
    Robert Elhose
    130827165721-nytimes-tweet-outage-story-top
    အမေရိကန် မီဒီယာ ကုမ္ပဏီ ကြီးများဖြစ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာ၊ ဟဖ် ဖင် တန်ပို့စ် သတင်းစာ၊ နဲ့ Twitter တို့ ရဲ့ ၀ဘ်ဆိုက် များကို အာဆတ်ရဲ့ဆီး ရီးယား အစိုးရ ကိုထောက်ခံ တဲ့ ဆီးရီးယန်း အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ ဟက်ကာ အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့ နံနက်လင်းအားကြီး ၁ နာရီ ခန့်မှ စလို့ ထိန်းချူပ် သိမ်းပိုက် ထားတယ်လို့ အယ်လ်ဂျဇီးရား သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။
    အဆိုပါ မီဒီယာကြီး များရဲ့ ၀က်ဘ်ပေ့ဂ်ျ များကို သြစတေလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အခြေ စိုက်၊ Melbourne IT ဆိုတဲ့ ကုမ္ပဏီ က စီမံခန့်ခွဲနေတာ ဖြစ်ပြီး၊ ၎င်း ကုမ္ပဏီ ကို အဆိုပါ ဟက်ကာ အုပ်စုက ထိုးဖောက် ၀င်ရောက် နိုင်ခဲ့ပြီး၊ ထိုမှ တစ်ဆင့် အထက်ပါ အမေရိကန် မီဒီယာ ကြီးများကို ထိန်းချူပ်လိုက်တယ် လို့ သတင်းမှာဖော်ပြထား ပါ တယ်။
    ထိုကဲ့သို့ ဆီးရီးယန်း ဟက်ကာများ က အမေရိကန်မီဒီယာ ကုမ္ပဏီများကို တိုက်ခိုက် ခြင်းမှာ လာမည့် နာရီပိုင်းအတွင်း တိုက်ခိုက်ဘွယ် ရှိနေသည့် အမေရိကန် ၏စစ်ရေး ရည်ရွယ်ချက် မစတင်မီ နှင့် လည်း တိုက်ဆိုင်လျက်ရှိသည်။
    ရောဘတ်အယ်လ်ဟို့စ် ( ကိုးကား – အယ်လ်ဂျဇီးရား)
    Photo via Getty Images