News @ M-Media
Blog
  • အကြားအာရုံ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲတွင် အီရန်နပန်းသမားများ ရွှေတံဆိပ်ဆု များဆွတ်ခူး
    သြဂုတ်လ-၅၊ ၂၀၁၃
    M-Media
    pirhayati20130803000213360
    ဘူလ်ဂေးရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် ၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲ(2013 Summer Deaflympics) နပန်းပြိုင်ပွဲတွင် အီရန်နိုင်ငံသားများက ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
    သောကြာနေ့ကကျင်းပခဲ့သော ၆၆ ကီလိုတန်း နပန်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အီရန်နပန်းသမား ဟိုစိန် နူရီက ဘူလ်ဂေးရီးယားနပန်းသမားကို အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၈၄ ကီလိုတန်း နောက်ဆုံးဗိုလ်လုပွဲတွင်လည်း အီရန်နပန်းသမား ရစူလ် ဒါယနီက တူရကီ နပန်းသမားအား အနိုင်ရရှိခဲ့ကာ အီရန်နိုင်ငံအတွက် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။
    ၎င်းအပြင် ၁၂၀ ကီလိုတန်းပြိုင်ပွဲတွင် မိုဟာမက် အဟ်ဘူဘီ က ငွေတံဆိပ်နှင့်၊ ၅၅ ကီလိုတန်းတွင် ဖာရူဒ် ဟိုဂျာတီက ကြေးတံဆိပ် အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
    ၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲကို ဘူလ်ဂေးရီးယားနိုင်ငံ၌ ဇူလိုင် ၂၆ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ အားကစားသမား ၅၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
    ကစားနည်းမျိုးစုံပါဝင်သည့် ထိုအားကစားပြိုင်ပွဲကို ၁၉၂၄ ခုနှစ်တွင် ပဲရစ်မြို့၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲသို့ ကစားနည်း ၉မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားသမား ၈၂ ဦးကို အီရန်နိုင်ငံမှ စေလွှတ်ထားပြီး ပြေးခုန်ပစ်၊ ဘောလုံး၊ ဂျူဒို၊ ကရာတေး၊ ရေကူး၊ ဘော်လီဘော၊ နပန်း၊ စားပွဲတင်တင်းနစ် နှင့် တိုက်ကွမ်ဒို အားကစားနည်းများတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
    MP/MHB
  • အမေရိကန်၊ ဗြိတိန် တို့နှင့်အတူ ထားရှိသော စုံစမ်းခွင့် ပဋိညာဉ်အား ဂျာမနီမှ ပယ်ဖျက်
    သြဂုတ်-၀၃၊၂၀၁၃
    M-Media
    စနိုးဒင်းမှ လျှိုဝှက်ချက်ကို ဖော်ထုတ်ပြီးနောက်တွင် အမေရိကန်၊ ဗြိတိန် တို့နှင့်အတူ ထားရှိသော  စုံစမ်းခွင့် ပဋိညာဉ်အား ဂျာမနီမှ ပယ်ဖျက်
    Germany ends
    အီလက်ထရွန်းနစ်နည်းပညာအရ စုံစမ်းထောက်လှမ်းရေး အကြောင်းများအား သိရှိလိုက်ရပြီးနောက် ဂျာမနီသည်  အမေရိကန် ၊ ဗြိတိန်တို့နှင့်အတူ ပြုလုပ်ခဲ့သော စစ်အေးခေတ်ပဋိညာဉ်အား  ပယ်ဖျက်လိုက်သည်။
    အတ္တလန်တိတ်တစ်ဖက်ခြမ်းမှ မဟာမိတ်နိုင်ငံများ၏ သတင်းအချက်အလက်များကို လျှို့ဝှက်လေ့လာသော ပရိုဂရမ်များမှာ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးမှ ကျွမ်းကျင်ပညာရှင်အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) ကြောင့် မီဒီယာများသို့ ပေါက်ကြားခဲ့သည်။
    ထိုပေါက်ကြားမှုကြောင့် လာမည့်လတွင် ရွေးကောက်ပွဲကျင်းပတော့မည့် ဂျာမနီနိုင်ငံ အနှံ့အပြားတွင် ဂယက်ရိုက်သွားခဲ့သည်။
    ဤသဘောတူညီချက်သည် ၁၉၆၈-၉ မှ စတင်ခဲ့ပြီး၊ ၄င်း၏ ပယ်ဖျက်မှုနှင့်စပ်လျဉ်း၍ အကြီးအကျယ် အချေအတင်ဖြစ်နေကြရသည်။
    ဂျာမနီ၏ နိုင်ငံခြားရေးဝန်ကြီး ဂွီဒို ၀က်စ်တာဝီလ် (Guido Westerwelle) က ထုတ်ပြန်ချက်တစ်ခုတွင် “ မကြာသေးမီ ရက်သတ္တပတ်အနည်းငယ်အတွင်းက ကျွန်ုပ်တို့ ဆိုင်းပြင်းနေခဲ့သော စီမံမှုဆိုင်ရာသဘောတူညီချက် ဖျက်သိမ်းရေးမှာ လိုအပ်သော လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး၊ ကိုယ်ရေးကိုယ်တာအတွင်းရေး ကာကွယ်မှုနှင့်စပ်လျဉ်းသည့် လတ်တစ်လောငြင်းခုံခြင်းများက အခိုင်အမာ ဆက်လက်ပေါ်ထွက်လာသည် ” ဟု ပြောကြားခဲ့သည်။
    ကွန်မြူနစ်ဝါဒီ နှင့် နာဇီအာဏာရှင်များ လက်အောက်တွင် အလွန်အကျွံ စုံစမ်းထောက်လှမ်းမှုအတွေ့အကြုံများက သူတို့အား ကိုယ်ရေးကိုယ်တာ စွက်ဖက်မှုများနှင့် ပတ်သက်လာလျှင် အထိမခံခဲ့ကြပေ။  ထို့အတူ နိုင်ငံအတွင်း၌လည်း အချက်အလက် ကာကွယ်ရေး ဥပဒေများလည်း အခိုင်အမာပြဋ္ဌာန်းထားကြ၏။
    သောကြာနေ့က ပဋိညာဉ်ဖျက်သိမ်းခဲ့မှုသည် ဂျာမနီအနောက်ပိုင်းတွင် တပ်စွဲထားကြသည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စသော အနောက်နိုင်ငံများကို ထိုတပ်ဖွဲ့တို့အား စောင့်ရှောက်ရန် အလို့ငှာ စုံစမ်းထောက်လှမ်းခွင့် တောင်းခံရေး အတွက် မေတ္တာရပ်မှု ဖြစ်သွားစေခဲ့၏။
    “ အကျိုးသက်ရောက်မှု မရှိ ”
    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၏ ပြောရေးဆိုခွင့်ရှိသူက ထိုပဋိညာဉ်သည် ၁၉၉၀ နောက်ပိုင်းမှ စတင်ကာ အသုံးမ၀င်တော့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
    ဂျာမနီအစိုးရသည် ယခု အရေးအရာသည် အလေးထားအပ်သောသဘောဆောင်သည့် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ရပ်အား ပြည်တွင်း၌ လုပ်ဆောင်ပြသရန်လိုအပ်ကြောင်း ဂျာမနီ နိုင်ငံတကာဆက်ဆံရေးကောင်စီမှ ဟဲန်နင်း ရိခ်ကီ (Henning Riecke) က AP သတင်းဌာနသို့ ထုတ်ပြောလိုက်၏။
    “ အင်တာနက် အကြိုခေတ်က ပြုလုပ်ခဲ့သည့် ပဋိညာဉ်အား ဖျက်သိမ်းအဆုံးသတ်လိုက်ပါပြီဟုဆိုခြင်းမှာ ဂျာမန်တို့အဖို့ မိမိတို့မှ တစ်စုံတစ်ရာပြုလုပ်နေပြီ ဟု ပြသခွင့် ရသွားပြီး၊ တစ်ချိန်တည်းမှာပင် အမေရိကန်များကလည်း ၄င်းတို့အား မည်သို့မှ ထိခိုက်နစ်နာစေရာ မရှိနိုင်ကြောင်း သိထားကြပါသည်။
    စုံစမ်းထောက်လှမ်းရေးဌာနများကြားက ကောင်းမြတ်သောပတ်သက်ဆက်နွှယ်မှုကို ပြသသည့်ခြင်းဖြင့်လည်း သူတို့လိုအပ်သော သတင်းအချက်အလက်များအား တစ်နည်းမဟုတ် တစ်နည်း ဆက်လက် ရယူသွားဦးမှာ ဖြစ်သည် ” ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: BBC
  • ၃- ၈- ၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု
    ၃- ၈- ၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု
    သြဂုတ်-၃-၂၀၁၃
    M-Media
    အမေရိကန်၊ ဗြိတိန် တို့နှင့်အတူ ထားရှိသော  စုံစမ်းခွင့် ပဋိညာဉ်အား ဂျာမနီမှ ပယ်ဖျက်
    အတ္တလန်တိတ်တစ်ဖက်ခြမ်းမှ မဟာမိတ်နိုင်ငံများ၏ သတင်းအချက်အလက်များကို လျှို့ဝှက်လေ့လာသော ပရိုဂရမ်များမှာ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးမှ ကျွမ်းကျင်ပညာရှင်အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) ကြောင့် မီဒီယာများသို့ ပေါက်ကြားခဲ့သည်။ အီလက်ထရွန်းနစ်နည်းပညာအရ စုံစမ်းထောက်လှမ်းရေး အကြောင်းများအား သိရှိလိုက်ရပြီးနောက် ဂျာမနီသည်  အမေရိကန် ၊ ဗြိတိန်တို့နှင့်အတူ ပြုလုပ်ခဲ့သော စစ်အေးခေတ်ပဋိညာဉ်အား  ပယ်ဖျက်လိုက်သည်။
    __________________________________
    စပိန်နိုင်ငံ ရထားတိမ်းမှောက်မှု အရှိန်လွန်ခြင်းဖြစ်
    ယခင်အပါတ်က လူ၇၉ဦး သေဆုံးခဲ့ရသော ရထားတိမ်းမှောက်မှုတွင် ရထားမောင်းသူက တိမ်းမှောက်ချိန်တွင် ရှိသင့်သည့် အရှိန်ထက် နှစ်ဆခန့် ပိုမောင်းခဲ့ကြောင်း ဝန်ခံသွားသည်။
    __________________________________
    အမေရိကန်မှ အယ်လ်ကိုင်းဒါး တိုက်ခိုက်မှု သတိပေးချက်
    နိုင်ငံသားများအား ခရီးသွား သတိပေးချက်ထုတ်ပြန်ထားပြီး နိုင်ငံပေါင်းနှစ်ဆယ်ကျော်မှ သံရုံးများကို ယာယီပိတ်ထားလိုက်သည်။
    __________________________________
    အီရန်သမ္မတသစ် တရားဝင် အသိမှတ်ပြု
    Hassan Rohani အား အီရန် ၇ ဦးမြောက်သမ္မတအဖြစ် နိုင်ငံ့ ဥသျှောင် Ayatollah Ali Khamenei က ယနေ့ တရားဝင် အခမ်းအနားဖြင့် အသိအမှတ်ပြုလိုက်သည်
    __________________________________
    နယူးဇီလန် နို့မှုန့်တွင် ဘက်တီးရီးယားတွေ့ရှိ
    Fonterra မှထုတ်လုပ်သော နို့မှုန်တွင် botulism ဖြစ်စေသော ဘက်တီးရီးယားတစ်မျိုးကို တွေ့ရှိထားသောကြောင့် ကမ္ဘာတစ်ဝန်းမှ နို့မှုန့် တန် ၁၀၀၀ ကျော်ကို ပြန်လည် သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။
    __________________________________
    Ariel Castro အား ထောင်ဒါဏ် တစ်သက်ချ
    အမေရိကန်နိုင်ငံတွင် အမျိုးသမီးသုံးဦးအား လိင်ကျွန်အဖြစ် ရာစုနှစ် တစ်ခုကျော် ဖမ်းဆီး ပိတ်လှောင်၍ နှိပ်စက်ခဲ့သူ Ariel Castro အား တရားရုံးမှ ယမန်နေ့က ထောင်ဒါဏ် တစ်သက်ချလိုက်သည်။
    __________________________________
    တရုတ်နိုင်ငံမှာ ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက် ဆောက်လုပ်ပြီးစီး
    ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ကြီးတခုကို တရုတ်နိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေး အချက်အခြာကျတဲ့ မြို့တော် Shanghai မှာ အကြမ်းထည် ဆောက်လုပ်ပြီးစီး သွားပြီ ဖြစ်ပါတယ်။ ပေပေါင်း ၂,၀၀၀ ကျော်မြင့်တဲ့ အဲဒီ Shanghai Tower အဆောက်အဦးရဲ့ ထိပ်ဆုံးပိုင်းကို စနေနေ့မှာ ဆောက်လုပ် တပ်ဆင်လိုက်ပါပြီ။
  • ကျိုလီယာ မွတ်စလင်မ် သာသနာ့ရံပုံငွေ အဖွဲ့ ပညာဒါန သင်တန်းများ ဖွင့်လှစ်နေ
    သြဂုတ် ၃၊ ၂၀၁၃
    M-Media
    လင်းဆက်
    03-08-2013
    ရန်ကုန် ။ ။ ရန်ကုန်တိုင်း ကျိုလီယာ မွတ်စလင်မ် သာသနာ့ ရံပုံငွေအဖွဲ့၏ ပညာဒါန အဖြစ် ကွန်ပျူတာ သင်တန်းနှင့် စက်ချူပ်သင်တန်းကို ၂၆.၃.၂၀၁၃ မှစတင်ပြီး(၃)လ တစ်ကြိမ် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
    အဆိုပါသင်တန်းသည် ၃-လ တစ်ကြိမ်နှုန်းဖြင့် ကွန်ပျူတာသင်တန်းအတွက် တန်းခွဲတစ်ခုတွင်(၂၄)ဦးဖြင့် နေ့စဉ်တန်းခွဲ(၅)ခုနှင့် စက်ချုပ်သင်တန်း အတွက် တန်းခွဲတစ်ခုလျှင် သင်တန်းသား(၅၀)ဦးဖြင့် နေ့စဉ်တန်းခွဲ(၄)ခု သင်ကြားပေးလျက် ရှိသည်။ ယခု ကွန်ပျူတာ သင်တန်း (အမှတ်စဉ်-၆)နှင့် စက်ချုပ်သင်တန်း(အမှတ်စဉ် -၅)ကို (၁၉.၈.၂၀၁၃) တွင်စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် လူမျိုးမရွေး ဘာသာမရွေး တက်ရောက်နိုင်ကြောင်းလည်း ထပ်မံသိရသည်။
  • တေးဂီတသမိုင်း ပြောင်းစေခဲ့သည့် ကက်ဆက် တိတ်ခွေ ရွှေရတုတိုင်ပြီ….
    သြဂုတ် ၀၃၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်
    Tape
    ၁၉၆၃ ခုနှစ် သြဂုတ်လမှာ တေးဂီတသမိုင်းကိုပြောင်းလဲစေမယ့် “ကက်ဆက်”ဆိုတဲ့ နည်းပညာအသစ်တစ်မျိုး ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ ဒီလကတော့ ကက်ဆက်တွေရဲ့ နှစ် ၅၀ မြောက်မွေးနေ့ပါ။
    အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ကက်ဆက်တီထွင်သူ Lou Ottens က “တစ်ရက်နေ့တည်းကနေ ခံစားမိပါတယ်” လို့ တိုင်းမ်မဂ္ဂဇင်း ကိုပြောပါတယ်။ ဒီအပတ်ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ ကက်ဆက်တွေဟာ ယနေ့အထိ ဘယ်လိုလွှမ်းမိုးထားသေးလဲဆိုတဲ့ သရုပ်ဖော်သမိုင်း ဖော်ပြထားပါတယ်။
    ကက်ဆက်တွေရဲ့ခေတ်ကုန်ဆုံးသွားပြီလို့ ထင်ရပေမယ့် ကျွန်တော်တို့နားထောင်တဲ့ သီချင်းတွေကို လမ်းကြောင်းပေးခဲ့တယ်။ ကက်ဆက်မြတ်နိုးသူတွေကတော့ ခုထိဒုနဲ့ဒေးပါ။ သူတို့ဟာရှားပါးတဲ့ ကက်ဆက်ထောင်ပေါင်းများစွာကို စုဆောင်းထားကြတာဖြစ်ဖြစ်၊ အတိတ်ကိုလွမ်းလို့ သူတို့ရဲ့ကက်ဆက်ခွေဟောင်းတွေကို ပြထားတာဖြစ်ဖြစ် လုပ်နေကြပါတယ်။
    ကိုးကား – Time