News @ M-Media

အကြားအာရုံ မသန်စွမ်းသူများ အိုလံပစ် အားကစားပြိုင်ပွဲတွင် အီရန်နပန်းသမားများ ရွှေတံဆိပ်ဆု များဆွတ်ခူး

သြဂုတ်လ-၅၊ ၂၀၁၃
M-Media

pirhayati20130803000213360
ဘူလ်ဂေးရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်နေသည့် ၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲ(2013 Summer Deaflympics) နပန်းပြိုင်ပွဲတွင် အီရန်နိုင်ငံသားများက ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

သောကြာနေ့ကကျင်းပခဲ့သော ၆၆ ကီလိုတန်း နပန်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် အီရန်နပန်းသမား ဟိုစိန် နူရီက ဘူလ်ဂေးရီးယားနပန်းသမားကို အနိုင်ရရှိခဲ့ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၈၄ ကီလိုတန်း နောက်ဆုံးဗိုလ်လုပွဲတွင်လည်း အီရန်နပန်းသမား ရစူလ် ဒါယနီက တူရကီ နပန်းသမားအား အနိုင်ရရှိခဲ့ကာ အီရန်နိုင်ငံအတွက် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။

၎င်းအပြင် ၁၂၀ ကီလိုတန်းပြိုင်ပွဲတွင် မိုဟာမက် အဟ်ဘူဘီ က ငွေတံဆိပ်နှင့်၊ ၅၅ ကီလိုတန်းတွင် ဖာရူဒ် ဟိုဂျာတီက ကြေးတံဆိပ် အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

၂၀၁၃ နွေရာသီ အကြားအာရုံ မသန်စွမ်းသူမျာ အိုလံပစ် အားကစားပြိုင်ပွဲကို ဘူလ်ဂေးရီးယားနိုင်ငံ၌ ဇူလိုင် ၂၆ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ အားကစားသမား ၅၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကစားနည်းမျိုးစုံပါဝင်သည့် ထိုအားကစားပြိုင်ပွဲကို ၁၉၂၄ ခုနှစ်တွင် ပဲရစ်မြို့၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲသို့ ကစားနည်း ၉မျိုးတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားသမား ၈၂ ဦးကို အီရန်နိုင်ငံမှ စေလွှတ်ထားပြီး ပြေးခုန်ပစ်၊ ဘောလုံး၊ ဂျူဒို၊ ကရာတေး၊ ရေကူး၊ ဘော်လီဘော၊ နပန်း၊ စားပွဲတင်တင်းနစ် နှင့် တိုက်ကွမ်ဒို အားကစားနည်းများတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

MP/MHB

Comments

Leave a Reply