News @ M-Media

Blog

  • ၂၂-၇-၂၀၁၃ အားကစား သတင်းများ

    ဇူလိုင်-၂၂၊ ၂၀၁၃

    M-Media

    sport news

    ဘိုကာဂျူနီယာအသင်း ပရိတ်သတ်များအကြား ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံး

    တနင်္ဂနွေနေ့ နေ့လည်ပိုင်းက အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းနှင့် ဆန်လိုရန်ဇိုအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ မကစားမီ ဘိုကာဂျူနီယာအသင်း အားပေးသူများအကြား ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    မာတီနိုအား ဘာကာနည်းပြအဖြစ် မက်ဆီထောက်ခံ

    ပါရာဂွေးအသင်း၏ နည်းပြဟောင်းဖြစ်သူ ဂျရာဒို မာတီနိုအား ဘာစီလိုနာ အသင်း၏ လစ်လပ်နေသာ နည်းပြနေရာတွင် ခန့်အပ်မည်ဆိုပါက မိမိအနေဖြင့် ထောက်ခံကြောင်း တိုက်စစ်မှူး မက်ဆီက ပြောကြားခဲ့ပြီး အခြားကစားသမားဖြစ်သူ ဟိန့်ဇီကလည်း မာတီနိုသာ ဘာစီလိုနာအသင်း၏ နည်းပြဖြစ်လာပါက ၎င်းအနေဖြင့် အံ့သြလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    ဟီဂူအင်အား နာပိုလီအသင်းသို့ ရောင်းချမည်ဆိုသည်မှာ မမှန်ဟု အန်ဆယ်လော့တီငြင်းဆို

    ရီးရဲလ်မက်ဒရစ်အသင်း၏ နည်းပြဖြစ်သူ အန်ဆယ်လော့တီက အသင်း၏ ကစားသမား ဂွန်ဇာလို ဟီဂူအင်အား စီးရီးအေကလပ် နာပိုလီအသင်းသို့ ရောင်းချရန် သဘောတူညီမှုရရှိထားခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။ ဟီဂူအင်မှာ အသင်းအတွက် အရေးပါသော ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတွင်ဆက်လက်ရှိနေစေချင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

    ရေနာအား ရောင်းချရခြင်းမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်ခဲကြောင့်ဖြစ်

    လီဗာပူးလ်းအသင်း၏ ၀ါရင့်ဂိုးသမားဖြစ်သူ ပီပီရေနာမှာ လာမည့်သီတင်းပတ်အတွင်း အီတလီကလပ် နာပိုလီအသင်းသို့ ကာလရှည် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့မည်ဟု ခန့်မှန်းရပြီး၊ အသင်းနည်းပြ ဘရန်ဒန် ရော့ဂျာကမူ အသင်း၏ ဘဏ္ဍာရေးအခြေအနေက ရေနားအားလက်လွှတ်ရန် ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

    နေဆာချဒ်လီအား တော့တင်ဟမ်အသင်းခေါ်ယူ

    တော့တင်ဟမ် အသင်းသည် ဟော်လန်ကလပ် အက်ဖ်စီ တွမ်တီးအသင်း၏ တောင်ပံကစားသမားဖြစ်သူ နေဆာ ချဒ်လီအား ပြောင်းရွှေ့ကြေး ပေါင် (၇) သန်းပေးချေကာ ငါးနှစ်စာချုပ်ဖြစ် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့သည်။ ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် ဆွမ်ဆီးနှင့် အက်စတွန်ဗီလာတို့ကလည်း အဆိုပါကစားသမားအား ခေါ်ယူရန် စိတ်ဝင်စားခဲ့ပြီး တော့တင်ဟမ်အသင်းက လက်ဦးမှုရယူခဲ့ခြင်းဖြစ်သည်။

    ဆွီဒင်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဆရီနာဝီလျံဗိုလ်စွဲ

    အမေရိကန်တင်းနစ်မယ်ဖြစ်သူ ဆရီနာ ၀ီလျံသည် ဆွီဒင်တင်းနစ်မယ် ဂျိုဟာနာ လာဆန်အား အနိုင်ကစားခဲ့ပြီး ဆွီဒင်အိုးပင်း တင်းနစ်ချန်ပီယံဘွဲ့ကို ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါပွဲစဉ်မှာ မိနစ် ၈၀ ကြာမြင့်ခဲ့ပြီး ဆရီနာက ၆-၄၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ကာ ယခုနှစ်အတွင်း ရရှိခဲ့သည့် သူမ၏ ၇-ခုမြောက် ချန်ပီယံဆုဖလားဖြစ်သည်။

    အမေရိကန်ဂေါက်သီးသမား မစ်ကယ်လ်ဆန် ဗြိတိန်အိုးပင်း ချန်ပီယံဖြစ်လာ

    အမေရိကန် ဂေါက်သီးသမား ဖီလ် မစ်ကယ်လ်ဆန်မှာ ဗြိတိသျှအိုပင်းချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယနေရာရှိ ဆွီဒင် ဂေါက်သီးသမား ဟင်းနရစ် စတန်ဆန်ထက် သုံးချက်အသာဖြင့် ဗိုလ်စွဲခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့် သီတင်းပတ်က စကော့တလန် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပူပူနွေးနွေး ဗိုလ်စွဲထားသူလည်းဖြစ်ပြီး ဗြိတိန်တွင် ကျင်းပသည့် ပြိုင်ပွဲတွင် ပထမဦးဆုံး ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

    လူကာဘူအား ဒရော့ဂ်ဘာနှင့် မနှိုင်းယှဉ်ရန် မော်ရင်ဟိုပြော

    လူကာကူအား ဒရော့ဂ်ဘာနှင့် မနှိုင်းယှဉ်သင့်ဟု မောရင်ဟိုဆို ချယ်ဆီးအသင်း၏ တစ်ကျော့ပြန်နည်းပြဖြစ်သူမော်ရင်ဟိုက အသင်း၏ တိုက်စစ်မှူး လူကာကူအား ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာနှင့် မနှိုင်းယှဉ်သင့်ဟု ပြောဆိုလိုက်သည်။ လူကာကူက ချယ်ဆီးအသင်းတွင် အောင်မြင်မှုများ ရရှိရန် တိုက်စစ်မှူးဟောင်း ဒရော့ဂ်ဘာထံမှ အကြံဥာဏ် ရယူခဲ့သည်ဟု ၀န်ခံခဲ့ပြီးနောက် အသင်းနည်းပြ မောရင်ဟိုက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

  • ၂၁-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ၂၁-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media

    ပြင်းအား ၆.၉ ရှိသော ငလျင် နယူးဇီလန် ကမ်းခြေတွင် လှုပ်ခတ်

    Wellington မြို့မှ ၃၅မိုင်အကွာ ရေအောက် ၆မိုင် အနက်တွင် လှုတ်ခတ်သော ငလျင်ကြောင့် ဆူနာမိ ဖြစ်ပေါ်ခြင်း မရှိသလို လူတစုံတဦး ထိခိုက်မှု လည်း မရှိခဲ့ပေ။
    ——————————
    ဘရာဇီးလ်နိုင်ငံသားများ ပုပ်ရဟန်းမင်းကြီးကို စောင့်မျှော်

    Pope Francis သည် တနင်္လာနေ့ညတွင် ဘရာဇီးလ်နိုင်ငံ သို့ ရောက်ရှိလာမည် ဖြစ်သောကြောင့် နိုင်ငံသားများစောင့်မျှော်လျှက် ရှိသည်။
    ——————————
    ဂျပန် ရွေးကောက်ပွဲသတင်း
    ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အထက်လွှတ်တော် အတွက် အနိုင်ရကြောင်း ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလာဒ်များ အရသိရသည်။
    ——————————
    ဘယ်လ်ဂျီယံ ဘုရင်အသစ် ထီးနန်းဆက်ခံ

    ဘယ်လ်ဂျီယံ ဘုရင် Albert II က သားတော် Philippe ကို ယနေ့ ထီးနန်းလွှဲပြောင်း ပေးအပ်လိုက်သည်။
    ——————————
    Trayvon Martin အမှု ဆန္ဒပြမှုများ ဖြစ်ပေါ်

    အမေရိကန်တွင် အာဖရိကန်-အမေရိကန် လူငယ် Trayvon Martin သေဆုံးခဲ့မှု အတွက် တရားစီရင်ရေး ကို ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။ သမ္မတ အိုဘားမားကလည်း Trayvon Martin သည် လွန်ခဲ့သော ၃၅နှစ်က သူကိုယ်တိုင်လည်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
    ————————-
    အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်နေသည်မှာ ဇီယွန်ဝါဒီ အစ္စရေး၏ လက်ချက်ဖြစ်ကြောင်း အီရန်သမ္မတပြော

    “ ဇီယွန်ဝါဒီများသည် တူရကီ၊ လစ်ဗျား၊ အီဂျစ် နှင့် အခြားနိုင်ငံများကို အမြဲတမ်း မငြိမ်မသက် ဖြစ်စေချင်ကြသည်။ ထိုလုပ်ဆောင်မှုများကိုတားဆီးရန် ကျွန်ုပ်တို့ အချင်းချင်းအကြား ညီနောင်ဝါဒကို ပိုမိုဖြန့်ကျက်ရန် လိုအပ်၏ ” ဟု ကြာသပတေးနေ့က အီရတ်ပါလီမန်မှ ပြောရေးဆိုခွင့်ရှိသူ အုစာမဟ် အလ်နုဂျိုင်ဖီ (Osama al Nujaifi) နှင့် နိုင်ငံ၏ ဥပဒေပြုများနှင့်အတူပြုလုပ်ခဲ့သော အစည်းအဝေးတွင် အဟ်မဒီ န်ီဂျဒ် က ပြောကြားခဲ့သည်။
    ——————-
    လူမှုအသိုင်းအဝန်းအတွင်း အမျိုးသမီးများ၏ ပါဝင်စွမ်းဆောင်မှု အရေးပါကြောင်း တူရကီဒုဝန်ကြီး ပြောကြား

    အမျိုးသမီးတွေအနေနဲ့လည်း လူမှုအသိုင်းအဝန်းအတွင်း မိမိတို့ရဲ့ ပါဝင်စွမ်းဆောင်နိုင်မှုကို အထင်မသေးသင့်ကြောင်း၊ အတိတ်ကာလ အစ္စလာမ့်သမိုင်းတစ်လျှောက် အမျိုးသမီး ပညာရှင်တွေဟာ အာဏာပိုင်တွေရဲ့ အစ္စလာမ့် နည်းဥပဒေတွေ မညီညွတ်မှုတွေကို ရဲဝင့်စွာ ထောက်ပြ ပြောဆိုခဲ့တဲ့ အစဉ်အလာကောင်းတွေကို အတုယူသင့်ကြောင်း ဆိုပါတယ်။ တူရကီနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးတွေကို အပြည့်အဝ ပြဒါန်းဆောင်ရွက် ပေးနေကြောင်းနဲ့ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိကြောင်းကိုလည်း ဥပမာပေး ပြောဆိုသွားပါတယ်။
    http://myanmarmuslimsvoice.com/archives/8198
    ——————————–
    ဂျပန်ရွေးကောက်ပွဲ ဝန်ကြီးချုပ်တို့ နိုင်ခြေရှိ

    ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ပြန်လည် နလန်ထစပြုနေပြီဖြစ်ပြီး တနင်္ဂနွေနေ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာ သူ့ကို ထောက်ခံအားပေးဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။ အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ တရက်အလို စနေနေ့က တိုကျိုမြို့မှာ မစ္စတာ အာဘေးက အခုလိုပြောခဲ့တာပါ။

  • သူ့တပည့်များကပြောသော ဆရာကြီး ဦးရာဇတ် အကြောင်း( M-Media စာအုပ် အညွှန်း)

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    ဗေဒါလမ်း

    u razak cover2

    ၁၉၉၅ ခု (၇၅) နှစ်မြောက်စိန်ရတု အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထုတ်ဝေသော “သူ့တပည့်များကပြောသော ဆရာကြီး ဦးရာဇတ် အကြောင်း ” စာအုပ်

    ကျွန်တော်တို့ ဆရာကြီးက သူ့ကျောင်းသားတွေ အားကစားမှာ မျက်နှာမငယ်ရအောင် နေရာကျဉ်းကျဉ်းနဲ့ ထိရောက်ထက်မြက်ပြီး တိုင်းပြည်အတွက် အသုံးတည့်မည့် အားကစားကို တည်ထောင်ပေးတယ်။ အဲဒါက ဘာလဲဆိုတော့ ယောက်ျား ပီသပြီး ကိုယ်ခံပညာ ကောင်းကောင်းနဲ့ သူများကို အနိုင်မကျင့်တဲ့ တိုင်းပြည်ကိုလည်း ကာကွယ်နိုင်မယ့် အားကစားဖြစ်တဲ့ လက်ဝှေ့ကို သင်ပေးတာပါ။ မန္တလေးမြို့မှာ လက်ဝှေ့ပညာကို ယောက်ျားလေး စာသင်ကျောင်းတွေပေမယ့် ဘယ်ကျောင်းမှာမှ မသင်ကြရပါဘူး။ ကျွန်တော်တို့ ကျောင်းမှာတော့ အကောင်းဆုံးနည်းပြဆရာကို ဆရာကြီးကငှားရမ်းပြီး လက်အိတ်ဖိုး ဘယ်လောက်ကုန်ကုန် ဆရာကြီးက အကုန်အကျခံပြီး အကျအန သင်ပေးခဲ့ပါတယ်။ ဒါကြောင့် အထက်မြန်မာနိုင်ငံက လက်ဝှေ့လောကဟာ မန္တလေးမှာရှိတဲ့ ဗဟို အမျိုးသားကျောင်းက ပေါက်ဖွားတဲ့ လက်ဝှေ့သမားများရဲ့ လောကပါပဲ။

    (ခင်မောင်ပု-အမျိုးသားကျောင်းသားဟောင်း)

    ဆရာကြီးအကြောင်းကို တခြားသူ ၂၈ ဦးမှရေးသားထားသည့် အတွက် စာအုပ်အဟောင်းဖြစ်သော်လည်း ဆရာကြီးအကြောင်း သိလိုသူများ ရှာဖွေ ဖတ်ရှု.သင့်သည့် စာအုပ်ဖြစ်ပါသည်။

  • ကနေဒါ၏ အမှတ်တံဆိပ် အဖြစ် ရပ်တည်လိုက်သော ကနေဒါ မွတ်စ်လင်မ် အဖွဲ့အစည်း

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media

    NCCM
    တိုရွန်တို။                ။ ကနေဒါ၏ အမွေအနှစ်များကို ထိန်းသိမ်းရန် ထင်ရှားသော မွတ်စ်လင်မ် ပြည်သူ့ အခွင့် အရေးအဖွဲ့သည် နိုင်ငံ၏ မွတ်စ်လင်မ်လူမျိုးစုအသီးသီးအတွက် အရေးပါသောအသံအား ကိုယ်စားပြုရန် ၄င်း၏ အမည်နာမကို ပြောင်းလဲလိုက်ကြောင်း သိရသည်။

    “ CAIR.CAN သည် ကနေဒီးယန်း မွတ်စ်လင်မ်များ နှင့် အခြားသောပြည်သူများကြား အပြန်အလှန်နားလည်မှုရရှိရေးအတွက် ပြည်သူ့အခွင့်အရေး နှင့် လူထုပူးပေါင်းမှုရန် အောက်ခြေ အဆင့် အထိ ဆင်း၍ အောင်မြင်စွာ လုပ်ဆောင်ခဲ့သော မှတ်တမ်းများရှိထားသည် ” ဟု National Council of Canadian Muslims (NCCM) မှ  ပြည်သူ့အခွင့်အရေး ဦးဆောင်သူ အမီရာ အလ်ဂ၀ါဗီ (Amira Elghawaby) သည် OnIslam.net သို့ပြောကြားခဲ့သည်။

    အမေရိကန် နှင့် အစ္စလာမ်ကြား ဆက်ဆံရေးကို တိုးမြှင့်ပေးနေသော ကနေဒါကောင်စီ (Canadian Council on American-Islamic Relations – CAIR.CAN) သည် ၄င်း၏ အမည်အား ဇူလိုင်လ ၆ ရက်နေ့တွင် NNCM သို့မဟုတ် Conseil National des Musulmans Canadiens (CNMC) အဖြစ် ပြောင်းလဲခဲ့သည်။

    “ ကနေဒါနိုင်ငံတစ်ခွင်လုံးမှာရှိတဲ့ ကနေဒါ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေ၊ ဆန္ဒတွေကို သိမြင်နားလည်နိုင်တဲ့အတိုင်းအတာအထိ အနာဂတ်ကို ရှေ့ရှုဖို့လိုအပ်လာပြီလို့ CAIR.CAN မှ သိရှိလာခဲ့တယ် ” ဟု ဆို၏။

    CAIR.CAN သည်  ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့သည် အမေရိကန်နိုင်ငံရှိ အမေရိကန် မွတ်စ်လင်မ်များအတွက် လူ့အခွင့် အရေးအား ထောက်ခံပေးနေသော Council on American-Islamic Relations မှ ဆင်းသက်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ယခုအချိန်သည် CAIR.CAN မှ ကိုယ့်နိုင်ငံအတွင်းရှိ မွတ်စ်လင်မ်များ၏အသံအား ကိုယ်စားပြုသော အဖွဲ့အစည်းတစ်ရပ်အနေနှင့်  မိမိ၏ရင်းမြစ် ကနေဒါနိုင်ငံနှင့် တံဆိပ်ကို ထင်ဟပ်စေရန်  အချိန်တန်ပြီဖြစ်ကြောင်း ခံယူခဲ့သည်။

    “ ဒီပြောင်းလဲမှုဟာ အဖွဲ့အစည်းရဲ့ ပင်ကိုယ်သဘောထားကို ကိုယ်စားပြုနေပါတယ်။ ကျွန်တော်တိုရဲ့နာမည်သစ်က ကနေဒါနိုင်ငံအမွေအနှစ်ကို ထင်ရှားစေတဲ့အပြင်၊ အသင်းရဲ့ အဓိကဦးတည်ချက် နဲ့ ဆက်လက်လုပ်ဆောင်နေဆဲအချက်တွေဖြစ်တဲ့ မွတ်စ်လင်မ်တို့ရဲ့လူထုရေးရာပူးပေါင်းဆောင်ရွက်မှုနဲ့လူ့အခွင့်အရေး ထောက်ခံချက်များကို ဦးတည်ထားခြင်းဖြစ်ပါတယ် ” ဟု NNCM မှ ဘုတ်အဖွဲ့ဝင် ကာရှိဖ် အဟ်မဒ် (Kashif Ahmed) က ဆိုသည်။

    လွန်ခဲ့သော ၁၃ နှစ်မှ စတင်ခဲ့သော CAIR.CAN သည် ကနေဒါ မွတ်စ်လင်မ်များအတွက် လူ့အခွင့်အရေး လွတ်လပ်မှု အတွက် ဦးဆောင်လှုပ်ရှားခဲ့ပြီး၊ လူထုရေးရာ ပူးပေါင်းဆောင်ရွက်မှု ၊ နိုင်ငံတွင်းရှိ မွတ်စ်လင်မ်များနှင့် အခြားသော နိုင်ငံသားများကြား အပြန်အလှန် နားလည်မှု ရရှိရေးအတွက် ဖော်ဆောင် လမ်းခင်းသည့် အုပ်စုဖြစ်ကြောင်း ကျော်ကြား၏။

    မပြောင်းလဲသော အမြင်

    အဖွဲ့အစည်းအနေနှင့် ၄င်း၏အမည်သစ်အောက်မှ အမှတ်တံဆိပ်အသစ်တစ်ခု ပြောင်းလဲခဲ့သော်လည်း၊ ၄င်း၏ ရည်မှန်းချက်အမြင်၊ တာဝန် နှင့် လုပ်ဆောင်မှုများသည် ယခင်ကဲ့သို့ပင် တည်ရှိနေမည်ဖြစ်သည်။

    “ကျွန်တော်တို့အဖွဲ့အစည်းဟာ အရင်အတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့အဖွဲ့ဝင်များနဲ့လက်တွဲဖော်များဟာ ကနေဒါမွတ်စ်လင်မ်လူ့အဖွဲ့အစည်းအသီးသီးကို ကျယ်ပြန့်စွာ ကိုယ်စားပြုသူများ အဖြစ် ရပ်တည်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နာမည်အသစ်အောက်မှာ ကျွန်တော်တို့ဟာ –  ပြည်သူ့အခွင့်အရေး ဖော်ဆောင်မှုတွေ၊ ကနေဒါအတွင်း မတူညီကွဲပြားတဲ့ လူမျိုးများစွာ အတူယှဉ်တွဲနေထိုင်ကြရေးအပေါ် အဓိကထားဦးဆာင်ပေးနေမှုတွေ – နှစ်မျိုးလုံးကို ဆက်လက်ကြိုးပမ်းအားထုတ်သွားမှာဖြစ်ပါတယ် ” ဟု NCCM အလုပ်အမှုဆောင်ဒါရိုက်တာ အိဟ်ဆန် ဂါဒီး (Ihsaan Gardee) က ပြောကြားခဲ့သည်။

    လာမည့် လအနည်းငယ်တွင် NNCM သည် နိုင်ငံတစ်ဝှန်းရှိ မွတ်စ်လင်မ်များနှင့် တွေ့ဆုံပူးပေါင်းရန် နှစ်ဆတိုးကြိုးပမ်းသွားနိုင်မည်ဟု မျှော်လင့်ထားသည်။

    “ NNCM အနေနဲ့ လာလတ္တံ့သော နေ့ရက်များ၊ ရက်သတ္တပတ်များ နဲ့ လများထဲမှာ ဇွဲလုံလရှိစွာ ကနေဒါနိုင်ငံတစ်ဝှန်းက မွတ်စ်လင်မ်အဖွဲ့အစည်းတွေနဲ့အတူ  လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ နိုင်ငံသားအဖြစ် လက်ခံရေး၊ လူမျိုးခွဲခြားဆက်ဆံမှု ပပျောက်ရေး နဲ့ အစ္စလာမ်အပေါ်ကြောက်ရွံ့မှုပပျောက်ရေးများကို ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ရည်ရွယ်ထားတဲ့ တိုးချဲ့ဝန်ဆောင်မှုတွေကတော့ – ကနေဒါမွတ်စ်လင်မ်များနဲ့ သက်ဆိုင်တဲ့အကြောင်းခြင်းရာများကို တစ်နိုင်ငံလုံး မျှမျှတတ ကြားနာခွင့်ရဖို့ ဗလီကျောင်းတော်များ၊ အစ္စလာမ့်စင်တာများ၊ လူမှုရေးအသင်းအဖွဲ့များရဲ့အသံကို နားထောင်ပြီး အတူယှဉ်တွဲ စူးစိုက်လုပ်ဆောင်သွားမှာဖြစ်တယ်  ” ဟု အလ်ဂ၀ါဗီ ကဆိုသည်။

    ကနေဒါနိုင်ငံ၏ အမြန်ဆန်ဆုံးကြီးထွားလာနေသော ဘာသာရေးဆိုင်ရာလူ့အဖွဲ့အစည်းသည် မွတ်စ်လင်မ်များ ဖြစ်ကြောင်း ကနေဒါနိုင်ငံစာရင်းအင်း ဌာန၏ နိုင်ငံတော် ကိန်းဂဏန်း အချက်အလက် မှတ်တမ်း၌ ဖော်ပြထားသည်။

    ကနေဒါ၏ မွတ်စ်လင်မ်လူဦးရေသည် လွန်ခဲ့သော ၁၀ နှစ်ထက် ၈၂ ရာခိုင်နှုန်း တိုးပွားလာပြီး၊ ၂၀၀၁ ခုနှစ်တွင် ၅၇၉,၀၀၀ ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ၁ သန်းကျော်သို့ ရောက် ရှိလာခဲ့သည်။ ကနေဒါနိုင်ငံ လူဦးရေတွင် မွတ်စ်လင်မ်သည် ၃.၂ ရာခိုင်နှုန်း ရှိသည်။

  • လားရှိုးမြို့ရှိ ဂျာမေဗလီ ပြန်ဖွင့်ခွင့်ပြု

    7 Days News  မှ ကူးယူဖော်ပြပါသည်။
    ဇူလိုင်-၂၁၊၂၀၁၃

    လားရှိုး။ ။ လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခအခြေအနေများတည်ငြိမ်သွားပြီ ဖြစ်သဖြင့် ရှမ်းပြည်နယ် ဝန်ကြီးချူပ် ဥိးစဝ်အောင်မြတ်က ဇူလိုင် ၂၀ ရက်မှာ စတင်ပြီး လားရှိုးမြို့မဈေးအနီးရှိ ဂျာမေဗလီပြန်ဖွင့်ခွင့်နှင့် စုပေါင်းဝတ်ပြု ခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။

    lasho