News @ M-Media
Blog
  • မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ ရုပ်သံ အစအဆုံး
    မွတ်စလင် ပညာရှင်များ သတင်းစာ ရှင်းလင်းပွဲမှ အမေး-အဖြေ ရုပ်သံ အစအဆုံး
    ဇွန်-၁၇ ၊၂၀၁၃
    M-Media
    ညီညွှတ်ရေးမှ ငြိမ်းချမ်းရေးဆီသို့ ကွန်ရက်ပေါင်းစု (Unity For Peace Networks) မှ စီစဉ် ကျင်းပသော အစ္စလာမ်ဘာသာနှင့် မွတ်စ်လင်မ်များ အပေါ် အထင်အမြင် လွဲမှားမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ရုပ်သံ မှတ်တမ်းအစအဆုံး ကြည့်ရှုနိုင်ပါပြီ။
    အပိုင်း-၁
    အပိုင်း-၂
    အပိုင်း-၃
    အပိုင်း-၎
    Connection မကောင်းတဲ့ M-Media စာဖတ်ပရိတ်သတ်များ အောက်ပါ လင်ခ်များမှဒေါင်းလုပ် လုပ်ပြီးကြည့်ရှုနိုင်ပါသည်။
    အပိုင်း(၁) Size 88 MB
    https://www.dropbox.com/s/in7upg2ll2s1m2n/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%201.mp4
    အပိုင်း(၂) Size 95 MB
    https://www.dropbox.com/s/8p4kg4c1o2n5uut/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%202.mp4
    အပိုင်း(၃) Size 99 MB
    https://www.dropbox.com/s/wlhw4sroqgmqnze/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%203.mp4
    အပိုင်း(၄) Size 98 MB
    https://www.dropbox.com/s/4or9g4tjaamrn7w/Unity%20for%20Peace%20Networks%27%20Press%20Conference%20on%20Misconceptions%20about%20Islam%20and%20Myanmar%20Muslims%20Part%204.mp4
  • ဥက္ကံ အကြမ်းဖက်ခံရမှုအား စတင်သူဟု စွပ်စွဲခံရသူ အမျိုးသမီးအား ထောင်ဒဏ်ချမှတ်
    ဇွန် ၁၇၊ ၂၀၁၃
    M-Media
    ဇာဏီ
    ဥက္ကံ ။         ။        လွန်ခဲ့သည့် ဧပြီလနှောင်းပိုင်းက ဆွမ်းခံကြွလာသော ကိုရင်အားမတော်တဆ တိုက်မိခဲ့၍ သပိတ်ကျကွဲရာမှ အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်လာစေသည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးအား ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်ကြောင်းသိရသည်။
    8
    ဥက္ကံမြို့မှအကြမ်းဖက်သမားကြောင့် အပျက်အဆီးများ မြင်ကွင်း (ဓါတ်ပုံ ဧရာဝတီ)
    ဥက္ကံမြို့ ပနီပင်ရွာသူ မ၀င်းဝင်းစိန်နှင့် အဖော်ပါလာသူ အမျိုးသမီး တို့ကို ဥက္ကံမြို့ ရဲစခန်းက ပုဒ်မ ၂၉၅/၂၉၅(က)ဖြင့် အမှုဖွင့်ထားခဲ့ရာမှ တိုက်ကြီးမြို့နယ် တရားရုံးက ဇွန်လ(၅)ရက်နေ့တွင် ပုဒ်မ ၂၉၅(က)ဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ်(၂)နှစ် အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။
    ဥက္ကံမြို့ အကြမ်းဖက်ခံရမှုမှာ ဆွမ်းခံကြွလာသော အသက်(၁၁)အရွယ် ကိုရင်အား အမျိုးသမီးတစ်ဦးက မတော်တဆ ၀င်တိုက်မိပြီး သပိတ်ကျကွဲခဲ့ရာမှ မကျေမနပ်ဖြစ်ပြီး လူအုပ်ကြီးတစ်စုက ဗလီ၊ အာရဗီစာသင်ကျောင်း၊ မွတ်စလင်မ်ပိုင်ဆိုင်များ၊ အိမ်များကို စတင်အကြမ်းဖက်ခဲ့ကြခြင်းဖြစ်သည်။
    အဆိုပါ မတော်တဆ ၀င်တိုက်မိခဲ့သူအား ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း လူအစုအဝေးကြီးဖြင့် အကြမ်းဖက်ခဲ့သော်လည်း အကြမ်းဖက်သမားများအား ယခုအချိန် အရေးယူ ထိန်းသိမ်းနိုင်စွမ်း မရှိသေးပေ။
    လွန်ခဲ့သော ၂၀၁၂-ခု ဇွန်လက စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် တောင်ကုတ် ၁၀-လောင်းပြိုင်အသတ်ခံရမှု၊ ၂၀၁၂-ခု အောက်တိုဘာတွင် တကျော့ပြန်ဖြစ်ပွားခဲ့မှု၊ ၂၀၁၃-ခု မတ်လက စတင် အကြမ်းဖက်ခံရသော မိတ္ထီလာမြို့၊ ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့များ၊ ဧပြီလအတွင်း အကြမ်းဖက်ခံရသော ဥက္ကံမြို့၊ မေလအတွင်း အကြမ်းဖက်ခံရသော လားရှိုးမြို့များ၏ အကြမ်းဖက်သမားများ၊ ယခုအချိန်ထိ အကြမ်းဖက်ရန် ဆူပူလှုံ့ဆော်နေသော လူအစုအဝေးကြီးအား မြင်သာထင်သာရှိသော်လည်း ဖမ်းဆီးအရေးယူမှု မရှိသေးဘဲ တဘက်သတ်အရေးယူ ထောင်ဒဏ်ချမှတ်ခံနေရမှုများအား ကြည့်ရှုခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုလုံးဝ မရှိကြောင်းကို ဖော်ထုတ်ပြသနေသည်ကို သုံးသပ်တွေ့ရှိရပါသည်။
  • ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်အီရန် တိုက်ရိုက်ဆက်ဆံရေး ထူထောင်မည်
    ဇွန် ၁၇ ၊ ၂၀၁၃
    M-Media
    iram
    ယင်းသို့ပူးပေါင်းဆွေးနွေးဆောင်ရွက်မှုသည် အီရန်နိုင်ငံ၏နျူကလိယအစီအစဉ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စိုးရိမ်နေမှုအား သံတမန်နည်းကျအဖြေရှာရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။ အီရန်၏ နျူကလိယ ပရိုဂရမ်မှာ အနုမြူလက်နက်များတည်ဆောက်ရန်ရည်ရွယ်သည်ဟု အနောက်တိုင်းမှ သံသယ၀င်နေသော်လည်း အီရန်ကမူ စွမ်းအင်ထုတ်လုပ်ခြင်းကဲ့သို့သော အကျိုးပြုလုပ်ငန်းများအတွက်သာဖြစ်ကြောင်း အခိုင်အမာပြောကြားလျက်ရှိသည်။
    အီရန်လူထု၏ လိုလားချက်ဆန္ဒကိုလေးစားပါကြောင်း၊ ရွေးကောက်ပွဲ၌ လူထု၏ပါဝင်မှုအား ဂုဏ်ယူပါကြောင်း၊ ပြည်သူ့အသံများထဲမှ ပြည်သူ့သတ္တိကို ကြားသိရပါကြောင်း အိမ်ဖြူတော်မှ ချီးမွှမ်းခဲ့သည်။
    သောကြာနေ့ကကျင်းပခဲ့သည့် မဲပေးပွဲတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မီဒီယာ အင်တာနက် နှင့် သတင်းပို့မှုများ၌ှ ဖြတ်တောက်တည်းဖြတ်ခြင်း၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့်စုရုံးခွင့်ကို ကန့်သတ်သည့် လုံခြုံရေးချထားခြင်းများ ရှိခဲ့သည်။ အစိုးရဖက်မှ တားဆီးကန့်သတ်ချက်များ ရှိနေသော်လည်း အီရန်လူထုအနေနှင့် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ရေးသားခြယ်သခွင့် ရရှိခဲ့ကြောင်း အိမ်ဖြူတော်မှ ပြောကြားခဲ့သည်။
    အိမ်ဖြူတော်၏ထုတ်ပြန်ချက်၌ “ အီရန်အစိုးရမှ အီရန်ပြည်သူလူထု၏ဆန္ဒအား အလေးထားလိမ့်မည်၊ ထို့ပြင် အီရန်လူထု၏အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် တာဝန်ယူလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အီရန်နိုင်ငံ၏နျူကလိယအစီအစဉ်အပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စိုးရိမ်နေမှုအား သံတမန်နည်းကျအဖြေရှာရန် ရည်ရွယ်ထားသော တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုလည်း အမေရိကန်မှပြုလုပ်သွားဖို့အသင့်ရှိသည် ” ဟုလည်း ဖော်ပြခဲ့သည်။
    – AFP/fl
  • လူထုရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုအချက်အလက်များကို စင်္ကာပူအစိုးရမှ ထုတ်ပြန်မည်
    ဇွန် ၁၇ ၊ ၂၀၁၃
    M-Media
    ပုဂ္ဂလရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုနိုင်မည့်အချက်အလက်များကို စင်္ကာပူအစိုးရမှ လူထုထံ ပိုမိုထုတ်ပြန်အသိပေးသွားတော့မည်။
    sg
    Singapore’s financial district across the Singapore River (AFP/File/Simin Wang)
    ပြည်တွင်းလုပ်သားဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များဖြင့် အလုပ်ရှင်များအားပံ့ပိုးနိုင်ရန်အတွက် လူ့စွမ်းအားဝန်ကြီးဌာနမှ ၀က်ဘ်ဆိုဒ် အသစ်တစ်ခုကို လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
    ဥပမာအားဖြင့် ရပ်ဝန်းတစ်ခု၏ အနေအထားပေါ်မူတည်၍ လူထုမှ မည်သည့်ပစ္စည်းအမျိုးအစားကိုဝယ်ယူရန် ဆုံးဖြတ်နိုင်သည့် စံနစ်မျိုးဖြစ်သည်။ ယင်းဝက်ဘ်ဆိုဒ်ကို မြေပုံနှင့်တစ်ကွ တစ်ပြေးညီအသုံးပြုပုံစံဖြင့် တည်ဆောက်ဖော်ပြထားသည်။
    Ref:channelnewsasia
  • ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ
    ဇွန် ၁၇၊ ၂၀၁၃
    M-Media
    သန့်သန့်
    ရန်ကုန် ။         ။     ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ မနေ့က နေ့လည် (၂)နာရီတွင် ကျင်းပခဲ့ပါသည်။
    ယင်းအခမ်းအနားမှာ လွန်ခဲ့သော နှစ်ပေါင်း၂၅-နှစ်က ပြည်သူလူထုပါဝင်သော လှုပ်ရှားမှုကြီးကို စတင်စေခဲ့သည့် ၁၉၈၈-ခုနှစ်၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ခြင်းဖြစ်သည်။
    ”ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ဒီပွဲလေးလုပ်ဖြစ်တာပါ။  ၈၈၊ ဇွန်လမှာ ကျောင်းသားလှုပ်ရှားမှုကြီး စတင်ခဲ့ပါတယ်။ နောက် ဇူလိုင်၊သြဂုတ်မှာ ကျောင်းတွေပိတ်ပြီး ရှစ်လေးလုံးလူထုအုံကြွမှု ဖြစ်ခဲ့တယ်။ လူထုအုံကြွမှုဖြစ်ခဲ့တဲ့အထိ အရေးပါခဲ့တဲ့ ဒီဇွန်ကျောင်းသားလှုပ်ရှားမှုကို နောက်မျိုးဆက်လူငယ်တွေမသိကြတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေလည်း ဒီလှုပ်ရှားမှုကိုသိစေချင်လို့ပါ”ဟု အခမ်းအနား ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    ၁၉၈၈၊ ဇွန် ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂-ခုနှစ်၊ ဇွန်လတွင် စတင်ကျင်းပခဲ့ပြီး၊ ယခင်နှစ်က ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်ပြီးမှ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ရက်နီးမှပြုလုပ်နိုင်ကြောင်း၊ ယခုနှစ် ငွေရတုအထိမ်းအမှတ် အခမ်းအနား၌ အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော ကျောင်းသားများအနက် ပြည်တွင်းရှိသူများအပြင် ယခုနှစ်တွင် ပြည်ပ၌ရောက်ရှိနေကြသောသူများပါ လာရောက်ကြကြောင်း၊ ယခင်နှစ်ကကဲ့သို့ပင် ကျောင်းသားဟောင်းများ၊ စိတ်ပါဝင်စားသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်းသိရသည်။
    june 17