News @ M-Media
Blog
  • ငှက်အော်စမ်းလူငယ် သင်တန်းကျောင်းသို့ မလေးသံအမတ်ကြီး သွားရောက်လှူဒါန်း
    ဇွန်- ၁၆၊ ၂၀၁၃
    M-Media
    မောင်ပုည
    05
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dr. Ahmad Faisal Muhammad, နှင့် သံရုံးအဖွဲ့ဝင်များဟာ ယနေ့ ဇူလိုင်လ-၁၆ရက်နေ့မှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာရှိတဲ့ ဌက်အော်စမ်းလူငယ်သင်တန်းကျောင်း သို့ သွားရောက်ပြီး အလှူငွေနှင့် ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
    အဆိုပါ လူငယ်သင်တန်းကျောင်းဟာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးလက်အောက်ခံဖြစ်ပြီး အသက်၅ နှစ် မှ ၁၈ နှစ်ကြားလူငယ် ၄၂၀ကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၊သင်တန်းကျောင်းမှာ ယောကျာ်းလေး သီးသန့်ဖြစ်ပြီး လေ့လွင် ကလေးငယ်များနှင့် ပြစ်မှု ကျူးလွန်သဖြင့် ပြစ်ဒဏ်ကျခံရသည့် အသက်မပြည့်သေးသော ကလေးငယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် အခြေခံပညာရပ်များကို သင်ကြားပေးနေသည့် သင်တန်းကျောင်းဖြစ်ပါသည်။
    More Photo
    08
  • မွတ်စလင်မ်နိုင်ငံများမှ မြန်မာနိုင်ငံအား စီးပွားရေးအရ သပိတ်မှောက်ရန် ကမ္ဘာကျော် အလ်အဇ်ဟရ်တက္ကသိုလ် အကြီးအကဲပြော
    ဇွန်-၁၆၊၂၀၁၃
    M-Media
    ကိုင်ရို ၊ အီဂျစ်။       ။ IINA ၏ တင်ပြချက်များအရ မြန်မာနိုင်ငံ မွတ်စ်လင်မ်များအပေါ် ထပ်မံကျူးလွန်သည့်ပြစ်မှုများကို ကာကွယ် တားဆီးရန်အတွက် လက်တွေ့ကျသော အဆင့်များ စတင်ပြုလုပ်သင့်ပြီဟု အလ်အဇ်ဟရ် တက္ကသိုလ် အကြီးအမှူးက ပြောဆိုလိုက်သည်။
    Ahmed Al-Tayyeb
    အလ်အဇ်ဟရ် အကြီးအမှူး ရှိုင်းခ် အဟ်မဒ် အလ်သွိုင်ယစ်ဗ် နှင့် အီဂျစ်သမ္မတ မော်စီ
    မြန်မာအစိုးရ၏ အုပ်ချုပ်ပုံအပေါ် ဖိအားပေးရမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ဤသည်နှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝှန်းမှ မွတ်စ်လင်မ်ပညာရှင်များ ညီညွတ်သွေးစည်းရန် လိုအပ်ကြောင်း၊ မွတ်စ်လင်မ်လူ့ဘောင်အဖွဲ့အစည်း၏ လွတ်မြောက်မှုမှာ ညီညွတ်မှု အရှိန်မြှင့်တင်ခြင်း နှင့် သဘောကွဲလွဲနေမှုများမှ ရှောင်ကြဉ်ခြင်း၌ တည်မှီနေကြောင်း အလေးအနက်ထား ပြောဆိုခဲ့သည်။
    အလ်သွိုင်ယစ်ဗ်ကိုယ်တိုင်လည်း  မြန်မာမွတ်စ်လင်မ်တို့၏အနေအထားကို လေ့လာအကဲဖြတ်ရန် မြန်မာနိုင်ငံသို့ များမကြာမီလာရောက်ဖို့ပြင်ဆင်ထားကြောင်း သတင်းများအရ သိရသည်။
    Ref:Ahlul Bayt News Agency
  • အမေရိကန်တွင် ယခုနှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုထက် ကလေးငယ်များ၏ သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးရသူ ပိုများနေ
    ဇွန် ၁၆၊၂၀၁၃
    M-Media
    အမေရိကန်တွင် ယခုနှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုထက် ကလေးငယ်များ၏ သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးရသူ ပိုများနေ
    guns_41အမေရိကန်နိုင်ငံသားများသည် အကြမ်းဖက်သူများကို မုန်းကြသလောက်၊ ရင်သွေးငယ်များကို ချစ်ခင်ကြသည်။ သို့ဖြစ်ရာ ယခုနှစ်အတွင်း အမေရိကန်၌ အကြမ်းဖက် တိုက်ခိုက်မှု တစ်မှုသာ ပေါ်ပေါက်ခဲ့ပြီး၊ ကျောင်း မနေသေးသော ကလေးငယ်တို့၏သေနတ် ကိုင်ပစ်ခတ်မှုက  ဘောစတွန် (Boston) တွင်လူ ၄ ယောက်ထိ သေဆုံးခဲ့ရကာ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ဦးရေထက် များပြားသည်ကို သိရလျှင်ကား တုန်လှုပ်သွားနိုင်ပေမည်။
    အသက် ၃ နှစ်မှ ၆ နှစ်ရှိ သေနတ်သမား ကလေးငယ်များကြောင့်  ၅ လအတွင်း လူ ၁၁ ဦးသေဆုံး
    အောက်ဖော်ပြပါ အမှုတွဲ  ၁၁ ခုသည် (၂၀၁၃ ခုနှစ်၊ဇန်န၀ါရီ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်အတွင်း) ကလေးငယ်များမှ မောင်းဖြုတ်ခဲ့သည့် အမှုများဖြစ်သည်။ The Jewish Daily Forward သတင်းစာမှ မေလအစောပိုင်းတွင် တင်ပြခဲ့သော သေနတ်ကိုင်ကလေးငယ် ၅ ယောက်၏ ကျူးလွန်ခဲ့သော အမှုများအပြင် နောက်ထပ် အမှုတွဲ ၆ ခုကိုပါ ပူးတွဲဖော်ပြထားသည်။ ယင်းသို့ ကြေကွဲဖွယ် စဉ်းစားရကြပ်သည့် အဖြစ်အပျက်မှာ  နာရီလက်တံလည်သကဲ့သို့ လစဉ်ပုံမှန်ဖြစ်ပေါ်နေခဲ့ကြောင်း တွေ့ရသည်။
    * ဇန်န၀ါရီ ၁၀ ရက်- Kan ရှိ ကန်စဆ်မြို့ (Kansas City) တွင် အသက် ၆ နှစ်အရွယ်ကလေးငယ်သည် ကစားဖော် အသက် ၄ နှစ်အရွယ် ထရစ်နစ်တီရို့စ် (Trinity Ross) ဟုခေါ်သော ကလေးငယ်အား ပစ်သတ်ခဲ့သည်။
    * ဖေဖေါ်ဝါရီ ၁၁ ရက်- Tenn ရှိ မမ်ဖစ်မြို့ (Memphis) တွင် အသက် ၄ နှစ်အရွယ် ဂျော့ရှူဝါဂျွန်ဆန် (Joshua Johnson) သည်  မိမိကိုယ်ကို သေနတ်နှင့်ပစ်ခတ် သေဆုံးခဲ့သည်။
    * ဖေဖေါ်ဝါရီ ၂၄ ရက်- ဟူစတွန်မြို့ (Houston) တွင် အသက် ၄ နှစ်အရွယ် ဂျေဒန်ပရက်ဒ် (Jaiden Pratt) သည် သူ၏ ဖခင်ဖြစ်သူ အိပ်ပျော်နေစဉ်တွင် ကိုယ့်ဗိုက်ကို မိမိဖာသာ သေနတ်ဖြင့်ပစ်ခတ်မိ၍ သေဆုံးခဲ့သည်။
    * မတ် ၃၀ ရက်- မီယာမီမြို့တွင် အသက် ၄ နှစ်အရွယ် ရာဟ်ကွလ်ကား (Rahquel Carr) သည် အသက် ၆ နှစ် အရွယ်သူ၏ အစ်ကိုဖြစ်သူ (သို့) သ့ထက်အသက်ငယ်သော ကစားဖော်အား ပစ်သတ်ခဲ့သည်။
    * ဧပြီ ၆ ရက်- Tenn ရှိ ၀ီလ်ဆင်ကောင်တီ (Wilson County) တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် အသက် ၄၈ နှစ်အရွယ် ဂျို့စ်ဖင်းဖန်နင်း(Josephine Fanning) အား အသားကင်နေခိုက် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
    * ဧပြီ ၈ ရက်- N.J ရှိ တွမ်စ်ရစ်ဗာ(Toms River) တွင် အသက် ၄ နှစ်အရွယ်ကလေးငယ်သည် အသက် ၆ နှစ်အရွယ် သူငယ်ချင်းဖြစ်သူ ဘရန်ဒန်ဟော့လ်တ် (Brandon Holt) အားသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
    * ဧပြီ ၉ ရက်- S.C  ရှိ ဂရင်းဗီလ်(Greenville) တွင် အသက် ၃ နှစ်အရွယ်ကလေးငယ်သည် ပန်းရောင် သေနတ်အား ကစားစရာဟုထင်ကာ ကိုယ့်ကိုယ်ကို ပစ်ခတ်မိသဖြင့် သေဆုံးခဲ့သည်။
    * ဧပြီ ၃၀ရက်- Ky ရှိ ကန်ဘာလန်ဒ်ကောင်တီ (Cumberland County) တွင် အသက် ၅ နှစ်အရွယ် အစ်ကိုလုပ်သူသည် ကလေးငယ်များ ကစားစရာရိုင်ဖယ်သေနတ်ဖြစ်သော Cricket, “My First Rifle” ဟုထင်ကာ သေနတ်ဖြင့် ညီမလုပ်သူ အသက် ၂ နှစ်အရွယ် ကယ်ရိုလိုင်းစပခ်(Caroline Sparks) အား ပစ်ခတ်သေစေခဲ့သည်။
    * မေ ၁ ရက်- Ariz  ရှိ ယူမာ (Yuma) တွင် အသက် ၃ နှစ်အရွယ် ကလေးငယ် ဒါရိန်းနက်ဇ် (Darrien Nez) သည် သူမအဖွား၏သေနတ်ကို တွေ့ရှိခဲ့ပြီး ကိုယ့်မျက်နှာကို ပစ်ခတ်မိကာ သေဆုံးသွားခဲ့သည်။
    * မေ ၇ ရက်- Fla ရှိ တန်ပါ(Tampa) တွင် အသက် ၃ နှစ်အရွယ် ကလေးငယ် ဂျာဒါရီယပ်စ်စပိုဒ်စ် (Jadarrius Speights) သည် သူ့ဦးလေး၏သေနတ်အားရှာတွေ့ခဲ့ကာ ကိုယ့်ကိုယ်ကို ပစ်ခတ်သေဆုံးခဲ့သည်။
    * ဇွန် ၇ ရက်- Ariz ရှိ ပရက်စ်ကော့ ဗလ်လီ (Prescott Valley) တွင် အသက် ၄ နှစ်အရွယ် ကလေးငယ်သည် သူ၏ ဖခင်ဖြစ်သူ ဂရင်း ဘဲရဒ် ဂျက်စ်တင် သောမတ်စ်(Green Beret Justin Thomas) အား သေနတ်ဖြင့် ပစ်ခတ် သေစေခဲ့သည်။
    ဤနှစ်အတွင်း အနည်းဆုံး ကလေးငယ် ၁၀ ယောက်သည် ကိုယ့်ကိုယ်ကို သို့မဟုတ် အခြားသူများအား သေစေခဲ့ပြီး။ ပထမပိုင်းမှအမှုတွဲ ၃ ခုတွင် ပစ်ခတ်သူသည် အသက် ၂ နှစ်သာရှိသေးသည်ကို တွေ့ရသည်။
    အသက် ၇ နှစ်မှ ၁၉ နှစ်အတွင်း ဆယ်ကျော်သက်အရွယ် ကလေးများသည်လည်း မိမိတို့ကိုယ်ကို သို့မဟုတ် ၄င်းတို့ပတ်ဝန်းကျင်ရှိ သူငယ်ချင်း၊ မိသားစုဝင် စသည်တို့ကို မတော်တဆ ပစ်ခတ်မိခဲ့သော အမှု ၉ ခုအား ဇန်န၀ါရီလကတည်းက တွေ့ရှိခဲ့ရသည်။
    အထက်ပါသေဆုံးမှု နှင့် ဒဏ်ရာရမှု အများစုသည် သေနတ် ကိုင်ဆောင်သော လူကြီးများ၏ပေါ့လျော့မှုကြောင့်   ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
    ထို့ကြောင့် ကလေးငယ်များအပေါ်သုံးသပ်လေ့လာရာတွင် တူညီသော ခေါင်းစဉ် တစ်ခုကို တိကျစွာတွေ့နိုင်သည်။ “ကမ္ဘာအနှံ့ အကြမ်းဖက်သမားများထက် အမေရိကန်နိုင်ငံ၏သေနတ်ကိုင် ယဉ်ကျေးမှုကြောင့် အမေရိကန်နိုင်ငံသားများ ပိုမိုသေဆုံးနေရသည်” ဟူ၏။
    CNN မှ စမ်မြူရဲလ်ဗြူခ် (Samuel Burke) ၏ အစီရင်ခံချက်အရ ၂၀၁၀ ၌ အကြမ်းဖက်သူများကြောင့် ကမ္ဘာအနှံ့တွင် လူ ၁၃,၁၈၆ ယောက်သေဆုံးခဲ့ပြီး၊ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းအတွင်း၌မူ လက်နက်ကိုင်ဆောင်ထားသူများကြောင့် လူပေါင်း ၃၁,၆၇၂ ယောက်အထိ သေဆုံးခဲ့ရသည်။
    သေနတ်ကိုင်ဆောင်ခွင့်ဆိုင်ရာဥပဒေအား ပြန်လည်သုံးသပ်ရန်လို
    သေနတ်သည် အမေရိကန်နိုင်ငံအတွင်းရှိ အပြစ်မရှိသူများ အထူးသဖြင့် ကလေးငယ်များအတွက် အလွန် အန္တရာယ်များသောအရာ ဖြစ်ကြောင်း ငြင်းနိုင်မည်မဟုတ်ပါ။  မည်သည့်တာဝန်ရှိသူမှလာရောက်၍ သေနတ်များအား ကိုင်ဆောင်ထားသောလူများထံ သိမ်းဆည်းမည်မဟုတ်သော်လည်း သေနတ်ကြောင့်ဖြစ်ပျက်ခဲ့သော အနိဌာရုံများအတွက် တစ်ခုခုလုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်သည်။ ဖြစ်ရပ်အားလုံးအတွက် အဖြေ  မရှိပါ။ သို့သော် တာဝန်သိပြည်သူတစ်ယောက်တစ်ယောက်အနေနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် တစ်ခုခုတော့ လုပ်ဆောင်ရမည်ဖြစ်သည်။
    ကျွန်တော်တို့ အရက်သောက်နိုင်သည်၊ ကားမောင်းခွင့်ရှိသည်၊ သို့သော်လည်း မောင်းလျှင်မမူးရ၊ မူးလျှင်မမောင်းရပါ။ ကျွန်တော်တို့မှာ လွတ်လပ်စွာပြောဆိုခွင့်ရှိပါသည်၊ သို့သော်လည်း လူအမြောက်အများရှိနေသော ကဇာတ်ရုံအတွင်း “မီးလောင်နေပြီ” ဟု အော်ခွင့်မရှိပါ။ ကျွန်တော်တို့တွင် Fourth Amendment ဆိုသော ကင်းလွတ်ခွင့်ဥပဒေရှိသည်၊ သို့သော် လေယာဉ်ပျံပေါ်မတက်မှီ ဘေးကင်းရန်အတွက် ကျွန်တော်တို့ခန္ဓာကိုယ်နှင့်ပစ္စည်းများအား ရှာဖွေခွင့် ပေးရသည်။
    Second Amendment ဥပဒေကို ဦးထိပ်ထားသူများသည် ကျွန်တော်တို့၏ ဘိုးဘေးဘီဘင်များက မည်သည့်အကြောင်းကြောင့် သေနတ်ကိုင်ဆောင်ခွင့်ကို ရည်ရွယ်ထုတ်ပြန် ချမှတ်ခဲ့ကြောင်း သိမှတ်လက်ခံအပ်ပေသည်။ ယခုမှာ ယင်းရည်ရွယ်ချက်အစား သေနတ်ယဉ်ကျေးမှုနှင့် နောက်ခံ ရာဇ၀င်ကိုဆန့်ကျင်၍ အမတ်များကို လာဘ်ထိုးပြီး စိတ်ကြိုက်သေနတ်အား ကိုင်ဆောင်ခွင့်ရစေလိုက်သည်မှာ ၃ နှစ်အရွယ် ကလေးငယ် သည်လည်း သေနတ်ကိုင်ဆောင်ကာ NRA အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်နေသည့်အလားဖြစ်နေ၏။ ကျွန်တော်သည် ထိုသို့သော ကလေးငယ်နှင့်အတူရှိနေသော ကစားဖော်များအတွက် စိတ်ပူပန်သောကရောက်နေမိပါတော့သည်။
    Ref:Opposing Views
  • ဇွန် ၁၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၁၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media
    FB user များ၏ အချက်အလက်များ အမေရိကန်အစိုးရကို ပေးအပ်ခဲ့ရ
    အမေရိကန် အစိုးရသည် Facebook အသုံးပြုသူများ၏ အချက်အလက်များကို တောင်းဆိုမှု ပြီးခဲ့သည့် နှစ်ဝက် အတွင်း အကြိမ် ၉,၀၀၀ မှ ၁၀,၀၀၀ ထိ ရှိသည်ဟု    ဆိုသည်။ user account အချက်အလက် အရေအတွက်  18,000 မှ 19,000 ထိ ပေးအပ်ခဲ့ရသည်ဟုဆိုသည်။
    Read More
    ဆီးရီးယား မပျံသန်းရ သတ်မှတ်ချက် တရားမဝင်ဟု ရုရှပြော
    ဆီးရီးယား မပျံသန်းရနယ်မြေ သတ်မှတ်ချက် သည် အပြည်ပြည်ဆိုင်ရ ဥပဒေအရ တရားမဝင်ကြောင်း ရုရှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောဆိုလိုက်သည်။
    Read More
    ပါကစ္စတန်မှ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး
    ဖာရွတ်ခ်သည် ပန်ဂျာပ့်ပြည်နယ်၏ သမိုင်းဝင်မြို့တော် ဘဟာဝါလ်ပူးရ် (Bahawalpur) မှဖြစ်ပြီး၊ လွန်ခဲ့သော ၁၀ နှစ်ခန့်က ပါကစ္စတန်လေတပ်တွင် လေယာဉ်မှူးဖြစ်ခဲ့သော အမျိုးသမီး ၁၉ ယောက်အနက် တစ်ဦး ဖြစ်သည်။ သူမ အပြင် အခြားသော အမျိုးသမီးတိုက်လေယာဉ်မှူး ၅ ဦးရှိသေးသော်လည်း ၄င်းတို့သည် တိုက်ပွဲဝင်နိုင်ရေး  နောက်ဆုံးအဆင့် စမ်းသပ်ရန်လိုအပ်နေသေးသည် ဟုသိရသည်။
    Read More
    ပါကစ္စတန်တွင် ကျောင်းကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား
    တောင်ပိုင်းပါကစ္စတန် တက္ကသိုလ် ကျောင်းသူများ စီးသော ကျောင်းကားကို ဗုံးခွဲတိုက်ခိုက်၍ ၁၁ဦး သေဆုံးခဲ့ရသည်။ ၁၉ဦး ဒါဏ်ရာရာခဲ့သည်။
    Read More
    တူရကီ၌ ဆန္ဒပြဆန်ကျင်မှုများ ဆက်လက်ဖြစ်ပေါ်နေ
    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ပန်းခြ၌ နှစ်ပါတ်ကြာ ပြီဖြစ်သော ဆန္ဒပြမှုများသည် ဝန်ကြီးချုပ် အယ်ရ်ဒိုအန်း၏ ရပ်တန့်ရန် တောင်းဆိုချက်ကို ဆန့်ကျင်၍ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။
    Read More
    အမေရိကန်ရောက်နေသည့် နာဇီ အရာရှိလွှဲပေးရန် ပိုလန်တောင်းဆို
    အမေရိကန် Minnesota တွင် နေထိုင်နေသော အသက် ၉၄နှစ်အရွယ် ရှိပြီဖြစ်သည့် ဒုတိယကမ္ဘာစစ်အတွင်း အမျိုးသမီးနှင့် ကလေးငယ်များ ကို သတ်ဖြတ်မှု ကျူလွန်သူ  နာဇီ အရာရှိဟောင်းကို လွှဲပြောင်းပေးရန် ပိုလန်နိုင်ငံ တရားရေးဌာနမှ တောင်းဆိုထားသည်။
    Read More
  • ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်(PCN) မှ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့
    ဇွန်လ ၁၅၊ ၂၀၁၃
    M-Media
    သန့်သန့်
    ရန်ကုန် ။      ။    သံသယ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် (Peace Cultivation Network – PCN)မှ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ခုကို မနေ့ နေ့လည်(၃)နာရီက ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေ္ဂဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပခဲ့သည်။
    ယင်း ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် (PCN)၏ စာနယ်ဇင်းရှင်းလင်းပွဲသို့ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ အခြားနယ်ပယ်အသီးသီးမှခေါင်ဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စာနယ်ဇင်းနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
    8483_139335296262403_1135643348_n
    အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို PCN မှ ရှင်းလင်းပြောကြားရာတွင် “မြန်မာနိုင်ငံသည် အမျိုးဘာသာ၊သာသနာဟုဆိုရာတွင်လူမျိုးပေါင်းစုံ၊ ဘာသာသာစကားနှင့် ယဉ်ကျေးမူပေါင်းစုံနှင့် သာသနာဟူသည် ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်မူတို့ ရှိသော်လည်း မြန်မာတို့၏ မေတ္တာ တရားနှင့် ပျူငှာမူတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်တင့်လျက်ရှိနေကြောင်း၊ မြန်မာ့သမိုင်းတစ်လျှောက်လုံး၌ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပြီး လွတ်လပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်လာခဲ့ကြကြောင်း၊ သို့သော် ပင်လုံစာချုပ်ကို အကောင်အထည် မဖော်နိုင်ခဲ့ခြင်းနှင့် နိုင်ငံတော်ဘာသာကိစ္စတို့ကြောင့် ပြည်ထောင်စုသားများအတွင်း သံသယပွားကာ နှစ်-၆၀ ကြာ ပြည်တွင်းစစ် ကြုံတွေ့ခဲ့ရကြောင်း၊ နှစ်-၅၀ မျှ ဒီမိုကရေစီအမှောင်ကျပြီး မြန်မာနိုင်ငံမှာ LCD ခေါ်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ စာရင်းဝင်းဖြစ်ခဲ့ရကြောင်း၊ ယခုအခါ မြန်မာလူငယ် ၇၀ ရာခိုင်နှုန်းခန့်မှာ လည်း အလုပ်လက်မဲ့ဘဝ ဆိုက်ရောက်နေပြီး ပြည်သူတို့မှာလည်းလူ့အဖွဲ့အစည်းအခြေခံလိုအပ်ချက်ဖြစ်သော ရေ၊  လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်မှု၊ ပညာရေး၊ နှင့်ကျန်မာရေး ဝန်ဆောင်မှုအားနည်းခြင်းဒဏ်ကို ခံစားနေကြရကြောင်းနှင့် ထိုမျှသာမက တိုင်းပြည်အပေါ် သစ္စာရှိခဲ့ကြသော မြန်မာမ္မတ်စလင်မ် လူနည်းစုမှာလည်း အမုန်းတရားဝါဒ ဖြန့်ချိမှု(Hate Campaign)နှင့် အကြမ်းဖက်မှုဒဏ်ကိုအလူးအလှိမ့်ခံစားခဲ့ကြရကြောင်း၊ ယင်း၏အကျိုးဆက်အဖြစ် တိုင်းပြည်နှင့် လူမျိုးဂုဏ် ဗုဒ္ဓသာသနာတော်၏ ပုံရိပ်တို့မှာကမ္ဘာအလယ်၌ ထိပါးခဲ့ပြီး အကြမ်းဖက်မှု မခံရသေးသော လူနည်းစုများ၌လည်းမလုံခြုံမှုနှင့် သံသယများ ဖြစ်ပေါ်နေကြောင်း၊ ပြည်တွင်းမတည်ငြိမ်မှုများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်နှောင့်နှေးသဖြင့် ပြည်တွင်းအလုပ်လက်မဲ့များ၏ အနာဂတ်ပျောက်ဆုံးနေကြောင်း၊ ပြည်တွင်း၌ အကြမ်းဖက်မှုများကိုမထိန်းသိမ်းနိုင်မှုကြောင့် အာရှဒေသမတည်ငြိမ်မှုအဖြစ် ကူးစက်ကာ ပြည်ပရောက် မြန်မာရွှေပြောင်းလုပ်သမားတို့၏ ဘဝနှင့် အနာဂတ်ကိုပါ ဖျက်ဆီးလျက်ရှိနေကြောင်း၊သို့ပါသောကြောင့် သံသယများပြေလျော့၍ ယုံကြည်မှုတည်ဆောက်နိုင်ကြရန် အမှားများအတွင်းမှ သင်ယူ၍ အဖြေရှာကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းမှု လုပ်ငန်းစဉ်များပူးပေါင်ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်(PCN) မှ ဤရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း”ရှင်းလင်းပြောကြားခဲ့သည်။
    P6140025
    ထို့နောက် PCN ၏ နာယကမှ သဘာပတိအဖွင့်အမှာစကား ပြောကြားခြင်း PCN ၏ ရှင်းလင်းထုတ်ပြန်ချက်ကို ကြေညာပြီး စာနယ်ဇင်းနှင့် မီဒီယာများ၏ မေးခွန်းများမေးမြန်းမှုကို ဆရာ ဦးအေးလွင်၊ ဦးမြင့်သိန်းနှင့် ဦးအုန်းမောင်တိုမှ ဖြေကြားခြင်း တက်ရောက်လာသော ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ အခြားနယ်ပယ် အသီးသီး၏ ခေါင်ဆောင်များမှ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးစကားမြွက်ကြားခြင်း ငြိမ်းချမ်းရေးတေး သံသာများဖြင့် ဖျော်ဖြေဧည်ခံခြင်းများပြုလုပ်ခဲ့သည်။
    အဆိုပါအခမ်းအနားသို့ ဘာသာပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံမှ လာရောက်ကြသည့်အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာတော်များကွန်ရက်မှ ဆရာတော်များ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂတို့မှ လာရောက်ကြသည့်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တိုင်းရင်သားများလည်း လာရောက်ခဲ့ကြကြောင်း တက်ရောက်သူ ဦးရေ-၅၀၀ကျော်နှင့် မီဒီယာပေါင်း ၅၀-ကျော်တက်ရောက်ခဲ့ကြကြောင်း၊ အထက်ပါရှင်းလင်းပွဲကို ထောက်ခံသည့်အနေဖြင့် လက်မှတ်ထိုးလှုပ်ရှားမူ(Signature Campaing)ကို ပြုလှုပ်ခဲ့ရာ တက်ရောက်သူများမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြကြောင်းကို PCN တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရသည်။
    More Photo
    1014368_139330852929514_1800368037_n