News @ M-Media

Blog

  • “ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်” မှ အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချ

    ဇွန် ၁၁ ၊ ၂၀၁၃
    M-Media
    မောင်ပုည

    အကြမ်းဖက်မှုများကို ဆန့်ကျင်ရှုတ်ချသည့် ကြေညာချက် တစ်စောင်ကို ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက် Peace Cultivation Network (PCN) က ဇွန်လ (၅) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရှိရပါသည်။

    အဆိုပါကြေညာချက်တွင်
    – မလေးရှားနိုင်ငံအပါအဝင် ပြည်တွင်ရောက်ရှိသည့် အပြစ်မဲ့ မြန်မာနိုင်ငံသား မည့်သည့် လူမျိုး၊ မည်သည့်ဘာသာဝင်ကိုမဆို အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း၊
    – သက်ဆိုင်ရာ အစိုးရများမှ လူမျိုး/ဘာသာမခွဲခြားဘဲ မြန်မာနိုင်ငံသားအားလုံး ဘေးကင်းအောင် ကာကွယ်စောင့်ရှောက်ပေးရန်၊ အကြမ်းဖက်မှုများကို ထိရောက်စွာရေးယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊
    – မလေးရှားတွင် မြန်မာနိုင်ငံသားအချို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် ထိခိုက်နစ်နာမှုများနှင့် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးတွင် အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံး၊ ဒဏ်ရာ ရခြင်းများ၊ အိုးအိမ် ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးခံရသဖြင့် ပျက်ဆီး ဆုံးရှုံးမှုများအတွက် PCN မှ ဝမ်းနည်းကြောင်း၊
    – လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေရန် ရည်ရွယ်ဦးတည်သည့် လှုံ့ဆော်မှုများ၊ဝါဒဖြန့်မှုများ၊ မမှန်မကန် အကြောင်းအရာများဖြင့် သွေးထိုးပေးမှုများ၊ ကောလဟလ ထုတ်လွှင့်မှုများ၊ မီဒီယာကျင့်ဝတ်နှင့် မညီသော အချို့သတင်းဖော်ပြမှုများ နှင့် ပြည်သူ(လူမျိုး၊ဘာသာအားလုံး) တို့၏ အသက်အိုးအိမ်နှင့် သာသနိက အဆောက်အအုံများကို မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်မီးရှို့၊ ဖျက်ဆီး၊ လုယက် အနိုင်အထက် ပြုမှုမှန်သမျှ အမြန်ဆုံးရပ်တံ့သွားရန် နှင့် ထပ်မံ့မဖြစ်ပွားစေရန် ငြိမ်းချမ်းရေးမြတ်နိုးသူ ပြည်သူ( လူမျိုးဘာသအားလုံး) အမျိုးသားရေးအသွင်ဖြင့် ကူညီတားဆီးပေးရန် မေတ္တာရပ်ခံကြောင်း၊
    -အကြမ်းဖက် တိုက်ခိုက်မှုများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေပါသဖြင့် အေးချမ်းစွာနေ ထိုင်လိုသည့် နိုင်ငံသားအားလုံးအား လူမျိုး၊ဘာသာ မခွဲခြားဘဲ နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက်ပေးပြီး အကြမ်းဖက်တိုကခိုက်မှုများကို ဖော်ထုတ်၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအစီအစဉ်များကို မြန်မာမီဒီယာများမှ အမျိုးသားရေး အသွင်ဆောင်၍ ဖော်ပြပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးပါရန် တိုက်တွန်းတောင်းဆိုကြောင်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါသည်။

    ရန်ကုန်အခြေစိုက် ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )သည်
    (၁) ပြည်ထောင်စု မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မှု (Capacity Building)၊ ပညာရေး နှင့် ဘဝနေထိုင်မှု အဆင့်အတန်းမြှင့်တင်ပေးရန်
    (၂) ပြည်ထောင်စုဖွားအချင်းချင်းချစ်ကြည်ရင်းနှီးသောဆက်ဆံမှုများတည်ဆောက်ရန်
    (၃) တရားဥပဒေ စိုးမိုးရေး။ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်
    (၄) ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
    ရည်ရွယ်ချက်များဖြင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဖြင့် ဖွဲ့စည်းထားသော ကွန်ရက်အဖွဲ့အစည်းတခုဖြစ်သည်။

    about malay

  • ၉၆၉ အသုံးပြုမှု ရွှေညောင် အာဏာပိုင်တို့ မနှစ်သက်

    မဇ္ဈိမ မှ ကူးယူဖော်ပြပါသည်။
    ဂျွန်ချစ်ငြိမ်း |
    အင်္ဂါနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၃ ခုနှစ်

    ရှမ်းပြည်နယ် ရွှေညောင်မြို့ တာယောကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားသည့်တရားပွဲတစ်ခုကို ၉၆၉ အထူးတရားပွဲဟု အမည်ပေးကာ ကြော်ငြာဆိုင်းဘုတ်များ တင်ထားရာ ဆိုင်းဘုတ်များတွင်ပါရှိသည့် ၉၆၉ ဂဏန်းများကို အဖြူရောင်စတစ်ကာဖြင့်ကပ်ကာ ဖုံးအုပ်စေခဲ့သည်ဟု တရားပွဲဖြစ်မြောက်ရေး နာယက ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

    1

    ၉၆၉ အထူးတရားပွဲဟု အမည်ပေးထားသည့် တရားပွဲပိုစတာများတွင် ၉၆၉ ဂဏန်းကို ဒေသခံအာဏာပိုင်တို့က အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်ခဲ့ရာ တရားပွဲဖြစ်မြောက်ရေးကော်မတီက ပြန်လည်ခွာပစ်ခဲ့သည်။ (ဓာတ်ပုံ – ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

    ၉၆၉ ဂဏန်းများ ပါရှိနေခြင်းသည် ရွှေညောင်စခန်းမှူး၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မည်ကိုစိုးရိမ်ပြီး အဆိုပါဂဏန်းပါရှိနေခြင်းမှာ မသင့်လျော်ဟုဆိုကာ တားမြစ်ခြင်းဟု ညောင်ရွှေမြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

    ”ဒီ ၉၆၉ စာတန်းကြီးပါနေတာ မသင့်တော်ပါဘူးဆိုပြီးတော့၊ ပြဿနာ တစ်စုံတစ် ရာပေါ်ပေါက်မှာစိုးလို့ ကျွန်တော် ကနေတစ်ဆင့် အများအထင်အမြင်လွဲမှားမှု မရှိအောင် တားမြစ်ရခြင်းဖြစ်ပါတယ်။ တရားပွဲကို တားမြစ်တာမဟုတ်ပါ ဘူး။ ၉၆၉ တံဆိပ်ကို ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အထက်ကခိုင်းရင် အမိန့်ကို နာခံရပါတယ်” ဟု ဦးဇော်ဇော် က ပြောသည်။

    တရားပွဲကို ဇွန်လ ၁၃ ရက်တွင် ပြုလုပ်ရန်ရှိပြီး ဆိုင်းဘုတ်များကို ဇွန်လ ၈ ရက်က စတင်ထောင်ရာ နောက်နေ့နံနက် ၉ နာရီ အချိန်တွင် ၉၆၉ ဂဏန်းများပေါ်တွင် အဖြူ ရောင်စတစ်ကာဖြင့် ဖုံးအုပ်စေခြင်းဖြစ်သည်။

    အဆိုပါအခြေအနေများ ဖြစ်ပေါ်လာပြီးနောက် တရားပွဲဖြစ်မြောက်ရေး ကော်မတီနှင့် ညောင်ရွှေအုပ်ချုပ်ရေးမှူး၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့ ပါဝင်သော အစည်းအဝေးကို ဇွန်လ ၁ဝ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။

    အဆိုပါ အစည်းအဝေးအပြီး ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ ဖုံးအုပ်ထားသည့် ၉၆၉ ဂဏန်းများကို ညနေ ၅ နာရီတွင် ပြန်လည် ခွာပစ်ခဲ့ကြသည်။ ”အားလုံး ပြေလည်သွားပါပြီ၊ ကျွန်တော်တို့နဲ့ တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်တွေနဲ့လည်း တွေ့ပြီးပြီ ၉၆၉ ကို ပြန်ခွာတာကတော့ သူတို့သဘောပါပဲ။ ကျွန်တော်တို့ မကန့်ကွက် ပါဘူး” ဟု ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

    တရားပွဲကို မြစေတီ ပရိယတ္တိစာသင်တိုက်မှ အရှင်ဝိဇာနန္ဒ၊ မြနန်းစေတီ နန်းဦးပရယတ္တိစာသင်တိုက်မှ အရှင်သဒ္ဓမ္မ၊ မြစေတီ ရဲကျောင်းပရိယတ္တိ စာသင်တိုက်မှ အရှင်ဂန္ဓသာရတို့က ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဟောကြားမည် ဖြစ်သည်။ တရားပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး အေးအေးချမ်းချမ်းဖြစ်အောင်လည်း ဆောင်ရွက်သွားမည်ဟု တရားပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။

  • ဇွန် ၁၀-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၀-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၀ ၊၂၀၁၂
    M-Media

    တောင်အာဖရိကသမ္မတဟောင်း၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရဆဲဖြစ်

    ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ပြီးခဲ့သည့် စနေနေ့အစောပိုင်းကတည်းက ဆေးရုံတွင်ဆေးကုသမှုခံယူနေရသော တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပါတယ်။
    Read More

    သီရိလင်္ကာနိုင်ငံတွင် မုန်တိုင်းကြောင့် လူ ၃၁ ဦးသေဆုံး

    သီရိလင်္ကာနိုင်ငံအနောက်ပိုင်းတွင် စနေနှင့် တနင်္ဂနွေနေ့များက တိုက်ခတ်ခဲ့သော ပြင်းထန်သည့်မုန်တိုင်းကြောင့် ယခုအချိန်အထိ ၃၁ ဦးသေဆုံးကြောင်းသိရပြီး ၃၀ ကျော်ပျောက်ဆုံးနေပါတယ်။
    Read More
    စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံ မွတ်စ်လင်မ်များ အမွေအနှစ် ပွဲတော်ပြုလုပ်

    မွတ်စ်လင်မ့်ယဉ်ကျေးမှု နှင့် အမေရိကန် နွေရာသီ ဓလေ့ထုံးစံများ သဟဇာတဖြစ်ရေးအလို့ငှာ ပဲန်စီလ်ဗေးနီးယား (Pennsylvania) တွင် အစ္စလာမ့်အမွေအနှစ်ပွဲတော်တစ်ရပ် ကျင်းပရာ၌ စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်အောက်သို့ရောက်ရှိရန် မွတ်စ်လင်မ် ထောင်ပေါင်းများစွာတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

    Read More

    အိန္ဒိယနိုင်ငံ BJP ပါတီကိုတည်ထောင်သူ ပါတီမှနှုတ်ထွက်

    အိန္ဒိယနိုင်ငံရှိ အစိုးရအတိုက်အခံပါတီတစ်ခုဖြစ်သည့် BJP ပါတီကို တည်ထောင်ခဲ့သူ LK Advani မှာ ပါတီမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
    Read More

    အမေရိကန်၏ နျူးကလီးယားလက်နက်များ နယ်သာလန်တွင်ထားရှိ

    အမေရိကန်ပိုင်ဆိုင်သည့် နျူးကလီးယားလက်နက် ၂၂ ခုခန့်ကို နယ်သာလန်နိုင်ငံ Brabant ပြည်နယ်ရှိ Volkel လေတပ်စခန်းတွင် ထားရှိကြောင်း နယ်သာလန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Ruud Lubber က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
    Read More

    ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြင်သစ်တွင်ဖြစ်ပေါ်

    အလုပ်အကိုင်ကဏ္ဍများတွင် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ပဲရစ်မြို့နှင့် အခြားမြို့ကြီးများတွင် အမျိုးသမီးအမြောက်အများ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
    Read More

    အလ်ကိုင်းဒါးခေါင်းဆောင်တစ်ဦးကို ယီမင် အစိုးရမှဖမ်းဆီး

    ပြည်တွင်းအလ်ကိုင်းဒါးခေါင်းဆောင်တစ်ဦးဖြစ်သူ Omar Ashour အား ယီမင်နိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ယီမင် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
    Read More

    စပိန်တင်းနစ်ကစားသမား နာဒလ် ၈ ကြိမ်မြောက် ပြင်သစ်အိုးပင်းချိန်ပီယံဖြစ်လာ

    စပိန်နာမည်ကျော် တင်းနစ်ကစားသမားဖြစ်သူ ရာဖေးလ်နာဒယ်မှာ တစ်နိုင်ငံတည်းသား ဒေဗစ်ဖရဲရားအား အနိုင်ယူကာ ပြင်သစ်အိုးပင်းချန်ပီယံဘွဲ့ကို ၈ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။

    Read More

    ၂၁ နှစ်အောက် ဥရောပချန်ပီယံပွဲ အိမ်ရှင် အစ္စရေး ကျင်းပခွင့်ကို သပိတ်မှောက်ကျရန် ပါလက်စတိုင်း တိုက်စစ်မှုးဟောင်း တိုက်တွန်း

    ဥရောပဘောလုံးအဖွဲ့မှ အစ္စရေးနိုင်ငံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့များမှ သပိတ်မှောက်ကြရန် တိုက်တွန်းလိုက်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်လျက်ရှိကြောင်း ကမ္ဘာတစ်ဝှန်းမှ သိရှိနေကြသည်။
    Read More

  • ၂၁ နှစ်အောက် ဥရောပချန်ပီယံပွဲ အိမ်ရှင် အစ္စရေး ကျင်းပခွင့်ကို သပိတ်မှောက်ကျရန် ပါလက်စတိုင်း တိုက်စစ်မှုးဟောင်း တိုက်တွန်း

    ဇွန် ၁၀ ၊ ၂၀၁၃
    M-Media

    ဥရောပဘောလုံးအဖွဲ့မှ အစ္စရေးနိုင်ငံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့များမှ သပိတ်မှောက်ကြရန် တိုက်တွန်းလိုက်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်လျက်ရှိကြောင်း ကမ္ဘာတစ်ဝှန်းမှ သိရှိနေကြသည်။

    Calls Rise to Boycott Israel EEFA Championship

    ပါလက်စတိုင်း နိုင်ငံ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း  Mahmoud Sarsak က “ UEFA က အစ္စရေးကို  ဒီအခွင့်အရေး ဘယ်လိုသဘောနဲ့ပေးခဲ့တာလဲ။ အစ္စရေးနိုင်ငံ ထူထောင်ဖို့အကြောင်းပြချက်နဲ့ နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာကို သိနေပါလျက် လက်ခံဖို့ သူတို့ ဘာကြောင့် စဉ်းစားခဲ့တာလဲ ” ဟု CNN သို့ ပြောကြားခဲ့သည်။

    Sarsak သည် အနောက်ဖက်ကမ်းမြောင်ဒေသရှိအသင်းတစ်ခုနှင့် ကန်ထရိုက်စာချုပ်ချုပ်နိုင်ခဲ့စဉ် ၂၀၀၉ ခုနှစ်မှ စ၍ အစ္စရေးတို့၏အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို သုံးနှစ်ခံခဲ့ရသည်။ ယင်းသို့အကြောင်းမဲ့ဖမ်းဆီးအကျဉ်းချမှုအပေါ် သုံးလတာအဆာငတ်ခံဆန္ဒပြခဲ့သဖြင့် သူ့ခန္ဓာကိုယ်အလေးချိန်မှာ ထက်ဝက်သာကျန်တော့သည်။ အသက် ၂၃ နှစ်ရှိပြီဖြစ်သော Sarsak သည်  အစ္စရေးအား အသက် ၂၁ နှစ်အောက် ချန်ပီယံဖလားလုပွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ပေးရေး UEFA ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်အရေးဆိုရန် လန်ဒန်သို့ရောက်လာပြီဖြစ်သည်။

    သုံးနှစ်တာအကျဉ်းစံဘ၀၌ သူ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးကို အစ္စရေးတို့မှ နှိပ်စက်ညှင်းပန်းခဲ့သည်။
    “ တိုက်စစ်မှူးဘောလုံးသမားဘ၀ဟာ ကျွန်တော့်လွတ်မြောက်မှုအတွက် တစ်ခုတည်းသောလမ်းကြောင်းဖြစ်တယ်။ သိက္ခာရှိစွာနေထိုင်ရှင်သန်ခြင်း နဲ့ မြေမြှုပ်သင်္ဂြိုလ်ခံရခြင်း တစ်ခုခုဆိုတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်၊ ကျွန်တော့်ရဲ့အိပ်မက်တွေကို အစ္စရေးတွေ သတ်ပစ်ခဲ့တယ်။ ကျွန်တော့်အိပ်မက်ကို ရှင်သန်အောင် ရှေ့ဆက်ဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ္စရေးတွေက ကျွန်တော့်အိပ်မက်ကိုဖျက်ဆီးပြီး ဘောလုံးဆက်မကစားနိုင်အောင် ရည်ရွယ်ထားကြလို့ဖြစ်တယ် ” ဟု သူမှ ပြောပြခဲ့သည်။

    “ UEFA ဥက္ကဌ ပလာတီနီက ပါလက်စတိုင်းကို ရောက်လာပြီး အခြေအနေမှန်ကို တွေ့ခဲ့တဲ့အခါ ပါလက်စတိုင်းတွေရဲ့ နှိပ်စက်ညှင်းဆဲခံရမှုတွေအပေါ်ရပ်တည်သွားမယ် လို့ဆိုခဲ့တယ်။ ဒါပေမယ့် ခုတော့ သူစိတ်ပြောင်းသွားပြီ။ အစ္စရေးတွေကို ဒီအခွင့်အရေးပေးလိုက်တာဟာ ဂုဏ်ပြုရွှေတံဆိပ်ချီးမြှင့်လိုက်တာနဲ့မခြားပါဘူး ” ဟု  UEFA U 21 Championship အား အစ္စရေးထံ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပေးခြင်းမှာ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များအား ဆုပေးခြင်းသာဖြစ်သည်ဟု Sarsak က ၀မ်းနည်းစွာဆိုခဲ့သည်။ သူ့ဖြစ်ရပ်များကို ထုတ်ဖော်ပြောကြားခြင်း နှင့် ကန့်ကွက်ဆန္ဒပြခြင်းသည် အစ္စရေး၏ဆိုးသွမ်းမှုကို ကမ္ဘာက မျက်နှာလွှဲထားကြောင်း ပြသနိုင်ရန်ဟု ထပ်မံပြောပြခဲ့သည်။

    ပါလက်စတိုင်းလှုပ်ရှားမှုကိုထောက်ခံသော Red Card Israeli Racism အဖွဲ့မှ လူ ၈၀၀၀ ၏လက်မှတ်ဖြင့် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်လျက်ရှိသည်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး အပါအ၀င် ရပ်တည်ချက်တူ အခြား နိုင်ငံရေးသမားများ၊ အနုပညာရှင်များက စုပေါင်းလက်မှတ်ထိုးထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဗြိတန်၏ The Guardian သတင်းစာတိုက်သို့ မေလအတွင်း ပေးပို့ခဲ့ကြသည်။

    ယင်းအိတ်ဖွင့်ပေးစာ၌ “ နောက်လတွင်ကျင်းပမည့်  UEFA U 21 Championship ဗိုလ်လုပွဲအား အစ္စရေးကို အိမ်ရှင်အဖြစ် ဆောင်ရွက်ခွင့်ပေးခြင်းမှာ အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့်ဥပဒေမဲ့လုပ်ရပ်များအပေါ် ဂုဏ်ပြုနေခြင်းသာဖြစ်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများအား တရားမ၀င်ကျူးကျော်သိမ်းပိုက်ခြင်း နှင့် လူမျိုးကြီးဝါဒဖြင့် ပါလက်စတိုင်းလူမျိုးတို့၏ အခွင့်အရေးအားငြင်းဆိုခြင်းတို့ကို ဘောလုံးလောက၏ဂုဏ်သိက္ခာကို အသုံးချ၍ ဆက်လက်ကျူးလွန်လိုမှုအား UEFA မှ မလိုက်လျောသင့်ပါ ” ဟု ရေးသားဖော်ပြထားသည်။

    Ref: OnIslam

  • စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံ မွတ်စ်လင်မ်များ အမွေအနှစ် ပွဲတော်ပြုလုပ်

    ဇွန် ၁၀၊၂၀၁၃
    M-Media

    20130609_inq_pislam09z-bကိုင်ရို ။          ။ မွတ်စ်လင်မ့်ယဉ်ကျေးမှု နှင့် အမေရိကန် နွေရာသီ ဓလေ့ထုံးစံများ သဟဇာတဖြစ်ရေးအလို့ငှာ ပဲန်စီလ်ဗေးနီးယား (Pennsylvania) တွင် အစ္စလာမ့်အမွေအနှစ်ပွဲတော်တစ်ရပ် ကျင်းပရာ၌ စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်အောက်သို့ရောက်ရှိရန် မွတ်စ်လင်မ် ထောင်ပေါင်းများစွာတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

    “မွတ်စ်လင်မ်များသည်  အခြားသောဓလေ့ထုံးတမ်းများအတိုင်း အမေရိကန်နိုင်ငံဖြစ်တည်မှုတွင် အရေးပါသောလူမျိုးတစ်ခုအဖြစ်ရှိနေသည်” ဟု အစ္စလာမ့်ယဉ်ကျေးမှုထိန်းသိမ်းရေး နှင့် သတင်းအချက်အလက်ကောင်စီ (Islamic Cultural Preservation and Information Council) ၏ ဒါရိုက်တာ အဗ်ဒူလ် ရဟီးမ် မုဟမ္မဒ် (Abdul Rahim Muhammad) က ဖီလာဒဲလ်ဖီးယားသတင်းစာ(Philadelphia Inquirer) သို့ ဇွန်လ ၉ ရက်၊ တနင်္ဂနွေနေ့တွင် ပြောပြခဲ့သည်။

    ဤနှစ်ပွဲတော်အတွက်ခေါင်းစဉ်သည် “မတူကွဲပြားမှုအတွင်းမှ စည်းလုံးညီညွတ်မှု” ဖြစ်သည်ဟု သူက ကုရ်အာန် ကျမ်းဂန်၊ “ရှရီအဟ်ကိုနားလည်သဘောပေါက်ရေး” နှင့် “ အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ အစ္စလာမ့်ပြောကြားချက်” ခေါင်းစဉ်ပါလက်ကမ်းစာစောင်များကို ဖြန့်ခင်းပြသထားသည့် စားပွဲတစ်ခုရှေ့တွင်ရပ်ကာ ပြောကြားခဲ့သည်။

    အစ္စလာမ့်အမွေအနှစ်ပွဲတော်ကို လွန်ခဲ့သော ၂၁ နှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၄င်းသည် အမေရိကန်နိုင်ငံရှိ အလွန်ကြီးကျယ်သော ပွဲတော်များအနက်တစ်ခုဖြစ်သည်။ ယခုနှစ်တွင် Penn’s Landing ၌ စနေနေ့က ကျင်းပခဲ့သည်။

    နှစ်တိုင်း လာရောက်သူပေါင်း ၅,၀၀၀ မှ ၈,၀၀၀ ၀န်းကျင်ရှိသည် ဟုသိရသည်။

    “ကျွန်တော်တို့ဟာ ဒိနိုင်ငံသားတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ကြသလို
    ဒီနိုင်ငံအပေါ်အကောင်းဆုံးပေးဆပ်ခဲ့သူများဖြစ်ပါတယ်” ဟု မုဟမ္မဒ်က ပြောကြားခဲ့သည်။

    ဤအစဉ်အလာမှာ  လူမည်းမွတ်စ်လင်မ်တို့၏ဈေးရောင်းပွဲမှ ပထမဦးစွာ အစပြုခဲ့သည်။
    ယနေ့တွင်မူ လူအမြောက်အများလာရောက်ကြပြီး၊ ခြုံထည်နှင့်ခေါင်းပေါင်းမှသည် စာအုပ်၊ ရေမွှေး၊ စာတန်းထိုးတီရှပ်အင်္ကျီများအထိ မျိုးစုံသောပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။

    နေကာမျက်မှန်ရောင်းချသူ အသွီယာ ဟဒ်ချာ (Atiyya Hatcher) မှ “ဘာသာရေးဆိုတာ စည်းလုံးညီညွတ်ဖို့သာလျှင် အဓိကဖြစ်တယ်။ ကျွန်မတို့သာ ဒီလိုအတိုင်း အတူတကွ ရှိကြယင် အချိန်တိုင်းဟာ ပျော်ရွှင်မှုပါဘဲ” ဟု ဆိုသည်။

    ပွဲတော်တွင် အမေရိကန်နွေရာသီပွဲတော်ဆိုင်ရာအထိမ်းအမှတ်များဖြစ်ကြသည့် ဆေးရောင်ခြယ်လူရွှင်တော်၊ ကလေးမျက်နှာများအား ရောင်စုံခြယ်သပေးခြင်း၊ ပုဝါခေါင်းစည်းဖြင့်မိန်းကလေးအချို့၊ ကလေးများ ခုန်၍ကစားရန် လေမှုတ်အိမ်များ စသည်ဖြင့် ထည့်သွင်းပံ့ပိုးခဲ့သည်။

    စင်မြင့်ပေါ်မှ အမျိုးသမီး ရက်ပ်အဆိုတော်တစ်ဦးကလည်း လာရောက်သူများအားဖျော်ဖြေခဲ့သည်။ ယခုနှစ် ဟာ့ဂ်ျသွားရောက်ခဲ့သူများကိုလည်း ၄င်းစင်မြင့်ပေါ်၌ပင် ဂုဏ်ပြုအခမ်းအနား ဆောင်ရွက်ခဲ့သည်။

    – – အားလုံးအပေါ် မေတ္တာထား – –

    အစ္စလာမ့်အမွေအနှစ်ပွဲတော်သည် မိမိဝန်းကျင်တစ်ခွင်မှလူအပေါင်းကို မေတ္တာထားချစ်ခင်ရေးအတွက် လူတို့ထံချပြပေးနိုင်လိမ့်မည် ဟု ပွဲစီစဉ်သူများမှ မျှော်လင့်ထားကြသည်။

    “ကျွန်တော်တို့အားလုံးဟာ လူသားများသာဖြစ်ပါတယ်။ ကိုးကွယ်တဲ့ဘာသာ မတူတာကလွဲလို့ ကျွန်တော်တို့ဟာ ကျန်သူများနဲ့ ကွဲပြားခြားနားသွားတာ မဟုတ်ပါဘူး ” ဟု ဟဒ်ချာ ကပြောသည်။

    မွတ်စ်လင်မ်တို့၏ ငြိမ်းချမ်းရေးလိုလားသောဆန္ဒကို ပွဲတော်သို့လာရောက်သူအမြောက်အများ၏ အသိထဲသို့ဝင်ရောက်စေနိုင်ရန် ရုပ်လုံးဖော်ချက်မီဒီယာများက ထင်ထင်ရှားရှားတင်ပြနိုင်သဖြင့် ထိရောက်မှုရှိခဲ့ပေသည်။

    ပွဲတော်အတွင်းရှိ ချိတ်ဆွဲထားသော စာတန်းတစ်ခု၌ “ အားလုံးအပေါ်မေတ္တာထား၊ မည်သူ့ကိုမျှ အမုန်းမပွား ” – Love for All , Hatred for None ဟု ဖော်ပြထားသည်။

    “ I [heart] Muhammad ” စာသားပါရင်ထိုးကို တပ်ဆင်ထားသည့် စဒီးဂ် အဗ်ဒူလ် နာစိရ် (Saadiq Abdul Nasir) က အကြမ်းဖက်ဖြစ်ရပ်များနှင့် အမေရိကန် မွတ်စ်လင်မ်တို့အား ယှဉ်တွဲကြည့်မြင်ခြင်းသည် မမျှတပါ ဟု ပြောဆိုသည်။

    သတင်းထဲတွင်တွေ့ရသော အကြမ်းဖက်သူများသည် မွတ်စ်လင်မ်တို့အတိုင်းပင် ၀တ်ဆင်ထားသဖြင့် လူတို့က ထိုအရာများကို မြင်တွေ့ပြီး၊ မွတ်စ်လင်မ်အားလုံး တစ်မျိုးတစ်စားတည်းဟု မှတ်ယူလိုက်ကြောင်း ဟု သူကပြောပြသည်။

    အမေရိကန်ပြည်ထောင်စုတွင် မွတ်စ်လင်မ်ပမာဏမှာ ၆ သန်းမှ ၈ သန်းအထိရှိနေကြသည်။

    လွန်ခဲ့သည့်လ၊ (Pew Forum) မှပြုလုပ်ခဲ့သော ဘာသာရေး နှင့် လူထုဘ၀ရေးရာ (Religion and Public Life) ကွင်းဆင်းသုတေသနပြုလေ့လာချက်တွင် တွေ့ရှိရသည်မှာ အမေရိကန်မွတ်စ်လင်မ်များသည် ကမ္ဘာပေါ်တွင် အလယ်အလတ်လမ်းစဉ်၌ အကောင်းဆုံးရှိနေသူများဖြစ်သည်ဟု ဆိုလိုက်သည်။

    ယေဘူယျအားဖြင့် အမေရိကန်မွတ်စ်လင်မ်များတွင် မိမိတို့၏ယုံကြည်မှု၌ ခိုင်မာစွာတည်ရှိကြပြီး၊ ခေတ်သစ်လူမှုဘ၀နှင့်ဘာသာရေးကိုင်းရှိုင်းမှုအကြား ပဋိပက္ခဖြစ်အာင် ပြုလုပ်နေထိုင်သူများ မဟုတ်ကြောင်း ဤအချက်က ပြဆိုနေသည်။

    အစောပိုင်းလေ့လာမေးမြန်းမှတ်တမ်းတင်ချက်များအရ အမေရိကန်မွတ်စ်လင်မ်အများစုသည် မိမိတို့ တိုင်းပြည်အပေါ်သစ္စာရှိသူများဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုတွင်းရှိ မိမိတို့၏ အနာဂတ်အား အကောင်းမြင်ထားသူများဖြစ်ကြောင်း တွေ့ခဲ့ကြရသည်ဟု ဆို၏။

    Ref: OnIslam