News @ M-Media

Blog

  • ဇွန် ၁၀-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၀-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၀ ၊၂၀၁၂
    M-Media

    တောင်အာဖရိကသမ္မတဟောင်း၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရဆဲဖြစ်

    ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ပြီးခဲ့သည့် စနေနေ့အစောပိုင်းကတည်းက ဆေးရုံတွင်ဆေးကုသမှုခံယူနေရသော တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပါတယ်။
    Read More

    သီရိလင်္ကာနိုင်ငံတွင် မုန်တိုင်းကြောင့် လူ ၃၁ ဦးသေဆုံး

    သီရိလင်္ကာနိုင်ငံအနောက်ပိုင်းတွင် စနေနှင့် တနင်္ဂနွေနေ့များက တိုက်ခတ်ခဲ့သော ပြင်းထန်သည့်မုန်တိုင်းကြောင့် ယခုအချိန်အထိ ၃၁ ဦးသေဆုံးကြောင်းသိရပြီး ၃၀ ကျော်ပျောက်ဆုံးနေပါတယ်။
    Read More
    စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံ မွတ်စ်လင်မ်များ အမွေအနှစ် ပွဲတော်ပြုလုပ်

    မွတ်စ်လင်မ့်ယဉ်ကျေးမှု နှင့် အမေရိကန် နွေရာသီ ဓလေ့ထုံးစံများ သဟဇာတဖြစ်ရေးအလို့ငှာ ပဲန်စီလ်ဗေးနီးယား (Pennsylvania) တွင် အစ္စလာမ့်အမွေအနှစ်ပွဲတော်တစ်ရပ် ကျင်းပရာ၌ စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်အောက်သို့ရောက်ရှိရန် မွတ်စ်လင်မ် ထောင်ပေါင်းများစွာတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

    Read More

    အိန္ဒိယနိုင်ငံ BJP ပါတီကိုတည်ထောင်သူ ပါတီမှနှုတ်ထွက်

    အိန္ဒိယနိုင်ငံရှိ အစိုးရအတိုက်အခံပါတီတစ်ခုဖြစ်သည့် BJP ပါတီကို တည်ထောင်ခဲ့သူ LK Advani မှာ ပါတီမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
    Read More

    အမေရိကန်၏ နျူးကလီးယားလက်နက်များ နယ်သာလန်တွင်ထားရှိ

    အမေရိကန်ပိုင်ဆိုင်သည့် နျူးကလီးယားလက်နက် ၂၂ ခုခန့်ကို နယ်သာလန်နိုင်ငံ Brabant ပြည်နယ်ရှိ Volkel လေတပ်စခန်းတွင် ထားရှိကြောင်း နယ်သာလန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Ruud Lubber က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
    Read More

    ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြင်သစ်တွင်ဖြစ်ပေါ်

    အလုပ်အကိုင်ကဏ္ဍများတွင် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ပဲရစ်မြို့နှင့် အခြားမြို့ကြီးများတွင် အမျိုးသမီးအမြောက်အများ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
    Read More

    အလ်ကိုင်းဒါးခေါင်းဆောင်တစ်ဦးကို ယီမင် အစိုးရမှဖမ်းဆီး

    ပြည်တွင်းအလ်ကိုင်းဒါးခေါင်းဆောင်တစ်ဦးဖြစ်သူ Omar Ashour အား ယီမင်နိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ယီမင် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
    Read More

    စပိန်တင်းနစ်ကစားသမား နာဒလ် ၈ ကြိမ်မြောက် ပြင်သစ်အိုးပင်းချိန်ပီယံဖြစ်လာ

    စပိန်နာမည်ကျော် တင်းနစ်ကစားသမားဖြစ်သူ ရာဖေးလ်နာဒယ်မှာ တစ်နိုင်ငံတည်းသား ဒေဗစ်ဖရဲရားအား အနိုင်ယူကာ ပြင်သစ်အိုးပင်းချန်ပီယံဘွဲ့ကို ၈ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။

    Read More

    ၂၁ နှစ်အောက် ဥရောပချန်ပီယံပွဲ အိမ်ရှင် အစ္စရေး ကျင်းပခွင့်ကို သပိတ်မှောက်ကျရန် ပါလက်စတိုင်း တိုက်စစ်မှုးဟောင်း တိုက်တွန်း

    ဥရောပဘောလုံးအဖွဲ့မှ အစ္စရေးနိုင်ငံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့များမှ သပိတ်မှောက်ကြရန် တိုက်တွန်းလိုက်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်လျက်ရှိကြောင်း ကမ္ဘာတစ်ဝှန်းမှ သိရှိနေကြသည်။
    Read More

  • ၂၁ နှစ်အောက် ဥရောပချန်ပီယံပွဲ အိမ်ရှင် အစ္စရေး ကျင်းပခွင့်ကို သပိတ်မှောက်ကျရန် ပါလက်စတိုင်း တိုက်စစ်မှုးဟောင်း တိုက်တွန်း

    ဇွန် ၁၀ ၊ ၂၀၁၃
    M-Media

    ဥရောပဘောလုံးအဖွဲ့မှ အစ္စရေးနိုင်ငံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့များမှ သပိတ်မှောက်ကြရန် တိုက်တွန်းလိုက်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်လျက်ရှိကြောင်း ကမ္ဘာတစ်ဝှန်းမှ သိရှိနေကြသည်။

    Calls Rise to Boycott Israel EEFA Championship

    ပါလက်စတိုင်း နိုင်ငံ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း  Mahmoud Sarsak က “ UEFA က အစ္စရေးကို  ဒီအခွင့်အရေး ဘယ်လိုသဘောနဲ့ပေးခဲ့တာလဲ။ အစ္စရေးနိုင်ငံ ထူထောင်ဖို့အကြောင်းပြချက်နဲ့ နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာကို သိနေပါလျက် လက်ခံဖို့ သူတို့ ဘာကြောင့် စဉ်းစားခဲ့တာလဲ ” ဟု CNN သို့ ပြောကြားခဲ့သည်။

    Sarsak သည် အနောက်ဖက်ကမ်းမြောင်ဒေသရှိအသင်းတစ်ခုနှင့် ကန်ထရိုက်စာချုပ်ချုပ်နိုင်ခဲ့စဉ် ၂၀၀၉ ခုနှစ်မှ စ၍ အစ္စရေးတို့၏အကြောင်းမဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို သုံးနှစ်ခံခဲ့ရသည်။ ယင်းသို့အကြောင်းမဲ့ဖမ်းဆီးအကျဉ်းချမှုအပေါ် သုံးလတာအဆာငတ်ခံဆန္ဒပြခဲ့သဖြင့် သူ့ခန္ဓာကိုယ်အလေးချိန်မှာ ထက်ဝက်သာကျန်တော့သည်။ အသက် ၂၃ နှစ်ရှိပြီဖြစ်သော Sarsak သည်  အစ္စရေးအား အသက် ၂၁ နှစ်အောက် ချန်ပီယံဖလားလုပွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပခွင့်ပေးရေး UEFA ၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်အရေးဆိုရန် လန်ဒန်သို့ရောက်လာပြီဖြစ်သည်။

    သုံးနှစ်တာအကျဉ်းစံဘ၀၌ သူ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးကို အစ္စရေးတို့မှ နှိပ်စက်ညှင်းပန်းခဲ့သည်။
    “ တိုက်စစ်မှူးဘောလုံးသမားဘ၀ဟာ ကျွန်တော့်လွတ်မြောက်မှုအတွက် တစ်ခုတည်းသောလမ်းကြောင်းဖြစ်တယ်။ သိက္ခာရှိစွာနေထိုင်ရှင်သန်ခြင်း နဲ့ မြေမြှုပ်သင်္ဂြိုလ်ခံရခြင်း တစ်ခုခုဆိုတဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်၊ ကျွန်တော့်ရဲ့အိပ်မက်တွေကို အစ္စရေးတွေ သတ်ပစ်ခဲ့တယ်။ ကျွန်တော့်အိပ်မက်ကို ရှင်သန်အောင် ရှေ့ဆက်ဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ္စရေးတွေက ကျွန်တော့်အိပ်မက်ကိုဖျက်ဆီးပြီး ဘောလုံးဆက်မကစားနိုင်အောင် ရည်ရွယ်ထားကြလို့ဖြစ်တယ် ” ဟု သူမှ ပြောပြခဲ့သည်။

    “ UEFA ဥက္ကဌ ပလာတီနီက ပါလက်စတိုင်းကို ရောက်လာပြီး အခြေအနေမှန်ကို တွေ့ခဲ့တဲ့အခါ ပါလက်စတိုင်းတွေရဲ့ နှိပ်စက်ညှင်းဆဲခံရမှုတွေအပေါ်ရပ်တည်သွားမယ် လို့ဆိုခဲ့တယ်။ ဒါပေမယ့် ခုတော့ သူစိတ်ပြောင်းသွားပြီ။ အစ္စရေးတွေကို ဒီအခွင့်အရေးပေးလိုက်တာဟာ ဂုဏ်ပြုရွှေတံဆိပ်ချီးမြှင့်လိုက်တာနဲ့မခြားပါဘူး ” ဟု  UEFA U 21 Championship အား အစ္စရေးထံ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပေးခြင်းမှာ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ရပ်များအား ဆုပေးခြင်းသာဖြစ်သည်ဟု Sarsak က ၀မ်းနည်းစွာဆိုခဲ့သည်။ သူ့ဖြစ်ရပ်များကို ထုတ်ဖော်ပြောကြားခြင်း နှင့် ကန့်ကွက်ဆန္ဒပြခြင်းသည် အစ္စရေး၏ဆိုးသွမ်းမှုကို ကမ္ဘာက မျက်နှာလွှဲထားကြောင်း ပြသနိုင်ရန်ဟု ထပ်မံပြောပြခဲ့သည်။

    ပါလက်စတိုင်းလှုပ်ရှားမှုကိုထောက်ခံသော Red Card Israeli Racism အဖွဲ့မှ လူ ၈၀၀၀ ၏လက်မှတ်ဖြင့် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်လျက်ရှိသည်။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး အပါအ၀င် ရပ်တည်ချက်တူ အခြား နိုင်ငံရေးသမားများ၊ အနုပညာရှင်များက စုပေါင်းလက်မှတ်ထိုးထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဗြိတန်၏ The Guardian သတင်းစာတိုက်သို့ မေလအတွင်း ပေးပို့ခဲ့ကြသည်။

    ယင်းအိတ်ဖွင့်ပေးစာ၌ “ နောက်လတွင်ကျင်းပမည့်  UEFA U 21 Championship ဗိုလ်လုပွဲအား အစ္စရေးကို အိမ်ရှင်အဖြစ် ဆောင်ရွက်ခွင့်ပေးခြင်းမှာ အစ္စရေးတို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့်ဥပဒေမဲ့လုပ်ရပ်များအပေါ် ဂုဏ်ပြုနေခြင်းသာဖြစ်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများအား တရားမ၀င်ကျူးကျော်သိမ်းပိုက်ခြင်း နှင့် လူမျိုးကြီးဝါဒဖြင့် ပါလက်စတိုင်းလူမျိုးတို့၏ အခွင့်အရေးအားငြင်းဆိုခြင်းတို့ကို ဘောလုံးလောက၏ဂုဏ်သိက္ခာကို အသုံးချ၍ ဆက်လက်ကျူးလွန်လိုမှုအား UEFA မှ မလိုက်လျောသင့်ပါ ” ဟု ရေးသားဖော်ပြထားသည်။

    Ref: OnIslam

  • စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံ မွတ်စ်လင်မ်များ အမွေအနှစ် ပွဲတော်ပြုလုပ်

    ဇွန် ၁၀၊၂၀၁၃
    M-Media

    20130609_inq_pislam09z-bကိုင်ရို ။          ။ မွတ်စ်လင်မ့်ယဉ်ကျေးမှု နှင့် အမေရိကန် နွေရာသီ ဓလေ့ထုံးစံများ သဟဇာတဖြစ်ရေးအလို့ငှာ ပဲန်စီလ်ဗေးနီးယား (Pennsylvania) တွင် အစ္စလာမ့်အမွေအနှစ်ပွဲတော်တစ်ရပ် ကျင်းပရာ၌ စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်အောက်သို့ရောက်ရှိရန် မွတ်စ်လင်မ် ထောင်ပေါင်းများစွာတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

    “မွတ်စ်လင်မ်များသည်  အခြားသောဓလေ့ထုံးတမ်းများအတိုင်း အမေရိကန်နိုင်ငံဖြစ်တည်မှုတွင် အရေးပါသောလူမျိုးတစ်ခုအဖြစ်ရှိနေသည်” ဟု အစ္စလာမ့်ယဉ်ကျေးမှုထိန်းသိမ်းရေး နှင့် သတင်းအချက်အလက်ကောင်စီ (Islamic Cultural Preservation and Information Council) ၏ ဒါရိုက်တာ အဗ်ဒူလ် ရဟီးမ် မုဟမ္မဒ် (Abdul Rahim Muhammad) က ဖီလာဒဲလ်ဖီးယားသတင်းစာ(Philadelphia Inquirer) သို့ ဇွန်လ ၉ ရက်၊ တနင်္ဂနွေနေ့တွင် ပြောပြခဲ့သည်။

    ဤနှစ်ပွဲတော်အတွက်ခေါင်းစဉ်သည် “မတူကွဲပြားမှုအတွင်းမှ စည်းလုံးညီညွတ်မှု” ဖြစ်သည်ဟု သူက ကုရ်အာန် ကျမ်းဂန်၊ “ရှရီအဟ်ကိုနားလည်သဘောပေါက်ရေး” နှင့် “ အကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ အစ္စလာမ့်ပြောကြားချက်” ခေါင်းစဉ်ပါလက်ကမ်းစာစောင်များကို ဖြန့်ခင်းပြသထားသည့် စားပွဲတစ်ခုရှေ့တွင်ရပ်ကာ ပြောကြားခဲ့သည်။

    အစ္စလာမ့်အမွေအနှစ်ပွဲတော်ကို လွန်ခဲ့သော ၂၁ နှစ်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ၄င်းသည် အမေရိကန်နိုင်ငံရှိ အလွန်ကြီးကျယ်သော ပွဲတော်များအနက်တစ်ခုဖြစ်သည်။ ယခုနှစ်တွင် Penn’s Landing ၌ စနေနေ့က ကျင်းပခဲ့သည်။

    နှစ်တိုင်း လာရောက်သူပေါင်း ၅,၀၀၀ မှ ၈,၀၀၀ ၀န်းကျင်ရှိသည် ဟုသိရသည်။

    “ကျွန်တော်တို့ဟာ ဒိနိုင်ငံသားတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်သမားတွေ မဟုတ်ကြသလို
    ဒီနိုင်ငံအပေါ်အကောင်းဆုံးပေးဆပ်ခဲ့သူများဖြစ်ပါတယ်” ဟု မုဟမ္မဒ်က ပြောကြားခဲ့သည်။

    ဤအစဉ်အလာမှာ  လူမည်းမွတ်စ်လင်မ်တို့၏ဈေးရောင်းပွဲမှ ပထမဦးစွာ အစပြုခဲ့သည်။
    ယနေ့တွင်မူ လူအမြောက်အများလာရောက်ကြပြီး၊ ခြုံထည်နှင့်ခေါင်းပေါင်းမှသည် စာအုပ်၊ ရေမွှေး၊ စာတန်းထိုးတီရှပ်အင်္ကျီများအထိ မျိုးစုံသောပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။

    နေကာမျက်မှန်ရောင်းချသူ အသွီယာ ဟဒ်ချာ (Atiyya Hatcher) မှ “ဘာသာရေးဆိုတာ စည်းလုံးညီညွတ်ဖို့သာလျှင် အဓိကဖြစ်တယ်။ ကျွန်မတို့သာ ဒီလိုအတိုင်း အတူတကွ ရှိကြယင် အချိန်တိုင်းဟာ ပျော်ရွှင်မှုပါဘဲ” ဟု ဆိုသည်။

    ပွဲတော်တွင် အမေရိကန်နွေရာသီပွဲတော်ဆိုင်ရာအထိမ်းအမှတ်များဖြစ်ကြသည့် ဆေးရောင်ခြယ်လူရွှင်တော်၊ ကလေးမျက်နှာများအား ရောင်စုံခြယ်သပေးခြင်း၊ ပုဝါခေါင်းစည်းဖြင့်မိန်းကလေးအချို့၊ ကလေးများ ခုန်၍ကစားရန် လေမှုတ်အိမ်များ စသည်ဖြင့် ထည့်သွင်းပံ့ပိုးခဲ့သည်။

    စင်မြင့်ပေါ်မှ အမျိုးသမီး ရက်ပ်အဆိုတော်တစ်ဦးကလည်း လာရောက်သူများအားဖျော်ဖြေခဲ့သည်။ ယခုနှစ် ဟာ့ဂ်ျသွားရောက်ခဲ့သူများကိုလည်း ၄င်းစင်မြင့်ပေါ်၌ပင် ဂုဏ်ပြုအခမ်းအနား ဆောင်ရွက်ခဲ့သည်။

    – – အားလုံးအပေါ် မေတ္တာထား – –

    အစ္စလာမ့်အမွေအနှစ်ပွဲတော်သည် မိမိဝန်းကျင်တစ်ခွင်မှလူအပေါင်းကို မေတ္တာထားချစ်ခင်ရေးအတွက် လူတို့ထံချပြပေးနိုင်လိမ့်မည် ဟု ပွဲစီစဉ်သူများမှ မျှော်လင့်ထားကြသည်။

    “ကျွန်တော်တို့အားလုံးဟာ လူသားများသာဖြစ်ပါတယ်။ ကိုးကွယ်တဲ့ဘာသာ မတူတာကလွဲလို့ ကျွန်တော်တို့ဟာ ကျန်သူများနဲ့ ကွဲပြားခြားနားသွားတာ မဟုတ်ပါဘူး ” ဟု ဟဒ်ချာ ကပြောသည်။

    မွတ်စ်လင်မ်တို့၏ ငြိမ်းချမ်းရေးလိုလားသောဆန္ဒကို ပွဲတော်သို့လာရောက်သူအမြောက်အများ၏ အသိထဲသို့ဝင်ရောက်စေနိုင်ရန် ရုပ်လုံးဖော်ချက်မီဒီယာများက ထင်ထင်ရှားရှားတင်ပြနိုင်သဖြင့် ထိရောက်မှုရှိခဲ့ပေသည်။

    ပွဲတော်အတွင်းရှိ ချိတ်ဆွဲထားသော စာတန်းတစ်ခု၌ “ အားလုံးအပေါ်မေတ္တာထား၊ မည်သူ့ကိုမျှ အမုန်းမပွား ” – Love for All , Hatred for None ဟု ဖော်ပြထားသည်။

    “ I [heart] Muhammad ” စာသားပါရင်ထိုးကို တပ်ဆင်ထားသည့် စဒီးဂ် အဗ်ဒူလ် နာစိရ် (Saadiq Abdul Nasir) က အကြမ်းဖက်ဖြစ်ရပ်များနှင့် အမေရိကန် မွတ်စ်လင်မ်တို့အား ယှဉ်တွဲကြည့်မြင်ခြင်းသည် မမျှတပါ ဟု ပြောဆိုသည်။

    သတင်းထဲတွင်တွေ့ရသော အကြမ်းဖက်သူများသည် မွတ်စ်လင်မ်တို့အတိုင်းပင် ၀တ်ဆင်ထားသဖြင့် လူတို့က ထိုအရာများကို မြင်တွေ့ပြီး၊ မွတ်စ်လင်မ်အားလုံး တစ်မျိုးတစ်စားတည်းဟု မှတ်ယူလိုက်ကြောင်း ဟု သူကပြောပြသည်။

    အမေရိကန်ပြည်ထောင်စုတွင် မွတ်စ်လင်မ်ပမာဏမှာ ၆ သန်းမှ ၈ သန်းအထိရှိနေကြသည်။

    လွန်ခဲ့သည့်လ၊ (Pew Forum) မှပြုလုပ်ခဲ့သော ဘာသာရေး နှင့် လူထုဘ၀ရေးရာ (Religion and Public Life) ကွင်းဆင်းသုတေသနပြုလေ့လာချက်တွင် တွေ့ရှိရသည်မှာ အမေရိကန်မွတ်စ်လင်မ်များသည် ကမ္ဘာပေါ်တွင် အလယ်အလတ်လမ်းစဉ်၌ အကောင်းဆုံးရှိနေသူများဖြစ်သည်ဟု ဆိုလိုက်သည်။

    ယေဘူယျအားဖြင့် အမေရိကန်မွတ်စ်လင်မ်များတွင် မိမိတို့၏ယုံကြည်မှု၌ ခိုင်မာစွာတည်ရှိကြပြီး၊ ခေတ်သစ်လူမှုဘ၀နှင့်ဘာသာရေးကိုင်းရှိုင်းမှုအကြား ပဋိပက္ခဖြစ်အာင် ပြုလုပ်နေထိုင်သူများ မဟုတ်ကြောင်း ဤအချက်က ပြဆိုနေသည်။

    အစောပိုင်းလေ့လာမေးမြန်းမှတ်တမ်းတင်ချက်များအရ အမေရိကန်မွတ်စ်လင်မ်အများစုသည် မိမိတို့ တိုင်းပြည်အပေါ်သစ္စာရှိသူများဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုတွင်းရှိ မိမိတို့၏ အနာဂတ်အား အကောင်းမြင်ထားသူများဖြစ်ကြောင်း တွေ့ခဲ့ကြရသည်ဟု ဆို၏။

    Ref: OnIslam

  • မိတ္တီလာမှ ဒုက္ခသည်များမှ ၄င်းတို့ မူလပိုင်ဆိုင်တဲ့ မြေနေရာသာ ပြန်ပေးရန် သမ္မတထံ အသနားခံစာပို့

    ဇွန်လ ၁၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    အကြမ်းဖက်ခံရသည့် မိတ္တီလာမှ ဒုက္ခသည်များမှ ၄င်းတို့ မူလပိုင်ဆိုင်တဲ့ မြေနေရာသာ ပြန်ပေးရန် သမ္မတထံ အသနားခံစာပို့

    မတ်လ နှောင်းပိုင်း တွင် အကြမ်းဖက်သမားများ မီးရှို့ တိုက်ခိုက်မှုများကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားရသော မိတ္ထီလာမြို့မှ ဒုက္ခသည်များမှ ၄င်း၏ ဆန္ဒမပါဘဲ နေအိမ် အဆောက်အဦး ဆောက်လုပ်မည့် ကိစ္စအား ဟန့်တား ကူညီဆောင်ရွက်ပေးပါရန် အသနားခံစာကို ဇွန်လ ၉ရက်နေ့က သမ္မတကြီးထံ တင်ပြခဲ့ကြောင်း သိရသည်။

    မိတ္ထီလာဒုက္ခသည်များမှ သမ္မတကြီးထံပေးစာ တွင်

    ” ကျွန်တော်များ၏ ဆုံးရှုံးသွားသော အိုးအိမ်များအတွက် တိုင်းဒေသကြီး လူမှုရေး ၀န်ကြီးမှ ကွန်ဒို အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ပေးမည့် အကြောင်း ပြောကြားအပြီးတွင် (၂၉. ၄. ၂၀၁၃) ရက်စွဲဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ၎င်းစီမံကိန်းအား လုံးဝ လက်မခံနိုင်ကြောင်း၊ မိမိပိုင် ၀ိုင်းမြေများတွင် (၆. ၂. ၂၀၁၃) ရက်နေ့ထုတ် ကြေးမုံသတင်းတွင် အတိအလင်း ဖော်ပြပါရှိသော ၀န်ထမ်း အိမ်ယာပုံစံ အဆောက်အဦးများသာ ဆောက်လုပ်ပေးပါရန် အသနားခံ လျှောက်ထားပြီး ဖြစ်ပါသည်။

    တဖန် မိတ္ထီလာအုပ်ချုပ်ရေးမှူးရုံးတွင် (    )ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး နယ်စပ်လုံခြုံရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး တို့နှင့် ဒုက္ခသည်များ၏ တာဝန်ခံ ကိုယ်စားလှယ် (နာယက) လူကြီးများ တွေ့ဆုံပွဲတွင်လည်း ကျွန်တော်များ၏ လူနေမှုစရိုက်နှင့် ကိုက်ညီမှု မရှိခြင်းကြောင့် အထပ်မြင့် ကွန်ဒိုများအစား လုံးခြင်း အိမ်ယာများသာ ဆောက်လုပ်ပေးပါရန် ဆန္ဒပြုလျှောက်ထား တင်ပြခဲ့ကြပါသည်။

    ယခုအချိန်တွင် အိမ်ထောင်စု (၆၀၀)ကျော်၊ လူဦးရေ (၂၀၀၀)ကျော်၏ ဆန္ဒ၊ ငြင်းဆိုချက်၊ တင်ပြချက်များကို အလေးမထားဘဲ လူနေမှုစရိုက်နှင့် ကိုက်ညီမှုမရှိသော ( မိတ္ထီလာမြို့၏ မည်သည့်နေရာတွင်မျှ မရှိသေးသော) အထပ်မြင့်ကွန်ဒိုများသာ ဆောက်လုပ်ပေးမည်ဟု သတင်းစာ၊ ဂျာနယ် အသီးသီးတွင် တွေ့ရှိနေရပါသည်။

    နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းကြည်တို့ (၃)ဦး အထူး တွေ့ဆုံညှိနှိုင်းပွဲမှ မူဝါဒ (၆)ရက် ထုတ်ပြန်ကြေငြာရာတွင် မိတ္ထီလာမီးဘေးသင့် ပြည်သူများအား မူလပိုင်ဆိုင်သော မြေနေရာများတွင် ပြန်လည်နေရာချထားပေးပါရန် ဟူသော အချက်(၁)ချက် ပါဝင်ခဲ့သည် ” ဟု ယင်းစာတွင် ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရသည်။

    IMG

    IMG_0001

    YinDaw Refugee camp 444family (1)
    ယင်းတော် ဒုက္ခသည် စခန်း အိမ်ထောင်စု (၄၄၄)စု နေထိုင်ရာနေရာပုံ
    YinDaw Refugee camp 444family (2)
    ယင်းတော် ဒုက္ခသည် စခန်း အိမ်ထောင်စု (၄၄၄)စု နေထိုင်ရာနေရာပုံ

  • အသားအရောင်နှင့် လူမျိုး၊ ဘာသာမတူတိုင်း ရန်သူဟု မသတ်မှတ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

    ပြင်ဦးလွင်၊ ဇွန် ၉
    The Voice Weekly

    အသားအရောင် မတူသူများ၊ ဘာသာ မတူများ၊ လူမျိုးမတူသူများကို ရန်သူဟု မသတ်မှတ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်မြို့တွင် ဇွန်လ ၉ ရက် က ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    DASSK
    Photo Zaw Zaw Latt FB

    ပြင်ဦးလွင် ခရီးစဉ်အတွင်း ဒေသခံ လူထုနှင့်တွေ့ဆုံပြီးအမေး အဖြေပြုလုပ်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “ကျွန်မတို့ ဘာသာမတူတာကို အပြစ်လို့ မယူဆဘူး။ အချင်းချင်းနားလည်မှု တည်ဆောက်ထားရင် ပြဿနာ အားလုံး ပြေလည်နိုင်ပါတယ်” ဟု ၎င်းက အကြံပြုပြောဆိုသည်။

    မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခများသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ အစိုးရ၏ ဆောင်ရွက်ပုံ အားနည်းခြင်းကြောင့် ပိုမိုကြီးထွား လာရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

    ပဋိပက္ခဖြေရှင်းအတွက်ကို လူ့အဖွဲ့အစည်း နှစ်ဖက်စလုံး သည်းခံရန် လိုအပ်ပြီး နိုင်ငံသားအချင်းချင်းနားလည်မှု ရှိသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများအတွင်း ထုတ်ပြန်ထားသော အရေးပေါ်ကြေညာချက်များ လိုအပ်မှု ရှိ မရှိ ပြန်လည် သုံးသပ်ရန် လွှတ်တော်တွင် အစိုးရကို တိုက်တွန်းထားသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၉ ရက်နေ့ ပြင်ဦးလွင်ခရီးစဉ်တွင် မန္တလေး အောင်ပင်လယ်ရှိ မြရည်နန္ဒာ ကျူးကျော်ရပ်ကွက်တွင်နေထိုင်သူ များ နေအိမ် ပြန်လည်ရရှိရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်တွင် ပြင်ဦးလွင် မြို့ခံများကို မိန့်ခွန်း ပြောကြားခဲ့ပြီး ဒေသခံများ မေးမြန်းသည့် မေးခွန်းငါးခု ကို ပြန်လည်ဖြေကြားခဲ့သည်။