News @ M-Media
Blog
  • လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း (သရော်စာ)
    ဇွန်-၇၊၂၀၁၃
    ရေးသူ-Paw Lwin
    ပုဂံမှာ ဗလီဆောက်မည်ဆိုသည့်အကြောင်း
    အခုတစ်လော တစ်သောသောညံနေသည်
    မျိုးချစ်ပုဂ္ဂိုလ်ကြီးများ တင်ပြသောသတင်းဖြစ်ပါသည်
    ဗိုလ်ခင်ညွန့်ထံ ထောက်လှန်းရေး သင်တန်းတွေဘာတွေ တက်ဖူးသည် ထင်ပါ့ သတင်းက အတိအကျ ခိုင်ခိုင်လုံလုံ ယုံလောက်အောင် တင်ပြထားသည်
    ကာယကံရှင် မွတ်စလင်မ်များဘက်ကတော့ ဘာသံမှမထွက် လျှို့ဝှက်စိမ်းကားနိုင်လွန်းသည်
    တကယ်ဆို ကြိုပြောဖို့တော့ ကောင်းတာပေါ့အဘိုင်တို့
    ဟိုတစ်ခါ ဗလီတွေမှာ မြေအောက်ခန်းတွေ လက်နက်တိုက်တွေ အခိုင်အမာဆောက်ထားတယ်ဆိုတုန်းကလဲ ဟိုလူတွေပြောမှသိရ အဘိုင်တို့က ကွမ်းငုံနှုတ်ပိတ် တကယ်ရှာကြည့်တော့ ဘာမှမရှိ
    ဟိုလူတွေပြောတုန်းက တစ်ကယ်ရှိတာသိလို့ပြောတာလေ ရှာလို့မရှိတာကတော့ မရှိတာကိုရှာလို့ဖြစ်မှာပေါ့
    ဥပမာ ဗလီက ပူတာအိုမှာ သူ့မြေတိုက်ခန်းက ကော့သောင်းမှာ ဒီလို ဒီလို လှည့်ကွက်လေးတွေရှိနိုင်သည်လေ ဟုတ်ဘူးလား
    အလွယ်တကူတွေ့အောင်တော့ အောက်တည့်တည့်မှာ ဘယ်ထားပါ့မလဲ နော့…..
    အခု ပုဂံဗလီဆိုတာလဲ ဟိုလူတွေဒီလောက် အသေအချာပြောနေမှတော့ ဟုတ်ကိုဟုတ်ရမည်
    မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်ကလဲ မွတ်စလင်မ်တွေဆို မျက်နှာသာပေးတတ်ပါဘိသနဲ့ ဆောက်ခွင့်ပေးမှာသေချာသည်…
    ပုဂံမြေမှာက မွတ်စလင်မ်အင်အား .001% လောက်တောင်ရှိတာဆိုတော့
    မွတ်စလင်မ်ခေါင်းဆောင်ပိုင်းအနေနဲ့ကလဲ မဖြစ်မနေ ဆောက်ဖြစ်အောင် ဆောက်ပေးမှသင့်မည်
    အို …… မျိုးချစ်အပေါင်းတို့
    ဒီလောက်သေချာနေတာ ပုဂံကိုကြိုတင် ကာကွယ်ကြလေလော့
    ပုဂံအထိ မသွားနိုင်လျှင်လဲ ထုံးစံအတိုင်း ကိုယ်နဲ့နီးတဲ့ ကုလားဆိုင်တွေ ကုလားအိမ်တွေ ကုလား ဗလီတွေကို ဖျက်ဆီး၍ ပုဂံကို ကာကွယ်ကြကုန်လော့
    ပုဂံမဟုတ်လဲ နောက်တစ်မျိုးပြီး နောက်တစ်မျိုး မရိုးနိုင်သော အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်လောက်နဲ့ ဆော်ပလော်တီးမှာဘဲ မဟုတ်လား ဆော်ကြကုန်လော့
    သာဓု သာဓု သာဓု
    ====================
    Bangan
    ** မှတ်ချက်
    ဓါတ်ပုံမှာ … ပုဂံတွင် ဗလီဆောက်လုပ်မည်ဟု မဟုတ်မမှန် သတင်းထုတ်လွှင်ပြီး ဘာသာရေး အဓိကရုဏ်းများဖြစ်ပွားအောင် မဟုတ်မမှန်ဝါဒဖြန့်နေသည့် FaceBook Page များထဲမှ တခုဖြစ်သော”မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)” စာမျက်နှာမှ ဝါဒဖြန့် ပိုစ်တခုဖြစ်ပါသည်။ လက်ဆင့်ကမ်းမျှဝေသူ ၃၀၀၀ ကျော်သွားပြီဖြစ်ပါသည်။
    ၁၉၆၂ ခုနှစ် ဗိုလ်ချူပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များအတွက် ဗလီဝတ်ကျောင်းတော်အသစ်များ ယနေ့အချိန်ထိ ဆောက်လုပ်ခွင့်လုံးဝ မရှိခဲ့ပေ။ ရှိပြီးသား ဗလီဝတ်ကျောင်းတော် အများစုမှ လွတ်လပ်ရေးမရခင် ခေတ်မတိုင်ကတည်းက တည်ရှိပြီးသော ဗလီဝတ်ကျောင်းတော်များဖြစ်ပါသည်။ ထိုအပြင် ဘာသာရေးအကြမ်းဖမ်းမှု ပဋိပက္ခများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော် အများအပြား ဖျက်ဆီးခံခဲ့ရပြီးဖြစ်ပါသည်။
    https://www.facebook.com/photo.php?fbid=536295016427723&set=a.436761573047735.100202.436748389715720&type=1&theater
  • နောက်ကွယ်က ကြိုးကိုင်သူ (ကာတွန်း)
    ဇွန် ၇၊၂၀၁၃
    M-Media
    ကာတွန်း- လဂွန်းအိမ်
    49
  • အာဟာရပြည့်ဝရေး ကိစ္စသည် ကမ္ဘာ့ဦးစားပေး ဖြစ်ကို ဖြစ်ရမည်ဟု သုတေသနပညာရှင်များ ပြောကြား
    ဇွန် ၇၊၂၀၁၃
    M-Media
    _67990498_114408510ငါးနှစ်အောက် ကလေးငယ်များ၏ သေဆုံးမှု ၄၅% သည် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သည်ဟု Lancet ဆေးပညာဂျာနယ်ပါ သုတေသနပြုချက်တွင် ဖော်ပြထားပါသည်။
    ၎င်းသုတေသနအရ အာဟာရချို့တဲ့ခြင်းကြောင့်  ငါးနှစ်အောက် ကလေးငယ်ပေါင်း ၃.၁သန်းခန့် နှစ်စဉ် သေဆုံးနေကြရသည်။
    နိုင်ငံတကာအသင်းအဖွဲ့တစ်ခုမှ အမိဝမ်းတွင်းနှင့် ကလေးငယ်ဘ၀တွင် အာဟာရချို့တဲ့ခြင်းဖြစ်စေသော အကြောင်းများကို လေ့လာခဲ့ကြသည်။
    ဘ၀၏ ပထမဦးဆုံး ရက်ပေါင်း တစ်ထောင်(သန္ဓေသားစဖြစ်တည်ချိန်မှ နှစ်နှစ်သားအထိ)သည် ကျန်းမာရေးအပေါ်တွင် ရေရှည်နောက်ဆက်တွဲအကျိုးများ သက်ရောက်နိုင်သည့် အရေးကြီးသော အချိန်ပိုင်းဖြစ်ကြောင်း တွေ့ရှိကြသည်။
    အာဟာရပုံမှန်မဟုတ်ခြင်း(malnutrition)တွင် အာဟာရချို့တဲ့ခြင်းသာမက အ၀လွန်ခြင်း ပြဿနာလည်း အပါအ၀င်ဖြစ်သည့်အပြင် စီးပွားရေးအပေါ်တွင်လည်း သက်ရောက်မှုရှိသည်။
    ကုလသမဂ္ဂ၏ လတ်တလော အစီရင်ခံစာတစ်ခုအရ အာဟာရချို့တဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထုတ်ကုန်လုပ်အားဆုံးရှုံးမှုအတိုင်းအတာအရ ဒေါ်လာ သန်းထရီလံပေါင်း ၃.၅ ဆုံးရှုံးခဲ့ရသည်။
    အမေရိကန်မှ ကမ္ဘာကျော် Johns Hopkins တက္ကသိုလ်၏ Bloomberg ပြည်သူ့ကျန်းမာရေးကျောင်း မှ ပါမောက္ခ Robert Blackဦးဆောင်သော အဖွဲ့သည် အလယ်အလတ်နိုင်ငံများနှင့် ဆင်းရဲသော နိုင်ငံများမှ မိခင်နှင့် ကလေး အာဟာရချို့တဲ့ခြင်းနှင့် အ၀လွန်ခြင်း အထောက်အထားများကို ၂၀၀၈ခုနှစ်ကတည်းကစပြီး လေ့လာခဲ့ကြသည်။
    ထိုအဖွဲ့သည် နိုင်ငံတွင်းနှင့် နိုင်ငံတကာ အာဟာရ စီမံကိန်းများ၏ တိုးတက်မှုကိုလည်း လေ့လာခဲ့ကြသည်။
    ပါမောက္ခ Blackနှင့် အဖွဲ့သားများ၏ ခန့်မှန်းချက်အရ ယခုနှစ်များအတွင်း တိုးတက်မှုအချို့ရှိခဲ့သော်လည်း ၂၀၁၁ခုနှစ်တွင် အသက်နှင့်ယှဉ်လျှင် အရပ်ဖွံ့ထွားမှုနှေးသော ကလေးငယ်ပေါင်း ၁၆၅သန်းကျော်ရှိပြီး အရပ်နှင့်ယှဉ်လျှင် ကိုယ်အလေးချိန်နည်းနေသော ကလေးငယ်ပေါင်း သန်း၅၀ကျော် ရှိသည်။
    အာဟာရဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး သက်သေသာဓကရှိပြီး ဆောင်ရွက်ချက် ၁၀ခုကို ကမ္ဘာ့ ၉၀%အထိ အရှိန်မြှင့်တင်ပါက နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် ခန့်မှန်းချေ အသက်ပေါင်း ၉သိန်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း အဖွဲ့မှ လေ့လာတွေ့ရှိသည်။
    `အမိဝမ်းတွင်းကာလက အာဟာရ အကျိုးဆက်တွေနဲ့ သက်တမ်းရဲ့ ပထမဦးဆုံး နှစ်နှစ်တွင်း အခြေအနေတွေက အရွယ်ရောက်လာတဲ့အခါ နာတာရှည်ရောဂါဆိုးများခံစားရခြင်းနဲ့ အသက်သေဆုံးရခြင်းတွေနဲ့ပတ်သက်ပြီး တော့တော့ကို အရေးကြီးတယ်ဗျ။´
    ဟု ပါမောက္ခ Blackက BBC သတင်းဌာနကို ရှင်းပြခဲ့ပါသည်။
    `အစောပိုင်းကာလ အာဟာရချို့တဲ့မှုတွေက တစ်ဦးခြင်းအတွက် ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးဆက်တွေကို ဖြစ်စေတာပဲ။ ကျောင်းသားဘ၀မှာသာမက အဆုံးစွန်ဆုံးအနေနဲ့ လူမှုအသိုင်းအ၀န်းထဲမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေလုပ်နိုင်မယ့် သူတို့ရဲ့စွမ်းဆောင်မှုတွေကိုပါ ထိခိုက်စေပါတယ်။´
    အာဟာရအရေး ကမ္ဘာ့ဦးစားပေးမဖြစ်လာသမျှ နိုင်ငံများအနေဖြင့် ဆင်းရဲခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်ကြောင်းကို ထိုသုတေသနပညာရှင်များက သတိပေးလိုက်ပါသည်။
    `အကယ်၍ မိခင်နှင့် ကလေး အာဟာရပြည့်ဝရေးကို ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီကောင်းကျိုးရလဒ်တွေဟာ နောက်မျိုးဆက်ပေါင်းများစွာအထိ အကျိုးဖြစ်ထွန်းစေမှာပါ။ ဒါကြောင့် ဒီအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ဖို့ ကျွန်တော်တို့ အတူတကွ အလုပ်လုပ်ကြရမယ်။´
    ဟု Lancet ဂျာနယ်၏ အယ်ဒီတာချုပ် Dr Richard Horton က ပြောကြားခဲ့ပါသည်။
    ဖွံ့ဖြိုးရေးဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် ယူကေနှင့် ဘရာဇီးအစိုးရများမှ တာဝန်ယူစီစဉ်သော အာဟာရရေးရာ အစည်းအဝေးသို့ လာမည့်စနေ၊တနင်္ဂနွေတွင် တက်ရောက်ရန် လန်ဒန်မြို့တွင် စုစည်းရောက်ရှိနေကြသည်။
    ထိုအစည်းအဝေးပြီးလျှင် G8နိုင်ငံများမှ ခေါင်းဆောင်များ၏ အစည်းအဝေးလည်း ရှိပေသည်။
    `လူတိုင်းအတွက် လုံလောက်သော အစားအစာ IF´လှုပ်ရှားမှုမှ ၂၀၁၅ပြည့်နှစ်တွင် အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန် တစ်နှစ်လျှင် ဒေါ်လာ ၁ဘီလီယံ နောက်ထပ် အကူငွေအဖြစ်သုံးစွဲရန် ဆော်သြလျက်ရှိသည်။
    `လူတိုင်းအတွက် လုံလောက်သော အစားအစာ IF´၏ ပြောရေးဆိုခွင့်ရှိသူ Anita Tiessenက ပြောပြခဲ့သည်။
    `ဒီကိန်းဂဏန်းအသစ်တွေက အာဟာရချို့တဲ့ခြင်းကြောင့် ကျွန်မတို့အရင်တုန်းက ထင်ထားတာထက်ကို ကလေးငယ် ထောင်ရာပေါင်းများစွာပိုသေနေကြရတယ်ဆိုတဲ့ ကျွန်မတို့  အကြောက်ဆုံး စိုးရွံ့မှုတွေကို သေချာသွားစေတာပေါ့။´
    `ကမ္ဘာနဲ့အ၀ှမ်း ကလေးငယ်တွေရဲ့ သေဆုံးမှုကို ဖြေရှင်းဖို့ ဖြစ်နိုင်ဖို့ အလွန်ခက်ခဲတဲ့ တိုးတက်မှုတွေကို ကျွန်မတို့ လုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် နှစ်စဉ် မလိုအပ်ဘဲ သန်းပေါင်းများစွာ အသက်ဆုံးရှုံးရခြင်းတွေကို တားဆီးဖို့ ကျွန်မတို့ရဲ့ အားထုတ်မှုမှာ အာဟာရချို့တဲ့ခြင်းကတော့ အားနည်းချက်အဖြစ် ကျန်ရှိနေပါတယ်။ ကျွန်မတို့လုပ်ထားတဲ့ တိုးတက်မှုတွေကို ဆက်စေချင်တယ်ဆိုရင် ငတ်မွတ်ခြင်းပြဿနာကို ဖြေရှင်းဖို့ အလျင်အမြန်ကိုပဲ ဦးစားပေးရပါမယ်။´
    Ref:BBC
  • အာဖဂန်အရပ်သား ၁၆ ဦးအားသတ်ဖြတ်ခဲ့သူ အမေရိကန် စစ်သား သေဒဏ် ကင်းလွတ်ဖွယ်ရှိနေ
    ဇွန် ၇ ၊၂၀၁၃
    M-Media
    ညပိုင်းစီးနင်းတိုက်ခိုက်မှုများအတွင်း အာဖဂန်နစ္စတန်ကျေးရွာသား ၁၆ ဦးကို သတ်ဖြတ်ခဲ့သော အမေရိကန်စစ်သားတစ်ဦးသည် အမေရိကန်စစ်ခုံရုံးမှ သူ၏ အသနားခံလွှာအား လက်ခံပြီးသည့်နောက် သေစားသေစေ ပြစ်ဒဏ်မှ ကင်းလွတ် ခွင့်ရဖွယ်ရှိနေသည်။ အီရတ်နှင့်အာဖဂန်၌ တိုက်ပွဲ ၄ ကြိမ်အတွေ့အကြုံရှိခဲ့သည့် ဆာဂျင် ရောဘတ် ဘာလက်စ် (၃၉ နှစ်)သည် လျှော့ရက်မရှိ အကျဉ်းကျနေပြီး သေဒဏ် စွဲချက်နှင့် ရင်ဆိုင်နေရကာ သြဂုတ်လ ၁၉ ရက် ထပ်မံစစ်ဆေးမှုအပြီးတွင် စစ်ဖက်ဆိုင်ရာဂျူရီတစ်ဦးမှ စီရင်ချက်ချမည်ဖြစ်သည်။
    bales_2188839b
    မိမိ၏ သတ်ဖြတ်မှုမှာ ဗီယက်နန်စစ်ပွဲ၌ အမေရိကန်တပ်သားတစ်ဦး၏ ရက်စက်မှုထက်စာလျှင် မပြောပလောက်ပါဟု ဘာလက်စ်က ကနဦးပိုင်းက ထွက်ဆိုခဲ့သည်။
    ကျေးရွာများအနီး ယာယီစစ်စခန်းမှထွက်ခွာ၍ ရွာခံများအား သတ်ဖြစ်သွားစေသည့်အကြောင်းကို အသေးစိတ်ဖော်ပြစေခြင်း၌ ၄င်းက ယင်းလုပ်ဆောင်ချက်သည် တရားဝင်ရှင်းပြ၍ မဖြစ်ပါ၊ ထိုလုပ်ရပ်ဆိုးအား အဘယ်ကြောင့် ပြုလုပ်ခဲ့မိသည်ကိုလည်း မရှင်းပြတတ်ပါ၊ ထိုမေးခွန်းကိုလည်း ယခင်ကတည်းက အဖန်တလဲလဲ မိမိကိုယ်ကိုမေးမြန်းမိ ပါသည်ဟု တရားသူကြီး ကာနယ် ဂျက်ဖရီ နန့်စ်အား ၄င်းက လျှောက်ထားပြောဆိုခဲ့သည်။
    ယင်းသတ်ဖြတ်မှုမှာ အာဖဂန်နစ္စတန် တောင်ပိုင်း ကန်ဒါဟာ၌ ယမန်နှစ် မတ်လ ၁၁ ရက်က ဖြစ်ပွားခဲ့သည်။ သတ်ဖြတ်ခံရသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်သည်။ ၄င်းတို့အား မီးလောင်ကျွမ်းနေသော အဖြစ်နှင့်တွေ့ခဲ့ကြသည်။ ရွှံ့နံရံကပ် အဆောက်အဦများ အနီးတွင်တွေ့ခဲ့ရသော ဆီမီးခွက်ကို အသုံးပြုလိုက်ရာ အာရုံတစ်မျိုး ၀င်ရောက်လာပြီးနောက် ဘာဆိုဘာမျှ မမှတ်မိတော့ပါဟု ဘာလက်စ်က ပြောပြသည်။
    သက်သေခံဗီဒီယိုတစ်ခုမှ တွေ့ရသည်မှာ တိုက်ခိုက်မှု၌ ရှင်သန်ကျန်ရစ်သော မိန်းကလေးငယ်တစ်ဦးသည် မသေမချင်း ပစ်သတ်ခံရသည့် ဖခင်ဖြစ်သူ၏နောက်ဖက်တွင် ပုန်းကွယ်နေခဲ့ရသည်။ သူမမှ “ ကျွန်မတို့က ကလေးတွေပါ ” ဟု လုံခြုံမှုအတွက် ကြောက်လန့်တကြား ဟစ်အော်နေခဲ့ကြောင်း အခြားသူတို့၏ အဆိုအရ သိရသည်။
    အိုဟိုင်းယိုးမှ ဘာလက်စ်၏ရှေ့နေများက ဘာလက်စ်သည် ကစဥ့်ကလျားစိတ်ကျ ရောဂါခံစားနေခဲ့ရသူဖြစ်ကြောင်း၊ အရက်ပုန်းများကို သောက်နေခဲ့သူဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်ညဥ့်က ဗေလီယမ် စိတ်ငြိမ်ဆေး ရှူသွင်းထားခဲ့ကြောင်း တင်ပြကြသည်။ ၄င်းအား သေဒဏ်မှ ကင်းလွတ်ခွင့်ပေးလျှင် မိမိတို့၏ဒေါသ မီးကို တောက်လောင်စေလိမ့်မည်ဟု သေဆုံးသူတို့၏သားချင်းများမှ သတင်းထောက်များအား ပြောကြားလိုက်သည်။
    စစ်အာဏာပိုင်များ၏ စုံစမ်းစစ်ဆေးရေးမှ သူ့အား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် သူ၏လက်ပ်တော့ကို ပစ်ခတ် ဖျက်ဆီးခြင်းဖြင့် ပြဿနာရှာခဲ့ပြီးဖြစ်ရာ မိမိထံအပြစ်မရှိတော့ဟုလည်း ဘာလက်စ်က အသနားခံခဲ့သည်။
  • ၀ဋ်လည်နေပြီ (ကဗျာ- M-Media Blog ကဏ္ဍ)
    ဇွန်လ ၇၊ ၂၀၁၃
    M-Media
    ရေးသူ – လောကပါလ
    wit
    သာသနာ      – ကွယ်ပျောက်
    မေတ္တာ         – တိမ်းမှောက်
    ဂရုဏာ        – သက်ပျောက်
    အကြင်နာ    – လမ်းပျောက် ..သော် !
    အာဃာတ     – ထွန်းတောက်
    အမုန်းတရား  – မိုးမောက်
    အကြမ်းဖက်  – မီးတောက်
    ကြမ်းကြုတ်မှု – ရဲတောက် …ခဲ့ချေပြီ !
    ငြိမ်းသူ         – တစ်ယောက်
    ရှို့သူ        – တစ်သိုက်
    ကြည့်သူ        – ၀င်ရိုက်
    မြင်သူ        – ၀င်နိုက်
    ရှိသူ        – အိပ်ငိုက်
    ကြားသူ       – အော်လိုက်…ဖြစ်နေပြီ !
    မေတ္တာတရား – ထားကြကုန်ဟု
    ဆိုဆုံးမလည်း
    မေတ္တာ   – ခေါင်းပါး
    ကြင်နာ   – ကင်းမဲ့
    တရား    – ဝေးကွာ
    ထိုမိစ္ဆာသည်
    ကျွဲပါးစောင်းတီး
    သတိမမူ – ဂူမမြင်ဘဲ
    ထပ်ဝဋ်လည်မည်
    ဆက်တိုက်တည် !
    (လောကပါလ)
    ဓါတ်ပုံ- Google