News @ M-Media

Blog

  • ပေါင်းတည်မြို့ သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင်နေသူ တစ်ဦး ခဲတံချွန်ဓါးနှင့် အလှီးခံရ

    ဇွန် ၈၊ ၂၀၁၃
    M-Media
    အေးမောင်

    ပေါင်းတည် ။ ။ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်း သကျမုနိမိုရ်းကောင်း ဘုရားကြီးတွင် နေထိုင်သူ တစ်ဦးအား ဇွန်လ ၇-ရက်နေ့က ခဲတံချွန်ဓါးနှင့် အလှီးခံရကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ဈေး(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်သော သကျမုနိမိုရ်းကောင်းဘုရားကြီး၏ အလှူခံဌာနတွင် နိဗ္ဗာန်ဆော်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အလှူခံလေ့ရှိသော အသက် (၆၅)နှစ် အရွယ်ရှိ ဦးသိန်းအောင် (ဘ) ဦးခင်မောင် ၏ လည်ပင်းအား ခံတံချွန်ဓါးနှင့်း လှီးဖြတ်ခံခဲ့ရကြောင်း၊ ထို ဒဏ်ရာကြောင့် ဦးသိန်းအောင်သည် ယင်း ဓါးဖြင့် လှီးဖြတ်သည်ကို ၆-ချက် ချုပ်လိုက်ရကြောင်းနှင့် ပေါင်းတည်ဆေးရုံတွင် တက်ရောက်ဆေးကုသခံယူမှု ပြုလုပ်လိုက်ရကြောင်းသိရသည်။

    အဆိုပါ ဦးသိန်းအောင်အား ဓါးဖြင့် လှီးသူမှာ နတ်တလင်းမြို့နယ်၊ လှပခြင်းရွာ နေ ဗမာ/ဗုဒ္ဓဘာသာ ဖြစ်ပြီး အသက် (၁၄)နှစ်အရွယ်ရှိ ခန့်ကြည်ဝင်း (ခ) ဖြူလုံး (ဘ) ဦးကျင်ထွန်း ဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းဖော်ထုတ်ခဲ့ပြီး ယင်းအမှုအား ပေါင်းတည်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းထွဋ်မှ ပြစ်မှု ပုဒ်မ(၃၂၆)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

    ယခုကဲ့သို့ ဓါးဖြင့် လှီးဖြတ်ခံရသည်မှာ အဆိုပါ ဦးသိန်းအောင်ဆိုသူသည် ဘုရားဝင်းအတွင်းတွင် နေထိုင်သူဖြစ်ပြီး ဘုရားဝင်းအတွင်း ကလေးများ လာရောက်ကစားသည်ကို ငေါက်ငမ်းအော်ဟစ်လွှတ်မှုကို မကျေနပ်၍ သူအိပ်ပျော်နေချိန်တွင် လာရောက် လှီးဖြတ်သွားခြင်းဖြစ်နိုင်ကြောင်းကို အဆိုပါ ဦးသိန်းအောင်နှင့် နီးစပ်သူထံမှ သိရသည်။

    poung tae

    ** ဓါတ်ပုံပါ သတင်းထုတ်ပြန်ချက်မှာ ကောလဟလ သတင်းအမှားများထုတ်ပြပြန်ပြီး ဘာသာရေးအကြမ်းဖက်မှုများ ဖန်တီးမည်ကို စိုးရိမ်သောကြောင့် ပေါင်းတည်ရဲစခန်းမှ သတင်းထုတ်ပြန်ချက်ဖြစ်ပါသည်။

  • ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်း စုကြည်၏ တောင်းဆိုချက်ကို ဦးသိန်းစိန်မှ ပယ်ချ

    ဇွန် ၈ ၊၂၀၁၃
    Source: Australia Network News

    သူမအနေဖြင့် နိုင်ငံ၏ အဆင့်မြင့် တာဝန်များအား ထမ်းဆောင်ရန်အတွက် သမ္မတဦးသိန်းစိန် ၏ အာဏာအား အသုံးပြု၍ လမ်းဖွင့်ပေးရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက် အား သမ္မတဦးသိန်းစိန်မှ ပယ်ချလိုက်ပါသည်။

    4742080-16x9-700x394

    ABC သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ဒေါ်စုကြည်မှ နိုင်ငံတော်၏ အမြင့်ဆုံးရာထူးအား ရည်ရွယ်သည်ကို မိမိမှ မကန့်ကွက်ပါကြောင်း၊ သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး ကိစ္စမှာ လွှတ်တော်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို မိမိမှ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း “ ဖွဲ့စည်းပုံ ဥပဒေဟာ ပြည်သူ့ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တာပါ။ ဒါကြောင့် လွှတ်တော်က လုပ်ပိုင်ခွင့်ပေးပြီး၊ ပြည်သူတွေက သူမကို သမ္မတအဖြစ် သဘောတူညီမယ်ဆိုလို့ရှိယင် ကျွန်တော့်ဖက်က ပြောစရာမရှိပါဘူး ” ဟု သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

    ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များနှင့်အစိုးရခေါင်းဆောင်များ၏ စုပေါင်းတွေ့ဆုံမှု တစ်ခုဖြစ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်၌ ကျင်းပနေစဉ် အတွင်း ဒေါ်စုကြည်မှ ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံ၏ယိုင်နဲ့နေသောစီးပွားရေးအား မြှင့်တင်နိုင်ရန် ဤဖိုရမ်က ကြားခံတစ်ခုဖြစ်သလို အတိုက်အခံခေါင်းဆောင် အတွက်လည်း မိမိ၏အသံမြှင့်ရန် အခွင့်အရေး တစ်ရပ်ဖြစ်ခဲ့သည်။

    “ ကျွန်မအဖို့ သမ္မတရာထူးရရှိဖို့ဆိုယင် ဖွဲ့စည်းပုံဥပဒေကို တရားဝင်ပြောင်းဖို့ လိုအပ်ပါလိမ့်မယ် ” ဟု ပြောခဲ့သည်။

    ဒေါ်စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ လွန်ခဲ့သောနှစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း သူမ၏သမ္မတဖြစ်ရေးကို လက်ရှိဥပဒေက တားဆီးလျက်ရှိသည်။ မည်သူမဆို မိမိ၏ ရင်သွေးများသည် နိုင်ငံခြားသားဖြစ်နေလျှင် သမ္မတဖြစ်ခွင့်မရှိဟု တားမြစ်ထားသောကြောင့်ဖြစ်သည်။

    ဒေါ်စုကြည်၏သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားဖြစ်နေခြင်းအပေါ် မူတည်၍ သူမအား သမ္မတရာထူးသို့ မတက်လှမ်းနိုင်အောင် ယင်းသို့စီမံရေးဆွဲပြဋ္ဌာန်းထား ခဲ့သည်ဟု မြန်မာလူမျိုးအများအပြားမှ ယုံကြည်ထားသည်။

    ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်းလဲပြင်ဆင်ရန်မှာ လွှတ်တော်၏ ၇၅ % ထောက်ခံမှု လိုအပ်၏။ သို့သော် အမတ် နေရာအားလုံး၏ လေးပုံတစ်ပုံမှာ စစ်တပ်မှ ရယူထားသည်။

    ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် ဒေါ်စုကြည်၏ တက်လမ်းအလို့ငှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆော်သြပေးရန် မိမိထံ အခွင့်အာဏာမရှိကြောင်း “ ကျွန်တော်တို့နိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ် ရှိနေပါတယ်။ အုပ်ချုပ်စီမံရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးကဏ္ဍများ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကို သြဇာပေးဖို့ အခွင့်အာဏာ ကျွန်တော့်ဆီမှာ မရှိပါဘူး ” ဟု ပြောဆိုခဲ့သည်။

    Ref: http://www.abc.net.au/news/2013-06-08/an-thein-sein-rejects-suu-kyi-demand/4742094

  • ဇွန် ၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်- ၈။၂၀၁၃
    M-Media

    ဂျူးနှင့်မွတ်စလင်လက်တွဲကာ အထင်အမြင် လွဲမှားမှုများအား ဆန့်ကျင်အောင်မြင်နိုင်
    ဂျူးမုန်းတီးရေးဝါဒနဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (John Kerry)က အမေရိကန်နိုင်ငံက ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ် အတွက် ဘာသာရေးလွတ်လပ်ခွင့် ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာပြီး ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စရပ်တွေဟာ အသစ်အဆန်း မဟုတ်ပေမဲ့ ဒါမျိုးတွေ ကြုံတွေ့ရတိုင်း ဂျူးတွေနဲ့ မွတ်စလင်တွေဟာ အမြဲတမ်းလက်တွဲပြီး အပြန်အလှန်ကူညီ ဖြေရှင်းကြတဲ့ အလေ့အထတွေ ရှိခဲ့တယ်လို့လည်း ဂျွန်ကယ်ရီ (John Kerry)က ဆိုပါတယ်။
    Read More

    တရုတ်နိုင်ငံတွင် ဘတ်(စ်)ကားမီးလောင်မှုကြောင့် လူ ၄၇ ယောက်သေဆုံး
    တရုတ်နိုင်ငံ (Xiamen) ဆိပ်ကမ်းမြို့၏ အရှေ့တောင်ဘက်တွင်ဖြစ်ပေါ်ခဲ့သော ဘတ်(စ်)ကားမီးလောင်ကျွမ်းမှုကြောင့် လူ ၄၇ ယောက်သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

    ကယ်လီဖိုးနီးယား၌ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံး ၊ လုံခြုံရေးရဲ ပစ်ခတ်မှုကြောင့် သေနတ်သမား သေဆုံး
    ကယ်လီဖိုးနီးယားပြည်နယ် စန်တာမော်နီကာ (Santa Monica) မြို့၌ သေနတ်သမားသည် လူ ငါးယောက်အား ပစ်သတ်ခဲ့ပြီးနောက်တွင် ဒေသကောလိပ် စာကြည့်တိုက် စောင့်ကြပ်သူ ရဲတပ်သား၏ ပစ်ခတ်မှုဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲချုပ် ဂျက်ကလင်း စီးဘရွခ် (Jacqueline Seabrooks) ကပြောဆိုသည်။
    Read More

    ဒေါင်းရောဂါစု ကို ကြိုတင်စမ်းသပ်စစ်ဆေးနိုင်ရန် နည်းသစ် ထွက်ပေါ်
    အင်္ဂလန်နိုင်ငံ သုတေသနများမှ ကိုယ်ဝန် သုံးလတွင်ခန္ဓာကိုယ် ပြင်ပမှစမ်းသပ်နိုင်သည့် နည်းသစ်ကို ထုတ်ခေါ်နိုင်ခဲ့သည်။
    Read More

    Galaxy S4 နှင့် ဈေးနှုန်းတူ Galaxy S4 Active (ရေစိုခံ) ဖုန်းကို ထုတ်မည်ဟု Samsung ကြေညာ
    Samsung company က Galaxy S4 Active (ရေစိုခံ) ထုတ်မည် ဆိုကြောင်း လွန်ခဲ့သော နှစ်ရက်က ကြေညာခဲ့ပါသည်။  ၄င်း ရေစိုခံ S4 သည် နွေရာသီ၌ US နှင့် Sweden တို့တွင် ရေပန်းစားမည်ဟုလည်းခန့်မှန်းရပါသည်။
    Read More

    အင်္ဂါဂြိုဟ် တွင် တချိန်က ရေရှိခဲ့သည်မှာ သေချာ
    နာဆာ၏ Rover Opportunity က ကျောက်သားများကို စစ်ဆေးတွေ့ရှိမှုအရ အင်္ဂါဂြိုဟ် တွင် တချိန်က ရေရှိခဲ့သည်မှာ သေချာစေခဲ့သည်။
    Read More

    ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ဆွေးနွေးမည်
    တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံအကြား ပူးတွဲစီးပွားရေးစီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အချိန် ဘယ်နေရာမှာ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုတဲ့ အရေးနဲ့ပတ်သက်လို့ သဘောတူညီမှု ရခဲ့ကြပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့တွင် တောင်နှင့် မြောက်ကိုးရီးယား အရာရှိများနှင့်  Panmunjom ကျေးရွာတွင် ဆွေးနွေးမည်ဖြစ်သည်။
    Read More

    အမေရိကန်နှင့် အင်္ဂလန်နိုင်ငံ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများကို ကြားဖြတ်ဖမ်းယူစစ်ဆေး
    အမေရိကန် ၏ နာမည်ကြီး ဆက်သွယ်ရေးကုမ္မဏီ ကိုးခုမှ ဆက်သွယ်မှုများကို ဖမ်းယူ စစ်ဆေးခဲ့သည်ဟုဆိုသည်။
    Read More

    ကုလသမဂ္ဂက ဂိုလန်တပ်သားများအတွက် ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်းဆို
    ကုလသမဂ္ဂ(ယူအန်)က အစ္စရေးနှင့် ဆီးရီးယားကြားသဘောတူညီချက်တစ်ခုကို ကုလသမဂ္ဂစူးစမ်းရေးမစ်ရှင်မှ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများက တားမြစ်သောကြောင့် ဂိုလန်ကုန်းမြင့်ရှိ သြစတြေးလျမှ ငြိမ်းချမ်းရေးတပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်း လှမ်းမှုကို လက်မခံနိုင်ကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။
    Read More

  • ထွေရာလေးပါး “Phobia” (M-Media Blog ကဏ္ဍ)

    ဇွန်  ၈၊၂၀၁၃
    M-Media
    ရေးသူ-သော်ဇင်

    Phobia

    ကျွန်မတို့နိုင်ငံမှာ အထက်ပိုင်းလူတွေကစလို့ အောက်ပိုင်းလူတွေအထိအောင် “Xenophobia” ဖြစ်နေကြပါတယ်။ “Xenophobia” ဆိုတာ “Racism” တမျိုးပါပဲ။ (တနည်း Islamophobia အဖြစ် အသွင်ကူးပြောင်းလာနေတာကိုလည်း တွေ့နေရပါတယ်။) ဆိုကြပါစို့ပေါ့လေ။ ဆိုကြပါစို့ဆိုတာမှာပဲ ရပ်ထားပါရစေ။

    ပြောချင်တာက “Phobia” ဆိုတဲ့ စကားလုံးပါ။ ဒါပေမယ့် လက်ရှိဖြစ်ပျက်နေတာကို ပျိုးပြီးပြောရတာကတော့ “Phobia” ဆိုတာ အခြေအမြစ်မရှိတဲ့ စွဲလမ်းကြောက်ရွံ့ခြင်းမျိုး ဖြစ်နေပေမယ့် တကယ်တမ်းအခြေအမြစ်တွယ်နေတတ်တာကြောင့် ဖယ်ရှားကုသဖို့ အင်မတန်ခက်တဲ့ရောဂါတမျိုးဆိုတာကို သိစေချင်တာပါ။

    “phobia” ဆိုတာ ဂရိစကားလုံး “Phobos” ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အခြေအနေတစ်ခုခုကို ဒါမှမဟုတ် အရာဝတ္ထုတစ်ခုခုကို (အရာဝတ္ထုလို့ဆိုရာမှာ သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့၊ စိတ္တဇ နာမ်တွေရော ပါတာပေါ့။) ကြောက်ရွံ့နေရာက ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာအမျိုးအစားဖြစ်လို့ တစ်ခုခုကို ကြောက်ရွံ့စိုးရိမ်ခြင်းလို့ ပြောနိုင်ပါတယ်။

    “Phobia” ဆိုတာ လူတစ်ယောက်မှာ တကယ့်ကို စွဲမြဲနေတဲ့၊ အခြေအမြစ်မရှိတဲ့ ကြောက်ရွံ့မှုတွေကနေ ဖြစ်ပေါ်လာတတ်တဲ့ စိုးရိမ်ကြောင့်ကြမှုပါပဲ။ American the National Institute of Mental Health (NIMH) ရဲ့ အဆိုအရ အမေရိကန် လူမျိုးတွေဟာ 5.1 % ကနေ 21.5 % အတွင်း အမျိုးမျိုးသော “Phobia” တွေကို ခံစားနေရပါတယ်။

    ဒါပေမယ့် အချို့သောလူတွေရဲ့ “Phobia” တွေဟာ သူတို့ကိုယ်တိုင် ရှောင်ရှားကုသရလွယ်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဥပမာ ပျံသန်းခြင်းကို စိုးရိမ်ကြောက်ရွံ့တတ်တဲ့ “Aviophobia” ရောဂါရှင်တွေကတော့ လေယာဉ်စီးခြင်းကို ရှောင်ရှားခြင်းအားဖြင့် စိတ်သက်သာရာရစေတာမျိုးပေါ့။ လေယာဉ်ခရီးကို မသွားတာဟာ သူ့အတွက်ရော၊ သူ့ပတ်ဝန်းကျင်အတွက်ရောပါ ထိခိုက်စေနိုင်တာမျိုး မရှိဘူးလေ။

    “Phobia” ဆိုတာ အသက်အရွယ်မရွေး၊ လိင်မရွေးဘဲ ရေမြေပထ၀ီအနေအထားအရရော၊ ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင် အရရောပါ ဖြစ်တတ်တဲ့ စိုးရိမ်ကြောက်ရွံ့မှုလို့ ဆိုထားတာကိုး။

    ကုသရခက်တဲ့ “Phobia” တွေလည်း ရှိနေပါသေးတယ်။ ဥပမာပြောရရင် သေခြင်းတရားကို ကြောက်ရွံ့နေတတ်တဲ့ “Necrophobia”  ဝေဒနာရှင်တွေအတွက်ကတော့ ကိုယ့်အိမ်မှာ ကိုယ်ထိုင်နေရင်းလည်း အကျဉ်းကျနေတာနဲ့ မခြားဖြစ်စေပါတယ်။ သက်ရှိသတ္တ၀ါတိုင်း တနေ့ သေဘေးကြုံမှာကို သိနေရဲ့သားနဲ့ စိုးရိမ်ကြောက်ရွံ့မှုဖြစ်နေတာယာ သဘာဝမကျတဲ့၊ အခြေအမြစ်မရှိတဲ့ အတွေးအခေါ်ဖြစ်နေတယ်လေ။ အဲ့ဒီတော့ သူ့မှာ တစ်ကြိမ်မက နေ့စဉ်နေ့တိုင်းသေနေရတာနဲ့ မခြားဖြစ်နေရပါတယ်။ အီးပါမှာကို ကြောက်လို့ အိမ်သာရှေ့မှာ တနေကုန်အောင် ထိုင်နေရတဲ့သူနဲ့ တူတယ်လို့လည်း ကျွန်မ ထင်ပါတယ်။

    နောက်ထပ် အခြေအမြစ်မရှိတဲ့ “Phobia” တမျိုးကတော့ “Xenophobia” လို့ခေါ်တဲ့ လူစိမ်းကြောက်ရောဂါ (တနည်း) လူမျိုးခြားကြောက်ရောဂါပါပဲ။ အခြေအမြစ်ရှိရှိ အလေးအနက်တွေးခေါ်မိရာကနေ သွေးနားထင်ဆောင့်ပြီး အခြေအမြစ်မရှိစွာနဲ့ အမြစ်တွယ်ကပ်လာတဲ့ရောဂါပိုင်ရှင်တွေလို့လည်း ပြောနိုင်ပါတယ်။

    ကမ္ဘာ့သမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ “Xenophobia” ဝေဒနာရှင်ကတော့ အားလုံးသိတဲ့ ဟစ်တလာပါပဲ။ သူဟာ “Judeophobia” လို့ ခေါ်တဲ့ ဂျူးမုန်းတဲ့ရောဂါဖြစ်လာရင်းက တကယ့် holocaust ကြီးတွေလုပ်ပြီး “Genocide Policy” တွေကို သုံးပြီး သောင်းကျန်းခဲ့တဲ့ အာဏာရှင်ကြီးပါ။ အမျိုးသားရေးချစ်စိတ်ဆိုတာကို အခြေအမြစ်ရှိရှိတွေးခေါ်စေပြီး အမျိုးမတူသူတွေကို နှိပ်ကွပ် သတ်ဖြတ်ပစ်ရမယ်လို့ ယုံကြည်စေပါတယ်။ ဒီလို မနှိပ်ကွပ်ခဲ့ရင် အခြေအနေကောင်း၊ အခွင့်အလမ်းကောင်းတွေကို သူတို့ နေရာဝင်ယူသွားနိုင်လို့ ငါတို့ပျက်စီးရမယ်လို့ အစွန်းရောက်တွေးခေါ်ရာကနေ ရလာတဲ့ ရောဂါမျိုးလို့လည်း ပြောနိုင်ပါတယ်။

    ဒီလို “Phobia” မျိုးဟာ အရလွယ်ပေမယ့် ကုသဖို့ရာမှာ အလွန်ခက်ခဲပါတယ်။”Xenophobai” ဆိုတာဟာ “Racism” ပဲလို့ ကမ္ဘာကထောက်ပြလာတဲ့အခါ အဲ့လို “Xenophobia” ရှိနေတဲ့ အာဏာရှင်တွေဟာ အမျက်ချောင်းချောင်းထွက်ပြီး ရောဂါလက္ခဏာတွေမြင့်လာတာနဲ့အမျှ Genocide ပွဲကြီးတွေကလည်း အရှိန်အဟုန်မြင့်တက်လာပါတယ်။

    “Everyone is a foreigner somewhere” ရယ်လို့ ကမ္ဘာက ကြွေးကြော်လိုက်တဲ့အချိန်မှာ သူတို့ရဲ့ “Phobia” တွေဟာ တမဟုတ်ချင်းမြင့်တက်လာတာနဲ့အမျှ “Zeusophobia” လို့ခေါ်တဲ့ ဘုရားကြောက်ရောဂါအဖြစ် ပြောင်းသွားပြီး အထက်ကပြောခဲ့တဲ့ “Necrophobia” လို့ခေါ်တဲ့ သေမှာကြောက်တဲ့ရောဂါပါ အလိုအလျောက်ရသွားပါတယ်။ တပြိုင်နက်တည်းမှာပဲ “Stygiophobia” လို့ခေါ်တဲ့ ငရဲကြောက်ရောဂါဖြစ်နေပြီး မလိုအပ်ပဲ ဘုရားတရားကြည်ညိုခြင်းတွေကို အာပတ်ဖြေတဲ့ သဘောမျိုးနဲ့ စွန့်စားလုပ်ဆောင်ပြရင်း တကိုယ်ရည် စိတ်ထွက်ပေါက်ရှာရာကနေ ကြောက်ရွံ့ခြင်းကို ကြောက်ရွံ့နေခြင်း ဆိုတဲ့ ကြောက်ရွံ့မှုနှစ်ထပ်ကွမ်းရောဂါ “Pantophobia” ကို ခံစားရလေ့ရှိပါတယ်။

    ဘာလို့လည်းဆိုတော့ သူတို့တွေဟာ မိုးကြိုးပစ်ခံရမှာကိုလည်း ကြောက်ရွံ့တတ်ကြတဲ့ “Keraunophobia” ဆိုတဲ့ မိုးခြိမ်းသံကြောက်ရောဂါကိုပါ ခံစားနေရလို့ပါပဲ။ သူတို့ရှေ့က မိုက်ဇာတ်သိမ်းခဲ့ကြတဲ့ အာဏာရှင်တွေရဲ့ အဖြစ်သနစ်တွေကိုလည်း ကြောက်ရွံ့နေတတ်ကြတဲ့ “Patroiophobia” လို့ခေါ်တဲ့ မျိုးရိုးလိုက်ခြင်းကို ကြောက်ရွံ့တဲ့ရောဂါလည်း ရှိနေတတ်ကြပါတယ်။

    အဆုံးမှာတော့ ကျွန်မတို့မြန်မာနိုင်ငံသား အပြစ်မဲ့ပြည်သူတွေကြား ရေပန်းအစားဆုံးကတော့ “Peladophobia” လို့ ခေါ်တဲ့ ထိပ်ပြောင်ကြောက်ရောဂါ ခံစားနေရခြင်းသာ အဖတ်တင်ပါတော့တယ်။

    စာရေးသူ ကျွန်မရဲ့ “Phobia” ကတော့ “Monkophobia” ပါ။ အခြေအမြစ်မရှိဘူးလို့ ပြောလို့ရပေမယ့် ကျွန်မရဲ့စိတ်ထဲ နှုတ်မရတဲ့ မြားတစ်စင်းလိုပါပဲ။ ဥပမာတွေက တွေ့နေရတာကိုး။ ဒါပေမယ့် ဒါက ကုသဖို့လွယ်တဲ့ “Phobia” ပါ။ ဖြေရှင်းနည်းကတော့ သူတို့ ညာဘက်လမ်းကလာရင် ကျွန်မ ဘယ်ဘက်လမ်းကို ပြောင်းလျှောက်တာပါပဲ။ ဒါတရားတယ်လို့ ကျွန်မ ထင်ပါတယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေဘူးလေ။
    စာဖတ်သူတွေရဲ့ “Phobia” တွေကရော…………?????????????။

    သော်ဇင်