News @ M-Media

Blog

  • အကြမ်းဖက်ခံရမည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ဧရာဝတီတိုင်း အစ္စလာမ်ကောင်စီမှ သတိပေး ကြေငြာချက် ထုတ်ပြန်

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    သတင်း- ၀ါးပင်လေး

    အစ္စလာမ်ဘာသာဝင် ပြည်သူများအားအကြမ်းဖက်ခံရမည့် အန္တရာယ်မှ ရှောင်ရှားနိုင်ရန် ဧရာဝတီတိုင်း အစ္စလာမ်ကောင်စီမှ သတိပေး ကြေငြာချက် ထုတ်ပြန်

    IMG_0001
    ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီမှ မြန်မာပြည် အနှံ့အပြားတွင် မှီတင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်ခြင်း အန္တရယ်မှ ရှောင်ရှားနိုင်ရန် သတိပေး ကြေညာချက် တစ်စောင် မတ်လ ၂၅ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ ကြေညာချက်အပြည့် အစုံမှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့်ပတ်သက်၍ အစ္စလာမ် ဘာသာဝင်များအနေဖြင့် –
    (၁) လူစုလူဝေးရှိသော နေရာများကို မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊
    (၂) အများပြည်သူသုံးလမ်းပေါ်တွင် အခြားဘာသာဝင်များ တရားပွဲများ ဆောင်ရွက်နေပါက အခြားလမ်းမှ          ရှောင်သွားရန်၊
    (၃) အစ္စလာမ်ဘာသာဝင်ပိုင် စားသောက်ဆိုင်များ၊ဈေးဆိုင်များ၊ နေအိမ်များ အတွင်းသို့ အခြားဘာသာရေး ပုဂ္ဂိုလ်များ အတင်းအကြပ် ၀င်ရောက် အလှူခံခြင်းများကို တွေ့ကြုံနေရပါသဖြင့် ပြဿနာ မဖြစ်စေရေးအတွက် အထူးသတိပြုရန်၊
    (၄) မလိုအပ်ဘဲ အရေးကြီးကိစ္စမရှိဘဲ ညအချိန်အပြင်မထွက်ရန်၊
    (၅) မိမိတို့၏ သားသမီးများအား အိမ်၌သာ ရှိနေစေရန်
    (၆) မကြာမီ ကျရောက်မည့် သင်္ကြန်ရက်များအတွက် လိုအပ်သော စားသောက်ပစ္စည်းများ ကြိုတင်ဝယ်ယူထားပြီး နေအိမ်၌ ရှိနေစေရန်၊
    (၇) ပါတီနိုင်ငံရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန် အသိပေး မေတ္တာရပ်ခံထားကြောင်း သိရသည်။
    ယင်းသို့ အစ္စလာမ်ဘာသာဝင်များအား မေတ္တာရပ်ခံထားရခြင်း အကြောင်းရင်းများမှာ- ယခုအခါ ဘာသာရေး လူမျိုးရေးကို ခုတုံးလုပ်ပြီး တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေသည့် အဖျက်လုပ်ငန်းများ သတ်ဖြတ်မူများ၊ မီးရို့မူများ၊လုယက်မူများ၊ဥပဒေမဲ့ လုပ်ရပ်များကို ကြိုတင်စီမံ အကွက်ချမူများဖြင့် ဆောင်ရွက်နေသည်ကို နေရာဒေသအသီးသီး၌ ကြုံတွေ့နေရပါကြောင်း ယင်းကြေညာချက်တွင် ဖော်ပြပါရှိသည်။

  • ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖို အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖို အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    မတ်-၂၆-၂၀၁၃
    M-Media
    ဇာဏီ

    “အုတ်ဖိုက အိမ်(၁၄)လုံး၊ ဗလီ(၁)၊ ဘာသာရေးစာသင်ကျောင်း ဖျက်ခံလိုက်ရပါတယ်။ ည(၉)နာရီကနေ မနက်(၄)နာရီလောက်ထိ ဖျက်ခဲ့ကြတာပါ။ ဘေးပတ်လည် ရွာတွေကနေ တဘက်ကို လူ(၄၀၀)လောက်စီရှိတယ်။ ချီတက်လာတာက။ အကြမ်းဖက်သမား (၁၀၀၀)ကျော်လောက်က ၀ိုင်းပြီးဖျက်ဆီးကြတယ်။ ဆိုင်ခန်းတွေ ဖျက်ရင်း ဆိုင်ခန်းက ပစ္စည်းတွေလည်း ယူသွားကြတယ်။ ကျွန်တော့်အိမ်လည်း အဖျက်ခံလိုက်ရတာပါ” အုတ်ဖိုက အိမ်ဖျက်ဆီးခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးမှ M-Media ကို ပြောပါတယ်။

  • ပဲခူးတိုင်း ကြို့ပင်ကောက် အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    ပဲခူးတိုင်း ကြို့ပင်ကောက် အကြမ်းဖက် ဖျက်ဆီးခံရမှု နောက်ဆက်တွဲ သတင်း (၁)

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    “ကြို့ပင်ကောက်မှာ မနေ့ညကတည်းက ဖျက်နေတာ အခုမနက် (၅)နာရီခွဲမှ ဖျက်တာရပ်သွားတာပါ။ အိမ်(၁၀)ကျော်ကို ဖျက်ပါတယ်။ ၀ိုင်းဖျက်ကြတဲ့ လူအုပ်ကြီးက (၁၀၀၀)နီးပါးလောက်ရှိပါတယ်။ ဘုန်းကြီးကိုယ်တိုင် ဘိုဒူဇာမောင်းကြီး ဗလီကို ဘိုဒူဇာနဲ့ထိုးဖျက်ပါတယ်။ အိမ်တွေကိုဖျက်ပြီး အခုတော့ အိမ်ထဲက ပစ္စည်းတွေသယ်ထုတ်ပြီး ယူသွားနေကြပါတယ်။ အခုကို အသံတွေကြားနေရပါတယ်။ ရဲတွေရှိတယ်။ လမ်းပေါ်မှာသွားနေတာ။ ပစ္စည်းတွေယူနေတာကို မတားပါဘူး။ ဓါတ်ပုံတော့ လာရိုက်နေတယ်။ ဒါပေမယ့် တစ်ခြားဘာမှ မလုပ်ပေးဘူး။ လူသေတာတော့ မရှိဘူး။ ဒါပေမယ့် လူတစ်ယောက် ဓါးနဲ့ခုတ်ခံလိုက်ရလို့ အခု ကြို့ပင်ကောက်ဆေးရုံပေါ်မှာ ပို့ထားရတယ်။ သူက ရန်ကုန်က ဧည့်သည့်ပါ။ ကြို့ပင်ကောက်မှာလာရင်း ဗလီပေါ်မှာအိပ်နေတာ။ အဲဒါသူ ထွက်ပြေးတော့ ဓါးနဲ့လိုက်ခုတ်တာပါ။ ဓါးနဲ့အခုတ်ခံရတာက ရန်ကုန်ကပါ မျက်မှန်ရောင်းတဲ့ ဦးကျော်စိုးမိုး အသက်(၅၀)၀န်းကျင်ရှိပါပြီ။ အခုထိတော့ ကျွန်တော်တို့ကို ဘယ်သူမှ ဘာမှမေးတာ၊ လာကြည့်တာ မရှိပါဘူးခင်ဗျာ”လို့ ကြို့ပင်ကောက်မြို့ခံက M-Media ကို ပြောပါတယ်။

  • အုတ်ဖို၊ အိုသည်ကုန်း၊ မင်းလှ၊ တပ်ကုန်း ဘက်မှာ ဆူပူမှု ဖြစ်ခဲ့ကြောင်း ဒုတိယ ရဲမှူးကြီး မင်းအောင် BBC ကိုပြော

    အုတ်ဖို၊ အိုသည်ကုန်း၊ မင်းလှ၊ တပ်ကုန်း ဘက်မှာ ဆူပူမှု ဖြစ်ခဲ့ကြောင်း ဒုတိယ ရဲမှူးကြီး မင်းအောင် BBC ကိုပြော

    မတ်လ ၂၅၊ ၂၀၁၃
    BBC

    အုတ်ဖို၊ အိုသည်ကုန်း၊ မင်းလှ၊ တပ်ကုန်း ဘက်မှာ ဆူပူမှု တချို့ ဖြစ်ခဲ့တယ် ဆိုတာကို ထောက်လှမ်းဌာနက ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

    A – အုတ်ဖို မင်းလှဖြစ်တယ်။ ကျွန်တော်တို့ဒီဘက် တပ်ကုန်းမှာဖြစ်တယ်ခင်ဗျ။ ကျွန်တော်တို့ အုတ်ဖိုကတော့ အိုးသည်ကုန်းကျေးရွာမှာဖြစ်တယ်။ ဒီမှာစဖြစ်တာကတော့ အိုးသည်ကုန်း (၁)လမ်းမှာနေတဲ့ ဦးစိန်ထူးပိုင်တဲ့ လွင်ပေါင်မုန့်တိုက်ပေါ့။ သူကတော
    မွတ်ဆလင် အမှန်ပါ။ သူ့ရဲ့ဆိုင်ရှေ့မှာ ဒီ.ရွာသားတွေက ပေါ့နော်။ အင်အား ၅၀-၆၀ လောက်ပေါ့။ အဲ့ဒါမှာသူတို့ လေးခွတွေ တုတ်တွေနဲ့ပစ်တာပေါ့။ အဲ့ဒါမှာတော့ နည်းနည်း အိမ်ရဲ့မှန်တွေဘာတွေ ကွဲသွားတာ။ ခြံစည်းရိုးတွေပျက်သွားတာရှိတယ်။ နောက် သူ့အိမ်က ဆိတ် ၃ ကောင်

    သေသွားတာရှိတယ်။ နောက် နောက် တစ်ခေါက်က ချိုတူးလက်ဖက်ရည်ဆိုင်ရှေ့ပေါ့။ နည်းနည်းပျက်ဆီးမှုပေါ့။ ဆိုင်ရှေ့မျက်နှာစာ နည်းနည်းပျက်ဆီးသွားတာရှိတယ်။ ပစ်တာကတော့ လေးခွတို့ခဲလုံးတို့နဲ့ပဲ ပစ်တာပါပဲ။ နောက်ကတော့ ဦးမူစာရဲ့ နှစ်ထပ်တိုက်အိမ်ပေါ့။ ဒီမနက် ၁

    နာရီဖြစ်တယ်။ အဲ့ဒီမှာလဲ သူတို့ အိမ်ထဲ ၀င်ပြီးတော့ ဆိုင်ကယ် ၂-စီးဖျက်ဆီးသွားတာရှိတယ်။ အဲ့ဒီ့အချိန်မှာ လူအင်အားတော့ ၂၀၀ လောက်ဖြစ်သွားပြီ။ သူတို့ ၂-နာရီ ၅-မိနစ်လောက်ကျတော့ လူစုကွဲသွားပါတယ်”

    Q – မီးတွေ ဘာတွေ ရှို့တာတွေ ဘာတွေရှိလား။
    A – အဲ့လိုတော့ အဲ့လိုတော့မရှိဘူး ခင်ဗျ၊ မင်းလှပိုင်ပေါ့။ ရေကျော်ရွာပေါ့။ ရေကျော်ရွာမှာတော့ ရေကျော်ရွာသားလို့ယူဆရတဲ့သူ ရွာသား ၁၀၀-လောက်ပေါ့။ ၇-နာရီခွဲလောက်မှာ လူစုတယ်။ ပြီးတော့ လူစုပြီးတော့ပေါ့ ဒီအစ္စလာမ်ဘာသာဝင် ၆-လုံးပေါ့။ ပြီးရင် လေးပေသုံးပင်

    ဗလီတစ်လုံးပေါ့။ အဲ့ဒါတော့ဖျက်ဆီးသွားတယ်။ ၈-နာရီလောက်မှာပြီးသွားတယ်ခင်ဗျ။ အဲ့ဒီ့အဖွဲ့ကပဲ။ စောစောက ပြောတဲ့ ကပ်နေတယ်ခင်ဗျ။ ရေကျော်ရွာနဲ့အိုးသည်ကုန်းနဲ့က ကပ်နေတယ်ခင်ဗျ။ အိုးသည်ကုန်းနဲ့ကပ်နေတော့ အဲ့ဒီ့ရေကျော်ရွာကအဖွဲ့က အိုးသည်ကုန်းကိုကူးသွားမှာ။

    အိုးသည်ကုန်းအဖွဲ့နဲ့ပေါင်းပြီး ဒီဖျက်ဆီးမှုတွေကိုထပ်လုပ်တာဖြစ်ပါတယ်ခင်ဗျ။ တပ်ကုန်းမြို့နယ် ရွာသစ်ဗလီနဲ့ ဒီမြို့မဂျာမေဗလီ တို့ကို ဒီကရွာသားတွေဖျက်တာလဲရှိပါတယ်။ ဗလီအတွင်းမှာ ၀င်ပြီးတော့ နည်းနည်းဖျက်ဆီး သွားတာတွေလည်း ရှိပါတယ်။ စာအုပ်စင်

    အခင်းကော်ဇောတွေ ဒါတွေဖျက်ခဲ့ပါတယ်။ ဒီနားမှာရှိတယ်။ အစ္စလာမ်ဘာသာဝင် အိမ် ၁၃-လုံးကိုလည်း ခဲနဲ့ပစ်ပေါက်ခဲ့တယ်။ ဟိုဟာ မီးရှို့တာကတော့မရှိပါဘူး။ မနေ့ညကတော့လေ တုတ်တွေခဲတွေနဲ့ ပစ်တာပဲရှိပါတယ်။

    Q – အသေအပျောက် ဒဏ်ရာရတာကောရှိလား။
    A – အဲ့လိုတော့မရှိပါဘူး။ အသေအပျောက်ဒဏ်ရာတော့မရှိပါဘူး။

    Q – ဆိုတော့ အခုက မိတ္ထီလာမှာ စဖြစ်ပြီးတော့မှ အဲ့သလို ကြိုကြား ကြိုကြားဖြစ်လာရတာက ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုမျိုးသုံးသပ်မိလဲခင်ဗျ။
    A – လောလောဆယ်ဖြစ်တာကတော့ ရွာတွေမှာပဲ ဖြစ်တာများတယ်ခင်ဗျ။ ရွာတွေမှာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့လည်း နည်းနည်း သုံးသပ်ရတော့ခက်နေတယ်ခင်ဗျ။ လောလောဆယ်ခန့်မှန်းရတာတော့ ကြိုးကိုင်နေတဲ့ လူတစ်ယောက်ယောက်ကတော့ရှိနေပြီဆိုတော့

    သုံးသပ်လို့တော့ရတယ်။ ဒါပေမယ့် လက်ဆုပ်လက်ကိုင်တော့ မပြနိုင်သေးပါဘူး။ တစ်နေရာ..တစ်နေရာစီမှာလဲ…ဖြစ်တာကလဲ..ဘာမှမဟုတ်တဲ့ပုံစံနဲ့..သွေးထိုးထားတဲ့ သဘောတော့..ပုံစံတော့ပေါက်ပါတယ်…..”

ှQ – အဲ့တော့ တစ်ချိုပြောတာလည်း လူစုလူဝေးနဲ့ဖြစ်အောင်ရယ် နောက်ပြီးတော့ တစ်ခါ တစ်ချို့ဆိုရင် ဟို ကားတွေဘာတွေနဲ့သယ်သွားတာမျိုး အဆင့်ထိဖြစ်တာကျတော့ ဒါဟာ သွေးရိုးသားရိုးတော့ မဟုတ်တော့ဘူးလို့ ပြောတာမျိုးလဲရှိတယ်ခင်ဗျ။ ရဲတပ်ဖွဲ့က ဘယ်လိုမြင်ပေးလဲ

    ဒီအပေါ်မှာ။
    A – အခုကတော့ဖြစ်နေတာကတော့ သူ့ရဲ့ရွာခံက လူတွေပေါ့။ တချို့ပြောတာတော့ တချို့တစ်နေရာကလူတွေက ဒီကိုလာပြီး လာဖျက်ဆီးတယ်ပေါ့။ ဒါတော့ မဟုတ်ပါဘူး။ ကျတော်တို့ဆီမှာ ဖမ်းထားတဲ့လူတွေတော့ရှိတယ်။ ဖမ်းထားတဲ့လူတွေက အားလုံးက အဲ့ဒီ့ရွာခံက

    လူတွေပဲဖြစ်ပါတယ်ခင်ဗျ။

    အသံဖိုင် နားထောင်ရန်။

  • ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ

    ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနဲ့ မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများအား ဖျက်ဆီးနေ

    မတ်လ ၂၆၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    ကြို့ပင်ကောက် ။ ။ ပဲခူးတိုင်း ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်နှင့် ဆိုင်ခန်းများကို ၂၅-ရက်ည (၁၁)နာရီခွဲခန့်မှစ၍ ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

    ကြို့ပင်ကောက်ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများက ၀င်ရောက်ဖျက်ဆီး နေကြောင်း၊ မွတ်စလင်မ်အိမ်(၃)အိမ်နှင့် ဈေးရှိ မွတ်စလင်မ်ဆိုင်များကို ဖျက်ဆီးနေကြောင်းသိရသည်။

    “မွတ်စလင်မ်အိမ် (၃)အိမ်ကို ဖျက်ဆီးပြီးလို့ ဈေးဘက်က မွတ်စလင်မ်ပိုင်ဆိုင်တွေကို ဖျက်ဆီးပါတယ်။ အခုတော့ ဗလီကို ဖျက်နေပါတယ်။ အသံတွေကြားနေရပါတယ်။ ကျွန်တော်ကတော့ အခု ဗုဒ္ဓဘာသာဝင် တစ်ယောက်အိမ်မှာ လာရောက်ပုန်းနေပါတယ်။ ကြို့ပင်ကောက်မှာက ဒီဗလီတစ်လုံးတည်းရှိတာပါ။ ဘာသာရေးစာသင်ကျောင်းကလည်း ဗလီအတွင်းမှာရှိပါတယ်။ မွတ်စလင်မ် အိမ်ခြေ(၁၅၀)နဲ့ လူဦးရေ (၄၀၀)၀န်းကျင်လောက် သာရှိပါတယ်။”လို့ ပြောပြလာပါတယ်။

    “နေ့လည် (၃)နာရီလောက်ကတည်းက သတင်းလွှင့်ထားတယ်။ ဒီညကို ၀င်မယ်။ မီးမရှို့ဘူး ဖျက်ပဲဖျက်မှာဆိုတာကို။ ထန်းကုန်းဘက်နေ လူအင်အား (၆၀)လောက်စုပြီး လာနေတယ်လို့ ထန်းကုန်းဘက်က သတင်းပို့ထားတယ်။ အခုဖျက်နေတာက တစ်ခြားက လူစိမ်းတွေပါသလို ကြို့ပင်ကောက်က တချို့လည်းပါတယ်။ ကျွန်တော်ကတော့ အိမ်နဲ့အဝေးမှာ တိမ်းရှောင်နေပါတယ်။”လို့ M-Media ကို ပြောပြလာပါတယ်။