News @ M-Media

Blog

  • မော်လမြိုင်မြို့တွင် လူမျိုးရေး ဘာသာရေး ပဋိပက္ခ ကြိုတင်ကာကွယ်ရန် ဘာသာပေါင်းစုံ တွေ့ဆုံ

    မတ်လ ၂၃ ၊ ၂၀၁၃
    M-Media

    ဓါတ်ပုံ Credit-Kyaw Khant FB
    ဓါတ်ပုံ Credit-Kyaw Khant FB

    ယနေ့ မတ်လ ၂၃ ရက်နေ့တွင် မော်လမြိုင်မြို့စီးပွါးရေးလုပ်ငန်းရှင် မြို့ခံတချို့က ဘီးလင်းဖက်မှာ ဓါးလက်နက် ထောင်ဂဏန်းထိ ဝေထားတယ် လို့ သတင်းတွေ ဆိုရှယ်မီဒီယာနှင့် အင်တာနက်သတင်းများတွင် ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါ လုပ်ငန်းရှင် စီပွားရေးသမားများကိုယ်တိုင် မဟုတ်မမှန်ကြောင်း ရှင်းလင်းခဲ့သည်ဟုသိရပါသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့ရပ်မိရပ်ဖတွေ၊ အစ္စလာမ်ဘာသာရေး အဖွဲ့ဝင်တွေ၊ မြို့ခံဆရာတော်ဘုန်းတော်ကြီးများ ပါဝင်ပြီး ငွေမိုးဟိုတယ်တွင် ယနေ့ မတ်လ ၂၃ ရက် ၂၃.၃.၂၀၁၃ ည(၇)နာရီအချိန် ကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်တွင် ဘာသာပေါင်းစုံမှ အစည်းအဝေးပြုလုပ်ကာ ကော်လဟာလများကို မယုံကြည်ကြရန်၊ သွေးထိုးလှုံ့ဆော်မှုများမှာ မပါဝင်ကြရန်၊ သတိပေး ကြေညာချက် ထုတ်ပြန်ဖို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

  • ရမည်းသင်း မြို့နယ် ရွာတန်းရွာနှင့် နေပူကုန်းရွာ မီးရှို့ခံရ

    ရမည်းသင်း မြို့နယ် ရွာတန်းရွာနှင့် နေပူကုန်းရွာ မီးရှို့ခံရ

    မတ်လ-၂၃-၂၀၁၃
    M-Media

    ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီအား ယနေ့ ည ၈-နာရီခန့်က မီးရှို့နေသည်ဟု သတင်းကြားသိရပါသည်။

    ရွာတန်းကျေးရွာတွင် မွတ်စလင်မ် အိမ်ခြေ (၄၀)၀န်းကျင်ခန့်သာရှိပြီး ယင်းမီးရှို့ခံရသည့်သတင်းကြောင့် ရမည်းသင်းမြို့မှ မီးသတ်ကားများရွာတန်းကျေးရွာသို့ သွားရောက်နေပြီး ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်လည်း သွားရောက်နေသည်ဟုသိရသည်။

    ရမည်းသင်း မြို့နယ် ရွာတုန်းကျေးရွာ တရွာလုံးနီးပါးပြာကျ
    ———–
    မတ်လ ၂၃ ၊ ၂၀၁၃
    ည ၁၁ နာရီ

    ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာ ကို အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မိးလောင်ပြာကြသွားကြောင်း သတင်းရရှိသည်။

    ရေကြည်ရွာနဲ့ ပုရွက်ဆိတ် ရွာဘက်ကို လူတစ်ထောင်လောက် ထွက်သွားကြကြောင်း သိရှိရပါသည်။

    ရမည်းသင်း နေပူကုန်းရွာ
    ——————–
    ရမည်းသင်းမြို့နယ် နေပူကုန်းရွာမှာ မီးစရှို့နေပါတယ်။ နေပူကူန်းရွာမှာ မွတ်စလင်မ်အိမ်ခြေ(၁၀၀)ကျော်နဲ့ ဗလီ (၁)လုံးရှိပါတယ်

  • နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအား ကာကွယ်စောင့်ရှောက်ပေးရန် မြန်မာအစိုးရအား တူရကီတိုက်တွန်း

    မတ်လ ၂၃ ၊ ၂၀၁၃
    M-Media
    Source:http://www.worldbulletin.net

    A man stands in front of a mosque as it burns in Meikhtila, March 21, 2013
    မိထ္ထီလာမှ မီးရှို့ခံလိုက်ရသည့် ဗလီတလုံး (ဓါတ်ပုံ-ရိုက်တာ)

    အကြမ်းဖက်တိုက်ခိုက်မှုများ တစ်စတစ်စ ကြီးထွားလာမှုကို အရေးယူပြီး၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များအား  ကာကွယ်စောင့်ရှောက်ပေးရန် တူရကီနိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာအစိုးရအား တိုက်တွန်းပြောကြားလိုက်သည်။

    “မိတ္ထီလာတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ချက်ချင်း ထိန်းချုပ်ပေးရန်၊ ထိုအကြမ်းဖက်မှုများကို ကျူးလွန်သူများအား ဖမ်းဆီးပေးရန်နှင့် အခြားဒေသများသို့ ပျံ့နှံ့မသွားအောင် တားဆီးပေးရန် တူရကီနိုင်ငံမှ တိုက်တွန်းလိုက်ပါသည်။”ဟု စနေနေ့က တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ုလွန်ခဲ့သော ဗုဒ္ဓဟူးနေ့မှစ၍ ဗုဒ္ဓဘာသာဝင်အုပ်စုမှ  မိတ္ထီလာမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး သောကြာနေ့ကလည်း မိတ္ထီလာမြို့ အပြင်ဘက်ရှိ အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက်များကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြလေသည်။

  • မြန်မာမွတ်စလင်မ် ပြည်သူများအား မုန်းတီးသူများသို့  မေးခွန်း (ပေးစာ ကဏ္ဍ)

    မြန်မာနိုင်ငံတွင် မွတ်စလင်မ်မုန်းတီးရေးရေချိန် မြင့်သထက်မြင့်လာနေသည်။ ယခင့်ယခင်က မွတ်စလင်မ်မုန်းတီး ရေး စာပေများကို အစိုးရနှင့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ အစည်းများက ဖြန့် နေကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်မတွေ့ ဖူးမမြင်ဖူးခဲ့။ အင်တာနက်ခေတ်စားလာသော ယခုခေတ်သယမတွင် မွတ်စလင်မ်ပြည်သူများ အားပုတ်ခတ်ရေးသားသော အီးမေးလ်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ၊ ကော်မန့် များကို နေ့ စဉ်လိုလို မြင်နေ ကြားနေရသည်။ ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်ပြည်သူတစ်ယောက်အနေဖြင့် မြန်မာဗုဒ္ဓဘာသာ ပြည် သူများကိုမေးခွန်းတချို့ မေးချင်သည်။ မေးခွန်းများ မမေးခင် ကျနော့်အကြောင်း ပြောပါမည်။

    ကျနော်သည် မြန်မာပြည်တွင်မွေးဖွားသော မြန်မာပြည်သားတယောက်ဖြစ်သည်။ မနေ့ တနေ့ကမှမြန်မာပြည်သို့  တိုင်းတပါးမှ ၀င်ရောက်လာသူမဟုတ်။ အိန္ဒိယမှ ရွေ့ ပြောင်းဝင်ရောက်လာသော မိဘများမှမွေးဖွားသည်မဟုတ်။ အဘိုးအဘွားမဆို သူတို့ ၏မိဘများပင် ဗမာနှင့် တိုင်းရင်းသားများဖြစ်သည်။

    ကျနော်သည် မြန်မာ့မြေပေါ်မွေး မြန်မာ့မြေပေါ်တွင်ကြီး မြန်မာကျောင်းတွင် ပညာသင်၍ ဗမာ စကားပြောသည်။ ဗမာစာပဲတတ်သည်။ မြန်မာပြည်တွင် မွေးဖွားကြီးပြင်းသည့်အတွက် မြန်မာလိုဝတ်သည်၊ မြန်မာပြည်ကိုချစ် သည်။ မြန်မာပြည်သည် ကိုယ့်တိုင်းပြည်၊ မြန်မာလူမျိုးသည် ကိုယ့်လူမျိုးဟုခံယူသည်။

    ကုလားစကားဟုခေါ်သော တောင်အာရှစကားများမတတ်။ ရေးလည်းမရေးတတ်၊ ဖတ်လည်းမတတ်ပါ။ အိန္ဒိယ လည်း မရောက်ဖူး၊ ဆွေမျိုးလည်း မရှိပါ။ အိန္ဒိယနိုင်ငံရေး စီးပွားရေးလည်း ကျနော်နဲ့ လည်း မဆိုင်ပါ။ မြန်မာ ပြည်သာလျှင် ကျနော့် အမိမြေဖြစ်သည်။မြန်မာပြည် ငြိမ်းချမ်းစေချင်သည်။ ဆင်းရဲတွင်းမှလွတ်မြောက်စေလို သည်။

    ရပ်ကွက်ထဲမှ ဗုဒ္ဓဘာသာပြည်သူများနှင့်ယှဉ်လျှင် ဘုန်းကြီးကျောင်းသွားတာနှင့် ဗလီသွားတာပဲကွာသည်။ ကျန်တာကတော့ နေပူလည်းအတူတူ မိုးရွာလည်း အတူတူ၊ ကုန်ဈေးနှုန်းတက် လည်းအတူတူ၊ လုပ်အားပေး သွားရလည်း အတူတူဖြစ်သည်။ ရပ်ကွက်ထဲ မီးပျက်လျှင် ကျနော့်အိမ်တစ်အိမ်တည်း ကွက်ပြီး လျှပ်စစ်မီးမလင်းသကဲ့ သို့ နွေရာသီရေရှားလျှင်လည်း ကျနော့်အိမ်ရေတွင်း တစ်တွင်းတည်းကွက်ပြီး ရေမထွက်ပါ။ စစ်တပ်အုပ်ချုပ်သည့် တိုင်းပြည်တွင် ကျနော့်တစ်အိမ်တည်း အခွင့်အရေးထူးတွေမရပါ။

    ဘုရားစူးမိုးကြိုးပစ် – အစ္စလာမ်သာလျှင်မှန်ကန်ပြီး တခြားဘာသာတွေ မှားသည်ဟု တခါကမှ မပြောဖူး။ ယုံ လည်းမယုံကြည်ပါ။ ကျနော့်မိသားစုနှင့် ပတ်ဝန်းကျင်တွင်လည်း အစ္စလာမ်ဘာသာအကြောင်း စည်းရုံးဝါဒဖြန့်  နေသူများမရှိပါ။ ကျနော်သူငယ်ချင်းများတွင်လည်း ဗုဒ္ဓဘာသာကိုစော်ကားပြီး အစ္စလာမ်ဝါဒ ဖြန့် ချိနေသူများမတွေ့ ပါ။ ဘာသာတိုင်း သူ့အယူအဆ နှင့်သူဖြစ်ကြောင်း၊ အခြားဘာသာများကို လေးစားရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို ကောင်းအောင်နေထိုင်ရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ရှေ့ ရှုရမည်ဖြစ်ကြောင်း အာပေါက်အောင် ပြောနေသူများသာဖြစ်သည်။ အများနည်းတူကိုးကွယ်ခွင့်နှင့် ကုလားဟုခေါ်ကာ နှိမ့်ချနေမှုများကို ရပ်တံ့ပေးရန် တောင်းဆိုနေသူများသာဖြစ်သည်။ ဘာသာမတူသူများအကြား နားလည်မှုရစေရန်၊အမုန်းတရားမပွားစေရန် ကြိုးစားနေသူများ လိုလားနေသူများဖြစ် သည်။

    ကျနော်အပါအ၀င် ကျနော့်မိသားစု အသိုင်းအ၀ိုင်းနှင့် အွန်လိုင်းတွင်သိကျွမ်းရသော မွတ်စလင်မ်သူငယ်ချင်း များထဲတွင် ရှင်ဂေါတမ ၊ ဗုဒ္ဓသာသနာ၊ သံဃာတော်များ ၊ မယ်သီလရှင်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓ ဘာ သာဝင်များကို နှုတ်နှင့်ဖြစ်စေ ကိုယ်နှင့်ဖြစ်စေ နှိမ့်ချ စော်ကားနေသူများမရှိပါ။ ဗုဒ္ဓ အမည်ခံ နိုက်ကလပ်များ၊ Rude Buddha ကဲ့သို့  ရုပ်ရှင်များကိုပင်မလုပ်သင့်ကြောင်း ယူဆသူများ၊ စိတ်မကောင်းသူများဖြစ်သည်။ အဆိုပါ လုပ်ရပ်များကိုပင် ကန့်ကွက်ကြောင်းကြေငြာချက်များ ထုတ်ပြန်ခဲ့သည်များရှိပါသည်။

    သို့ သော် မြန်မာမွတ်စလင်မ်ပြည်သူများအား အမေနှမများကိုင်၍သော်လည်းကောင်း၊ ရုပ်ပုံများဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ နစ်နာအောင် အမျိုးမျိုး စော်ကားနေသည်ကို နေ့ စဉ်နှင့်အမျှတွေ့ ရသည်။ ဘိုင်းကောင်းကျောက်ဖိ ယဉ်ကျေးသိမ်မွေ့ ပါသည်ဆိုသည့် မြန်မာအမျိုးသမီးငယ်များပင် ရိုင်းရိုင်းပျပျ စကားလုံး ရင့် ရင့်သီးသီးများဖြင့် မြန်မာမွတ်စလင်မ် ပြည်သူများအား လူမြင်သူထင် ဆဲဆိုနေသည်။

    ဤမျှမက ဆုတောင်းဝတ်ပြုဆောင်များကို ဖျက်ဆီးသူများက တရားဥပဒေကင်းစွာဖျက်ဆီးလိုက်ကြသည်ကို ၀မ်းသာအားရ အားပေးအားမြောက်ပြု ရေသားပြောဆိုနေကြသည်။

    ပြောဆိုနေကြသည်များထဲတွင် ခိုင်ခိုင်မာမာ အချက်အလက်မှန်များဖြင့် အပြုသဘောပြောဆိုသည်မဟုတ်ဘဲ စိတ်အထင်ဖြင့် ဘာသာစွဲဖြင့် အမုန်းတရား သက်သက်ဖြင့် ပြောဆိုနေကြောင်း ထင်ထင်ရှားရှားတွေ့ နေရသည်။ အချို့ ဆိုရင်မွတ်စလင်မ်အကြောင်း မဆိုနှင့် မွတ်စလင်မ်မိတ်ဆွေ (သို့ ) အိမ်နှီးချင်း (သို့ ) အသိတယောက်မှ မရှိ ပေ။ ကြားဖူးနားဝဖြင့် အမုန်းတရားပွားနေ ခြင်းဖြစ်သည်။

    ထို့ ကြောင့် မွတ်စလင်မ်ပြည်သူများအား မုန်းတီးနေသည့် ဗုဒ္ဓဘာသာပြည်သူများသို့ မေးခွန်းများမေးချင်သည်။

    (၁) သင့်တွင် မြန်မာမွတ်စလင်မ် သူငယ်ချင်း (သို့ ) အသိရှိပါသလား။ သင်ဘယ်လောက်ရင်းနှီးပါသလဲ။
    (၂) သင့်ကို သူက ဗုဒ္ဓဘာသာသည် မှားနေပြီး အစ္စလာမ်ဘာသာ သာလျှင်မှန်သည် ဟု စည်းရုံးဖူးပါ သလား။
    (၃) ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ဗုဒ္ဓ သံဃာတော်များ၊ ကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များကို သင်သိသောမြန်မာမွတ်စလင်မ်တဦးဦးက ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စကားလုံးအရေးအသားဖြင့်ဖြစ်စေ စော်ကားဖူးပါသလား။
    (၄) သင်လိုအပ်နေချိန်တွင် ဗုဒ္ဓဘာသာဖြစ်လို့ ဆိုကာ လျစ်လျူရှု ခွဲခြားဆက်ဆံခံရဖူးပါသလား။

    ကျနော်ကြီးပြင်းလာသည့် မိသားစု အသိုင်းအ၀ိုင်းတွင် အခြားဘာသာကိုစော်ကား စည်းရုံးနေသည့် လူများမရှိပါ။ ဘာသာရေးခွဲခြားမှုမရှိပါ။ ကျနော် လိပ်ပြာသန့် သည်။ အကယ်၍ စာဖတ်သူသည် ကိုယ်တိုင် စော်ကားခံရဖူး လျှင်ဖြစ်စဉ် အချက်အလက်ဖြင့် ကျနော့်ထံ ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။ အများ စုဖြစ်သည့် အလယ်အလတ် မွတ်စလင်မ်ပြည်သူများနှင့် လက်တွဲ၍ ဗုဒ္ဓဘာသာဝင်များဖက်မှ ရပ်တည်ပါမည်။ ဗုဒ္ဓဘာသာအား စော်ကားခြင်း၊ ခွဲခြားခြင်း၊ အချို့ စွပ်စွဲသည့် “လူမဆန်စွာ စည်းရုံးခြင်း” ဆိုသည့်ပြသနာကို လက်တွဲ တိုက်ဖျက်မည်ဟု ကတိပေး သည်။

    ကျနော်က ဗုဒ္ဓဘာသာကို  မစော်ကားသကဲ့သို့  ကျနော့်သာသနာနှင့် မြန်မာမွတ်စလင်မ်ပြည် သူများအား ကြားဖူးနားဝဖြင့် မုန်းတီးနေခြင်း၊ စော်ကားပြောဆိုနေခြင်း၊ အကြမ်းဖက်ခြင်းများကို ရပ်တံ့ပေးရန် မေတ္တာရပ်ခံပါသည်။

     

    နေမျိုး

    Photo Credit –Myanmar Muslims Voice FB

     

     

  • မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်း

    M-Media
    March 23, 2013

    maketila

    မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်းကို M-Media မှ စုစည်း အတည်ပြုရယူထားပါသည်။

    ဖျက်ဆီးခံရသော ဗလီဝတ်ကျောင်းတော်များ

    ၁။ ဂျာမေ့ဗလီ – အရှေ့ပြင်ရပ် (ဈေးအနောက်)

    ၂။ ဘင်္ဂါလီဗလီ – ရတနာမောင်ရပ်ကွက်

    ၃။ ငြိမ်းချမ်းရေးဗလီ – ရတနာမောင်ရပ်ကွက်

    ၄။ တူရကီဗလီ – ရတနာမောင်ရပ်ကွက်(တပ်နယ်)

    ၅။ မြို့မဗလီ – ရတနာမောင်ရပ်ကွက်

    ၆။ မှန်လုံဗလီ(မှန်လုံ၂-ထပ်ဗလီ)ဏ္ဍသီရိမင်္ဂလာ(က)ဗလီ – သီရိမင်္ဂလာရပ်ကွက်

    ၇။ ပါကစ္စတန်ဗလီ – သီရိမင်္ဂလာရပ်ကွက်

    ၈။ မြို့ဦးဗလီ – အောင်ဇေယျာရပ်ကွက်

    ၉။ နန်းတော်ကုန်းဗလီနှင့် အာရဗီတက္ကသိုလ် – နန်းတော်ကုန်းရပ်ကွက်

    ၁၀။ ချမ်းအေးသာယာဗလီ – နန်းတော်ကုန်းရပ်ကွက်

    ၁၁။ ပြည်သာယာ(တောင်)၊ ပြည်သာယာ(မြောက်) ၀တ်ပြုကျောင်းဆောင်များ – ပြည်သာယာ တိုးချဲ့ရပ်ကွက်

    ၁၂။ မင်္ဂလာဇေယုံဗလီနှင့် အာရဗီအထက်တန်းကျောင်း – မင်္ဂလာဇေယုံရပ်ကွက်

     

    ဖျက်ဆီးခံရသော အာရဗီကျောင်းတော်များ

    ၁။ အာရဗီအာမုဒီယာကျောင်း – သီရိမင်္ဂလာရပ်ကွက်

    ၂။ အဇီဇီယာ အာရဗီတက္ကသိုလ် – နန်းတော်ကုန်းရပ်ကွက်

    ၃။ အာရဗီအထက်တန်းကျောင်း – မင်္ဂလာဇေယုံရပ်ကွက်

     

    အိုးအိမ်မဲ့ မွတ်စလင်မ်ဒုက္ခသည်များ 

    ၆၀၀၀ ၀န်းကျင် – ခရိုင်ဘောလုံးကွင်းဒုက္ခသည်စခန်း

    ၈၀၀၀ ၀န်းကျင် – အမှတ်(၁)ရဲစခန်း၊ အထက်တန်းကျောင်း

    ၃၀၀၀ ၀န်းကျင် – ပြည်သာယာ(ရှမ်းတဲ) အ.ထ.က၊ (လေတပ်အနီး)

    ၃၅၀၀ ၀န်းကျင် – မိတ္ထီလာတ၀ိုက် ရွာတချို့နှင့် မန္တလေးဘက်သို့ရောက်ရှိ

     

    သေဆုံးသူစာရင်း

    ၁၃၀ ၀န်းကျင် – မွတ်စလင်မ်များ (အမည်စာရင်းရှိ ၄၀ နီးပါးခန့်နှင့် အမည်မသိရသေးသူများ)

    ၃၀ ၀န်းကျင် – ဗုဒ္ဓဘာသာများ