ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ မြန်မာနိုင်ငံဌာနီကိုယ်စားလှယ် Ashok Nigam မှ
မိတ္ထီလာမြို့၌ဖြစ်ပွားနေသော မငြိမ်သက်မှုများအပေါ် ထုတ်ပြန်ချက်
ရန်ကုန်။ မတ်လ ၂၁
ကျွန်ုပ်သည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်းဖြစ်ပေါ်နေသော အကြမ်းဖက်လုပ်ရပ်များ၊ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးနေမှုများအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာဌာနီကိုယ်စားလှယ်အနေနှင့် အထူးစိုးရိမ်ပူပန်လျက်ရှိပါသည်။ ယင်းသို့သော ဖြစ်ရပ်များအား တားဆီးကာကွယ်ရန် ထိပ်တန်းဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါသည်။
ဘာသာရေးနှင့်နိုင်ငံရေးခေါင်းဆောင်များ၊ အာဏာပိုင်များအနေဖြင့် ဤအခြေအနေကို ငြိမ်ဝပ်ပိပြားအောင် အပူတပြင်း အားထုတ်သွားရန် အရေးကြီးပါသည်။ မိတ္ထီလာ၌ မတည်ငြိမ်မှုအတွင်းရှိနေသော သက်ဆိုင်ရာလူ့အဖွဲ့အစည်းများသည် အပြန်အလှန်နားလည်မှုဖြင့် သည်းခံထိန်းချုပ်သွားကြပါဟု အုပ်စုအသီးအသီးထံသို့ ကျွန်ုပ်မှ တိုက်တွန်းလိုက်ပါသည်။
Blog
-
ကမ္ဘာ့ ကုလသမဂ္ဂ မြန်မာနိုင်ငံကိုယ်စားလှယ်မှ မိတ္ထီလာမြို့၌ဖြစ်ပွားနေသော မငြိမ်သက်မှုများအပေါ် ထုတ်ပြန်ချက်
-
မိတ္ထီလာမှ မွတ်စလင်များအားအကြမ်းဖက်မှု ယခုတိုင် မရပ်တံ့သေး ယခု ဒိုဘီကုန်း၌ မီးရှို့နေ (22-03-2013 9:00 AM )
မတ်လ ၂၂၊ ၂၀၁၃
M-Media
အေးမောင်အကြမ်းဖက်မိးရှို့ ဖျက်ဆီးခံလိုက်ရတဲ့ မိတ္ထီလာမြို့က ဗလီဝတ်ကျောင်းနှင့် လူနေအိမ်များ မိတ္ထီလာ ။ ။ မတ်လ ၂၀-ရက်နေ့မှစတင်ကာ မိတ္ထီလာတစ်မြို့လုံးရှိ မွတ်စလင်မ်များ၏ ဗလီများ၊ လူနေအိမ်များ၊ လူများအား အကြမ်းဖက်ဖျက်ဆီး၊ သတ်ဖြတ်မှုများအား ယခုအချိန်ထိတိုင် ထိန်းသိမ်းနိုင်မှု မရှိသေးကြောင်းသတင်းရရှိသည်။
မိတ္ထီလာမြို့တွင် မတ်လ ၂၀-ရက်နေ့ စီးပွားရေးအရောင်းအ၀ယ်ကိစ္စကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဘာသာရေးအကြမ်းဖက်မှုများအား ယခုအချိန်အထိ ထိန်းသိမ်းကာကွယ်နိုင်မှုမရှိသေးကြောင်း၊ ယခု မနက် ၉-နာရီဝန်းကျင်ခန့်တွင် မိတ္ထီလာမြို့ ဒိုဘီကုန်းရပ်ကွက်တွင် တကြော့ပြန်လည်ပြီး မီးရှို့ဖျက်ဆီး သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း၊ အချို့ရပ်ကွက် အတွင်းမှ လူများသည် တောထဲပြေးဝင်ပုန်းအောင်းနေသည့်အတွက် အိမ်များ မပျက်သော်လည်း အိမ်မှာနေရင် လုံခြုံရေးမရှိ၍ ဒုက္ခသည်စခန်း(ဘောလုံးကွင်း)တွင် ပို့ထားမည်ဟုဆိုကာ ရဲများမှ လာရောက်ခေါ်ယူသွားကြောင်း၊ ဒုက္ခသည်စခန်းတွင် သောက်စရာရေမရှိ၍ ဒုက္ခရောက်နေရကြောင်းများ သိရသည်။
“ခုနကပဲ ဒိုဘီကုန်းမှာ မီးရှို့နေပါတယ်။ ကျွန်တော့်အသိတစ်ယောက်ဆို စစ်တပ်ထဲ ရောက်နေပါတယ်။ သူ့လုံခြုံရေးအရ စစ်တပ်က အသိမိတ်ဆွေကခေါ်သွားတာပါ။ ဒိုဘီကုန်းမှာ မီးရှို့နေလို့ ဆိုင်ကယ်မောင်းပြီးထွက်ပြေးသွားတဲ့ ကျွန်တော့်မိတ်ဆွေ သားအဖနှစ်ယောက်ကို အကြမ်းဖက်လူတွေက ၀ိုင်းတားပြီး ရိုက်သတ်လိုက်တာ အဲဒီနေရာမှာပဲ သေသွားပါတယ်။ သူတို့ကို ၀ိုင်းရိုက်သတ်တာကို ကျွန်တော် ကိုယ်တိုင် မျက်စိနဲ့မြင်တာပါ။ အခုတော့ ကျွန်တော် ဒုက္ခသည်စခန်းမှာရောက်နေပါတယ်။”လို့ မိတ္ထီလာမြို့ခံ အကြမ်းဖက်ခံရမှု ဒုက္ခသည်တစ်ယောက်မှ M-Media ကို ပြောပြလာပါတယ်။
-
မိထ္တီလာမြို့နေ ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် (မတ်လ ၂၂ မနက် ၈ နာရီ)
မတ်လ ၂၂၊၂၀၁၃
M-Media
သတင်း- ၀ါးပင်လေးယနေ့နံနက်၈နာရီက မိထ္တီလာမြို့နေ ဒေသခံတစ်ဦးအား M-Media သတင်းထောက်မှ တိုက်ရိုက် အင်တာဗျူးခဲ့ပါသည်။
“ နန်းတော်ကုန်းရပ်ကွက်မှာ ကျွန်တော်နေတာပါ။ ကျွန်တော့်အိမ်ထဲမှာ ရှိတဲ့ အတွင်းပစ္စည်းတွေ အကုန်ထုတ်ပြီး မီးရို့ကြတယ်။ဆိုက်ကယ် ၂စီး၊နာရီ ပစ္စည်းသိုလှောင်ထားတာတွေလည်း အကုန်ကုန်ပါပြီ ဗျာ။ဘာမှကို မကျန်တော့ပါဘူး။ကျွန်တော်တို့ ရပ်ကွက်ထဲက မွတ်စလင်ဆိုင်ပဲ ရိုးရိုးလေး စားသောက်ဆိုင်လည်း အဖျက်ဆီး ခံလိုက်ရတယ်။ကျွန်တော့် မိန်းမနဲ့ ကလေးတွေကတော့ မန္တလေးဘက်ကို ထွက်ပြေးနိုင်ခဲ့ပါတယ်။ကျွန်တော်ကတော့ ကျွန်တော်အမေ ဆီးချိုအနာကြောင့် ခွဲစိတ် ရမှာမို့လို့ မိထ္တီလာပြည်သူ့ဆေးရုံကြီးမှာ အမေနဲ့အတူ ကျန်နေခဲ့ပါတယ်။ဆေးရုံကြီးထဲမှာတော့ ရိုက်ခွဲခံရလို့ရောက်လာတဲ့ လူတွေအများကြီးပဲ။ အများစုကတော့ မွတ်စလင်တွေကြီးပဲ အဲဒီမှာ ဘာသာခြား သုံးလေးယောက်ပါတယ်။ အများကြီးပဲ ခုလောလောဆယ် ကျွန်တော့် အတွက်ကတော့ ဆေးရုံကြီးထဲမှာ နေရတာ အပြင်မှာနေရတာထက်စာရင် ပိုပြီးလုံခြုံမူ ရှိပါတယ်။ မွတ်စလင်တွေကြီးပဲနေတဲ့ ရပ်ကွက်တွေမှာ ဆိုရင် လုံခြုံရေး ခုထိ လုံးဝ မရှိပါဘူး။ အဲဒီ ထဲမှာပဲ ပိတ်မိနေပြီး အိမ်မှာမနေရဲကြလို့ အကုန်လုံး တောတွေ လယ်ကွင်းတွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။သူတို့ အတွက် အကူအညီ လိုအပ်နေပါတယ် ခင်ဗျား” ဟု M-Media သို့ပြောသည်။
-
မိတ္ထီလာတွင် မွတ်စလင် ၃၅၀၀ ကျော်ပိတ်မိနေပြီး အကူညီမဲ့နေကြ
မတ်လ၊ ၂၁၊ ၂၀၁၃
M-Meida
မိတ္ထီလာမြို့၊ နန်းတော်ကုန်းနယ်မြေ၊ ရှိ ရပ်ကွက်ထဲမှာ ပိတ်မိနေတဲ့ မွတ်စလင်မ် အိမ်ထောင်စု (၃၀၀)ခန့် လူဦးရေ (၅၀၀)ကျော်ရှိနေပါတယ်။နေ့လည်ကတည်းက သံခေါင်းတွေခေါက်၊ လူတွေစုပြီးစီစဉ်နေကြတော့ ဘယ်မှ မထွက်ရဲတော့ပဲ ရပ်ကွက်ထဲမှာပဲ ပိတ်မိနေတာပါ။ ဖုန်းလည်း ဆက်စရာမရှိ။ ရေလည်းမရှိ စားသောက်စရာလည်း မရှိတဲ့ အခြေအနေကို ရောက်နေပါတယ်။ လူ(၅၀၀)ကျော်မှာ ကလေး(၁၀၀)နီးပါး၊ အမျိုးသမီးနဲ့သက်ကြီးရွယ်အို (၂၀၀)လောက်ရှိပါတယ်။ မြို့ထဲမှာတော့ စစ်တပ်ချထားတယ်လို့ကြားပါတယ်။ ကျွန်တော်တို့လည်းအပြင်မထွက်ရဲကြတော့ မျက်မြင်တွေ့ရတာတော့မဟုတ်ပါဘူး။ သူများပြောသံကြားတာပါ။ အိမ်ထဲက အပြင်မထွက်ကြပဲ နေနေတော့ အခုထိတော့ ထိခိုက်ဒဏ်ရာမရှိပါဘူး။ ဒါပေမယ့် စားသောက်စရာနဲ့ ရေမရှိတော့ ဒုက္ခရောက်နေရပါတယ်”လို့ ရပ်ကွက်ထဲမှာ ပိတ်မိနေသူက ပြောပြပါတယ်။
နန်းတော်ကုန်းနယ်မြေ၊ မှာလည်း အလားတူ ပိတ်မိနေကြတဲ့ မွတ်စလင်မ်တွေ ရှိနေပါတယ်။ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအ၀င် မိသားစု(၆၀၀)ကျော်ပြီး လူဦးရေ(၂၀၀၀)ကျော်ရှိနေပါတယ်။ အပြင်လည်း ထွက်ခွင့်မရလို့ စားရေးသောက်ရေး ဒုက္ခရောက်နေပါတယ်။ လုံခြုံရေးလည်းမရှိ၊ မီးသတ်ကားလည်းမရှိပါဘူး။ ဘာသာခြားတွေကတော့ တခြားဒေသကို ထွက်သွားလိုက်ကြပါပြီ။ သူတို့က မိသားစု(၃၀)လောက်ပဲရှိကြတော့ သူတို့မိသားစုတွေရှိတဲ့ ရွာတွေကို ထွက်သွားလိုက်ကြပါတယ်။ အခုက မွတ်စလင်မ်တွေပဲ ကျန်နေတော့တယ်။ နေ့လည်ကတော့ တချို့ကလည်း ကိုယ့်ကိုယ်ကို ပြန်လည် ခုခံကာကွယ်ဖို့အတွက် ပြင်ဆင်နေကြတာလည်းရှိတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးမဲ့ အားနည်းနေတော့ အခုလို ဖြစ်နေရတယ်။ ၁၀-တန်းစာမေးပွဲဖြေဖို့အတွက် ခက်ခဲနေရတယ်။ မနက်ဖြန်ဆို စာမေးပွဲဖြေမယ့်ကလေးတွေ ဘယ်လိုလုပ်ကြမလဲ။ ရဲစခန်းကိုလည်း ဆက်သွယ်လို့မရဘူး။ ဆက်သွယ်ရေးလည်းဖြတ်တောက်ခံထားရတယ်။ ကျွန်တော်တို့တွေဟာ အားလုံးသောညီအစ်ကို မောင်နှမတွေပါ။ ဒီမြေမှာ တစ်မြေတည်းမွေးဖွားကြီးပြင်းလာကြသူတွေပါ။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့က ဥပဒေမဲ့ အကာအကွယ်မဲ့ဘ၀ကို ရောက်နေရတယ်။ အများစုဒုက္ခရောက်မှမဟုတ်ပဲ တရားဥပဒေစိုးမိုးရေးကို အချိန်အခါနဲ့ လုပ်စေချင်ပါတယ်ဗျာ။”လို့ ပိတ်မိနေသူတစ်ဦးမှလည်း M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။
“မိတ္ထီလာရဲစခန်းနဲ့ ဆေးရုံက အကူအညီတောင်းပါတယ်။ ရဲစခန်းမှာ (၁၂၇)ယောက်၊ ဆေးရုံမှာ (၉၀)ယောက် မွတ်စလင်မ်တွေဖြစ်လို့ သူတို့အနေနဲ့ ထမင်းဟင်းကျွေးဖို့ အဆင်မပြေတာကြောင့် မိတ္ထီလာ ရဲစခန်းကတဆင့် မန္တလေးတိုင်းရဲစခန်းကနေ ဖုန်းဆက်လာပါတယ်။ အဲဒီ မွတ်စလင်မ်တွေရယ် ဘောလုံးကွင်းထဲမှာရောက်နေကြတဲ့ လူ(၁၀၀၀)ကျော်ရယ်အတွက် စားသောက်ဖို့အတွက် စီစဉ်ပြီးကျွန်တော်တို့ ပို့ပေးပါမယ်။”လို့ ဒုက္ခသည်များအား ကူညီရန်စီစဉ်နေသူ တစ်ဦးမှ ပြောပြလာပါတယ်။
Photo ရာဇာဓိ ရာဇာ FB
-
မိတ္ထီလာ အကြမ်းဖက်မှု့ကြောင့် ဘာသာရေး စာသင်ကျောင်းမှ ဆရာနှင့်ကျောင်းသား ၃၂ ဦး သေဆုံး
မတ်လ ၂၁၊ ၂၀၁၃
M-Mediaမိတ္ထီလာ အကြမ်းဖက်မှု့ကြောင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ဆရာ ၄ ယောက်နှင့် ကျောင်းသား ၂၈ ယောက် ကွယ်လွန်သေဆုံးသွားခဲ့ကြောင်းကိ
ု ခိုင်လုံတဲ့သတင်းပေးချက်အရ သိရှိရပါတယ်။ အဆိုပါ ဆရာနှင့်ကျောင်းသားများမှာ မင်္ဂလာဇေယျုံရပ်ကွက် မှ ဆရာနှင့်ကျောင်သားများဖြစ်ကြပြီး ယမန်နေ့ မတ်လ ၂၀ ရက်နေ့ ညပိုင်းမှ စတင်ပြီး အဆိုပါကျောင်းအား အကြမ်းဖက်သများမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိရောက်သည့်ကာကွယ်မှုများ မပေးခဲ့ကြောင်း ၊ ယမန့်နေ့ည ၁၁ နာရီ ခွဲမှ စတင်ပြီး မတ်လ ၂၂ ရက်နေ့ မနက်အထိ သက်ဆိုင်ရာ အာဏာပိုင်များကို အဆိုပါ မိးရှို့ခံနေရသည့် ကျောင်းမှ ကလေးငယ်များနှင့် ဆရာများ၏ အသက်အန္တရယ်ကို ကယ်တင်ပေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့ များမှ အကြိမ်များများစွာ ကြိုးစားခဲ့သော်လဲ ထိေ၇ာက်သည့် ကာကွယ်မှုများ မပေးခဲ့ကြောင်း ယနေ့ မနက်ပိုင်းတွင် အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုကြောင့် အဆိုပါကျောင်းမှ ဆရာ(၄) ယောက်နှင့် ကျောင်းသား ကလေးငယ် ၂၈ ယောက် ကွယ်လွန်သွားခဲ့ကြောင်းသိရှိပါသ
ည်။ မိထ္ထီလာမြို့မှ ဗလီဝတ်ကျောင်းတော်နှင့် မွတ်စလင်မ်အိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်
ဓါတ်ပုံ -ရာဇာဓိ ရာဇာ FB