News @ M-Media

Blog

  • နယ်ကျော်မှုဖြင့် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရန် ပြည်မြို့မှတဆင့် ပဒါန်းရဲစခန်း ပို့ဆောင်

    ဇန်န၀ါရီ – ၁၅ ၊ ၂၀၁၃
    ပြည်မြို့
    ဆောင်းနှင်းမှုံ

    1
    ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖများမှ  ဒုက္ခသည်ရိုဟင်ဂျာများကို ညစာ ကျွေးမွေးရန် စီစဉ်နေစဉ်

    ကော့သောင်းတွင် အဖမ်းခံရသည့် ရိုဟင်ဂျာ ၈၅ ယောက်သည် ၁၄ ရက်နေ့ ညနေ ၅ နာရီက ရန်ကုန် သာကေတ ဆိပ်ကမ်းမှ  အသင့်စီစဉ်ထားသည့် ပြည်-ကျိုက်ထီးရိုး-မော်လမြိုင် ခရီးစဉ် ကားဖြစ်သည့် မျိုးဆက်သစ်/ဘုန်းမြတ်ပိုင် ကားများဖြင့် ပြည်မြို့ သို့ ည ၁၁ နာရီ အချိန်တွင် ရောက်ရှိကြောင်း သတင်းရရှိသည်။

    ပြည်မြို့ လ၀ကရုံးတွင် ထားရှိပြီး ပြည်မြို့ ဒေသခံ မြို့မိမြို့ဖများမှ ညစာ ကျွေးမွေးခဲ့ကြသည်။ ပြည်မြို့မှ အစ္စလာမ် ဘာသာဝင် မြို့မိမြို့ဖ အားလုံးနီးပါက တတ်နိုင်သမျှ သဒ္ဒါအားဖြင့် အိပ်အသစ် တစ်လုံးထဲတွင် လူတစ်ဦးကို စောင်တစ်ထည် အ၀တ်ထည်များ အနွေးထည် တစ်ထည် ခေါက်ဆွဲကြော်တစ်ပွဲ ငွေသား၆၀၀၀ ဆီ ပေးခဲ့ကြောင်း ပြည်မြို့ဒေသ ခံ တစ်ဦးဖြစ်သည့် အောင်အောင်အလ်အေ ပေးပို့သောသတင်းများမှ သိရှိရသည်။ ပြည်မြို့မှ  ပဒါန်းရဲစခန်း သို့ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

    “ကျွန်တော်တို့ ပြည်မြို့ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖ တွေက ပဲ သူတို့သွားဖို့ ၁၀ဘီးကား စီစဉ်ပေး တာပါ။ ကျွန်တော်တို့အခု ပြည်မှာ တအားအေးနေပါတယ်၊ အဲဒီအတွက် တစ်ခါတည်း ဒုက္ခသည်တွေကို အနွေးထည်တွေ ပေးလိုက်တဲ့အချိန်တည်းက သူတို့ကို တစ်ခါတည် ၀တ်ခိုင်းလိုက်ရပါတယ်၊ ပြီးတော့ သူတို့သွားမည့် ခရီးတစ်လျှောက်မှာ အေးတဲ့ရာသီဥတု ဒဏ်ကိုခံနိုင်အောင် ကားပေါ်မှာ ကတ်ထူတွေ တစ်ခါတည်းခင်းပေးလိုက်ပါတယ်” ဟု ပြည်မြို့ခံ မွတ်စလင်မ်တဦး မှ M-Media သို့ပြောကြားသည်။

    စစ်တွေ မြို့ သဲချောင်း ဒုက္ခသည် စခန်းမှ ပင်လယ်ခရီးကို စက်လှေဖြင့် ဖြတ်သန်းပြီး ပြည်ပသို့ထွက်ပြေးလာသည့် ရိုဟင်ဂျာ မွတ်စလင်မ် (၈၅) ယောက်ကို ကောသောင်းတွင် အာဏာပိုင်အဖွဲ့အစည်းများမှာ နယ်ကျော်ပုဒ်မဖြင့် ဖမ်းပြီး နေရပ်ဒေသသို့ပြန်ပို့ခြင်းဖြစ်သည်။ အခြား ၁ ဦးမှာကလေးမြို့သို့ ဝင်ရောက်လာသူဖြစ်ပြိး နယ်ကျော်ပုဒ်မ ဖြင့် အဖမ်းခံရခြင်းဖြစ်သည်။

    ၁၄ရက်နေ့ညက ထိုဒုက္ခသည် ၈၆ယောက်သည် ပြည်မြို့ လ၀က ရုံးတွင် တစ်ညအိပ် ခဲ့ပြီး ယနေ့မနက် ၆နာရီက ပြည်မြို့မှ  ပဒါန်းရဲစခန်း သို့ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ ထိုမှ တဆင့် ၄င်းတို့ နေရပ်ဇာတိ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည် ဟု သတင်းရရှိသည်။

    9
    ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင် မြို့မိမြို့ဖများမှ ဒုက္ခသည်ရိုဟင်ဂျာများကို ညစာ ကျွေးမွေးရန် စီစဉ်နေစဉ်
    8
    ပြည်မြို့ခံ အစ္စလာမ်ဘာသာဝင်များမှ ဒုက္ခသည် ရိုဟင်ဂျာများကို လှူဒါန်းလိုက်မည့် အလှူပစ္စည်းများ
    သာကေတဆိပ်ကမ်းမှ အဝေးပြေးကားဖြင့် ပြည်မြို့သို့ ထွက်ခွါမည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်
    သာကေတဆိပ်ကမ်းမှ အဝေးပြေးကားဖြင့် ပြည်မြို့သို့ မထွက်ခွါခင် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်
  • တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (တတွဲ) ကို ဇန်န၀ါရီ ၁၈ ရက် ထွက်မည်။

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (တတွဲ) ကို ဇန်န၀ါရီ ၁၈ ရက် ထွက်မည်။

    ဇန်န၀ါရီလ – ၁၅၊ ၂၀၁၃
    M-Media
    ဆောင်းနှင်းမှုံ
    famous muslim author by dr aung zaw
    ပါမောက္ခ ဒေါက်တာ အောင်ဇော် ရေးသားသော တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ  (တတိယတွဲ) ကို ဇန်န၀ါရီလ ၁၈ရက် သောကြာနေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် အမှတ်၁၈၃၊ ပထမထပ်၊ ဗိုလ်ဆွန်ပတ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ မှ ထုတ်ဝေဖြန့်ချီသွားမည် ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၁-၂၅၂၆၀၈၊ ၃၈၉၇၈၆ သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း သတင်းရရှိသည်။

    ဒေါက်တာ အောင်ဇော်မှ တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အကြောင်းကို ထွက်ရှိပြီးသည့် စာအုပ် များမှာ ကွယ်လွန်သွားပြီးဖြစ်သော ဆရာကြီးများ၏ အတ္ထုပတိ များကိုသာ ရေးသားခဲ့ကြောင်းသိရသည်။ သက်ရှိထင်ရှား ကျန်ရှိနေသေးသော တိုင်းရင်းမွတ်စလင် စာပြုစာဆိုများ၏ မှတ်တမ်း စာအုပ် ဆက်လက်ရေးသားရန် စီစဉ်လျက်ရှိပြီး မှတ်တမ်းရယူရန် ၄င်းတို့ ထံမှာ ခွင့်ပြုချက်များတောင်းခံထားကြောင်း သတင်းရရှိပါသည်။

     

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ  (ပထမတွဲ)
    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ပထမတွဲ)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ  (ပထမတွဲ) တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်ကျော်တို့ အကြောင်းများပါဝင်သည်။

    ၁။ စာဆိုတော် ရွှေတောင်သာဂသူ ဦးနု
    ၂။ ဗဒုံမင်းလက်ထက် သာသနာပိုင်သခင်ကြီး
    ၃။ မိုးဆုပန် ဆရာတော်ကြီး
    ၄။ တေးထပ်ကပြောသော မြင်းခံတော်
    ၅။ စာဆို ဦးရွှေတောင်
    ၆။ စာတော်ဖတ် ဦးဖိုးလှ
    ၇။ ပျို့ဆရာကြီး ဟာဂျီ ဖော့
    ၈။ မြတ်ဆုရလင်္ကာ စာဆို ဟာဂျီ မှန်
    ၉။ လက်စွဲတော် ခုံမင်း မောင်ရွှေပု
    ၁၀။ ခေါင်မင်း သိဒ္ဓိနရာ ဦးရစ်ကြီး
    ၁၁။ ပန်းဝါနွယ် ဦးပွင့်
    ၁၂။ ခလီဖွာ သခင်ကြီး ဦးပု
    ၁၃။ ဓမ္မ၀ါစက သခင်ကြီး ရှေဟာဘွတ်ဒင်
    ၁၄။ အဋ္ဌကထာ ပညာရှင် ဟာဂျီ လူ
    ၁၅။ အသုံးတော်ခံ စာဆိုတော် ဦးဘိုးအို
    ၁၆။ ဇီဝကကြီး တစ်ဆူ ဟာဂျီဖြူ
    ၁၇။ ၀တ္ထုတော်ကြီး ဆရာ ဦးဖိုးခင်
    ၁၈။ ခလီဖွာ ဦးမြစ်
    ၁၉။ ဒေါက်တာ အက်စ် အေ ရာမန် ဖိုးသာဇံ
    ၂၀။ ဥပဒေကျမ်းပြု ဦးရွှေယွန်း
    ၂၁။ ပညာရှင် မောင်လာနာ ရှမ္မစွတ်ဒင် အမီနီ
    ၂၂။ ရာဇ၀င် ၀တ္ထုဆရာ မောင်ကာစင်
    ၂၃။ ရွေးလက်ျာဆက် ပဏ္ဍိတ ဆရာသီ
    ၂၄။ သမိုင်းကျမ်းပြု ဦးမြ
    ၂၅။ ဂီတပညာရှင် ဒေ၀ဣန္ဒာ မောင်မောင်လတ်
    ၂၆။ သုတေသီ ကျောင်းအုပ်ကြီး ဆရာကြီးခွာ
    ၂၇။ကျောင်းအုပ်ကြီး ဆရာကြီးပုံ

    famous muslim author 2 by dr aung zaw

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ  (ဒုတိယတွဲ) တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်ကျော်တို့ အကြောင်းများပါဝင်သည်။

    ၁။ သွေးသောက်ကြီးဇေယျာရန်ကင်း ဦးတုံးဖြူ
    ၂။ ကင်းတားကုလားပျို ဗိုလ်ပို
    ၃။ မြန်မာ့ဘာဏုရာဇာမောင်လာနာ
    ၄။ ၀ိပဿနာကျမ်းပြုဆရာရှိုက်အစ္စမာအိလ်
    ၅။ အလင်္ကာကျော်စွာ ဘိလပ်ပြန်ဆရာညိန်း
    ၆။ ဘာသာပြန်ဝတ္ထုဆရာ အမူကြင်
    ၇။ မြန်မာစာညွန့်ပေါင်းကျမ်းအဖွဲ့ဝင် ဦးလှဒင်
    ၈။ လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့် ပုဂ္ဂိုလ် ဟာဂျီဦးဘအို
    ၉။ ပဉ္စရူပံ ဦးခ
    ၁၀။ မြိုင်ဆိပ်က မအန၀ီ
    ၁၁။ နိုင်ငံကျော်ဓမ္မကထိက ၀ဏ္ဏကျော်ထင်ဟာဖိဇ်ဟစံရှား
    ၁၂။ ပါဠိပါမောက္ခကြီး အဟ်မဒ်ကာစင်
    ၁၃။ ကာတွန်းဝိဇ္ဇာ ၊ ဒါရိုက်တာ သရုပ်ဆောင်ဦးဘကလေး
    ၁၄။ ပါမောက္ခချုပ်ဆရာကြီး ဦးကာ
    ၁၅။ မွဖ်သီဟာဂျီအဗ္ဗဒွလ်စွတ်ဗဟန်
    ၁၆။ သီချင်းကြီးအဆိုကျော် ဦးအလီ (ဒဂုန်မောင်ကြီး)
    ၁၇။ အိုလမာအဖွဲ့ ကနဦးဘာသာပြန်ဆရာ
    မောင်လာနာ ရဟ်မတွလ်လာ
    ၁၈။ သီရိပျံချီဦးဘစိန်
    ၁၉။ အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်
    ၂၀။ ဓမ္မကထိကဆရာသိန့်
    ၂၁။ သုတေသီအမတ်မင်းဦးဘိုးခိုင်
    ၂၂။ ကဗျာစာဆို ဦးပု (ဖြူး)
    ၂၃။ စွယ်စုံအနုပညာရှင် ရတနာပုံမောင်စု
    ၂၄။ မိုးကျဗလီရှေ့ဆောင် မုဖ်သီမုဟမ္မဒ်စွလေဟ်အမီနီ
    ၂၅။ ဦးဘရှီးအောင်ကျော်
    ၂၆။ သီရိပျံချီ ဦးဘသောင်း
    ၂၇။ အန်ဆွာရီဖခင်ကြီး ဆရာကြီး ဦးအဟ်မဒ်
    ၂၈။ ဂိုဏ်းချုပ်ဆရာကြီး ဆာလေကိုတ၀လ်
    ၂၉။ တော်ဝင်စာပေအဖွဲ့ဝင် ဦးဘသော်
    ၃၀။ ရာဇ၀င်သုတေသီ ရွှေဘိုဦးဘဦး
    ၃၁။ စာပေဥယျာဉ်မှူး ဆရာဒဂုန်သိန်း
    ၃၂။ ဆရာကြီး အဲမ်အီဘရာဟင်
    ၃၃။ မဟာသရေစည်သူ ဦးဖေခင်
    ၃၄။ မောင်လာနာMAဂနီ
    ၃၅။ တောင်တွင်းကြီး ဟာဂျီ
    ၃၆။ နိုင်ငံဂုဏ်ရည် ပထမဆင့် ဆရာချယ်
    ၃၇။ တော်ဝင်သမိုင်းပညာရှင် ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်
    ၃၈။ ကမ္ဘာ့အလင်းဆရာနူးရ်
    ၃၉။ စီအေ ဦးဗလွင်
    ၄၀။ ဆရာကြီး ဦးဃနီ (ဓူဝံ)
    ၄၁။ ဆရာဦးကို
    ၄၂။ ပီကင်းပြန် ခြင်းဦးဘသိန်း
    ၄၃။ အိုလမာအဖွဲ့ဥက္ကဋ္ဌကြီး အိဗ်ရာဟင်မ် အဟ်မဒ် မဇွာဟေရီ
    ၄၄။ သီရိပျံချီ ဆရာ ဃာဇီ မုဟမ္မဒ်ဟာရှင်
    ၄၅။ နိုင်ငံဂုဏ်ရည် ပထမဆင့် ဗိုလ်မှူးကြီး တင်စိုး
    ၄၆။ မောင်လာနာ ကာရီ မက္ကဆူဒ်အဟ်မဒ်ခန်း ဦးခင်မောင်ကြီး
    ၄၇။ ဓာတုဗေဒပါမောက္ခ ဆရာ ဦးအောင်ခင်
    ၄၈။ ပါလီမန်အမတ် ဒေါ်အေးညွန့်
    ၄၉။ ဘာသာပြန်မှူး မော်လ၀ီ နူးရ်မုဟမ္မဒ်ဦးခင်ရွှေ
    ၅၀။ မောင်လာနာ ဖရီဒွတ်ဇမာန်းဦးသိန်းမောင်
    ၅၁။ သုတေသီ စာဆို ဇာလီရှင်
    ၅၂။ စာရေးဆရာ သမိုင်းသုတေသီ ပသီ ဦးကိုကိုလေး

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ  (တတိယတွဲ) တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်ကျော်တို့ အကြောင်းများပါဝင်သည်။

    ၁။ ဟာဂျီရှိုက်(ခ) အဗ်ဒုလ် အဇီးဇ် (ခ)ဟာဂျီဦးကို
    ၂။ သံလမ်းအဒါကြီး ဟာဖိဇ်ယူနွတ်စ် ဦးဘဒင်
    ၃။ ၀တ်လုံတော်ရ မစ္စတာ စီ၊ အေ ဆူးရ်မား B.A., L.L.M Bar at Law (London)
    ၄။ ကုရ်ဘာသာပြန်အဖွဲ့ဝင် ၀တ်လုံတော်ရ
    မစ္စတာမီးရ်စူလိုင်မာန် M.A., B.L
    ၅။ အမိန့်တော်ရမင်း ဦးခင်စိုး (သာစည်)
    ၆။ ဆရာမကြီးဝဏ္ဏ္ဏကျော်ထင် ဟာဂျီမ ဒေါ်စောရွှေ
    ၇။ ခလီဖွာ ဦးကိုကို
    ၈။ တရားရုံးချုပ်ရှေ့နေ ဒိုင်ဂျက်ဦးလှအောင်
    ၉။ အစ္စလာမ်ပေါင်းချုပ် ဦးထွန်းကြွယ်
    ၁၀။ ကျောင်းအုပ်ဆရာကြီးဦးသန်းဖေ
    ၁၁။ နိုင်ငံကျော်ဓမ္မကထိက မော်လ၀ီ တွာဟီရ် ဦးဘသွင်
    ၁၂။ ရှိုက်ခုလ်ဟဒီးဆ် မောင်လာနာ မုဟမ္မဒ်ဗရှီရွလ္လာဟ် ဦးဗရှင်
    ၁၃။ ကမ္ဗောဇငွေနှင်း
    ၁၄။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ဒုတိယဆင့် ဟာဂျီ ၀မ်းအိုဝမ်း ဦးကျော်ဝင်းမောင်
    ၁၅။ မနုဿဗေဒဌာနမှူး ဒေါ်ခင်ခင်စု
    M.A Dip in Journalism
    ၁၆။ တက္ကသိုလ်နန္ဒမိတ်
    ၁၇။ လက်ဝှေ့ကျော် ကျားဘညိမ်း
    ၁၈။ ဘာသာပြန် ဆရာချစ်ညို
    ၁၉။ အနုပညာရှင် စာဆို သီရိ ကိုလေး
    ၂၀။ ဓမ္မဗိမာန် ဗိသုကာကြီး ဟာဂျီဦးဘချစ်
    ၂၁။ ဆရာဦးတင့်ဆွေ (သဇင်)
    ၂၂။ ဓမ္မဗိမာန်မိခင်ကြီး ဟာဂျီမဒေါ်မြမြတင် B.Sc
    ၂၃။ သမိုင်းပညာရှင် ဒေါက်တာဒေါ်ရီရီ Ph.D (London)
    ၂၄။ မောင်သော်က (ဗိုလ်မှူးဘသော်)
    ၂၅။ မန်းအောင်သိန်း (မန်းသူရိယ)
    ၂၆။ ဒေါက်တာလဲ့လဲ့ဝင်း M.B.B.S (Ygn). O(Obst). RCOG (London)
    ၂၇။ ရှိုက်ခွလ်အစ္စလာမ် ဥက္ကဋ္ဌကြီး ဟာဂျီ ဦးသိန်း
    ၂၈။ တက္ကသိုလ်ကျော့ရှင်း
    ၂၉။ မဟာဝင် မောင်မောင်ခင် (မန်း)
    ၃၀။ တက္ကသိုလ် မောင်လှသူ
    ၃၁။ ရာပြည့် ခလီဖွာ မောင်မောင်ကြီး
    ၃၂။ စစ်ကိုင်း အေးလွင်
    ၃၃။ တက္ကသိုလ် ခင်မောင်မက်
    ၃၄။ စီးပွားရေးပညာရှင် ပါမောက္ခ ဟာဂျီ ဒေါက်တာ တင်စိုး
    ၃၅။ စာရေးဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာ ဦးကံချွန်

  • ကော့သောင်းတွင် အဖမ်းခံသည့် ရိုဟင်ဂျာ ၈၅ ယောက် နေရပ်ပြန်ပို့ရန် ရန်ကုန်သို့ရောက်

    ကော့သောင်းတွင် အဖမ်းခံသည့် ရိုဟင်ဂျာ ၈၅ ယောက် နေရပ်ပြန်ပို့ရန် ရန်ကုန်သို့ရောက်

    ဇန်နဝါရီ ၁၄၊ ၂၀၁၃
    M-Media
    ဆောင်းနှင်းမှုံ

    1

    ကောသောင်းမြို့တွင် အဖမ်းခံရသော စစ်တွေ သဲချောင်း ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်ပြေးခဲ့သည့်  ရိုဟင်ဂျာ ဒုက္ခသည် ၈၅ ယောက်ကို မူရင်းနေရပ်သို့ ပြန်ပို့ရန် မြစ်ကြီးနားသဘောင်္ဖြင့် ဇန်န၀ါရီလ ၁၄ရက်နေ့ ညနေ ၃နာရီကျော်တွင်  သာကေတ ဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။ သင်္ဘောဆိုက်ရောက်လာသည်နှင့် ဆိပ်ကမ်းပေါ်သို့ တန်းစီ ထိုင်ခိုင်းပြီး အစီအစဉ်တိုင်း ကားပေါ်တက်စေသည်။ အသင့်စီစဉ်ထားသည့် ပြည်-ကျိုက်ထီးရိုး-မော်လမြိုင် ခရီးစဉ် ကားဖြစ်သည့် မျိုးဆက်သစ်/ဘုန်းမြတ်ပိုင် ကားများဖြင့် ညနေ၅နာရီ ကျော်တွင် ပြည်မြို့ သို့ ပို့ဆောင်မည် ဖြစ်ကြောင်း ပြည်မြို့ဒေသ ခံ တစ်ဦးဆီမှ  စုံစမ်းသိရှိရသည်။ ပြည်မှ တဆင့် ၄င်းတို့ နေရပ်ဇာတိ ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည် ဟု သတင်းရရှိသည်။

    ရိုဟင်ဂျာ ဒုက္ခသည် ၈၅ ယောက်တွင် အသက် ၁၈ နှစ် အထက် ၃၆ ယောက် ပါဝင်ပြီး အသက် ၁၈ အောက်ကလေး ၄၉ ယောက်ပါဝင်ကြောင်း၊( လသားအရွယ် ကလေး ၁ ဦး၊ အသက် ၂ နှစ်မှ ၅ နှစ် ကြား ကလေး ၄ ဦးပါဝင်) ပါဝင်ကြောင်း သိရှိရပါသည်။

    စစ်တွေသဲချောင်းဒုက္ခသည် စခန်းကနေ ပြည်ပနိုင်ငံသို့ စက်လှေဖြင့် ထွက်ပြေးလာစဉ် ကော့သောင်းမြို့ သိရိမြိုင် ရက်ကွက်သို့ စက်လှေဖြင့်ရောက်ရှိစဉ် ဇန်နဝါရီ ၂ ရက်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါသည်။

    အဆိုပါ ရိုဟင်ဂျာဒုက္ခသည် ၈၅ ယောက်ကို ကော့သောင်းမှ မြိတ်သို့ ဇန်နဝါ၇ီ ၁၁ ရက်နေ့က ပို့ဆောင်ပြီး မြိတ်မြို့မှ တဆင့်မြစ်ကြီးနားသဘောင်္ ခရီးစဉ် အမှတ်(၀၂၈)ဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

    OLYMPUS DIGITAL CAMERA  2

    OLYMPUS DIGITAL CAMERA

    3

    OLYMPUS DIGITAL CAMERA

    M-Media-001

  • ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

    ဟာလီမာယာကွဘ် စင်ကာပူနိုင်ငံ၏ ပထမဆုံး အမျိုးသမီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာ

    ဇန်နဝါရီ ၁၄ ၊ ၂၀၁၃
    M-Media

    Mdm Halimah Yacob

    Madam Halimah Yacob  သည် စင်ကာပူ၏ ပထမဆုံး အမျိုးသမီး လွှတ်တော်ဥက္ကဌဖြစ်လာခဲ့ပြီး တနင်္လာနေ့ နေ့လည်မှစ၍ လွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

    သူမသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးတာဝန်မှ တနင်္ဂနွေနေ့က နှုတ်ထွက်ခဲ့လေသည်။ လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရာထူးမှ နှုတ်ထွက်သွားခဲ့သော People’s Action Party ၏ ပါတီဝင်ဟောင်း Mr Michael Palmer ၏ နေရာကို တာဝန်ယူထမ်းဆောင်ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန် ၀န်ကြီးချုပ် Lee Hsien Loong  က အမည်စာရင်းတင်သွင်းခဲ့သည်။

    လွှတ်တော်အတွင်း သူမ၏ ကိုယ်ပိုင်ပုံစံဖြင့် ပြောင်းလဲမှုလုပ်မည်ဟု  Channel News Asia သို့ အစောပိုင်းက ပြောကြားထားခဲ့သည်။

    “လွှတ်တော် ဥက္ကဌနေရာဆိုတာ လုပ်ငန်းဆောင်တာတွေကို ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း အလုပ်တွေအများကြီးလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ (လွှတ်တော်က) လူတိုင်းဟာ လွှတ်တော်ရဲ့ အဆင့်အတန်း၊ သြဇာတိက္ကမနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ နေရာကနေ ပါဝင်နေလို့ပါပဲ။ ဒါဟာ သိပ်ကိုအရေးကြီးပါတယ်။” ဟု သူမကဆိုသည်။

    ယခင် Madam Halimah  တာဝန်ယူခဲ့သည့် လူမှုရေး နှင့် မိသားစုဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး နေရာတွင် မည်သူ တာဝန်ယူမည်ဆိုသည်ကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပေ။

    သို့ရာတွင် Madam Halimah  ကအဆိုပါတာဝန် ထမ်းဆောင်ရန်အတွက် လုံလောက်သော စိတ်အားထက်သန်မှု ရှိရမည်ဟု ဆိုသည်။

    “အဲဒီ အလုပ်ကိုလုပ်ဖို့အတွက် စိတ်ဝင်စားတဲ့၊ စိတ်ဓာတ်ထက်သန်တဲ့လူမျိုး လိုအပ်ပါတယ်။ ဒီအလုပ်ဟာ အစီအစဉ်တွေ ချမှတ်ရုံတင် မဟုတ်ပါဘူး။ အလုပ်ကိုချစ်ရမယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်း လူတွေကိုချစ်ရပါမယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ မိသားစု အကျိုးဆောင်အဖွဲ့တွေ၊ လူမှုအကျိုးပြု အဖွဲ့တွေ၊ အများအကျိုးဆောင်ရွက်သူတွေ၊ စေတနာ့ဝန်ထမ်းတွေ စသဖြင့် ဆက်သွယ်ဆောင်ရွက်ရပါတယ်။ အဲဒီလူတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။” ဟု သူက ရှင်းပြခဲ့သည်။

    သူမနှစ်သက်သည့် လူမှုရေးလုပ်ငန်းဆောင်တာများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

    “ဒီလုပ်ငန်းဟာ ကျမ ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်တဲ့ လုပ်ငန်းတစ်ခုပါ။ လိုအပ်နေသူတွေ၊ နွမ်းပါးသူတွေ၊ ဆင်းရဲသားတွေကို  ကူညီရင်းနဲ့ လူမှုရေးအခန်း ကဏ္ဍတွေမှာ ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမှာပါ။ MSF မှာ ကျမ လုပ်ဆောင်ခဲ့တဲ့၊ ကျမနှစ်သက်တဲ့ နယ်ပယ်က အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဒါဟာ အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဆက်လက်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။” လို့ ဟလီမာ ယာကွဘ်က ပြောကြားပါသည်။

    ဟာလီမာယာကွဘ် ဟာ စင်္ကာပူ နိုင်ငံသမိုင်းတလျှောက် လွှတ်တော်ဥက္ကဌ ရာထူးတွင် ရွေးချယ်ခံရသော ပထမဆုံး အမျိုးသမီးစာရင်းဝင်သွားပြီ ဖြစ်သည်။

    ကိုးကား Channel News Asia