ဇန်နဝါရီ ၃၀ ၊ ၂၀၁၃
M-Media
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရသူများအတွက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် ဒေါ်လာ ၄.၂ သန်း ကူညီပေးကြောင်း ယနေ့ ဇန်ဝါရီ လ ၃၀ ရက်နေ့ နေ့စွဲဖြင့် ရန်ကုန်မြို့ရှိအမေရိကန် သံရုံးမှ ကြေငြာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အလှူငွေ ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က ပေးခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လမှ စပြီး ၇ခိုင်ပြည်နယ်သို့ အမေရိကန်နိုင်ငံက ပေးသည့် လှူဒါန်းငွေမှာ ဒေါ်လာ ၇.၂၉ သန်းရှိသွားပြီဖြစ်ကြောင်း ကြေငြာချက်မှာ ဖော်ပြပါရှိသည်။
ယခုထပ်မံပေးအပ်သည့် အကူအညီကို ဒုက္ခသည် ၁၁၅၀၀၀ အတွက် ၂ လခွဲစာ စားသောက်ကုန်များ၊ ဒုက္ခသည်များလက်ထဲသို့ အသက်ကယ်အကူအညိများ ထိရောက်စွာဖြန့်ဖြူးနိုင်ဖို့ ထောက်ပံ့ပိုဆောင်ရေး၊ ပဋိပက္ခဒဏ်ခံ မိသားစု ၂၀၀၀ အတွက် အခြေခံ အိမ်ထောင်သုံးပစ္စည်းများ၊ အမျိုးသမီးနှင့် ကလေးများတကိုယ်ရေ သန့်ရှင်းရေး နည်းစဉ်မြှင့်တင်ရေး အကူအညီများပါရှိကြောင်း ကြေငြာချက်မှာ ဖော်ပြပါသည်။
အဆိုပါအကူအညီများကို လူမျိုးဘာသာမခွဲခြားဘဲ ဒုက္ခရောက်နေသူ မည်သူကိုမဆို အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ ၄ဖွဲ့မှ တဆင့် ပေးပို့မည်ဖြစ်ကြောင်း ပါရှိသည်။




အမေရိကန် သံအမတ်ကြီး Derek Mitchell တို့၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့စဉ်က
Ref: U.S. Embassy Rangoon


Leave a Reply
You must be logged in to post a comment.