News @ M-Media

Blog

  • မြေပုံတွင် မွတ်စလင်များ ရိက္ခာပြတ်၊ အကြမ်းဖက်မှုများကို ရဲမှူး ကိုယ်တိုင် လုပ်ဆောင်နေ

    မြေပုံတွင် မွတ်စလင်များ ရိက္ခာပြတ်၊ အကြမ်းဖက်မှုများကို ရဲမှူး ကိုယ်တိုင် လုပ်ဆောင်နေ

    အောက်တိုဘာ၊ ၂၄ ၊ ၂၀၁၂
    M-Media
    သတင်း-ထွန်းတောက်

    မြေပုံတွင် စစ်တပ်ရောက်ရှိနေပြီဖြစ်သော်လည်း မွတ်စလင်မ်များမှာ စားရေရိက္ခာ မရှိဖြစ်နေသည်။ ပြည်နယ်ဒေသဆိုင်ရာ အာဏာပိုင်များမှလည်း မည်သို့မှ ကူညီပေးမှုမရှိတာကြောင့် မွတ်စလင်မ်များ ရိက္ခာပြတ်လတ်ပြီး အသက်ဆုံးတော့မည် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်တာကြောင့် ပြည်နယ်အစိုးရက မွတ်စလင်မ်တွေကို အရှင်လတ်လတ် သေခိုင်းသလို ခံစားရကြောင်း စစ်တွေမြို့ခံမှပြောသည်။

    မြောက်ဦးမြို့ ယိုင်သည်(ခေါ်) ဇူလာဖာရာကျေးရွာတွင်လည်း မွတ်စလင်များ ရက်စက်စွာသတ်ဖြတ်ခံရသည်။ ရဲမှူး ဦးသာစံကိုယ်တိုင် ရက်စက်စွာ သတ်ဖြတ်နေသည်ဟု သတင်းရရှိပါသည်။

  • ရခိုင်အကြမ်းဖက်များ ကျောက်ဖြူမှ လှေဖြင့် ထွက်ပြေးလာသော မွတ်စလင်များအား လိုက်လံတိုက်ခိုက်၊ သေဆုံးသူများပြား

    ရခိုင်အကြမ်းဖက်များ ကျောက်ဖြူမှ လှေဖြင့် ထွက်ပြေးလာသော မွတ်စလင်များအား လိုက်လံတိုက်ခိုက်၊ သေဆုံးသူများပြား

    အောက်တိုဘာ၊ ၂၄ ၊ ၂၀၁၂
    M-Media
    သတင်း-ထွန်းတောက်

    ပေါက်တော (၂၄.၁၀.၁၂၊ ည – ၁၁း၃၀ နာရီ)

    မနေ့က အကြမ်းဖက်လိုက်လံ သတ်ဖြတ်မှုများကြောင့် ကျောက်ဖြူကနေ ထွက်ပြေးလာသော မွတ်စလင်မ်များအား ပေါက်တော တောင်ဖူးရွာတွင် ရက်စက်စွာသတ်ဖြတ်ခံရသည်။ ဖြစ်ပွားပုံမှာ ကျောက်ဖြူကနေ ထွက်ပြေးလာသော မွတ်စလင်မ် ဒုက္ခသည်များ စီးနင်းလာသည့် လောင်း(၃)စီးနှင့် ၎င်းလောင်း(၃)စီးအား ဆွဲလာသော ပဲ့ထောင်အင်ဂျင်(၁)စီးကို နောက်မှ လိုက်လာသော ရခိုင်အကြမ်းဖက်သမားများက စက်လှေကြီး(၁)စင်းက ၀င်တိုက်ခဲ့တာကြောင့် မွတ်စလင်မ်ဒုက္ခသည်တွေစီးလာတဲ့ လောင်း(၃)စီးနှင့် ပဲ့ထောင် ကျိုးပြတ်သွားပြီး မွတ်စလင်မ်ဒုက္ခသည်မျာ ရောထဲ မျောကုန်ကြောင်း၊ ယင်းသို့ ရေထဲမျောနေသူများကို ရခိုင်အကြမ်းဖက်များက ဓါးနှင့်ခုတ်၊ လှံများနှင့် ထိုးတာကြောင့် တော်တော်များများသေဆုံးသွားပါတယ်။ သေဆုံးသူအများစုမှာ အမျိုးသမီးများဖြစ်ပါတယ်။ လှံနှင့်ထိုးခံလိုက်ရသော်လည်း အသက်မသေပဲ ရေနှင့်မျောပါသွားသော အသက်(၁၀)နှစ်အရွယ် ကလေးငယ်သည် ပေါက်တောကမ်းခြေတွင် သွားရောက်တင်နေတာကြောင့် ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကလေးငယ်အား စစ်ဆေးမည်ဟု သိရသည်။

    ပေါက်တောမြို့ ရပ်ကွက်(၃)နှင့် (၄)မှာနေထိုင်သူများအား လုံခြုံရေးမပေးနိုင်ဟု မယကက ပြောသောကြောင့် ပေါက်တောမြို့နေ မွတ်စလင်မ်တချို့ စစ်တွေသို့သွားရောက်ခိုလှုံနေကြောင်းသိရသည်။

    ပေါက်တော (၂၄.၁၀.၁၂၊ ည – ၁၁း၄၈ နာရီ)

    ပေါက်တောမြို့နယ် ချာအဲတောင်ရွာ၊ ဇော်ဂျီရွာ၊ ငှက်ချောင်းရွာ၊ လာမ်ဘာဒီယာရွာနှင့် ဒုံရွာနေ မွတ်စလင်မ်များကို နစကက လုံခြုံရေး မပေးနိုင်တော့ဟုပြောကြားသောကြောင့် မွတ်စလင်မ်များသည် ပေါက်တောမှ ပြောင်းရွေ့ရန်အတွက် စက်လှေငှားရမ်းရန် ရှာဖွေဖို့ စက်လှေတစ်စီးနှင့်ထွက်လာစဉ် ဈေးချိုရွာအ၀တွင် ရခိုင်စက်လှေက သေနတ်နှင့် ပစ်သည့်အတွက် စက်လှေပေါ်ပါသူ (၇)ဦးအနက် (၅)ဦးမှာ ထွက်ပြေးသွားကြောင်း၊ စက်လှေပေါ်တွင်ကျန်သည့် ကိုမာလာအာမာတ် (၃၄-နှစ်) (ဘ) မွတ်စ်တာအာမက် နှင့် ကိုလှမောင် (၃၁-နှစ်) (ဘ) ကော်ဘီရာမက် တို့ (၂)ဦးအား ရခိုင်အကြမ်းဖက်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။ “ရခိုင်တွေက ဖမ်းသွားတယ်လေ။ ဖမ်းခံရတဲ့ ၂-ယောက်ကတော့ ရခိုင်တွေ လက်ထဲရောက်သွားပြီဆိုတော့ အသက်ရှင်မှာမဟုတ်တော့ဘူး။ သတ်ပြီးရင်လည်း အလောင်းပြန်ရဖို့တောင် မရှိဘူး”ဟု ပေါက်တောမြို့ခံတစ်ဦးမှ သတင်းပေးပို့ပါသည်။

  • ရခိုင်အကြမ်းဖက်များ ကျောက်တော်တွင် မီးစရှို့နေ ပစ်ခတ်မှုကြောင့် မွတ်စလင် ၇ ဦး သေဆုံး

    ရခိုင်အကြမ်းဖက်များ ကျောက်တော်တွင် မီးစရှို့နေ ပစ်ခတ်မှုကြောင့် မွတ်စလင် ၇ ဦး သေဆုံး

    အောက်တိုဘာ၊ ၂၅၊ ၂၀၁၂ (မနက် ၇း၀၀ နာရီ)

    M-Media

    သတင်း-ထွန်းတောက်

    ကျောက်တော်မြို့တွင် မွတ်စလင်မ်များနေထိုင်သည့် လက်ဆောင်ကောက်မှာ ရခိုင်အကြမ်းဖက်များက စတင်မီးရှိုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

    ယနေ့ (၂၅.၁၀.၁၂)ရက် မနက် ၆-နာရီခွဲတွင် ရခိုင်အကြမ်းဖက်သမားများက ကျောက်တော်မြို့ မွတ်စလင်မ်များနေထိုင်သည့် လက်ဆောင်ကောက်မှာ စတင် မီးရှို့နေပြီဖြစ်ကြောင်း၊ ထွက်ပြေးသူများအား ရခိုင့်တပ်မတော်မှ သေနတ်ဖြင့်ပစ်တာကြောင့် မွတ်စလင်မ်(၇)ယောက် သေသွားပြီဖြစ်ကြောင်း၊ ရခိုင့်တပ်မတော်သည် စစ်တပ် အယောင်ဆောင်ပြီး ပစ်ခတ်နေသည့်အတွက် ကျောက်တော်က မွတ်စလင်မ်များ စိုးရိမ်သောကဖြစ်နေကြောင်း သိရသည်။

  • အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားမြန်မာသံရုံး၌ ဆန္ဒပြရန်ရှိ

    အောက်တိုဘာ ၂၅ ရက်တွင် မလေးရှားမြန်မာသံရုံး၌ ဆန္ဒပြရန်ရှိ

    အောက်တိုဘာ ၂၅၊ ၂၀၁၂
    M-Media
    မောင်ပုည
    ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့  မြန်မာသံရုံးရှေ့ ၌ ရခိုင်အရေးကိစ္စ ဆန္ဒပြရန်ရှိကြောင်းသိရသည်။ လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနှင့် ကျောက်ဖြူမြို့များတွင် ရခိုင်လူမျိုးများမှ ရခိုင်မွတ်စလင်မ်ရွာနှင့် ပလီများမီးရှို့ နေမှုကို ဆန့် ကျင်ဆန္ဒပြမည်ဖြစ်သည်။

    မြန်မာပြည်တွင် နှိပ်စက်ညင်းပမ်းခံနေရသော မွတ်စလင်မ်များ၏ ဂုဏ်သိက္ခာနှင့် လူမျိုး တုန်းသတ်ဖြတ်မှုများကို မီဒီယာနှင့် နိုင်ငံတာဝန်ရှိသူများ သိရှိစေရန်ရည်စူးပြီး ထိုဆန္ဒ ထုတ်ဖော်ပွဲကို မလေးရှား NGO များက အဓိကဦးဆောင်မည်ဖြစ်သည်။

    Tabung Haji ပလီ (Jalan Tun Razak, BMW Show Room ရှေ့) တွင် ဇဟိုရ်စုပေါင်း ၀တ်ပြုပြီး မြန်မာသံရုံးသို့ ချီတက်ကြမည်ဖြစ်ကြောင်းသိရသည်။

  • ရခိုင်တို့ အကြမ်းဖက်မှုအား မင်းပြားမှ မွတ်စလင်မ် တစ်ဦးနှင့် အင်တာဗျူး

    ရခိုင်တို့ အကြမ်းဖက်မှုအား မင်းပြားမှ မွတ်စလင်မ် တစ်ဦးနှင့် အင်တာဗျူး

    အောက်တိုဘာ၊ ၂၅ ၊ ၂၀၁၂
    M-Media
    Min pyar-1 by M-Media

     

    ဖြေ – ကျွန်တော့်နာမယ် ဟာဂျီ ဥိးစောမောင်ပါ
    မေး – မင်းပြား အခြေအနေ ဘယ်လိုကြားပါလဲ
    ဖြေ – မင်းပြားမှာ မွတ်စလင် အယောက် ၂၀ သေတယ် မြောက်ဥိးမှာ မွတ်စလင် အယောက် ၂၀၀ သေတယ်လို. ဖုံးရပါတယ်
    မြောက်ဥိးက ရွာတွေ အကုန်မီးရှို. ခံရတယ်
    မေး – ရမ်းဗြဲက အခြေအနေကော
    ဖြေ- စစ် တွေက ကြားတာတော့ ရမ်းဗြဲမှာ လူပေါင်း ၅၀၀ ကျော်လောက် သေတယ် လို. ကြားပါတယ်
    မေး- ရခိုင်တွေပါလား
    ဖြေ ရခိုင်တွေပါလား မပါလား မသိဘူး ကျွန်တော်တို.က မွတ်စလင် သတင်းပဲ ယူတော့ မွတ်စလင် သေတာပဲ သိပါတယ်
    မေး – မြောက်ဦး အခြေအနေ ပြောပြပေးပါလား
    ဖြေ- မြောက်ဦးက အခု ထိ မရှင်းသေးပါ – ဆိုးနေတုံးပဲ ဆက်ဖြစ်နေတုံးပဲ
    မေး – ဗမာ စစ်သားတွေ အခြေအနေ ဘယ်လိုရှိပါလဲ – သူတို.ဘာတွေ လုပ်နေကြလဲ
    ဖြေ – စစ်တွေက ဘုတ်တွေ နဲ. ပါလာကြတယ် (ပါသွားကြတယ်) – (ဖြေသံ မသဲကွဲပါ – မရှင်းလင်းပါ)
    မေး – မြောက်ဦးမှာ လူဘယ်နှစ်ယောက်လောက်သေလဲ
    ဖြေ- ၂၀၀ လောက် သေတယ်ပြောတယ် – တစ်နာရိလောက် ရှိပီ သူတို.သတင်းပို.တာ
    မေး – အစိုးရ က လုံခြုံရေး ချမပေးဘူးလား
    ဖြေ- လုံခြုံရေးကတော့ တရွာ တရွာကို အယောက် ၃၀ လောက် ချပေးထားတယ်
    မေး – ဒီနေ.ဖြစ်တာလား မသိ – Date လေး ပြောပြပေးပါလား

     

    Min pyar2 by M-Media

    မေး – ဖြစ်တာက ဘယ်နေ.က စဖြစ်တာလဲ
    ဖြေ- ၂၃ ရက်နေ.မှာ စဖြစ်တာပါ
    မေး – မင်းပြားမှာ တိုက်တာက ရိုဟင်ဂျာ မွတ်စလင်တွေက တိုက်တာလား ရခိုင်တွေက တိုက်တာလား
    ဖြေ- ကျွန်တော်တို.ရိုဟင်ဂျာ ဘက်က လုံးဝ မလုပ်ပါဘူး သူတို.ကလူအင်အား နဲ့ လာပီး ဖျက်ဆီး တာပါ
    (ရွာနာမယ် တွေနဲ့ ဖျက်ဆီးတာတွေ ပြောပြသော်လည်း – လုံးဝ နားမလည်ပါ – သူတို. အသံထွက်ကို မဖမ်းမိပါ)
    မေး- အခု ပြသနာမှာ မီးသတ်ကားရယ် လုံခြုံရေး ရယ် တာဝန် ယူပေးတာ ရှိပါလား
    ဖြေ -လူအုပ်နဲ့ အကူအညီ အကာအကွယ် ပေးမယ့်ပုံ နဲ့ လာတယ် – ဟိုဘက်ဒီဘက် ဖြန်ဖြေ ဘို. လုပ်တယ် အနားရောက်လာတော့ ရိုက်တယ် သေနပ်ဖောက်တယ် မီးရှို.တယ် (ရွာနာမယ်များ မရှင်းပါ)
    မေး – အခု ကျောက်တော် အခြေအနေ ဘယ်လိုရှိလဲ
    ဖြေ- ကျောက်တော်အခြေအနေက တော်တော် စိုးရိမ်နေရတယ်
    မေး -ကျောက်တော်မှာ လူတွေ ဘယ်နားမှ စုနေလဲ
    ဖြေ – ဗုဒ္ဒ ဘာသာ တွေ ဘုရားမှာ စုနေတယ် – ဘုန်းကြီးတွေ လူတွေ စုနေတယ်
    မေး – လုံခြုံရေး ရှိလား လုံခြုရေး ချထားလား
    ဖြေ- မွတ်စလင် ရွာမှာ စစ်တပ် လုံခြုံရေး ၁၁ ယောက် ရှိပါတယ် (သိပ်မသဲကွဲပါ)
    မေး- ကျေးဇူုးတင်ပါတယ် – ကျန်းကျန်းမာမာ ရှိပါစေ လို. ဆုတောင်းပေးပါတယ်