News @ M-Media
Blog
  • သံတွဲမြို့တွင် OIC ဆန့်ကျင်ရေး ဆန္ဒပြရန် RNDP မှ လိုက်လံစည်းရုံးနေ
    သံတွဲမြို့တွင် OIC ဆန့်ကျင်ရေး ဆန္ဒပြရန် RNDP မှ လိုက်လံစည်းရုံးနေ
    အောက်တိုဘာ၊ ၂၁၊ ၂၀၁၂
    M-Media
    သတင်း- မောင်ပုည
    မနက်ဖြန် အောက်တိုဘာလ၊ ၂၁ ရက် ၂၀၁၂ တွင် သံတွဲမြို့တွင် OIC ဆန့်ကျင်ရေးဆန္ဒပြပွဲပြုလုပ်ရန် RNDP (ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ)မှ လိုက်လံစည်းရုံးနေကြောင်းသိရပါတယ်။ OIC အလိုမရှိ၊ သမ္မတကြီးကို ထောက်ခံကြောင်း ကြွေးကြော်သံ ၂ ချက်ပါဝင်ကြောင်း သိရှိရပါတယ်။ RNDP ပါတီမှ သံတွဲမြို့ပေါ်မှ ဗုဒ္ဒဘာသာဝင်အိမ်များကို တစ်အိမ်တစ်ယောက် လိုက်ပါ ဆန္ဒပြရမည့်လို့ လိုက်လံ ခေါ်ဆောင်နေကြောင်းသိရပါတယ်။
    သံတွဲမြို့တွင် နေထိုင်သူ ပြည်သူအများစုမှာ OIC ဘာလဲဆိုတာတောင် သေချာသိရှိသူများ မဟုတ်ဘဲ ဆန္ဒပြပွဲကိုလဲ ပါဝင်ရန် ဆန္ဒမရှိကြပေမယ့် ရခိုင်ပြည်နယ် အခြားမြို့များမှာ အသီးသီးဆန္ဒပြကြပြီး သံတွဲမြို့ခံ ဗုဒ္ဒဘာသာဝင်များမှ ဆန္ဒမပြကြလျှင် ခရီးသွားလာခြင်း နှင့် စီးပွားရေး လုပ်ငန်းဆောင်တာ အရောင်းအဝယ်ကဏ္ဍများတွင် သံတွဲမြို့ခံများကို အငြိုးထား ဒုက္ခပေးမည်ကို စိုးရိမ်သောကြောင့် အဖြစ်သဘောဖြင့် ငြိမ်းငြိမ်းချမ်းချမ်းပဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
    ၂၃၊ ၉၊ ၂၀၁၂ နေ့ နံနက် ၁၁း၀၀ နာရီခန့်တွင် နေပြည်တော်ရှိ MICC ခန်းမ Room(1) တွင်ပြောကြားခဲ့သော ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် နှင့် ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦး( ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချူပ်မောင်ဦး) ၏ ရခိုင်ပဋိပက္ခတွေ ရခိုင်ပြည်နယ်အစိုးရကိုင်တွယ်ပုံ အပေါ် သုံးသပ်ချက်မှာ “လက်ရှိ စစ်တွေမြို့ ပေါ်မှာ ဒီ Local Government ရဲ့အာဏာအပေါ်မှာ နောက်လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းတစ်ခုရှိ တယ်။ဒါ မပြော မဖြစ် လို့ ကျွန် တော် ပြောရတာပါ။ပါတီတွေ၊နိုင်ငံရေးတွေ ကျွန်တော်မပါဘူး။ လက်တွေအစိုးရအနေနဲ့သူ့ ဟာသူလွတ် လွတ် လပ်လပ်လုပ်လို့မရအောင် လွှမ်းခြုံထားနောက်က xxxxxxxxxx ရှိနေလို့ ကျွန်တော်ပြောရတာပါ” ဆိုပြိးထည့်သွင်းပြောကြားခဲ့ပါတယ်။
    ယခု ရခိုင်ပဋိပက္ခများ ဖြစ်ပွားမှုမှာ အတော်အသင့် အရှိန်လျော့ သွားသော်လည်း RNDP ပါတီမှ မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပွားအောင် အဆက်မပြတ် လှုံဆော်မှု့များ လုပ်ဆောင်နေသည်ကို တွေ့ရှိရပါတယ်။
    သံတွဲမြို့မှာ ဗုဒ္ဒဘာသာဝင်များ အစ္စလာမ်ဘာသာဝင်များအကြား နှစ်ဆေယ်စုနှစ်ပေါင်း များစွာ မည်သည့်ပြဿနာမှ မရှိဘဲ ငြိမ်းချမ်းစွာအတူနေထိုင်လာခဲ့သောမြို့ဖြစ်ပါတယ်။
  • မြန်မာပြည်မှာ လူသတ်အကြမ်းဖက်ဝါဒကို တရားဝင် ဗြောင်ထောက်ခံ ဝါဒဖြန့်ခွင့်ရှိပြီလား?
    မြန်မာပြည်မှာ လူသတ်အကြမ်းဖက်ဝါဒကို တရားဝင် ဗြောင်ထောက်ခံ ဝါဒဖြန့်ခွင့်ရှိပြီလား?
    အောက်တိုဘာ၊ ၂၁၊ ၂၀၁၂
    M-Media
    မောင်ပုည
    တောင်ကုတ်မြို့ OIC ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ ကြွေးကြော်သံ ပိုစတာပုံကို ပြည်တွင်းအခြေစိုက် 7 Days ဂျာနယ်မှ အကြီးတန်း သတင်းထောက် ဥက္ကာကိုကိုမှ ၄င်း၏ တရားဝင် Facebook အကောင့်တွင် Share ထားခြင်းဖြစ်သည်။
    တောင်ကုတ်မြို့မှာ ပြီးခဲ့သည့် ဇွန်လတွင် သံတွဲမြို့ တရားစခန်းမှာပြန်လာသည့် မြန်မာမွတ်စလင်မ် (၁၀)ဦးအား အကြမ်းဖက်သမား လူပေါင်း ၃၀၀ ကျော်က ရက်စက်စွာ အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ရာမြို့ဖြစ်သည်။
    ယခုလို တရားဥပေဒမဲ့လုပ်ရပ်ကို OIC ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွင် ပြန်လည်ရည်ညွှန်းပြီး ခြိမ်းခြောက်ပြောဆိုသည့်  လုပ်ရပ်ကို နာမည်ကြီး ဂျာနယ်တခု၏ အကြီးတန်း သတင်းထောက်မှ ပြောင်ပြောင်တင်းတင်း ထောက်ခံ အားပေးမှုပြုလုပ်မှု့မှာ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်လို့ ကြွေးကြော်နေတဲ့ မီဒီယာများရဲ့ သတင်းထောက်များ၏ စံပြ လိုက်နာရမည် ကျင့်ဝတ်တွေလား။? လက်ရှိ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်၊ NLD ပါတီ ဥက္ကဋ္ဌ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့ အတန်တန်ပြောကြားနေသည့် တရားဥပေဒစိုးမိုးရေး ပျက်သုန်း သွားပြီလားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေပါတော့သည်။
  • ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်များသို့ MMSYမှ နှိုးဆော် ပန်ကြားလွှာထုတ်ပြန်
    ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်များသို့ MMSYမှ နှိုးဆော် ပန်ကြားလွှာထုတ်ပြန်
    အောက်တိုဘာ၊ ၂၀၊၂၀၁၂
    M-Media
    ကုရ်ဘာနီအီးဒ်နှင့်ပတ်သက်၍ မြန်မာမွတ်စလင်မ်များအနေနှင့် ဆောင်ရန်ရှောင်ရန်များကို မြန်မာမွတ်စလင်မ် ကျောင်းသား လူငယ်များအဖွဲ့မှ ယခင်နှစ်များကလည်း နှိုးဆော် ပန်ကြားခဲ့သည့် နည်းတူ ယခုနှစ်တွင်လည်း နှိုးဆော်ပန်ကြားလွှာထုတ်ပြန်လိုက်ကြောင်း သိရှိရပါတယ်။
    လာမည့် ၂၀၁၂ အောက်တိုဘာ ၂၇ ရက်(စနေနေ့)တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက် မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရေးတို့အတွက် မြန်မာမွတ်စလင်မ် ပြည်သူများက စံပြအနေဖြင့် လိုက်နာပေးပါရန် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။
    ကြေငြာချက်အပြည့်အစုံမှာ
    “ကုရ်ဘာနီအီးဒ်နှင့် ပတ်သက်၍ ရှောင်ရန်ဆောင်ရန် မြန်မာမွတ်စလင်မ် ပြည်သူများသို့ နှိုးဆော် ပန်ကြားလွှာ”
    အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှု အဖြာဖြာ အသင့်အပေါ်သို့ကျရောက်ပါစေ . . .
    ၂၀၁၂ အောက်တိုဘာ ၂၇ ရက် စနေနေ့တွင် ကျရောက်မည့် အီသွလ်အသွာဟာ ကုရ်ဘာနီ အီးဒ်အခါ သမယတွင် မိမိဘေး ပတ်ဝန်းကျင်ရှိ အများပြည်သူတို့  စိတ်အနှောင့်အယှက်မဖြစ်စေရန်၊ နေထိုင်သွားလာရေး အခက်အခဲ မရှိစေရန် လိုအပ်ပါသည်။ သို့  ဖြစ်ပါ၍ မြန်မာမွတ်စလင်မ် ပြည်သူများ အနေဖြင့် အောက်ပါအချက်များအား စံပြအနေဖြင့် လိုက်နာပေးပါရန် လေးစားစွာ နှိုးဆော်ပန်ကြားအပ်ပါသည်။
    ကုရ်ဘာနီ မတိုင်မှီ
    ● သားကောင်များအား သူတပါးခြံများ၊ နေအိမ်ပတ်ဝန်းကျင်များ၊ အများပိုင်လမ်းများတွင် စားကျက်လွတ်ထားခြင်းမပြုရန်။
    ● လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်စေနိုင်သည့် အပြိုင်အဆိုင်နွားမောင်းခြင်း၊ ပိုင်ရှင်မဲ့ သွားလာနေစေခြင်း၊ လမ်းများပိတ်နေခြင်း မရှိစေရန်။
    ● ဘေးပတ်ဝန်းကျင်တွင် သားကောင်များ၏ မစင်များ၊ အနံ့အသက်များနှင့် မြက်၊ ကောက်ရိုးစသည့် စားကြွင်းစားကျန်များ မကျန်ခဲ့စေရန် ၊ သန်ရှင်းရေးပြန်လုပ်ရန်။
    ကုရ်ဘာနီနေ့ 
    ● သားကောင်များ လှီးဖြတ်ခြင်းကိစ္စများကို မှတ်တမ်းတင် ဓါတ်ပုံ နှင့် ဗီဒီယိုရိုက်ကူးခြင်းများ မပြုကြပါရန် နှင့် အခြားသူများ ရိုက်ကူးလျှင်လည်း တားဆီးပေးကြရန်။
    ● ကုရ်ဘာနီနှင့် ပတ်သက်ပြီး ဆိုရှယ်မီဒီယာနှင့် ဝဘ်ဆိုဒ်များတွင် အဆိုပါ ဓါတ်ပုံနှင့် ဗီဒီယိုများကို မတင်ကြပါရန်။
    ● မိမိတို့ အရပ်ဒေသတွင် နိုင်ငံတော်အစိုးရက ကုရ်ဘာနီအတွက် သီးသန့်  နေရာသတ်မှတ်ထားပါက ထိုနေရာတွင်သာ ကုရ်ဘာနီလုပ်ရန်။
    ● ကုရ်ဘာနီလုပ်ပြီးပါက အသုံးပြုသည့် ဓားများ၊ ပစ္စည်းကိရိယာများနှင့် အသားများအား လုံခြုံစွာ ဖုံးအုပ်ပြီးမှ သယ်ဆောင်ရန်။
    ● သွေးပေကျံနေသော ကိုယ်လက်များဖြင့်သော်လည်းကောင်း၊ အ၀တ်အထည်များဖြင့်သော် လည်းကောင်း၊ ဓားများကိုင်ဆောင်၍သော် လည်းကောင်း အများမြင် လမ်းများပေါ်တွင် အမြင်မတော် သွားလာခြင်းမပြုရန်။
    ● အသား သယ်ဆောင်ရာလမ်းတလျှောက် သွေးများ တစက်စက်ကျခဲ့ခြင်း မရှိစေရန်။
    ● နေရာတိုင်းတွင် သွေးများနှင့် အခြားကြွင်းကျန်များကို စနစ်တကျ ဆေးကြောသန့် စင်ရန်။
    ● ဆူညံစွာ ဟွန်းတီးခြင်း၊ အော်ဟစ်သွားလာခြင်းမပြုဘဲ တည်ငြိမ်အေးချမ်းစွာ၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ပြုကျင့်ရန်။
    ● ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်နိုင်သည့်အချက်မှန်သမျှအားလုံး စဉ်းစားရှောင်ကြဉ်ရန်။
    ● ကုရ်ဘာနီ မတိုင်ခင်၊ ကုရ်ဘာနီအတွင်းနှင့် ကုရ်ဘာနီအီးဒ်ပြီးသည် အထိ မိမိပတ်ဝန်းကျင်တွင် သော်လည်းကောင်း၊ ရောက်ရာအရပ်တွင်သော်လည်းကောင်း ပျူပျူငှာငှာ၊ လေးလေးစားစား ဆက်ဆံပြီး အများပြည်သူအကျိုး တတ်နိုင်သမျှဆောင်ရွက်ရန်။
    မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ
    (Myanmar Muslim Students and Youth)
    အောက်တိုဘာ ၊ ၂၀၁၂
  • ပုရစ်တစ်ကောင်၏ တမ်းချင်း (ကဗျာ)
    ပုရစ်တစ်ကောင်၏ တမ်းချင်း (ကဗျာ)
    အောက်တိုဘာ၊ ၂၀၊ ၂၀၁၂
    M-Media
    Pearl Ster
    အာ် ငါ့ဘဝ! သနားမယ့်သူမရှိ ……
    တွင်းထဲမှာ နေမရတဲ့တခဏ ထွက်ခဲ့မိပါ၏။
    နေ့စေ့လစေ့ မွေးကာနီးဖွားခါ နီး
    အပြင်လောကတစ်ခဏ
    သွားလိုသည့်စိတ်ဆန္ဒ ကြောင့် ငါလှမ်းခဲ့မိ
    ငါ့အား စောင့်ပြီးဖမ်းမည့် သူများလှပါဘိ ……
    ငါ့လိုဘဲအဖမ်းခံထားရသူများလှပါဘိ …….
    ငါ့ဘဝလည်း သူ့လက်ထဲသို့ ကျရောက်ရရှာ၏ ……
    နွားအားသနားသူ မိတ်ဆွေအပေါင်းတို့ !
    ကျွန်ုပ်သည် လည်းအသက်နဲ့ပါ .
    ကျွန်ုပ်၏ဖြစ်လာတော့မယ့်
    သားသမီးလေးတွေ အပြင်ထွက်ဖို့တာဆူနေချိန်ပါ …..
    ကျွန်ုပ်သည် အသက်ခန္ဓာနဲ့တကွ ဆီပူအိုးထဲ ကိုရောက်ရရှာတာပါ …..
    တခြားသတ္တဝါတွေကသေမှ ဆီပူထဲ ရောက်ရတာ
    ကျုပ်တို့ကျတော့ အရှင်လတ်လတ် ရောက်ရတာ
    မကျေနပ်ဘူးဗျာ ….
    သနားကြပါဗျာ ကျုပ်တို့ကိုလည်း
    မစားကြပါနဲ့ဗျာ
    ကျွနုပ်၏ ခံစားချက်မည်သို့ရှိမည်ကို သင်တို့ စဉ်းစားကြည့်မိပါသလား …….
    သင်တို့အလွန်ကြိုက်နှစ်သက်စွာစားသောက်နေသော ပုရစ်ကြော် ,
    ခံစားချက်မဲ့စွာ ဥ ပါမှအရသာရှိတာလို့
    ပြောရက်လိုက်ကြတာ …….
    ခံပြင်းတယ်,နာကျည်းတယ်
    ပုရစ်ဆိုတဲ့ဘဝ ဘဝဆက်တိုင်းမရောက်ရပါစေနဲ့…
    ကိုရွှေနွားရယ် အားကျတယ်ဗျာ
    သက်ရှိသတ္တဝါခြင်းတူ တူ
    ခင်ဗျားကျတော့ သနားလိုက်ကြတာ ….
    ကျုပ်ကိုကျ ကုလားမစားလို့ မသနားကြတာများလား …
    ကျုပ်သိချင်တယ်ဗျာ..
    ကျုပ်တို့လည်း မျိုးတုန်းတော့မယ် ထင်ပါရဲ့ဗျာ …
  • ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။
    ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။
    အောက်တိုဘာ၊ ၂၀၊၂၀၁၂
    M-Media
    အောင်တင်
    “ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင်တို့ကို ရောင်းချခြင်းမပြုရဟူသော အချက်အပါအ၀င် စည်းကမ်းချက်(၄)ချက်ကို ကရင်ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ထုတ်ပြန်ဟူ၍ အမှတ်(၈၁) အောက်တိုဘာ(၁၉)ရက်နေ့ ၊၂၀၁၂ နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာဖုံးပေါ်တွင် ဖော်ပြခဲ့သည်။
    အဆိုပါ သတင်းတွင်
    • ဘားအံမြို့ မဲဘောင်ကျောင်းတိုက်အတွင်း ကျင်းပခဲ့သော အစည်းအဝေးတွင် ဘားအံမြို့ ရပ်ကွက်ပေါင်း(၉)ခု အနက် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးမှလွဲ၍ ကျန်အုပ်ချုပ်ရေးမှူးများအပါအ၀င် လူပေါင်း(၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း
    • ဇွဲကပင် တောင် ဆရာတော် ဦးက၀ိဓဇက စည်းကမ်းချက်လေးရပ်ကို ကြေညာခဲ့သည်။
    (၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင်များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ပေါင်နှံခြင်း ၊ မပြုရန်
    (၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင်နှင့် အိမ်ထောင်မပြုရန်
    (၃) ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာများ ရောင်းချသောဆိုင်မှာသာ အားပေးရန် ၊
    (၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များအတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည်ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်တို့ဖြစ်သည်။
    • ၄င်းစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခံရမည့်ဖြစ်ကြောင်း၊
    • အောက်တိုဘာ(၁၄)ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးအပြီး နောက်တစ်ရက်တွင် တစ်မြို့လုံးသို့ ဖြန့်ဝေကြောင်း
    • ယင်းအစည်းအဝေးမတင်မီ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ဇွဲကပင်တောင်ဆရာတော်အား လာရောက်ဖူးခဲ့ကြောင်း၊
    • ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်မည့် လုပ်ငန်းစဉ်များအား ကရင်ပြည်နယ် ၀န်ကြီးချုပ် ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ၊ ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေး ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာသို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။”
    ဖေ့စ်ဘွတ်တွေထဲမှာတော့ ဒီသတင်းကို လူအတော်များများ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။ အခုမှလုပ်တာ နောက်ကြနေပြီဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းကြပါတယ်။ ကျနော်ကြည့်မိတဲ့အချိန် (၁၅)နာရီအတွင်းမှာ လူ(၅၇၆)ဦးက ကြိုက်ပြီး လူ (၄၆၆)ဦးက ရှယ်ယာလုပ်ပါတယ်။ မှတ်ချက်ပေးသူ (၈၈)ဦးမှာ ကန့်ကွက်သူ တစ်ဦးမှ မရှိ၊ အကုန်ထောက်ခံကြပါတယ်။
    မြန်မာ့နိုင်ငံရေးလောကတွင် အစွန်းရောက်သောအုပ်စုနှင့် အစွန်းရောက်လုပ်ရပ်များကို မသိကျိုးကြင်နေသောအုပ်စုကသာ လွှမ်းမိုးနေသည်ကို ဝမ်းနည်းစွာတွေ့မြင်နေရသည်။
    ဒီအတိုင်းသာ သွားမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ သမိုင်းမှာ တစ်ခါမှမကြုံဘူးသော ချောက်ကြီးထဲ ကျဖို့သာရှိပါတယ်။ ကျနော်တို့နဲ့ ထိုက်တန်တဲ့နိုင်ငံကို ကျနော်တို့ရကြပါမယ်။