အောက်တိုဘာ၊ ၂၄၊ ၂၀၁၂
M-Media
သတင်း-ထွန်းတောက်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်လူမျိုး အကြမ်းဖက်သမားများ၏ မီးရှို့တိုက်ခိုက်မှုကြောင့် မွတ်စလင်မ်များ သေကြေ ဒဏ်ရာရခဲ့ပြိး နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ၏ အကြမ်းဖက်ရန်ကြောင့် မွတ်စလင်မ် မိသားစုအမြောက်အများဟာ စက်လှေများဖြင့် ပင်လယ်ပြင်ကို ဖြတ်ကျော်ထွက်ပြေးနေရကြောင်းသိရပါတယ်။ ဒီနေ့မနက် စက်လှေ အစင်း(၄၀) ကျော်ဖြင့်ထွက်ပြေးလာကြပြိး ရေမတက်သေးကြောင့် အစင်း (၃၀) ကျော်ကျန်ခဲ့ရကြောင်းသိရှိရပါတယ်။
“ရခိုင်လူမျိုးများရဲ့ အကြမ်းဖက်သတ်ဖြတ်မှု့ကြောင့် မွတ်စလင်မ်များ သေဆုံးမှုများပြားကြောင်းနှင့် မိမိတို့ ဘင်္ဂလားဒေရှ်ဘက်ကို ထွက်ပြေးရန်သာရှိကြောင်း၊ ရခိုင်မှ မည့်သည့်မြို့ကိုမှ ပြေးလို့မရကြောင်း၊ဘင်္ဂလားဒေရှ် လက်မခံဘူးဆိုလျင် ပင်လယ်ထဲကို မျောရန်သာရှိကြောင်း၊ မိမိတို့ စက်လှေပေါ်မှာ မည်သည့်စားစရာမျှ မပါကြောင်း၊ ဆီလည်းမရှိကြောင်း” ကျောက်ဖြုမြို့နေ အိမ်မီးရှို့ခံရသူ မွတ်စလင်မ် တစ်ယောက်မှ M-Media ကို စက်လှေပေါ်မှ ဖုန်းဖြင့် ပြောပါတယ်။
ကျောက်ဖြူမြိုမှာ နေထိုင်တဲ့ မွတ်စလင်မ်အများစုဟာ တိုင်းရင်းသားကမန် လူမျိုးများဖြစ်ကြပါတယ်။ အခု ရခိုင်လူမျိုး အကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြိုကတွင် ဗလီဝတ်ကျောင်းများလဲ ပျက်ဆီးသွားပြီဖြစ်ကြောင်းနှင့် မွတ်စလင်မ်များလဲ မရှိသလောက်ဖြစ်နေပြီ ဖြစ်ကြောင်းသတင်းရရှိပါတယ်။
Leave a Reply
You must be logged in to post a comment.