News @ M-Media

Blog

  • မန္တလေး တိုင်းသာသနာရေး ဝန်ကြီး OIC ကိစ္စ သံဃာများနှင့် အစ္စလာမ်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံ

    မန္တလေး တိုင်းသာသနာရေး ဝန်ကြီး OIC ကိစ္စ သံဃာများနှင့် အစ္စလာမ်အဖွဲ့ ခေါင်းဆောင်များအား တွေ့ဆုံ

    အောက်တိုဘာ၊ ၁၄၊ ၂၀၁၂

    M-Media

    မန္တလေး။     ။ ယနေ့ ၁၄-၁၀-၂၀၁၂ တနင်္ဂနွေနေ့လည်ပိုင်းတွင် မစိုးရိမ်တိုက်ဟောင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာသံဃာနာယက ဆရာတော်ကြီးများနှင့် မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များနှင့် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး သစ်တောနှင့် သတ္ထုတွင်း၊ သာသနာရေးဝန်ကြီးမှ တွေ့ဆုံ၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ-လက်ရှိ ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့်ပတ်သက်ပြီးရှင်းလင်း တင်ပြလျှောက်ထားခဲ့ပါသည်။

    ဆရာတော်ကြီးများက အိုအိုင်စီ နှင့်ပတ်သက်၍ သံဃာတော်များ ဗုဒ္ဓဘာသာဝင်များ၏ စိုးရိမ်ပူပန်မှု များကိုမိန့်ကြားခဲ့ပြီး ဝန်ကြီးမှ အိုအိုင်စီရုံးဖွင့်လှစ်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ယနေ့ည၈နာရီသတင်းတွင် တရားဝင်ကြော်ငြာပေးမှာဖြစ်ကြောင်း လျှောက်ထားခဲ့ ပါသည်။

    ဆရာတော်များနှင့်အစ္စလာမ်ဘာသာခေါင်းဆောင်များက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး-ဘာသာရေး အထင်အမြင်လွဲမှုများပပျောက်ရေး-ဖြစ်ပေါ်နေသောပဋိပက္ခများ ငြိမ်းအေးစေရေးတို့အတွက် ငြိမ်းချမ်းရေးတရားများ အပြန်အလှန်ပြောဟောပြီး-ချစ်ကြည်ရင်းနှီးစွာဖြင့် အခမ်းအနားရုပ်သိမ်းလိုက်ပါသည်။

    အခန်းအနားတွင် ဆရာတော်ဦးဝီရသူမှ ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို အစိုးရမှပိတ်ပင်ခြင်းများမပြုပါရန် မိန့်ကြားမှုအပေါ် ဝန်ကြီးမှ ခွင့်ပြုပေးပါမည့် အကြောင်းဖြေကြားခဲ့ပါသည်။

    Source: Maungmaung Skw FB

  • ရမည်းသင်းတွင် မွတ်စလင်မ် အိမ်အချို့ အကြမ်းဘက် ဖျက်ဆီး မီးရှို့ခံရ

    ရမည်းသင်းတွင် မွတ်စလင်မ် အိမ်အချို့ အကြမ်းဘက် ဖျက်ဆီး မီးရှို့ခံရ

    အောက်တိုဘာ၊ ၁၄၊ ၂၀၁၂
    M-Media
    သတင်း- ပြည့်ပြည့်

    ဘောလုံးပွဲတွင် ဖြစ်ပွားခဲ့သော ရန်ပွဲကို အကြောင်းပြု ပြီး ရမည်းသင်းမြို့နယ် တွင် ဘာသာရေး ပဋိပက္ခများဖန်တီး ပြီး မွတ်စလင်မ်တို့၏ အိုးအိမ်များနှင့် ဗလီဝတ်ကျောင်းများကို မီးရှို့ဖျက်ဆီးရန် ဆောင်ရွက်မှုများ ယမန့်နေ့က ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

    ယမန့်နေ့ညပိုင်း (အောက်တိုဘာ၊ ၁၃ ) တွင် ကျောက်တိုက်စု ရပ်ကွက်ရှိ မွတ်စလင်မ် အမျိုးသမီး ရှေ့နေ ဒေါ်ခိုင်မော် ပိုင်ဆိုင်တဲ့ အရှေ့ရွာ လက်ဘက်ရည်ဆိုင်ကို ဗုဒ်ဓဘာသာဝင် အကြမ်းဖက်သမား အချို့ ဝင်ရောက်ဖျက်ဆီးသွားပါတယ်။  ဖျက်ဆီးသွားသူအားလုံးမှာ  အရပ်သားများသာဖြစ်ကြောင်း ၊ဘုန်းကြီးများမပါဝင်ကြောင်း သတင်းရရှိပါတယ်။
    အလားတူ ယမန့်နေ့ည (အောက်တိုဘာ၊ ၁၃ ) “စမ်းစမ်း” ဗလီရှေ့မှာ ကွမ်းယာဆိုင်ကို အကြမ်းဘက်သမားများက မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ပါတယ်။ တချိန်ထဲမှာဘဲ စမ်းစမ်း ဗလီရဲ့ အနောက်ဘက်မှာရှိတဲ့ ဗလီ မီးစက်ထားရှိရာ အဆောင်ကို မီးကွင်းပစ်ပြီး မီးရှို့ရန်ကြိုးစားကြပါတယ်။ အချိန်မီ ငြိမ်းသတ်ကာကွယ်နိုင်တဲ့အတွက် မီးလောင်မှု့ မဖြစ်ခဲ့ဘူး။

    “စံလွတ်” ဘုန်းကြီးကျောင်းအနီးတဝိုက်မှာ၇ှိတယ် မွတ်စလင်မ်အိမ်ခြေ (၆) အိမ်ခန့်ကို အကြမ်းဘက်သမားများက ခြိမ်းခြောက်ပြီး ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ အကယ်၍ မပြောင်းရွှေ့ဘူးဆိုရင် မီးရှို့မယ်၊ ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်မှု့တွေရှိတဲ့အတွက် အဆိုပါ မွတ်စလင်မ် မိသားစုများ ၄င်းတို့ နေထိုင်သည့် အိမ်များမှ ရွှေ့ပြောင်းလိုက်ကြောင်း သတင်းရရှိပါတယ်။ အဆိုပါ မွတ်စလင်မ်အိမ်များမှ နှစ်ပေါင်းများစွာ ဘိုးဘွားအစဉ်အဆက် နေထိုင်လာကြသူများဖြစ်ကြောင်း သိရပါတယ်။

    အခင်းဖြစ်ပွားရာမှာ တဝိုက်မှာ လုံခြုံရေးတွေ ချထားပေးမယ့် အကြမ်းဘက်လုပ်ဆောင်သူတွေကို မည်သည့် အရေးယူဆောင်ရွက်မှု့မျှ မလုပ်ကြောင်း ရမည်းသင်းမြို့ခံတွေက ပြောပါတယ်။ အတွင်းသတင်းများအရ သိရှိရသည်မှာ အဆိုပါ လုံခြုံေ၇းများမှာ မွတ်စလင်မ်များကို ကာကွယ်ရန်အတွက်မဟုတ်ဘဲ ဘုန်းကြီးကျောင်းများအတွက် လုံခြုံရေးယူပေးရန်ဖြစ်ကြောင်း သိရပါတယ်။

    မွတ်စလင်မ် (၆) ယောက်ကို ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသူတွေအားလုံးမှာ အရန်မီးသတ် အဖွဲ့ဝင်များဖြစ်ကြောင်း အဖမ်းခံရသူများတွင် ပါဝင်သည့် ကိုသန်းလှိုင်ဆိုသူမှာ ရာအိမ်မှူးတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အနှစ်(၂၀) လောက် ရာအိမ်မှူးလုပ်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။ အကြမ်းဘက် မီးရှို့ဖျက်ဆီးမှု့တွေကို လုပ်ဆောင်ခဲ့တဲ့ ဗုဒ်ဓဘာသာဝင်တွေကို အရေးယူဖမ်းဆီးမှု့ တစုံတရာမရှိသေးကြောင်း သတင်းရရှိပါတယ်။

    ရမည်းသင်းမြို့နေထိုင်သူ မွတ်စလင်မ်ပြည်သူများမှာ အဆိုပါ အကြမ်းဘက်လုပ်ဆောင်မှု့တွေအတွက် ကြံဖွံ့၊ တ.စ.ည၊ NLD ပါတီကြီး (၃) ခု ထံ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စာရေးသားပေးပို့ထားကြောင်းနှင့် ပါတီကြီး (၃) ခုမှ အုပ်ချူပ်ရေး၊ လုံခြုံရေးတာဝန်ရှိသူများနှင့် ပူးပေါင်းပြီး  အကြမ်းဘက် တိုက်ခိုက်မှုတွေကို တားဆီးအရေးယူကာကွယ်ပေးရန်  တောင်းဆိုထားကြောင်း သတင်းရရှိပါတယ်။

    ယခု အကြမ်းဘက်တိုက်ခိုက် ဖျက်ဆီးမှုများ မဖြစ်မှီ (၂) ရက်တွင် ရမည်းသင်းမြို့ရှိ အာဏာရှင်များလက်ထက်တွင် ပိတ်ပင်ခံထားရသည့် “ကန်ကြိး” ဗလီမှာရှိတဲ့ ရေကန်ကို  ကန်ဆယ်ရန်အကြောင်းပြချက်ဖြင့် ရမည်းသင်းမြို့ခံ ဗုဒ်ဓဘာသာဝင်အချို့ ကျုးကျော်မှု့ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။

  • ရမည်းသင်း နောက်ဆက်တွဲသတင်း (၁၀း၃၀ နာရီ)

    ရမည်းသင်း နောက်ဆက်တွဲသတင်း (၁၀း၃၀ နာရီ)

    အောက်တိုဘာ၊ ၁၃၊ ၂၀၁၁ (၁၀း၃၀)
    M-Media
    သတင်း-ဇာဏီ

    “ကျောင်းတိုက်စု ရပ်ကွက် စံလွတ်ဘုန်းကြီးကျောင်း ထဲကနေ ထွက်ထွက်လာပြီး မီးရှို့တယ်။ အဲဒီရပ်ကွက်ထဲကပဲ စမ်းစမ်းဗလီရှေ့က ကွမ်းယာဆိုင်ကို ည ၉း၃၀ လောက်တုန်းက မီးရှို့လိုက်တယ်။ နောက်ပြီး အဲဒီဘုန်းကြီးကျောင်းဘေးကပ်ရပ်ကဦးစိုးလွင်ဆိုတဲ့ မွတ်စလင်မ်အိမ်ကို မီးရှို့တယ်။ မီးသတ်ကားရောက်လာပြီး ငြိမ်းတယ်။ ရဲလည်းရှိနေတယ်။ ရဲကတော့ ဘာမှမနိုင်တဲ့ပုံစံပါပဲ။ အခုလုပ်နေတာက ဘုန်းကြီးမပါဘူး။ အရပ်သားတွေပဲလုပ်နေတာ” လို့ မျက်မြင်တစ်ဦးမှ ပြောပြပါတယ်။

    မီးရှို့ခံရတဲ့ ဘုန်းကြီးကျောင်းဘေးကပ်ရပ်အိမ်မှာ ဗလီနှင့် ကိုက် ၁၀၀၀ ခန့်ဝေးကြောင်း သိရပါတယ်

  • ရမည်းသင်းမြို့တွင် အကြမ်းဖက် အဓိကရုဏ်းဖြစ်စေရန် ဘုန်းကြီးအချို့ ဆူပူလှုံ့ဆော်

    ရမည်းသင်းမြို့တွင် အကြမ်းဖက် အဓိကရုဏ်းဖြစ်စေရန် ဘုန်းကြီးအချို့ ဆူပူလှုံ့ဆော်

    အောက်တိုဘာ၊ ၁၃၊ ၂၀၁၂
    M-Media
    သတင်း – ဇာဏီ

    ယနေ့ ၁၃.၁၀.၂၀၁၂ နေ့တွင် ရမည်းသင်းမြို့၌ ဘုန်းကြီးတစ်စုနှင့် အရပ်သားတချိှု့ စုဝေးရောက်ရှိလာပြီး ဆူပူလှုံ့ဆော်မှုဖြစ်အောင် ဖန်တီးခဲ့ပြီး ဧကရာဇ်ဗလီအား ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

    ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရမည်းသင်းမြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ ဖြစ်ပွားပုံကို သိရှိခဲ့ရပါသည်။ ရမည်းသင်းမြို့တွင် နေထိုင်သော ဗုဒ္ဓဘာသာ အမျိုးသားတစ်ဦးနှင့် မွတ်စလင်မ်အမျိုးသမီး တစ်ဦးတို့သည် လွန်ခဲ့သော ၁၅-နှစ်ခန့်က အိမ်ထောင်ကျပြီး လွန်ခဲ့သော ၄-နှစ်ခန့်က အိမ်ထောင်ပြိုကွဲသွားကာ စီးပွားပြိုင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းတို့ နှစ်ဦးစလုံးမှ အသီးသီး ဘောလုံးအသင်းများထောင်ထားခဲ့သည်။ အမျိုးသမီးထောင်ထားသော ဘောလုံးအသင်းတွင် မွတ်စလင်မ် လူနည်းစုပါဝင်ခဲ့သည်။ မနေ့က ၁၂.၁၀.၁၂ တွင် ရမည်းသင်းမြို့၌ ဘောလုံးပွဲပြုလုပ်ခဲ့ရာ ယင်း ၂-သင်းလုံးပြိုင်ခဲ့ကြပြီး ဘောလုံးပွဲတွင်ပင် ပြဿနာဖြစ်ပွားခဲ့ရာ အမျိုးသမီးပိုင် ဘောလုံးအသင်းမှ မွတ်စလင်မ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်း ပြဿနာသည် ထိုမျှနှင့် ပြီးဆုံးခဲ့သော်လည်း ညပိုင်း၌ အရက်ဆိုင်တွင် ယင်းဘောလုံး ၂-ဖွဲ့လုံး ဆုံမိကြပြီး ရန်ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းရန်ပွဲအား ရဲစခန်းမှ လာရောက်ထိန်းသိမ်း၍ ပြီးဆုံးသွားခဲ့သည်။ ယနေ့တွင်မူ ဘုန်းကြီးတစ်စုနှင့်အရပ်သားတစ်ချို့သည် စုဝေးရောက်ရှိလာပြီး ပဋိပက္ခဖြစ်ပွားစေရန် ဆူပူလှုံ့ဆော်ခဲ့ပြီး ရမည်းသင်းမြို့ရှိ ဧကရာဇ်ဗလီအား ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း ရမည်းသင်းမြို့ရှိ စစ်တပ်နှင့်ရဲတို့မှ အချိန်မီ ထိန်းသိမ်း တားဆီးလိုက်သောကြောင့် ယင်းဆူပူလှုံ့ဆော်မှု အထမမြောက်ဖြစ်သွားကြောင်း သိရပါသည်။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  “ရမည်းသင်းမြို့မှာက ဗလီ ၉-လုံး ရှိပါတယ်။ အခုဖြစ်တဲ့ ဧကရာဇ်ဗလီက အသစ်ပါ။ ဧကရာဇ်ဗလီအဟောင်းလည်းရှိပါတယ်။ အဟောင်းကတော့ ပိတ်ခံထားရပါတယ်။ စဖြစ်တာက ဗုဒ္ဓဘာသာအမျိုးသားနဲ့ မွတ်စလင်မ်အမျိုးသမီး အိမ်ထောင်ကျ အိမ်ထောင်ပြိုကွဲပြီ စီးပွားပြိုင်လုပ်ကြရင်း အသီးသီး ဘောလုံးအသင်းတွေ ထောင်ကြတယ်။ မနေ့က ဘောလုံးပွဲမှာ အဲဒီ ၂-သင်း ရိုက်ပွဲဖြစ်တယ်။ အဲဒီမှာပဲ ရန်ပွဲက ပြီးသွားတယ်။ နောက် ညပိုင်းရောက်တော့ အရက်ဆိုင်မှာ အဲဒီ ဘောလုံး ၂-သင်း အတူတူဆုံမိကြပြီး အရက်သောက်ရင်း စကားများကြရာကနေ ရန်ပွဲထပ်မံဖြစ်သွားခဲ့တယ်။ အဲဒါကို ရဲက အချိန်မီအရေးယူလိုက်တယ်။ အဲဒါ ဒီမနက်ကျတော့ ဘုန်းကြီး တစ်စုရောက်လာပြီး အဓိကရုဏ်းဖြစ်အောင် လာပြီး လှုံ့ဆော်တယ်။ အဲဒီဘုန်းကြီးတွေက ရမည်းသင်းက ဘုန်းတော်ကြီးတွေ မဟုတ်ပါဘူး။ ရမည်းသင်းမြို့ပေါ်က ကျောင်းတိုက်တွေ အားလုံးက ဆရာတော်ကြီးတွေက ကျောင်းကဘုန်းကြီးတွေကို ပေးမထွက်ပါဘူး။ ကျွန်တော် သတင်းပြန်ကြားရသလောက် အခုရောက်လာပြီး လှုံ့ဆော်တဲ့ဘုန်းကြီးတွေက မန္တလေးက ဦးဝီရသူစေလွှတ်လိုက်တဲ့ ဘုန်းကြီးတွေဖြစ်တယ်လို့ တဆင့်ပြန်ကြားရတယ်။ အဲဒီ ဘုန်းကြီးတွေကို ရမည်းသင်းမြို့ပေါ်က ဘယ်ကျောင်းတိုက်ကမှ လက်မခံပါဘူး။ တည်းခိုခွင့်မပြုဘူး။ အဲဒါနဲ့ မြို့ပေါ်က အိမ်တစ်အိမ်မှာ သူတို့တည်းလိုက်ရတယ်။ အဲဒီလက်ခံပေးတည်းလိုက်တဲ့အိမ်ကလည်း NLD အမာခံတစ်ဦးရဲ့ အိမ်လို့ သိရတယ်။ အဲဒါကတော့ သေချာပေါက်မသိသေးဘူး။ အဲဒါ သူတို့က ဧကရာဇ်ဗလီကိုဖျက်ဆီးဖို့အတွက် ပြဿနာဖြစ်အောင် ဆူပူလှုံ့ဆော်ပါတယ်။ စစ်တပ်နဲ့ရဲက အချိန်မီ တားဆီးခဲ့ပါတယ်။ စစ်တပ်နဲ့ရဲက တကယ်ကို ပြဿနာမဖြစ်အောင် တားဆီးနိုင်ခဲ့တာပါ။ အဲဒါ အခုလည်း သတင်းတစ်ခုကြားရတယ်။ ဘာလဲဆိုတော့ မနက်ဖြန်ကျရင် ဘုန်းကြီးတစ်ပါးကို မွတ်စလင်မ်တွေက ၀ိုင်းသတ်တယ်ဆို လုပ်ကြံပြီး ပြဿနာဖြစ်အောင် ဖန်တီးမယ်လို့ သူတို့တွေဘက်က သတင်းကြားနေရတယ်။ အဲဒါကြောင့် မြို့နယ်အာဏာပိုင်တွေရော နောက် ပါတီတွေကိုပါ အဲဒီသတင်းကို အသိပေးထားပြီး အဲဒါမျိုး မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်းပေးဖို့ ပြောထားပါတယ်။ ကျွန်တော်တို့ ဘယ်လို ပဋိပက္ခမျိုးကိုမှ မလိုလားပါဘူးဗျာ။” လို့ ရမည်းသင်းမြို့ မြို့ခံတစ်ဦးက M-Media သို့ ပြောပြခဲ့တယ်။

  • ကွယ်လွန်သူ NLD CEC (၉၀ အမတ်) ဦးသိန်းဟန် ပြည်မြို့ မွတ်စလင်မ် သုဿာန်တွင် သင်္ဂြိုလ်ခဲ့ခြင်းကို တရားစွဲခံရ

    ကွယ်လွန်သူ NLD CEC (၉၀ အမတ်) ဦးသိန်းဟန် ပြည်မြို့ မွတ်စလင်မ် သုဿာန်တွင် သင်္ဂြိုလ်ခဲ့ခြင်းကို တရားစွဲခံရ

    အောက်တိုဘာ၊ ၁၁၊၂၀၁၂

    M-Media

    သတင်း- ပြည့်ပြည့်

    ကွယ်လွန်သူ ရှေ့နေကြီး ဦးသိန်းဟန် နောက်ဆုံးခရီး လိုက်ပို့ခဲ့စဉ်

    အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဗဟိုအလုပ်အမှုဆောင်(၁၉၉၀)ခုနှစ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ရန်ကုန်မြိုနေ ဦးသိန်းဟန်၏ ရုပ်အလောင်းကို ပြည်မြို့ မွတ်ဆလင်များသဂြိုဟ်သည် မြန်မာမွတ်စလင်မ် သုဿန်တွင် (၁၉.၅.၂၀၁၂)နေ့ကသဂြိုလ်မှု့အပေါ်စည်ပင်ဥပဒေပုဒ်မ-၇၃အရ ပြည်မြိုနယ် တရားရုံးသို ပြစ်မှုကြီး အမှုအမှတ်-၃၆၆၇/၁၂ဖြင့်တရားစွဲဆိုခံရကြောင်း သတင်းရရှိပါသည်။

    အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ဗဟိုအလုပ်အမှုဆောင်(၁၉၉၀)ခုနှစ် လွှတ်တော် ကိုယ်စားလှယ် ကွယ်လွန်သူ ရှေ့နေကြီး ဦးသိန်းဟန်

    ရန်ကုန်မြိုနေ ၁၉၉၀ခုနှစ် (NLD)ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး၊ လက်ရှိ(NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သည် ရန်ကုန်မြိုတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်သူ မိဘဘိုးဘွားများ သဂြိုဟ်ထားခဲသည် ပြည်မြို ဆင်စုရပ်ရှိ မဟာမေဒင် သုသာန် (လွန်ခဲ့သည်နှစ်ပေါင်း(၁၀၀)ကျော် တည်ထားခဲ့သည်)တွင် သင်္ဂြိုဟ်လိုသောဆန္ဒ (ကွယ်လွန်သူနဲ ကျန်ရစ်သူ ဆွေမျိုးများ၏ ဆန္ဒ)ရှိသဖြင့် ပြည်မြိုသို ဦးသိန်းဟန်၏ ရုပ်အလောင်းကို သယ်ဆောင်လာခဲ့ပြီး ဆွေမျိုးများနှင့်ပင် ပြည်မြိုနယ်(NLD)ပါတီဥက္ကဌနှင့် အလုပ်အမှုဆောင်များအပါအ၀င် (NLD)ပါတီ၏အလံ၊ လွမ်းသူပန်းခွေများနှင့် ခမ်းနားစည်းကားသိုက်မြိုက်စွာ (၁၉.၅.၂၀၁၂)နေ့ကသဂြိုဟ်ခဲ့ပါသည်၊

    သို့သော်လည်း ဦသိန်းဟန် ရုပ်အလောင်းကိုလွန်ခဲ့သည် နှစ်ပေါင်း (၁၀၀)ကျော် ကတည်းက တည်ရှိပြီး ခေတ်အဆက် သဂြိုင်္ဟ်ခဲ့သော မြန်မာမွတ်စလင်မ် သုဿန်တွင် သဂြိုဟ်ခဲ့ခြင်းသည် စည်ပင်ဥပဒေကို ဖောက်ဖျက်သည်ဟူဆိုကာ စည်ပင်ဥပဒေ ပုဒ်မ-၇၃ဖြစ် ပြည်မြိုဒေသဆိုင်ရာ အာဏာပိုင်များက တရားစွဲဆိုရန်စီစဉ်ခဲ့ပြီပြည်စည်ပင်အဖွဲ ဒုဦးစီးမှုး ဦးမျိုးဇင်ဝင်းမှ တရားလိုပြုလုပ်ခါ ဆွေမျိုး နီးစပ်တော်သူ ဦးမောင်မောင်ဆိုသူအား အရေးယူ တရားစွဲဆိုသည်ဖြစ်ရပ် ပြည်မြိုနယ်တရားရုံးတွင်ဖြစ်ခဲ့ပါသည်၊

    အတိုက်အခံ အင်အားစုပါတီ၏ ဗဟို အလုပ်အမှုဆောင်အဖွဲဝင်(လွှတ်တော်ကိုယ်စားလှယ်၁၉၉၀)ဦးသိန်းဟန် အနေအဖြင့် သေဆုံးသည်တိုင် အာဏာပိုင်အဖွဲတို့မှ ထိုသိုအရေးယူခြင်းသည် လူသားတဦး၏ အခွင့်အရေးများ ဆုံးရှူံးနေရကြောင်း ဒေသခံပြည်သူများ ကဝေဖန်နေကြပြီ ပြည်မြိုနယ် တရားရုံး၏ တရားစီရင်မှု့သည် ဘက်မလိုက်ဘဲ တရားမျှတမှုရှိစေရန်သာ ဆုတောင်းလျက်ရှိနေကြကြောင်း သိရသည်။

     

    NLD CEC ဥိးသိန်းဟန် နောက်ဆုံးခရီး လိုက်ပို့သူများ

     

    ဤသုဿာန်မြေသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက တည်ရှိခဲ့သော သုဿာန်ဖြစ်ပြီး ကိုယ်ပိုင်ဝယ်ယူထားခဲ့ကြသော မြေနေရာဖြစ်ကြောင်း၊ ၂၀၀၈-ခုနှစ်တွင် မြို့နယ်စည်ပင်မှ မြို့နယ်အင်္ဂါရပ်နှင့်မညီညွတ်ဟုပြောသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ကြောင်း၊ သုဿာန်မြေအဟောင်းအား ပိတ်သိမ်းပြီး အသစ်သို့ပြောင်းရွှေ့ရန် နေရာ အသစ်ပေးခဲ့သော်လည်း အဆိုပါနေရာမှာ အဆင်မပြေသောကြောင့် မပြောင်းရွေ့ပဲ နေခဲ့ကြကြောင်း၊  ဒေသခံများမှ သုဿာန်အသစ်သို့ ပြောင်းရွှေ့ခြင်းမပြုသေးတာကြောင့် ဇူလိုင်လ ၂၅-ရက်နေ့ ည ၉-နာရီခန့်တွင် ရဲများမှ လာရောက်ပြီး သော့ခတ်သွားကြောင်း သတင်းရရှိပါသည်။