News @ M-Media
Blog
  • ရခိုင်တွင် လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်ကြောင်း ကြေငြာချက်ထုတ်
    ရခိုင်တွင် လူသားချင်း စာနာကူညီရေးအခြေအနေ အမေရိကန် စိုးရိမ်ကြောင်း ကြေငြာချက်ထုတ်
    စက်တင်ဘာ၊ ၁၁၊ ၂၀၁၂
    M-Media
    Source: RFA & US EMBASSY
    Photo BBC
    ပြီးခဲ့တဲ့ဇွန်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက လူသားချင်း စာနာကူညီရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက အထူးစိုးရိမ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ပြောကြား လိုက်ပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ Derek Mitchell နဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Joseph Yun တို့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ နေရာတွေကို နှစ်ရက်ကြာ သွားရောက် ကြည့်ရှု လေ့လာခဲ့ပြီးတဲ့နောက် အမေရိကန် သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
    ရန်ကုန်မြို့ အမေရိကန်သံရုံးမှ ထုတ်ပြန်သည့် ကြေငြာချက်
    ဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခဒဏ်ကို နှစ်ဖက်စလုံး အကြီးအကျယ် ခံခဲ့ကြရပြီး စာနာမှုကူညီရေး အခြေအနေကလည်း စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်ကြောင်း လိုအပ်နေတာတွေကို ချက်ခြင်းအမြန် ဆောင်ရွက်ပေးဖို့ အရေးကြီးတဲ့အပြင် ရေရှည်အတွက် အခြေခံကျတဲ့အလုပ်တွေ၊ တည်တံ့ခိုင်မြဲပြီး တရားမျှတတဲ့ ဖြေရှင်းမှုတွေ ချမှတ်ဖို့လည်း လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။
    အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန အကြီးအကဲလည်းဖြစ်တဲ့ မစ္စတာ Joseph Yun ဟာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုကိစ္စ ဆက်လက် ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မနေ့က ထွက်ခွာသွားပါတယ်။
  • ဟော်လီးဝုဒ်ကပြောတဲ့  ၉-၁၁ ဇာတ်လမ်း
    ဟော်လီးဝုဒ်ကပြောတဲ့ ၉-၁၁ ဇာတ်လမ်း
    စက်တင်ဘာ  ၁၁ ၊ ၂၀၁၂။
    ၉-၁၁ အဖြစ်အပျက်အပေါ် မွတ်စ်လင်များ၏ အမြင်ကို ရိုက်ပြထားသော အမေရိကန်လူနေမှု့ဘ၀ထဲက ပါကစ္စတန်လူတော်လေး တစ်ယောက် အကြောင်းရုပ်ရှင်ကို ဗီိးနိ့စ်ရုပ်ရှင်ပွဲတော်တွင် ပရိတ်သတ်အား စတင်မိတ်ဆက်လိုက်သည်။
    “အမေရိကန်နိုင်ငံအား စိတ်ကူးယဉ်သူ၊ အမေရိကန်နိုင်ငံအားချစ်သူ၊  သူစိတ်ကူးယဉ်ခဲ့သလို အမေရိကန်နိုင်ငံ Princeton တက္ကသိုလ်မှဘွဲ့ရပြီး၊ နယူးယောက်မြို့၏ စီးပွားရေး အချက်အချာ နေရာဖြစ်ပြီး ကမ္ဘာ့ အဓိက စီးပွားရေး စတော့ရှယ်ယာ ဈေးကွက်ဟုတင်စားခေါ်ဆိုနိုင်သော Wall Street တွင် အလုပ်လုပ်ကိုင်ခွင့်ရသော ပါကစ္စတန်လူငယ်လေးတစ်ယောက်အကြောင်းရိုက်ကူးထားပါ၊ ဒါပေမယ့် ကမ္ဘာကြီးမှာ ၉-၁၁ လို ကိစ္စမျိုးတွေ ရုတ်တရက် ဖြစ်လာခဲ့တဲ့အခါမှာတော့ သူ့ကို အားလုံးက တခြားသူတစ်ယောက်လို မြင်သွားကြတော့တာပါပဲ” ဟု The Reluctant Fundamentalist ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ Mira Nair က ဘီဘီစီအွန်လိုင်းသတင်းမှာ ပြောကြားသွားခဲ့ပါတယ်။
    ဒီလို ဇာတ်လမ်းမျိုးကို အာရှတောင်ပိုင်း ရုပ်ရှင်များမှာ ကျွန်မတို့ မြင်တွေ့နေကျ ဖြစ်နေပါလိမ့်မယ် ၊ ဒါပေမယ့် အမေရိကား မှာ တော့ ဒါဇာတ်လမ်းမျိုး ဒီတစ်ခုပဲရှိမှာပါ လို့ ကျွန်မ ထင်ပါတယ်။
    ဒီရုပ်ရှင်က ကိုယ်ရေးကိုယ်တာ နဲ့ နိုင်ငံရေး နှစ်ခုစလုံးကို တစ်ပြိုင်နက်တင်ဆက်နိုင်ပြီး ခေတ်ပေါ်အကြောင်းအရာတွေအတွက်လည်း အချိန်ကိုက်ပဲဖြစ်တာကြောင့် တကယ့်ကို ထူးခြားတဲ့ ရုပ်ရှင်ဖြစ်ဖို့ မျှော်လင့်ပါတယ်။
    ဒီဇာတ်လမ်းတွင် အမေရိကား ရောက် ပါကစ္စတန် လူတော်လေး Changez Khan က ၉-၁၁ အဖြစ်အပျက် အကျိုးဆက်များ နောက်မှာ သူ့ကိုယ်သူ ဘယ်လို လူမျိုးဖြစ်တယ်ဆိုတာ ကို သက်သေ ပြထားတဲ့အကြောင်း ရိုက်ပြထားပါတယ်။
    ဒီဇာတ်လမ်းမှာ   ဗြိတိန်မင်းသား Riz Ahmed သည် ပါကစ္စတန် ပါမောက္ခ Khan အဖြစ် သရုပ်ဆောင်ထားပြီး အမေရိကန် ဆန့်ကျင်ရေး လုပ်ရပ်များကို ပါကစ္စတန်နိုင်ငံ၊ လာဟိုးရ် ရှိ ကျောင်းသားများကို ဖြန့်ဝေသူ အဖြစ် ပါဝင်ခဲ့သည်။ အမေရိကားသို့ ရွှေ့ပြောင်းနေထိုင်သူများရဲ့ ပညာရေး ကိစ္စများမှာ ဖိအားပေးမှုရှိမရှိကို သံသယ ရှိတာကြောင့် သူ့ကို  CIA က ထောက်လှမ်းနေခဲ့ပါတယ်။
    ဇာတ်လမ်း အစပိုင်းမှာတော့  Wall Street မှာ ငွေကြေးဆိုင်ရာ စီးပွားရေးပညာရှင် အဖြစ် Khan က ဘ၀ ကို စခဲ့တယ် ဆိုတာ ကို ပရိတ်သတ်အား သိစေပြီး ပါကစ္စတန် ရွှေ့ပြောင်းနေထိုင်သူတစ်ဦး အနေဖြင့် Wall Street မှာ ဘယ်လို အကြင်နာ ကင်းမဲ့ရမယ် ဘယ်လို တစ်ကိုယ်ကောင်းဆန်ရမယ်ဆိုတာတွေကိုပါ သိစေဖို့ ဤရုပ်ရှင်မှာ ပြသထားပါတယ်။
    ကမ္ဘာကို ပတ်ပြီး ခရီးသွားနေသော စီးပွားရေးပညာရှင် တစ်ယောက်အနေနဲ့   စီးပွား ပျက်ကပ်တွေကြားမှာလည်း ဘယ်လို အမြတ်ထုတ် တယ်ဆိုတာလည်း ဤဇာတ်လမ်းမှာ ပြောပြထားပါတယ်။
    ၉-၁၁ တိုက်ခိုက်မှု့နောက်ဆက်တွဲ အဖြစ်  အခြားနိုင်ငံမှ ရွှေ့ပြောင်းသူများအား တစ်ဖက်စောင်းနင်း ဆက်ဆံမှု့ များ က  Khan အား အမေရိကား၌ ပို မို စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။
    “သူကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ လိုပါတယ်၊ သူဘာလုပ်မယ် ၊ သူဘယ်ကို သွားမယ်၊ သူဘယ်မှာနေမယ်၊ ဒါဟာ ဘာနဲ့တူလဲဆိုတော့ စီးဆော့လိုမျိုး  ကျွန်မကိုယ်တိုင် ဘ၀ကို အိန္ဒိယမှာ တစ်ဝက် အမေရိကားမှာ တစ်ဝက် ဖြတ်သန်းခဲ့ရသလိုပါပဲ” ဟု ဒါရိုက်တာ Niar က ပြောခဲ့ပါတယ်။
    ခြုံပြီးပြောရရင်တော့ နောက်ဆုံး အမေရိကားတွင်ရပ်တည်နေ ထိုင်သူ Khan ရဲ့ အစစ်အမှန်စိတ်ဓါတ် က ဘာလဲဆိုတာ ပရိတ်သတ်ကို ပြသထားတာပါ။
    “ဒီလိုမျိုး တကယ့် အရှိန်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေမှာ ပေါ့ပေါ့ပါးပါးနဲ့ ထိထိမိမိရိုက်ပြတတ်ဖို့ လိုပါတယ် ။ ကျွန်မကတော့လေ အဲဒီလို အခန်းမျိုးတွေ သရုပ်ဆောင်ရတော့မယ်ဆိုရင် ဒါရိုက်တာ Mira Nair နဲ့ အရင်ဆုံး အသေအချာ တွေ့လိုက်ပါတယ်။ ပြီးတော့ ဒီဇာတ်လမ်း အပေါ် သူမ ဘယ်လို အမြင်တွေရှိတယ်ဆိုတဲ့ သူမ ရဲ့ ရှင်းလင်းချက်တွေကို ကျွန်မ နားထောင်လိုက်ပါတယ်” လို့ မင်းသမီး Kate Hudson က ပြောခဲ့ပါတယ်။
    ရိုက်ကူးထားပုံများ
    ဒီဇာတ်လမ်းမှာ ပါကစ္စတန်တစ်ဦး အမေရိကားရောက်ပြီး အနောက် နိုင်ငံရဲ့ ဓလေ့များကို မနှစ်မြို့ကြောင်း ရိုက်ပြထားပါတယ်။
    “ဒီရုပ်ရှင်ရိုက်ဖို့ ၀တ္ထု စာအုပ်ဟာ ကျွန်မအတွက် လက်ဆောင်တစ်ခုပါပဲ” ဟု ဒါရိုက်တာ Nair က ပြောပါတယ်။
    ဟိုးအရင် က ကျွန်မ ပါကစ္စတန်ကို ပထမဦးဆုံးရောက်ဖူးခဲ့တဲ့အချိန်ပေါ့။ အိန္ဒိယမှာ ကြီးပြင်းတဲ့ ကျွန်မတို့ အဖို့ နယ်စပ် ကိုတောင် အလွယ်တကူ ဖြတ်သန်းလို့ မရခဲ့ပါဘူး။ ဒါဟာ အသေအချာ ပြောင်းရွှေ့ခြင်းအတွက် သက်သေတစ်ခုလိုပါပဲ။
    လာဟိုး မြို့ ဆိုတာကလည်း အပြန်အလှန် တိုက်ခိုက်မှု့တွေအကြား ပါကစ္စတန်တွေ ဘယ်လိုများနေသလဲ ဆိုတာတွေးရင်း တော်တော်လေး မနှစ်မြို့စရာ နေရာတစ်ခုနဲ့မတူပဲ   တိုးတက်ကောင်းမွန်ပြီး အင်မတန် လှပသောမြို့ ဖြစ်လို့ ကမ္ဘာ့အရှေ့ပိုင်းက ဗီးနိ့စ် မြို့ လို ဖြစ်နေပါတယ်။
    ဆက်လက်ပြီး Monsoon Wedding နဲ့  Salaam Bombay ရုပ်ရှင်များ ရိုက်ကူးခဲ့သူ ဒါရိုက်တာ Nair က အမေရိကန်-အာဖကန်နစ္စတန် တိုက်ခိုက်မှု့ ၉-၁၁ အဖြစ်အပျက် နောက်ပိုင်း သူမ မိသားစု ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရလဲဆိုတာ ပြန်ပြောင်းပြောပြခဲ့ပါတယ်။
    “နယူးယောက်မြို့ဟာ ကျွန်မတို့ မိသားစုအတွက် ကိုယ့်ဇာတိမြေလို ဖြစ်နေပြီး ပတ်ဝန်းကျင် က လူတော်တော်များများနဲ့လည်း ခင်မင်နေပါတယ်။ ဒါပေမယ့် ၉-၁၁ တိုက်ခိုက်မှု့အပြီးမှာတော့ ကိုယ့်ကို ခင်တဲ့သူတွေကပါ ရုတ်တရတ်ဆိုသလို သဘောထားတွေ ပြောင်းလဲကုန်တာပါပဲ၊ သို့သော်လည်း ဒီဇာတ်လမ်းမှာ ကျွန်မစိတ်အ၀င်စားဆုံးကတော့ ကျွန်မတို့ အားလုံးရဲ့ အမြင်တွေကို ရိုက်ပြထားတဲ့ အချက် ပါပဲ” လို့ ဒါရိုက်တာက ပြောခဲ့ပါတယ်။
    “ကျွန်မ ထင်တာကတော့လေ ကမ္ဘာကြီး ဘယ်လောက်ရှုပ်ထွေးတယ်ဆိုတာ ပြသဖို့ပဲ ဖြစ်ပါတယ် ၊ အိန္ဒိယ မှာ မွေးပြီး USA မှာ ကြီးပြင်းရတဲ့သူတစ်ယောက် အနေနဲ့ ဒီနိုင်ငံရဲ့ ဘွဲ့ရယ်၊ အတွေ့အကြုံတွေရယ်နဲ့ ဒီနိုင်ငံသားတစ်ယောက်လိုပါပဲ၊ ဒါကြောင့် ကျွန်မကတော့ ဒါ မျှတ တယ်လို့ ထင်ပါတယ်။” လို့ သူမက ပြောပါတယ်။
    အမေရိကားဆိုတာ လူ သန်းပေါင်း ၃၀၀ ကျော် ဖြတ်သန်းလှုပ်ရှား သွားလာနေတဲ့ နိုင်ငံပါ၊ ၉-၁၁ ဖြစ်ပြီးကတည်းက သူတို့ ထဲက အားလုံးမဟုတ်တောင် အချို့ ကတော့ စတန့် သရုပ်ဆောင် လုပ်ပေးဖို့ အဆင်သင့်ပါပဲ။
    “နိုင်ငံရေးဟာ  ကျွန်မရုပ်ရှင်ရဲ့ အဓိက ဇာတ်ကြောင်းမဟုတ်ပါဘူး” လို့ ဒါရိုက်တာက ထပ်လောင်းပြောကြားပါတယ်။
    “ကျွန်မ ရုပ်ရှင် က အမေရိကန်နဲ့ ပါကစ္စတန် ဒီနှစ်နိုင်ငံ အကြောင်း ချည်းရိုက်ထားတာမဟုတ်ပါဘူး ၊ ဒါ က လူတစ်ယောက်အကြောင်းနဲ့ ကျွန်မတို့ ဘယ်လိုမျိုး ဆုံးဖြတ်ချက်တွေချရမလဲ ဆိုတာ တွေကို ရိုက်ပြထားတာပါ ” လို့ သူမက ပြောပါတယ်။
    မင်းသား Liev Schreiber   နဲ့ မင်းသား Riz Ahmed  တို့ နှစ်ယောက် စကားပြောခန်းတွေမှာဆိုရင် သူတို့ နှစ်ယောက်ဟာ မတူညီတဲ့ အခြေအနေတွေမှာတောင် သူငယ်ချင်း ဖြစ်လို့ရတယ်ဆိုတာ ထင်ရှားပါတယ်၊ ဒါပေမယ့် ကမ္ဘာကြီး က သူတို့ကို အဲဒီလိုမမြင်နိုင်တာဟာ ၀မ်းနည်းစရာကောင်းလှပါတယ်။            ။
    http://onislam.net/english/news/americas/458872-movie-tells-911-from-the-other-side.html အား ဆီလျော်အောင်ဘာသာပြန်ပါသည်။
  • 9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?
    9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?
    စက်တင်ဘာ၊ ၁၁၊၂၀၁၂
    M-Media
    9/11 ရဲ့အဓိကတရားခံဘယ်သူလဲ?
    Zero An Investigation Into 9/11 (part 1 of 10)with myanmar subtitle
    Zero An Investigation Into 9/11 (part 2 of 10)
    Zero An Investigation Into 9/11 (part 3 of 10)
    Zero An Investigation Into 9/11 (part 4 of 10)
    Zero An Investigation Into 9/11 (part 5 of 10)
    Zero An Investigation Into 9/11 (part 6 of 10)
    Zero An Investigation Into 9/11 (part 7 of 10)
    Zero An Investigation Into 9/11 (part 8 of 10)
    Zero An Investigation Into 9/11 (part 9 of 10)
    Zero An Investigation Into 9/11 (part 10 of 10)
    Zero An Investigation Into 9/11 ကို မြန်မာဘာသာသို့ပြန်ဆိုပြီး စာတန်းထိုးခြင်းကို MMSY (မြန်မာမွတ်စလင်မ် ကျောင်းသားလူငယ်များ) မိသားစုမှ စုပေါင်းဆောင်ရွက်ထားသော ပရောဂျက်တခုဖြစ်ပါသည်။
  • အမေရိကန်အနေဖြင့် အစ္စလာမ်သာသနာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း  အိုဘားမားဆို
    အမေရိကန်အနေဖြင့် အစ္စလာမ်သာသနာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း အိုဘားမားဆို
    စက်တင်ဘာ ၈ ရက် ၂၀၁၂
    M-Media
    မှီငြမ်း- ၀ါရှင်တန် တိုင်းမ်စ် www.washingtontimes.com/news/2012/sep/8/obama-america-not-war-islam/
    အမေရိကန် သမ္မတ အိုဘာမားက ၉/၁၁ နှစ်ပတ်လည်နေ့ အတွက် အပတ်စဉ်ရေဒီယိုနှင့် အင်တာနက်တို့မှတဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း၌ သမ္မတအိုဘားမားက အမေရိကန်အနေဖြင့် အစ္စလာမ်ဘာသာနှင့် စစ်ဆင်နွှဲနေခြင်း မရှိကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
    သမ္မတအိုဘာမားက “ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတော့ ခက်ခဲတဲ့နှစ်တွေပါပဲ၊ ဒါပေမယ့် ကျနော်တို့က တိုင်းပြည်တစ်ပြည်အနေနဲ့ ပိုပြီးတော့အင်အားကောင်းစွာ ပြန်လာနိုင်ခဲ့ပါတယ်။” ဟု ပြောကြားခဲ့သည်။
    “ကျနော်အမြဲပြောလေ့ရှိတဲ့အတိုင်းပါပဲ၊ အမေရိကန်နိုင်ငံက အလ်ကိုင်ဒါနဲ့ သူ့ရဲ့အပေါင်းအပါတွေနဲ့သာ စစ်ဆင်နွှဲနေတာဖြစ်တယ်၊ ကျနော်တို့အနေနဲ့ အစ္စလာမ် ဒါမှမဟုတ် ဘယ်ဘာသာ သာသနာနဲ့မှ စစ်ဆင်နွှဲသွားမှာ မဟုတ်ဘူး” စသဖြင့် သမ္မတအိုဘားမားက ပြောကြားခဲ့သည်။
    လက်ရှိတွင်မူ အိုဘာမားအစိုးရအဖွဲ့၏ စီးပွားရေးအခြေအနေအပေါ် ကိုင်တွယ်နေမှုများနှင့်ပတ်သတ်ပြီး ဝေဖန်မှုများရှိနေသော်လည်း လွန်ခဲ့သည့်လက အလုပ်လက်မဲ့နှုန်း ၈.၃ ရှိနေရာမှ ယခုလတွင်မူ ၈.၁ အထိ ကျဆင်းလာခဲ့သည်။ လူပေါင်း ၉၆၀၀၀ ကို အလုပ်ပေးနိုင်ခဲ့ပြီး အလုပ်ရှာနေသူပေါင်း ၃သိန်း ၆သောင်း ၈ ထောင်မှာ အလုပ်သမားဈေးကွက်မှ ထွက်သွားပြီးဖြစ်ကြောင်း သောကြာနေ့က အလုပ်သမားဌာနမှ သတင်းပေးပို့ထားသည်။
    မနက်ဖြန်တွင်ကျရောက်မည့် စက်တင်ဘာ ၁၁ အထိမ်းအမှတ်မှာ ယခုနှစ်ဆိုလျှင် ၁၁ ကြိမ်မြောက်နှစ်ပတ်လည်ဖြစ်သည်။ လွန်ခဲ့သည့် ၁၁ နှစ်ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် လူပေါင်း ၃ ထောင်ခန့် သေဆုံးခဲ့ရသည်။ ယင်းအဖြစ်အပျက်ကို အစ္စလာမ်သာသနာအား ခုတုံးလုပ်ကာ အမုန်းတီးခံပြစ်မှတ်ဖြစ်လာစေဖို့ လုပ်ကြံဖန်တီးခဲ့ကြခြင်းလည်း ဖြစ်နိုင်ကြောင်း အချို့သော ဝေဖန်ရေးသမားများက ဆိုနေကြသည်။
  • ရွှေမန်းဇေယျာ အလှူရှင်များရဲ့ ဘာသာ၊လူမျိုးမခွဲတဲ့ မြင့်မြတ်တဲ့ အလှူဒါန
    ရွှေမန်းဇေယျာ အလှူရှင်များရဲ့ ဘာသာ၊လူမျိုးမခွဲတဲ့ မြင့်မြတ်တဲ့ အလှူဒါန
    စက်တင်ဘာ ၂၊ ၂၀၁၂၊
    M-Media
    သတင်း/ဓါတ်ပုံ – ပြည့်ပြည့်
    စစ်ကိုင်း ။          ။ရွှေမန်းဇေယျာ အလှူရှင်များသည် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်ရှိ ကျောင်းသားကျောင်းသူ (၅၅၆)ယောက်တို့အား ကျောင်းသုံး ပစ္စည်းများလှူဒါန်းခြင်းနှင့် တောင်ဗီလာဘုန်းကြီး စာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ဆရာများအား နံနက်စာကျွေးမွေးခြင်းလှူဒါန်းမှုကို ၂.၉.၂၀၁၂(တနင်္ဂနွေနေ့)တွင် ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။
    အဆိုပါလှူဒါန်းမှုတွင် စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် နီလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၂၄)ဦး ဆရာဆရာမ(၇)ဦး၊ ပတ္တမြားကျောင်းမှ ကျောင်းသားကျောင်းသူ(၁၀၃)၊ ဆရာဆရာမ(၅)ဦး၊ မြရတနာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၉၇)ဦး၊ ဆရာဆရာမ(၇)ဦး၊ တောင်ဗိလာကျောင်းမှ ကျောင်းသားကျောင်းသူ(၁၃၂)ဦး၊ ဆရာဆရာမ(၁၁)ဦး၊ စုစုပေါင်းကျောင်းသားကျောင်းသူ(၅၅၆)ဦးနှင့် ဆရာမဆရာမ(၃၀)ဦးတို့အတွက် သင်ထောက်ကူပစ္စည်းများ(သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်)၊ မုန့်များ၊ ဆန်များ၊ အ၀တ်အစားများ၊ မြရတနာမှ တက္ကသိုလ်ဝင်တန်းအောင်တစ်ဦးနှင့် တက္ကသိုလ်တက်နေသူတစ်ဦးတို့အား အလှူငွေပေးအပ်ခဲ့ကြပြီး မြရတနာကျောင်းတွင် လိုအပ်နေသော ရေပိုက်သွယ်တန်းခြင်းကိုလည်း လှူဒါန်းခဲ့ပြီး စုစုပေါင်းငွေကျပ် (၉၆၅၅၀၀ိ/-)တန်ဖိုး လှူဒါန်းခဲ့ကြကြောင်းသိရပါသည်။
    အဆိုပါ ရွှေမန်းဇေယျာအလှူရှင်များ၏ နှစ်စဉ်လှူဒါန်းနေမှုမှာ ၁၅-နှစ်ရှိခဲ့ပြီဖြစ်ကြောင်းလည်း သိရပါသည်။ ရွှေမန်းဇေယျာအလှူရှင်များတွင် ဦးဆောင်နေသူမှာ စစ်ကိုင်းမြို့မှ ဟာဂျီဦးချစ်ဖူးနှင့် ဟာဂျီမဒေါ်သီတာခိုင်(ရွှေနှင်းဆီစာပေ) ဇနီးမောင်နှံဖြစ်သည်ဟု သိရသောကြောင့် ဟာဂျီမဒေါ်သီတာခိုင်အား ရွှေမန်းဇေယျာ အလှူရှင်များအကြောင်းမေးမြန်းခဲ့ပါသည်။
    “ဒီအဖွဲ့လေးက အစကတော့ အဖွဲ့အနေနဲ့မရှိပါဘူး။ ဟိုးအရင်တုန်းက အခုဒီနေ့လှူခဲ့တဲ့ကျောင်း(၄)ကျောင်းလုံးကို အန်တီတို့တစ်ဦးတည်းက လှူခဲ့တယ်။ မြရတနာကျောင်းကိုလှူလာတာ ၁၅-နှစ်လောက်ရှိပါပြီ။ မြရတနာရပ်ကွက်က အရင်က အနာကြီးရောဂါရှိသူတွေနေကြတာ။ အဲဒါကို လှူရင်းနဲ့ စလှူဖြစ်သွားတာ။ အခုတော့ အနာကြီးရောဂါ မရှိကြတော့ပါဘူး။ အဲလို လှူတာကို တစ်ခြားမိတ်ဆွေအပေါင်းသင်းတွေကလည်းသိလာတယ်။ နောက်တော့ အန်တီတို့ဆရာကြီး ဦးဇော်ဝင်းက သိသွားပြီး နင်တစ်ယောက်တည်းလှူမနေနဲ့ ငါတို့တွေအားလုံး ၀ိုင်းလှူကြရအောင် ဆိုတာနဲ့ တစ်ခြားမိတ်ဆွေသူငယ်ချင်းတွေပါ ပါဝင်လာကြတယ်။ ဒီအဖွဲ့ကို အရင်က နာမည်ပေးမထားဘူး။
    နောက်ပိုင်း စစ်ကိုင်းကလူတွေရော၊ မန္တလေးမိတ်ဆွေတွေလည်း ပါဝင်လာကြပေမယ့် ဘာနာမည်မှမပေးပဲ ဒီအတိုင်းပဲလှူကြတာပါ။ လှူတဲ့အခါမှာလည်း ၀ိုင်းပြီးထည့်ကြတဲ့ငွေကို အပိုလက်ထဲမှာ ကိုင်ထားတာမျိုးမလုပ်ဘူး။ ရတဲ့ငွေကို တစ်ခါတည်း ကုန်အောင်လှူပါတယ်။ စာရင်းရှင်းတမ်းတစ်ခါတည်း လုပ်တယ်။ အနည်းအပါးလိုအပ်ငွေကို စိုက်ပြီးထည့်ဝင်ပါတယ်။ အများကြီးလိုတဲ့အခါကျရင်တော့ အဖွဲ့ဝင်သူငယ်ချင်းတွေကို ပြောပြတဲ့အခါ သူတို့တွေလည်း ၀ိုင်းဝန်းထည့်ဝင်လိုက်ကြတယ်။ ဒီအဖွဲ့လေးကို အခုနာမည်လေးပေးဖြစ်သွားတာက အရင်က ဒီဘကကျောင်းက ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ရှိတယ်။ အခုတော့ သူကကွယ်လွန်သွားပါပြီ။ အန်တီတို့တွေ လှူကြတဲ့အခါတိုင်း စစ်ကိုင်းနဲ့ မန္တလေးက အလှူရှင်တွေပါတယ်ဆိုတာ ပြောပြတော့ နောက်အန်တီတို့လာတိုင်းသူက ရွှေမန်းဇေယျာအဖွဲ့လာပြီ ရွှေမန်းဇေယျာအဖွဲ့လာပြီလို့ခေါ်ရင်းကနေ ရွှေမန်းဇေယျာအဖွဲ့လို့ တွင်သွားတယ်။ အဲဒါနဲ့ အဲဒီနာမည်လေးကိုပဲ ပေးဖြစ်လိုက်တယ်။ အခုလို လှူလာတာ ၁၅-နှစ်လောက်ရှိပေမယ့် အဖွဲ့အနေနဲ့လုပ်ခဲ့တာက ၇-နှစ်လောက် ရှိပါပြီ။
    အခုဒီတောင်ဗီလာကျောင်းလေးကို အန်တီတို့ စပြီးလှူခါစက ဒီလိုမဟုတ်ဘူး။ တဲလေးနဲ့။ အန်တီတို့တွေ လှူဒါန်းလာပြီးတဲ့နောက်မှာ မိတ်ဆွေအပေါင်းသင်းတွေကိုပြောပြတော့ သူတို့တွေလည်း အန်တီတို့ မလှူဒါန်းနိုင်တဲ့ အပိုင်းကို သူတို့က လှူဒါန်းပေးကြတယ်။ အခုတော့ တစ်ခြား အလှူရှင်တွေလည်း လှူဒါန်းကြလို့ ဒီအဆောက်အဦးလေးဖြစ်လာပါပြီ။ ဒီတောင်ဗီလာဆရာတော်က နာမည်ကြီး ဆရာတော်မဟုတ်ပေမယ့် စေတနာနဲ့သင်ကြားပေးနေတာကြောင့် အန်တီတို့ကလည်း ကူညီတဲ့အနေနဲ့ ဒီကျောင်းက ဆရာ/ဆရာမ(၇)ယောက်အတွက် လစာ တစ်လကို(၂၀၀၀၀ိ/-)နှုန်းနဲ့ တစ်နှစ်စာလှူဒါန်းပေးပါတယ်။ အဖွဲ့အနေနဲ့က လစဉ်မဟုတ်ပါဘူး။ လှူတဲ့သူတွေရှိတဲ့လဆို အဲဒီအလှူငွေနဲ့ ပြန်ကူညီတယ်။ တစ်ခြားလှူဒါန်းသူမရှိရင်လည်း အန်တီတို့ပဲ လှူဒါန်းလိုက်တာပါ။
    မန္တလေးက မိတ်ဆွေတချို့ကလည်း ထည့်ဝင်လှူဒါန်းပေးကြတယ်။ ဒီကျောင်လေးမှာ ဘာသာပေါင်းစုံက ကျောင်းသားလေးတွေရှိတယ်။ အန်တီတို့အနေနဲ့က ဘာသာနဲ့လူမျိုးကိုကြည့်ပြီးလှူတာမဟုတ်ပါဘူး။ ကလေးတွေ လူဆိုတဲ့ ကလေးတွေကိုပဲကြည့်ပြီးလှူတာပါ။ အဖွဲ့ ဖွဲ့ထားလို့ အဖွဲကခေါင်းဆောင်အနေနဲ့ မသွားပါဘူး။ အားလုံး မောင်နှမတွေလိုပဲ ၀ိုင်းပြီးလုပ်ကြတာပါ။ ဒီအဖွဲ့မှာ ဘာသာပေါင်းစုံက ပါဝင်ကြပါတယ်။”လို့ ဟာဂျီမဒေါ်သီတာခိုင်က ဖြေကြားခဲ့ပါတယ်။