News @ M-Media

Blog

  • အစ္စလာမ်နိုင်ငံအချို့၌ မြန်မာလုပ်သားများ ခြိမ်းခြောက်ခံရခြင်းမှာ ကောလာဟလဟု ဆို

    အစ္စလာမ်နိုင်ငံအချို့၌ မြန်မာလုပ်သားများ ခြိမ်းခြောက်ခံရခြင်းမှာ ကောလာဟလဟု ဆို

    (ရန်ကုန်၊ စက်တင်ဘာ ၃)

    ပေါ်ပြူလာ ဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    အကြောင်း အမျိုးမျိုးကြောင့် ပြည်ပမှ ပြန်လာသူ အလုပ်သမားများ အချို့၏ ကောလာဟလ စကားကြောင့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းအား ထိခိုက်စေနိုင်သည်ဟု ယင်းအသိုင်းအဝိုင်း မှ သိရသည်။

    အစ္စလာမ်နိုင်ငံ များ၌ အလုပ် လုပ်ကိုင်နေကြသော မြန်မာ လုပ်သားများ အနေဖြင့် အစ္စလာမ်များ ၏ခြိမ်းခြောက်မှု ခံနေရကြောင်း မမှန်စကား များလည်း ထွက်ပေါ်နေ သည်ဟု ယင်း အသိုင်းအဝိုင်းက ပြောသည်။

    ”ကျွန်မတို့ ကလေးတွေ ကာ တာမှာ အလုပ်လုပ်နေကြတာ အများကြီးပါ။ ပြန်လာတာလည်း မရှိပါဘူး။ ခြိမ်းခြောက် ခံနေရတယ် လို့လည်း မကြားပါဘူး”ဟု သုခ စုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန် ဆောင်မှု လုပ်ငန်းမှ ဒါရိုက်တာက ပြောသည်။

    ရခိုင်ပြည်နယ် အတွင်း မကြာမီ ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အစ္စလာမ်နိုင်ငံ များတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာလုပ်သား များ အစ္စလာမ် တို့၏ ခြိမ်းခြောက်မှု များခံနေရသည် ဆိုသော သတင်း မှာ မဟုတ်မှန်ကြောင်း ပြည်ပ အလုပ် အကိုင် အေဂျင်စီများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    မြန်မာ အလုပ်သမားများ အများဆုံး သွားရောက် အလုပ်လုပ် ကိုင်နေသည့် အစ္စလာမ်နိုင်ငံ များမှာ မလေးရှား၊ ယူအေအီး၊ ကာတာ စသည့်နိုင်ငံ များဖြစ်ကြောင်း သိရ သည်။
    အဆိုပါ ကောလာဟလ သတင်းများ ထွက်ပေါ်နေသော် လည်း မလေးရှား နိုင်ငံသို့ လစဉ် သွားရောက်မှုနှုန်းမှာ လျော့ကျသွား ခြင်း မရှိကြောင်း အာဘာဖီးပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    ယင်းအပြင် မလေးရှားနိုင်ငံ တွင် ၂ဝ၁၃ မတိုင်မီ အခြေခံ လစာ များ တိုးမြှင့်မည် ဆိုသည့် သတင်း ကြောင့် လုပ်သားများ သာမက အမျိုးသမီး အလုပ်သမား များပါ သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည်ဟု သုခစုစံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    မြန်မာ လုပ်သားများအား အစ္စလာမ်များ၏ ခြိမ်းခြောက်ခြင်း ခံနေရ သည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ ဒူဘိုင်းတွင် သွားရောက် အလုပ် လုပ်ကိုင်ခဲ့သူ ကိုသုတ က ”ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်အထိ ကျွန်တော် ဒူဘိုင်းမှာ အလုပ်လုပ်နေတာ။ ၈ လပိုင်းမှ ပြန်လာတာပါ။ ကျွန်တော် သိသလောက် ဒူဘိုင်း မှာတော့ အရင်က တည်းက မြန်မာနဲ့ အစ္စလာမ်က မတည့်ကြဘူး။ လုပ်ငန်းခွင် ထဲမှာလည်း မြန် မာက သပ်သပ် အစ္စလာမ်က သပ်သပ် ကိုယ့်အုပ်စုနဲ့ ကိုယ်နေကြတာ။ အခုလိုဖြစ် သွားတော့ ပိုပြီး မတည့် ကြတော့ဘူးပေါ့”ဟု ၄င်းက ရှင်း ပြသည်။

    လက်ရှိ ဒူဘိုင်းနှင့် မလေးရှား နိုင်ငံ များတွင် အလုပ် လုပ်ကိုင်နေကြ သော မြန်မာ အလုပ်သမား အချို့ အား အွန်လိုင်းမှ ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းတို့၏ ပတ်ဝန်း ကျင်နှင့် အလုပ် ဌာနများတွင် ယင်းသို့ပြောဆို ခြိမ်းခြောက်မှုမျိုး တစ်စုံတစ်ရာ မတွေ့ရဟု ဆိုသည်။
    အစ္စလာမ်နိုင်ငံ များတွင် အလုပ် လုပ်ကိုင်ခဲ့ကြသည့် မြန်မာလုပ်သား အချို့မှာ ပြည်တွင်းသို့ ပြန်ရောက် လာခြင်းသည် ၄င်းတို့၏ အကြောင်း အမျိုးမျိုးသော လုပ်ငန်း ခွင်ပြဿနာ များကြောင့်သာ ဖြစ် သည်ဟု အာဘာဖီး ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

    ဧပရယ်ဦး

  • ချင်း ခရစ်ယာန်များအပေါ် ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်ပြီး ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းသည် ဟု CHRO ဆို

    ချင်း ခရစ်ယာန်များအပေါ် ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်ပြီး ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းသည် ဟု CHRO ဆို

    စက်တင်ဘာ၊ ၅ ၊၂၀၁၂

    Source: http://khonumthungburmese.org/?p=528

    ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ်က Threats to Our Existence : Persecution of Ethnic Chin Christians in Burma ဆိုသည့် ကျွန်ုပ်တို့၏ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း၊ မြန်မာနိုင်ငံ ချင်းခရစ်ယာန် တိုင်းရင်းသား များအး နှိပ်ကွပ်ခြင်း အစီ ရင်ခံစာကို ယနေ့ ၅ စက်တင်ဘာ တွင် ဖြန့်ဖြူးလိုက်သည်ဟု သတင်းရရှိသည်။

    စာမျက်နှာ ၁၆၀ ပါ အစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စတင်ဖြန့်ဖြူးခြင်းဖြစ်ပြီး အစီ ရင်စာခံတွင် လွန်ခဲ့သည့် နှစ်နှစ်တာ လူတရာကျော် မေးမြန်းချက်ကို အခြေခံပြီး ပြုစု မှတ်တမ်း တင်ခြင်းဖြစ်သည်ဟု ၄င်းတို့၏  သတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။

    အစီရင်ခံစာအသေးစိပ်မှာ ချင်းလူမျိုးထောင်ပေါင်းများစွာသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းနှင့် ယနေ့အထိ ဘာသာ ရေးဆိုင်ရာ လွတ်လပ်မှု ချိုးဖောက်ခံနေရခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေ ခိုင်းခံနေရခြင်း၊ နှိပ်စက်ညှင်း ပန်းခံနေရခြင်း၊ လူသားမဆန်သည့် လူ့ဂုဏ်သိက္ခ ညှိုးနွမ်းစေသည့် ပြုကျင့်မှုတွေကဲ့သို့သော လူအခွင့်အရေး ချိုးဖောက်ခံ နေရခြင်းတွေကို မှတ်တမ်းတင်ထားသည်။

    ထို့အပြင် အစီရင်ခံစာတွင် လက်ရှိသာသနာရေး ၀န်ကြီးဌာနက ချင်းခရစ်ယန်များ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့် ကိုအဟန့်အတားဖြစ်စေမည့် ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း ကို ဖိနှိပ်နေကြောင်း သမ္မတ ဦးသိန်းစိန်အစိုး ရတက်လာသည့် နောက်ပိုင်း ချင်းပြည်နယ်တွင် ခရစ်ယာန် လက်ဝါးကားတိုင် ၄ ခု ဖြိုလှဲ ဖျက်ဆီးခြင်းခံရပြီဖြစ်ကြောင်း ဖော်ပြထားသည်။

    CHRO Program Director Salai Za Uk Ling က “ သမ္မတ ဦးသိန်းစိန်အစိုးရဟာ ဘာသာရေး လွတ်လပ်မှုကို ဥပဒေက အကာအကွယ်ပေးနေတယ် ဆိုခဲ့ပေမဲ့ အမှန်မှာ ဗုဒ္ဓဘာသာဟာ နိုင်ငံတော် တရားဝင်ဘာသာ အဖြစ်ရပ်တည်နေပါတယ်၊ ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်မှု အပြောင်းအလဲ အင်မတန်နည်းနေ သေးတယ်” ဟု ပြောသည်။

    အစီရင်ခံစာက ယခင်စစ်အစိုးရလက်ထက်ကတည်းက ချင်းပြည်နယ်အပါအ၀င် တနိုင်ငံလုံးရှိ နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးရေးကျောင်း ၂၉ ထဲက ကျောင်းသား သုံးပုံ တပုံမှာ ချင်းတိုင်းရင်းသားလူငယ် တွေဖြစ်ပြီး ချင်းခရစ် ယာန် လူငယ်များအား ဗုဒ္ဓကျင့်စဉ်များဖြင့် လေ့ကျင့် သင်ကြားပေးနေကြောင်း သာဓကများနှင့် အတူ ဖော်ပြထားသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂ အရ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ဘာသာဟူ၍ ရှိသည့် အနက် ဗုဒ္ဓဘာသာ ကိုမူ ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ အဖြစ် အသိအမှတ်ပြုထားသည်။ ကျန် (၄) ဘာသာကိုမူ နိုင်ငံတော်တွင်ရှိနေကြသည့် ဘာသာများ ဟူ၍ သာ အသိအမှတ်ပြု ထားသည်။

    သတင်းများအရ ခရစ်ယာန် ဘာသာဝင် ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် ချင်းပြည်နယ်တွင် ဗုဒ္ဓစေတီပေါင်း ၁၀၈ ဆူ ရှိပြီဟု သိရပြီး မင်းတပ်မြို့နယ်တွင် ၄၉၊ ကန်ပက်လက်မြို့နယ်တွင် ၂၃၊ ဖလမ်းမြိ့နယ်တွင် ၁၀၊ ပလက်ဝ မြို့နယ်တွင်  ၆၊ ဟားခါးမြို့ နယ်တွင် ၅၊ တီးတိန်မြို့နယ်တွင် ၄၊ တွန်းဇံမြို့နယ်တွင် ၄၊ ထန်တလန်မြို့နယ် တွင် ၃၊ မတူပီမြို့နယ်တွင် ၂၊ ကျီခါး မြို့ခွဲ တွင် ၁ ၊ စုစုပေါင်း ၁၀၈ ဆူ ရှိသည်။

    လက်ရှိ ချင်းပြည်နယ်သာသနာရေးဝန်ကြီးဌာနသည် ချင်းပြည်နယ်တွင် ခရစ်ယာန်သာသနာရေး ဆိုင်ရာ နယ်မြေများ လျှောက်ထားခွင့်ကို ပြီးခဲ့တဲ့ သုံးလ ကတည်းက လုပ်ဆောင်နေသည်ဟု လည်း ပြောကြသည်။

  • ဒါဟာ လူမျိုးရေးခွဲခြားမှု၊ ဗုဒ္ဓဝါဒ မဟုတ်။ (ဘာသာပြန်)

    ဒါဟာ လူမျိုးရေးခွဲခြားမှု၊ ဗုဒ္ဓဝါဒ မဟုတ်။ (ဘာသာပြန်)

    စက်တင်ဘာ ၅ ၊ ၂၀၁၂

    M-Media

     

    Source: http://www.bangkokpost.com/opinion/opinion/310878/brazen-racism-prevails-not-buddhism
    Caption: This is racism, not Buddhism
    ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ ဆောင်းပါး။

    ခက်ထန်တင်းမာနေတဲ့ မျက်နှာတွေနဲ့ ဗုဒ္ဓဘာသာရဟန်းတွေစီတန်းပြီး လမ်းပေါ်ထွက်ဆန္ဒပြကြပြီး၊ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ကို ထပ်ပြီးတော့ ပြင်းထန်တဲ့ဆက်ဆံရေးမျိုး ပေးဖို့ ဖိအားပေးတောင်းဆိုကြမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဘယ်လိုခံစားရမတုန်း။

    The protest is the latest indication of deep rooted sentiment against the Rohingya population in Myanmar [AFP]

    တနင်္ဂနွေနေ့မှာ ဘုန်းကြီးကျောင်းတွေများပြားလှတဲ့ မန္တလေးမှာတော့ ထောင်ချီတဲ့မြန်မာရဟန်းတွေက လမ်းပေါ်ထွက်ပြီး နိုင်ငံမဲ့နေတဲ့ မွတ်စလင်မ် ရိုဟင်ဂျာတွေကို ရက်စက်စွာ ခွဲခြားဆက်ဆံတဲ့ အစိုးရကို ထောက်ခံဖို့အဲဒီလိုလုပ်နေခဲ့ကြပါတယ်။

    သူတို့ဘာတွေ တွေးနေစဉ်စားနေကြလဲဆိုတော့ မသိပါ။

    ကမ္ဘာကြီးမှာ မတရားမှုတွေ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အာဃာတတွေထားပြီး လူသားချင်းညှင်းပမ်းတဲ့အနေနဲ့ အဲဒါမျိုးတွေကို ထောက်ခံပြီး တစ်စုံတစ်ခုပြုလုပ်ဖို့ နေနေသာသာ ရဟန်းသံဃာများက အဲဒါမျိုးတွေကို ဆန့်ကျင်တဲ့ ဆန္ဒမျိုးသာ ဖော်ထုတ်ပြသရမယ်မဟုတ်လား?

    ကိုယ်ချင်းစာနာမှုနဲ့ တကိုယ်ကောင်းမဆန်မှုတွေဟာ ဗုဒ္ဓဘာသာရဲ့ အရင်းအမြစ်တွေပဲ မဟုတ်လား? သံဃာတွေရဲ့အလုပ်က သူသူကိုယ်ကိုယ်မှာရှိနေတဲ့ မနာလိုဝန်တိုမှု မစ္ဆရိယစိတ်တွေကို အာဃာတတရားတွေကို အလွှာအထပ်ထပ်ရှုမြင်ပြီး ၀ိညာဉ်ရေးရာတိုးတက်မြင့်မားလာဖို့၊ သို့အားဖြင့် မိမိတို့ရဲ့ ကိုယ်နုတ်နှလုံးအပြုအမူတွေမှာပါ အကျိုးသက်ရောက်ဖို့ ကြိုးစားနေကြရမှာ မဟုတ်လား?

    မြန်မာပြည်အပြင်ဘက် လူအများစုကြီးကတော့ ဒါမျိုးမေးခွန်းတွေ မေးမြန်းနေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၇ တုန်းက အစိုးရကို ဆန့်ကျင်တဲ့ အဲဒီရဟန်းတွေပဲ အခုအခါမှာတော့ အန္တီရိုဟင်ဂျာရဟန်းတွေ ဖြစ်နေကြလို့ပါ။ သူတို့က တချိန်ကတော့ လူထုအတွက်ဖြစ်ခဲ့ကြတယ်၊ စစ်အစိုးရရဲ့ ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ကြရတယ်။

    အကယ်၍ ရှင်တော်ဗုဒ္ဓက သူတို့ကို လမ်းပေါ်ထွက်ဖို့ သွန်သင်ခဲ့တာမျိုးမရှိဘူးဆိုရင် ၊ အခုလုပ်ရပ်က ဘာနဲ့အလားသဏ္ဌာန်တူနေပါသလဲ?

    အဖြေကတော့ လွန်စွာရိုးရှင်းလှပါတယ် ____ ဒါဟာ လူမျိုးရေးခွဲခြားတဲ့ (တစောက်ကန်း)အမျိုးသားရေးစိတ်ဓာတ်ပါ။ ဘာလဲရဟန်းတွေက သူတို့နဲ့အမျိုးတူသူများအတွက်ပဲ တရားမျှတမှုရဖို့ အလိုရှိတာလား။

    လူဦးရေများတဲ့ ဗမာဗုဒ္ဓရဟန်းတွေက အသားမည်းတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားမ၀င် ၀င်ရောက်လာသူတွေ၊ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြေကို လုယူမယ့် ရန်လိုနေတဲ့စည်းအပြင်က လူတွေလို့ ယုံကြည်နေကြတယ်။ ဒါကြောင့် ရဟန်းတွေက သူတို့ရဲ့ အမိမြေ၊ လူမျိုးနဲ့ ဘာသာတရားတွေကို ခြိမ်းခြောက်ခံနေရတယ်လို့ ထင်နေပြီး အဲဒါတွေ ပပျောက်ဖို့ အစိုးရကိုထောက်ခံရမယ်လို့လည်း ခံစားနားလည်ထားကြပါတယ်။

    အဲဒါကို မျိုးချစ်စိတ်၊ အစွန်းရောက် အမျိုးသားရေး၊ လူမျိုးရေးအရ အာဃာတထားရှိမှုနဲ့ လူမျိုးရေးခွဲခြားမှုများအဖြစ် ကင်ပွန်းတပ်နိုင်ပါတယ်။ ဒါကို ဘယ်လိုပဲ ကင်ပွန်းတပ်တပ်၊ ဒါတွေက ရန်လိုမှုကိုဖြစ်စေတယ်၊ အမုန်းတရားကို ပျံ့နှံ့စေတယ်၊ လူလူချင်းခွဲခြားမှုတွေကို ဖြစ်စေတယ်။ ဒါမျိုးတွေကို ဗုဒ္ဓဘာသာက ဆန့်ကျင်ပါတယ်။

    ဘာလဲ – ဖန်လုံအိမ်ထဲက လူတွေက အတွင်းကနေပြီး ခဲနဲ့ပစ်ပေါက်တဲ့အပြုအမူမျိုး လုပ်သင့်ပါသလား?

    မလေးမွတ်စလင်မ် ခွဲထွက်ရေးသမားတွေကို တားဆီးဖို့အတွက် ခဏတဖြုတ်လမ်းထွက် ဆန္ဒပြတာမျိုးရှိပေမယ့် ကျွန်တော်တို့ရဟန်းတွေက ဒါမျိုးတွေ တားမြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့က တခြားဘာသာတွေအပေါ်မှာ လွှမ်းမိုးဖို့  ဥပဒေတစ်ရပ်အတွက်တော့ အကြိမ်များစွာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ဘယ်အချိန်မှာပဲဖြစ်ဖြစ် အဲဒီရဟန်းတွေ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်လုပ်ပေးဖို့တောင်းဆိုတဲ့အခါတိုင်း၊ သူတို့က အစ္စလာမ်သာသနာအပေါ်မှာ သံသယ၀င်နေတယ်ဆိုတာမျိုး ကိုလည်း အမြဲတစေ ကြားသိနေရပါတယ်။ မကြာသေးမီကပဲ လူ ၈ ဦးကို ဇီဝိန်ခြွေပြစ်ခဲ့တဲ့ ဗုံးပါက်ကွဲမှုတစ်ခု၊ ထိန်းမနိုင်သိမ်း မရဖြစ်နေတဲ့ တောင်ပိုင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်၊ အဲဒီအဖြစ်အပျက်အတွက်တော့ ကျွန်တော်တို့ရဟန်းတွေက ဒေသခံတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုတာမျိုး၊ သူတို့နဲ့သက်ဆိုင်တဲ့ အပြုအမူမျိုး ကျွန်တော်မကြားရသေးပါဘူး။ ဒါ့ပြင် သူတို့က မလေးမွတ်စလင်မ်တွေ သူတို့ရဲ့လိုအပ်ချက်တွေ ထုတ်ဖော်ပြောဆိုဖို့အခွင့်အရေး၊ မလုံလောက်မှုတွေ၊ လူမျိုးရေးအရခွဲခြားခံရမှု၊ အကြမ်းဖက်မှုတွေကို ခွဲခြမ်းစိတ်ဖြာဖို့ အတွက် ပြောဆိုတင်ပြဖို့အခွင့်အရေးတွေ လိုအပ်နေတယ်ဆိုတာမျိုးလည်း အဲဒီရဟန်းတွေ မထောက်ပြကြသေးပါဘူး။

    ဒါပေမယ့်လည်း အဲဒီရဟန်းတွေက ခုခံသလိုလိုဘာလိုလိုနဲ့ သူတို့ရဲ့ ကျောင်းသင်္ခန်းတွေမှာ ခံကတုပ်တွေထားပြီး စစ်သားများကို စောင့်ကြပ်စေတဲ့ အန္တရာယ်ရှိနည်းလမ်းကိုတော့ အသုံးပြုလုပ်ဆောင်နေကြပါတယ်။

    မြန်မာရဟန်းတွေနဲ့လားတူ ကျွန်တော်တို့ရဟန်းတွေကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ပြဌာန်းပြီး ဗုဒ္ဓဘာသာဝင်တွေက တခြားသူတွေထက် သာလွန်ထူးကဲစွာ အခွင့်အရေးခံစားရဖို့အတွက် စစ်တပ်ကို အပြည့်အ၀ထောက်ခံနေကြပါတယ်။ ဒါတွေကို အင်အားသုံး ရပ်တန့်ရာမှာ ဆူပူသောင်းကျန်းမှုတွေဖြစ်မယ်ဆိုရင်တောင် ဖြစ်ပါစေတော့။

    ထိုင်းနိုင်ငံကတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ တရားထိုင်ခြင်းလုပ်ငန်းတွေ အာရုံစူးစိုက်လုပ်ဆောင်မှုတွေဘက်မှာ တဟုန်ထိုးတိုက်လာနေတာ သက်သေသာဓကပဲဖြစ်ပါတယ်။

    ဒီလိုမျိုးပြုမူဆောင်ရွက်မှုတွေက နိုင်ငံရေးအမြင်မတူမှုတွေအပေါ်မှာ အငြင်းပွားပြီး အသံထွက်စောဒတက်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေတာမျိုး ဖြစ်နိုင်ပါသလား။ အကယ်၍ ခင်ဗျားက အဲဒီအတိုင်းမြှော်လင့်ထားတယ်ဆိုရင်တော့ စိတ်ပျက်ဖို့သာပြင်ပေရော့။

    အဲဒီထဲက လူတွေကလည်း ခြိမ်းခြောက်မှုတွေကိုဖယ်ရှားဖို့က ခန္ဓာထဲက ရောဂါပိုးမွှားတွေကို ဖျက်ဆီးပြစ်သလိုမျိုး ဖျက်ဆီးဖယ်ရှားဖို့ရာ မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ အမြင်ကို တင်ပြပြောဆိုနေကြပါတယ်။ ဘာသာဖြစ်ဖြစ် ခင်ဗျားစိတ်ထဲမှာ အဲလိုမျိုးရှိလာတာနဲ့ပဲ အမုန်းပွားများရေးတရားတွေ၊ တ၀က်သာမှန်နေတဲ့စကားတွေ၊ လူစုလူဝေးနဲ့ စခန်းသွင်းပြီး ဆူပူသောင်းကျန်းမှုမျိုးတွေ လုပ်မယ်ဆိုရင် ခင်ဗျားစိတ်က လက်ယာရောက်လိုက် လက်ဝဲရောက်လိုက်၊ အနီဖြစ်လိုက် အ၀ါဖြစ်လိုက်၊ ခိုင်ခိုင်မတ်မတ်ရပ်တည်မှုဖြစ်လိုက် အဲလိုခိုင်မတ်စွာရပ်တည်တာကို ဆန့်ကျင်သူဖြစ်လိုက်နဲ့ ဂဏာမငြိမ်ဖြစ်နေပြီ။

    ကျွန်တော်တို့က ဗုဒ္ဓကို အာရုံပြုပြီးတရားထိုင်မယ်၊ အဲ. နောက်တော့ ကျွန်တော်တို့ရဲ့အတွေးတွေ၊ စကားလုံးတွေကို လိုသလိုဖန်တီးပြီး ပြုမူဆောင်ရွက်ပုံတွေကလည်း သဏ္ဌာန်အမျိုးမျိုးနဲ့ အစွန်းရောက်နေမယ်ဆိုရင် ဒါဟာဗုဒ္ဓဝါဒ မဟုတ်ပါ။

    ဗုဒ္ဓလမ်းကတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ပါတယ်။ အိုင်ဒီယာပိုင်းဆိုင်ရာ အစွန်းရောက်မှုကတော့ ထိန်းချုပ်မယ်၊ ဖိနှိပ်မယ်၊ နိုင်သူစားကြေးပါပဲ။

    အိုင်ဒီယာပိုင်းဆိုင်ရာ အစွန်းရောက်မှုနဲ့ လူမျိုးရေးအခြေခံ အမျိုးသားစိတ်ဓာတ်ကတော့ ဆူပူသောင်းကျန်းခိုက်ရန်ပွားမှုကို များပြားစေ ပါတယ်။ နိုင်ငံတော်ရဲ့ ဒေသ အစိတ်အပိုင်းတွေကို ပေါင်းစည်းဖို့ဆိုတဲ့ ရည်မှန်းချက်ကတော့ နှစ်မြို့စရာမဟုတ်လို့ ပြောရုံကလွဲလို့ တခြားရွေးစရာမရှိပါ။

    ဒီလိုဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေကတော့ သူတို့ရဲ့နာရီပေါင်းများစွာ တရားထိုင်မှုတွေကို ရိုးရှင်းစွာနဲ့ပဲ အလေအလွင့်ဖြစ်စေခဲ့ပါပြီ။

     

     

  • ”ကိုယ်နဲ့သင့်တော်မယ့်အလုပ်ကို ရှာပါ”

    ”ကိုယ်နဲ့သင့်တော်မယ့်အလုပ်ကို ရှာပါ”

    စက်တင်ဘာ၊ ၅။ ၂၀၁၂

    M-Media

    Kyaw San(Eduzone)

    လုပ်သား 50% လောက်ဟာ သူတို့မပျော်ပိုက်တဲ့ အလုပ်တွေမှာ လုပ်နေကြရတယ်။ ကိုယ့်ကိုယ်ကို ဒီလိုမျိုး မဖြစ်ပါစေနဲ့။ ကိုယ့်အတွက် ကိုယ်နဲ့သင့်တော်တဲ့ အလုပ်ရချင်တယ်ဆိုရင်၊ သတင်းစာတွေထဲက ကြော်ငြာတွေဖတ်ပြီး အလျင်စလို မလုပ်ပါနဲ့။ အေးအေးဆေးဆေးထိုင်ပြီး စဉ်းစားပါဦး။ ကိုယ်က ဘယ်လိုလူစားမျိုးလဲ? ဘယ်အရာကကိုယိ့ကို ပျော်ရွှင်မှုဖြစ်စေလဲ?

    စိတ်ပညာရှင် John Holland ရဲ့ အဆိုအရ၊ ကိုယ်ရည်ကိုယ်သွေး ခြောက်မျိုးရှိတယ်။ တစ်မျိုးတည်း ရှိတဲ့ လူရယ်လို့တော့မရှိဘူး။ ဒါပေမယ့် လူအများစုမှာ အဓိက ကိုယ်ရည်ကိုယ်သွေး တစ်မျိုးပဲ ရှိနေတတ်ပါတယ်။ အဲဒီကိုယ်ရည်ကိုယ်သွေးအလိုက်၊ သင့်တော်တဲ့အလုပ်၊ မသင့်တော်တဲ့ အလုပ် ဆိုတာတွေ ရှိတယ်။

    (1) The Realistic Type (လက်တွေ့ဆန်သော ကိုယ်ရည်ကိုယ်သွေး -)
    ဒီလိုပုံစံရှိသူတွေက လက်တွေ့ကျတယ်၊ စက်တွေ၊ ပစ္စည်းကရိယာတွေနဲ့ အလုပ်လုပ်ရတာကို သဘောကျတယ်။

    (2) The Investigative Type (စူးစမ်းလိုသော ကိုယ်ရည်ကိုယ်သွေး -)
    စပ်စုလိုတယ်။ သင်ယူလိုတယ်။ အကြောင်းအရာတွေကို စီစစ်ပိုင်းခြားမယ်။ ပြဿနာတွေ ဖြေရှင်းရတာ သဘောကျတယ်။

    (3) The Artistic Type(အနုပညာ ကိုယ်ရည်ကိုယ်သွေး)
    စိတ်ကူးစိတ်သန်းရှိတယ်။ အနုပညာကနေတဆင့် မိမိကိုယ်ကို ဖော်ထုတ် လိုတယ်။

    (4) The Social Type (လူမှုဆက်ဆံရေးကောင်းသော ကိုယ်ရည်ကိုယ်သွေး)
    ဖော်ရွေတယ်။ သူတစ်ပါးကို ကူညီလိုစိတ်၊ သင်ပေးလိုစိတ် ရှိတယ်။

    (5) The Enterprising Type (ခေါင်းဆောင်မှုရှိသော ကိုယ်ရည်ကိုယ်သွေး)
    သွားသွားလာလာ လုပ်ချင်တယ်။ သူတစ်ပါးကို ဦးဆောင်လိုစိတ်၊ စည်း၇ုံးလိုစိတ် ရှိတယ်။

    (6) The Conventional Type (သမာရိုးကျစိတ်ထားရှိ ကိုယ်ရည်ကိုယ်သွေး)
    ဂရုတစိုက် လုပ်ဆောင်တတ်တယ်။ စည်းမျဉ်းစည်းကမ်းအတိုင်း အတိအကျ လိုက်နာလုပ်ဆောင် ရတာမျိုးကို သဘောကျတယ်။

    လိဇ်ရဲ့ ဥပမာကို ကြည့်ပါ။

    လိဇ်က ကလေးတွေကို ကူညီချင်တယ်။ ကျောင်းရဲ့အကြံပေး၊ ဒါမှမဟုတ် အကျိုးဆောင်ရှေ့နေ တစ်ယောက်ဆိုရင် ကလေးတွေကို ကူညီနိုင်လိမ့်မယ်လို့ သူမက ထင်ခဲ့တယ်။ ဒါနဲ့ အကြံပေးသင်တန်းနဲ့ ဥပဒေသင်တန်းတွေ သွားတက်တယ်။ သူမအတွက် မုန်းစရာကောင်းတဲ့ သင်တန်းတွေပဲ။ ဒါနဲ့ အောင်မြင် နေတဲ့ အကြံပေးတစ်ယောက်နဲ့ သွားဆွေးနွေးတဲ့ အခါ၊ ပြဿနာကို သူမသဘောပေါက်သွားတယ်။ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးက အနုပညာသမား ကိုယ်ရည်ကိုယ်သွေးမျိုး ဖြစ်နေတယ်။ လိဇ်က ရုပ်ရှင် ရိုက်ကူးရေး အတတ်ပညာကို လေ့လာပြီး ကလေးတွေအတွက် TV အစီအစဉ်တွေကို ရိုက်ကူးခဲ့တယ်။ ဒီအလုပ်ကိုတော့ သူမအရမ်းမြတ်နိုးမိပါတော့တယ်။

    ကိုယ့်ကိုယ်ကို ဘယ်လိုလူစားမျိုးလဲဆိုတာ စဉ်းစားသိရှိရင် ကိုယ်နဲ့ ဘယ်အလုပ်ကဖြင့် သင့်တော်လိမ့်မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

    (Ref: New Interchange 2 by J.C Richard-Reading Exercise 11)
    သင်က အလုပ်ရှင်ဆိုရင် Interview မှာ အလုပ်လျှောက်ထားသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိနိုင်အောင် မေးခွန်းတွေ ပြင်ဆင်ထားပါ။

    သင်က အလုပ်လျှောက်ထားသူဆိုရင် ကိုယ်လျှောက်မယ့်အလုပ်က ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ကိုက်မကိုက် စစ်ဆေးပြီးမှ ဆုံးဖြတ်ပါ။

  • ရခိုင်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို နိုင်ငံရေးပါတီ(၃)ခု ကန်ကွက်

    ရခိုင်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို နိုင်ငံရေးပါတီ(၃)ခု ကန်ကွက်

    စက်တင်ဘာ၊ ၄ ၊ ၂၀၁၂

    Source: RFA

    ကမန်အမျိုးသားတိုးတက်ရေးပါတီ ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက် တစ်ပါတီ ၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ (၆) ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ သွားရောက်တွေ့ဆုံကြမယ်လို့ သိရပါတယ်။

    သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲမှာ အဲဒိ အစ္စလာမ်ပါတီ တွေကခေါင်းဆောင် တွေ ပါဝင်မှုမရှိတဲ့အပေါ် သမ္မတထံ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကန့်ကွက်စာတင်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံမှာ ဖြစ်တယ်လို့ ကမန်အမျိုးသား တိုးတက်ရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဝေက RFA ကို ဒီကနေ့ ပြောပါတယ်။

    စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခကို မဖြစ်စေဘဲ သမ္မတကချမှတ်ပေးထားတဲ့ အချက် (၈) ချက်အပေါ်မှာ အခြေခံပြီး အဖြစ်မှန်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့ကို သာ မျှော်လင့်နေကြောင်း ဦးထွန်းထွန်းဝေက ပြောပါတယ်။

    ရခိုင်ပြည်နယ်မှာ လူများစု ရခိုင်တိုင်းရင်းသားတွေအပြင် ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စတဲ့ လူနည်းစုတိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။