News @ M-Media
Blog
  • နာမကျန်းဖြစ်နေသော ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် အတွက် မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့မှ အလှူငွေပေးအပ်
    နာမကျန်းဖြစ်နေသော ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် အတွက် မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့မှ အလှူငွေပေးအပ်
    စက်တင်ဘာ၊ ၉ ၊ ၂၀၁၂
    M-Media
    ရန်ကုန်။    ။ယနေ.ညနေပိုင်း စက်တင်ဘာ ၉ ရက် ၂၀၁၂ တွင် မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့ မှ ရန်ကုန်ပြည်သူ.ဆေးရုံကြီး အဆောင် (၁-၂) ကုတင် ၁၉ တွင် တက်ရောက်ကုသမှု ခံယူနေရသော ဆရာကြီး ဝမ်းအိုဝမ် ဦးကျော်ဝင်းမောင် ထံသို. ဒုတိယအကြိမ်အဖြစ် ပြည်တွင်းပြည်ပ မှ ကောက်ခံ ရရှိသော အလှုငွေ (၇၂၀,၀၀၀ ) ခုနှစ်သိန်းနှစ်သောင်းတိတိ သွားရောက် လှုဒါန်း ခဲ့ပါသည်။
    ဆရာကြီး ဦးကျော်ဝင်းမောင် ကျန်းမာရေးအတွက် အလှူငွေပေးအပ်စဉ်
    Photo Credit – မဖရီဒါ
    မြန်မာမွတ်စလင် သက်ကြီးစာရေးဆရာကြီးများ လူမှုကူညီရေးအဖွဲ့ မှ ဆရာကြီး အတွက် ပထမအကြိမ်အဖြစ် ၃ သိန်း ခြောက်သောင်း ကို စက်တင်ဘာ ၆ ရက်၊ ၂၀၁၂ တွင် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
    ဆရာကြီးမှာ မောပန်း အသံမထွက် သည်.ကြားမှ လေသံလေးဖြင့် အားလုံးကိုကျေးဇူးတင်ကြောင်း ပြန်ပြောပေးပါရန် မှာကြားပါတယ်။
  • ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (လေယာဉ်ပစ် အမြှောက်ကြီးတပ်)
    (၁၀)တန်းနဲ့ပဲ ပြီးခဲ့သည်။ (၁၉၄၃)ခု သြဂုတ်လ (၁၀)ရက်နေ့တွင် ဗမာ့ကာကွယ်ေ၇း တပ်မတော် (ဘီဒီအေ) သို့ဝင်ခဲ့သည်။ ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီး တပ်တွင် တာဝန်ထမ်းခဲ့သည်။ ၊ ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်း တတိယအပတ်ကို တက်ခဲ့သည်။ ကျောင်းဆင်းခါနီးတွင် ဗိုလ်ချူပ်အောင်ဆန်း၏ လျို့ဝှက်တာဝန်ပေးချက်အရ မဟာမိတ်တပ်များနှင့် သွားရောက်ဆက်သွယ်ခဲ့သည်။ ယင်းတာဝန်ကို ထမ်းဆောင်ရာတွင် စစ်ကိုင်းမြို့နယ် မင်းကွန်းရွာတွင် ဂျပန်၏ ဖမ်းဆီးခြင်းကို ခံရသည်။ အသတ်ခံရမည့်ဆဲဆဲတွင် ဂျပန်တော်လှန်ရေး ရဲဘော်များ၏ အကူအညီနှင့် အချူပ်မှဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ စစ်ကြီးပြီးသောအခါ ဖ.ဆ.ပ.လ၊ ဗမာမွတ်စလင်မ် ကွန်ကရက်(ဗမက) ၊ ကွန်မြူနစ်ပါတီတို့တွင် တာဝန်ယူခဲ့သည်။
    (၁၉၄၆) ခု ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသောအခါ အလံနီဖြစ်လာသည်။ (၁၉၄၈)ခုနှစ်တွင် အလံနီအဖြစ်တောခိုခဲ့သည်။ (၁၉၅၄-၅၅) ခုနှစ်တွင် အလံနီတွင် အယူအဆတိုက်ပွဲဖြစ်ရာ ပါတီမှ အထုတ်ခံရသည်။ အထုတ်ခံရသည့် ရဲဘော်များစုပေါင်း၍ အလုပ်သမားညီညွတ်ရေး ပါတီကို တည်ထောင်ခဲ့သည်။ (၁၉၆၂)ခုနှစ် ဒီဇင်ဘာတွင် ဥပဒေတွင်း ၀င်ခဲ့သည်။
    နိုင်ငံရေးလုပ်ရာတွင် (၁၉၄၆)ခုနှစ် ကသာခရိုင် လူထုတိုက်ပွဲတွင် အသေခံဗိုလ်အဖြစ် ခေါင်းဆောင်ခဲံရာတွင် အဖမ်းခံရပြီး ထောင်ထဲတွင် ရှစ်လ လောက်နေခဲ့ရသည်။ (၁၉၆၂) ခုနှစ်တွင် ငြိမ်းချမ်းရေးကိစ္စလာရင်း အဖမ်းခံရပြီး မန္တလေး၊ ရန်ကုန်တွင် အချုပ်ခံခဲ့ရသည်။ ဥပဒေအတွင်းရောက်လာပြီး အမျိုးမျိုးသော အလုပ်များလုပ်ကိုင်ခဲ့သည်။ သို့သော် စီးပွားရေးလုပ်ငန်းများ စွန့်လွှတ်က သမိုင်းပေးတာများရှိသည့်အတွက် ကလောင်ကိုင်ခဲ့သည်။ “၀မ်းအိုဝမ်းနှင့် ဗမာ့မြေအောက်တော်လှန်ရေး” ဆိုတဲ့ စာအုပ်ပြုစုရင်း စာပေနယ်ထဲသို့
    ”မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇာတ်” စာအုပ်ဖြင့် ၂၀၀၉ ခုနှစ် ထွန်းဖောင်ဒေးရှင်း စာပေဆု အတ္ထုပ္ပတ္တိ ဘာသာရပ်အတွက် အကောင်းဆုံးဆု ချီးမြှင့်ခြင်းခံရသည်။
    အသက် ၉၂ နှစ်ရှိပြီဖြစ်သော ဆရာကြီး ဝမ်းအိုဝမ်းကျော်ဝင်းမောင်သည့် ကျန်းမာရေးချို့ယွင်းလာသည့် အတွက် ဆေးရုံတွင် ဆေးကုသမှုများခံယူနေရကြောင်းသိရှိရပါသ်ည။
    1.     ဆရာကြီးဦးရာဇတ်(ပထမပိုင်း)၊
    2.     ဂျပန်သုံ့ပန်း မဂိုကပြားမလေး၊
    3.     နွေဦးရဲ့ သတို့သမီးပျို၊
    4.     မေတ္တာလက်တစ်လှမ်း၊
    5.     ဘီဒီအေ လေယာဉ်ပစ် အမြှောက်ကြီးတပ်
    6.     မန္တလေး ၁၃၀၀ ပြည့်အရေးတော်ပုံမှ သည် နယ်ချဲ့တော်လှန်ရေးသို့၊
    7.     နယ်ချဲ့ကို ဒူးမထောက်တဲ့ သခင်နက်ဖေ (၁၉၉၉)၊
    8.     ဂျပန်ဖက်ဆစ်တော်လှန်ရေး လေထိးသမားများ(၁၉၉၉)
    9.     မြန်မာအာဇာနည်ခေါင်းဆောင်ကြိးဦးရာဇတ် (ထွန်းဖောင်ဒေရှင်း စာပေဆုကော်မတီမှ အတ္ထုပတ္တိစာပေဆု၇ စာအုပ် )
    ကိုးကား
    ဘီဒီအေ လေယာဉ်ပစ် အမြှောက်ကြီးတပ် စာအုပ်မှ စာရေးသူကိုယ်တိုင်ရေး ကိုယ်ရေးအကျဉ်း
    ၂၀၀၄ ခုနှစ် ဒီဇင်ဘာလထုတ် ကန့်တော့ခံ သက်ကြီးစာပေပညာရှင်များ၏ အတ္ထုပတ္တိအကျဉ်း
    ၁၃-၁-၂၀၀၉ ကြေးမုံသတင်းစာ
    ၂၀၁၂၊ ဇန်နဝါရီ ၁၈ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့သော ဆရာကြီး ဒဂုန်တာရာ မွေးနေ့ပွဲ အကြို အလှူသို့ တက်ရောက်စဉ်က
    ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့က ကျင်းပခဲ့သော ဆရာကြီး ဦးရာဇတ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့စဉ်က (ညာအစွန်)
    ယခု ဆေးရုံပေါ်မှာ
    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သာ ဆရာကြီးကို ဗုဓ်ဒဘာသာဝင် သံယာတော်တပါး လာရောက်အားပေး စကားပြောကြားစဉ်
  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကိုရောက်ရှိ
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကိုရောက်ရှိ
    စက်တင်ဘာ၊ ၈ ၊ ၂၀၁၂
    Source: RFA
    အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။
    Photo: U.S Department of State
    အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun
    အဲဒီ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ များမကြာခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့အမြင်ကို လေ့လာဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
    သူတို့အဖွဲ့ဟာ မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြို့ပေါ်က ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။ အဲဒီ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ ပဋိပက္ခဖြစ်စဉ် ကာလတွေအတွင်း ဒေသခံတွေရဲ့ အမြင်နဲ့ ခံစားချက်တွေကို မေးမြန်းသွားခဲ့တယ်လို့လည်း သိရပါတယ်။
    ဒါ့အပြင် ရွှေစေတီ ဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းကို ဦးဆောင်နေတဲ့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသနဲ့လည်း သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာတော် အရိယဝံသက RFA ကို အခုလို မိန့်ကြားပါတယ်။
    “ဘုန်းဘုန်းတို့ အနေနဲ့ ဆွေးနွေးတဲ့ ဥစ္စာကတော့ အဓိက မြန်မာနိုင်ငံသားဖြစ်မဲ့ ဘင်္ဂလီနဲ့ တရားမဝင် နိုင်ငံခြားသားဖြစ်တဲ့ ဘင်္ဂလီ၊ ဒါနှစ်မျိုးကို ခွဲခြားရမယ်လို့ ဘုန်းဘုန်းက ဒါကို အဓိက ဆွေးနွေးပါတယ်။ တရားမဝင်ပဲနဲ့ နည်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ ဘင်္ဂလီတွေကို မြန်မာနိုင်ငံ အစိုးရနဲ့ ဒီနိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်စခန်းကို Refugee camp နဲ့ ထားပြီးတော့ နိုင်ငံသားဖြစ်တဲ့ ဘင်္ဂလီတွေကို မိမိမြန်မာနိုင်ငံမှာပဲ ဒီလို တရားဝင်နဲ့ နိုင်ငံသားအဖြစ်ထားဖို့ ဘုန်းဘုန်းက အဓိကထားပြီး ဆွေးနွေးပါတယ်”
    ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာ မနေ့က ရောက်ရှိနေတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ကျောက်တော်နဲ့ မြောက်ဦးဘက်ကို သွားရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
    အဲဒီ ရခိုင်ပြည်နယ် အရေးအခင်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ စစ်တွေမြို့ ရွှေစေတီ ဆရာတော် အရှင် အရိယဝံသနဲ့ သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။
  • ရခိုင်ပြည်နယ်ရေး စုံစမ်းရေးကော်မရှင်အဖွဲ့ စစ်တွေကိုရောက်ရှိ
    ရခိုင်ပြည်နယ်ရေး စုံစမ်းရေးကော်မရှင်အဖွဲ့ စစ်တွေကိုရောက်ရှိ
    စက်တင်ဘာ၊ ၇ ၊ ၂၀၁၂
    Source : RFA
    ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းတာဝန်ပေးထားတဲ့ စုံစမ်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေ့လည် ၂ နာရီ လောက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။
    ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဓါတ်ပုံ သိန်းလှိုင်/ မဇ္ဈိမ)
    အဲဒီအဖွဲ့ထဲမှာ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ဒေါက်တာမျိုးမြင့်၊ သတင်းစာဆရာ ဆရာမောင်ဝံသ အပါအဝင် အဖွဲ့ဝင် ၂၀ ကျော် ပါဝင်ပါတယ်။
    ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ ညနေ ၃ နာရီကျော်အချိန်မှာ လောကနန္ဒာ ဘုရားသိမ်ထဲမှာ စစ်တွေမြို့ပေါ်က မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံကာအခု ခရီးစဉ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေကို လျှောက်ထားခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်။
    စုံစမ်းရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ပထမအကြိမ် ခရီးစဉ်မှာ (၉) ရက်ကြာလေ့လာသွားမှာ လည်းဖြစ်ပါတယ်။
  • အလဲဗင်း မီဒီယာဂရု သတင်းမှားယွင်း ဖော်ပြကြောင်း ပြန်ကြားရေး ဒုဝန်ကြီးဆို
    အလဲဗင်း မီဒီယာဂရု သတင်းမှားယွင်း ဖော်ပြကြောင်း ပြန်ကြားရေး ဒုဝန်ကြီးဆို
    စက်တင်ဘာ၊ ၇၊ ၂၀၁၂
    M-Media
    အလဲဗင်းမီဒီယာဂရု၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် “ယခုအခြေအနေမျိုး၌ နိုင်ငံပိုင်သတင်းစာများတွင် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ဆိုသည့် ဆောင်းပါးကို ဖော်ပြခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြန်ကြားရေး ဒုဝန်ကြီးကို လွှတ်တော်တွင် မေးမြန်း” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို စက်တင်ဘာလ ၆ ရက် ၂၀၁၂ နေ့စွဲဖြင့် ဖော်ပြခဲ့သည်။
    ယင်းသတင်းတွင် ဦးသိန်းထွန်းဦး(အမရပူရ မဲဆန္ဒနယ်)၏ လွှတ်တော်တွင်မေးမြန်းခဲ့သော ၂-၉-၂၀၁၂ မြန်မာ့အလင်း သတင်းစာနှင့် ၄-၉-၂၀၁၂ မြဝတီသတင်းစာတို့မှာ ဒေါက်တာမာလာအောင်၊ ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရေးသားသည့် Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲဆန်းစစ်ချက် ဆိုသည့် ဆောင်းပါးနှင့်စပ်လျဉ်းသော မေးခွန်းကို လွှတ်တော်တွင် ဖြေကြားပေးခဲ့ရာ “ဒေါက်တာမာလာအောင်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတယ်” ဟူသည့်အချက်ကို အမှန်တကယ်ထည့်သွင်းဖြေကြားခဲ့သူမှာ ပညာရေးဒုတိယ၀န်ကြီး ဦးအေးကြူသာဖြစ်ကြောင်း သိရသည်။
    သို့သော် အလဲဗင်းမီဒီယာဂရုက မှားယွင်းစွာဖြင့် ထိုမေးခွန်းကို ပြန်ကြားရေးဒုတိယ၀န်ကြီး ဦးရဲထွတ်က ဖြေကြားခဲ့ကြောင်း၊ သို့ဖြေကြားရာလည်း အမှန်တကယ်ဖြေကြားသူ ဦးအေးကြူမပြောခဲ့သည့် “ဒေါ်မာလာအောင်မှ လက်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။” ဟူသည့် မှားယွင်းနေသော သတင်းအချက်ကို ထည့်သွင်းဖော်ပြထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွတ်က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတဆင့် ဖော်ပြထားသည်။
    ဦးရဲထွတ်က “ဒေါက်တာမာလာအောင် အမည်ဖြင့် ရေးသားသောဆောင်းပါးအတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သီးခြား အမိန့်ထုတ်ပြန်ထားခြင်းမရှိကြောင်းဆိုတာ ကျွန်တော့်ဖြေကြားချက်ထဲမှာ လုံးဝမပါပါဘူး။ ” ဟုလည်း သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ status message တွင် ထည့်သွင်းရေးသားထားသည်။