News @ M-Media

Blog

  • လူမျိုး၊ဘာသာမရွေးကို လေးစား ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

    လူမျိုး၊ဘာသာမရွေးကို လေးစား ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

    လန်ဒန်
    ဇွန်လ ၂၂၊ ၂၀၁၂

     

    လန်ဒန်ရောက် မြန်မာ့မိသားစုများနှင့် တွေ့ဆုံပွဲ၌တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

     

    ဤကမ္ဘာပေါ်တွင် ဘာသာပေါင်းစုံလူမျိုးပေါင်းစုံရှိသည့်အတွက် မိမိအနေဖြင့် ဘာသာတရားတိုင်းကို လေးစားပါကြောင်း မြန်မာ့ဒီမိုကရေ စီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ကျင်းပခဲ့သည့် လန်ဒန်ရောက်မြန်မာ့မိသားစုများ နှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

    အင်္ဂလန်နိုင်ငံသည် အစဉ်အဆက်အရ ခရစ်ယာန်နိုင်ငံဖြစ်ကြောင်း၊ သို့ကြောင့် အင်္ဂလန်ရောက်မြန်မာများအနေဖြင့်လည်း မိမိနေထိုင်သည့်နိုင်ငံက မိမိတို့၏အခွင့်အရေးအား ပေးထားပါက၊ မိမိတို့၏လွတ်လပ်မှုကို လေးစားပြီး အကာအကွယ်ပေးထားပါက အသိအမှတ်ပြုရမည်ဖြစ်ကြောင်း လည်း မြန်မာ့နိုဘယ်ဆုရှင်က ဆုံးမသြ၀ါဒပေးသွားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်ဘာသာကိုပဲလေးစားမယ်၊ တခြားလူမျိုးတခြားဘာသာကို မလေးစားတန်ဖိုးမထားရင် ကမ္ဘာကြီးမှာ အင်မတန်ဝမ်းနည်းစရာဖြစ်တယ်၊ ကိုယ့်ဘာသာကို ကိုယ်လေးစားသလို ၊ ကိုယ့်လူမျိုးကို ကိုယ်တန်ဖိုးထားသလို တခြားဘာသာကို လေးစားရမယ်၊ နားလည်မှုရှိရမယ်၊ ကိုယ်နဲ့မတူလို့ မကောင်းဘူးဆိုတဲ့အမြင်ဟာ မမှန်ပါဘူး။ ကျမတို့သဘောထားကြီးရမယ်” စသဖြင့် ပြောကြားခဲ့သည်။

    ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့ခြင်းမှာ အစ္စလာမ်ဘာသာနှင့် ပတ်သတ်သည့် ကမ်းလှမ်းမှုတစ်ခုကို ပရိသတ်ထဲမှ တင်သွင်းလာစဉ် မိမိ၏သဘောထားကို ထိုသို့ချပြသွားခဲ့ခြင်းလည်းဖြစ်သည်။

    လူသားအားလုံးတို့သည် ဒုက္ခဆင်းရဲများဖြင့်သာ ရုန်းကန်နေကြရသဖြင့် လူသားချင်းစာနာတတ်သည့်အမြင်ဖြင့် တစ်ဦးအပေါ်တစ်ဦးမြင်ရ မည်ဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံမှုထက် ဘာသာပေါင်းစုံ ဘယ်လိုပြေလည်အောင်လုပ်နိုင်မလဲဆိုသည့် အတွေးအခေါ်ကောင်းကောင်းဖြင့် ဘ၀ကျင်လည်ကြရန်လိုကြောင်းဖြင့် ပြောကြားသွားခဲ့သည်။

     

  • Eleven media: အမှန်တရားဆိုတာ

    Eleven media: အမှန်တရားဆိုတာ

    Daniel Shane

    Photo-Google

    လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပျက်နေခဲ့တာတွေထဲက အကြောင်းတစ်ခုကတော့ တော်တော်လေး မသင့်မြတ်ဘူး ထင်လို့ ဒီစာရေးတယ်ပေါ့ဗျာ။

    ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၃)ဆိုပြီးတော့ ပြီးခဲ့တဲ့တပတ်က weekly eleven စာ ၂၆ မှာပါလာပါတယ်။ “ကောင်းခြင်းနဲ့ဆိုးခြင်းကြားမှာ ၊ အမှန်နဲ့အမှားကြားမှာ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားမှာ ဂျာနယ်လစ်ဇင်ဟာ ကြားနေမှာ မဟုတ်ဘူး။ ကြားနေမှုက အမှန်တရားလောက်အရေးမပါဘူးဆိုတာကို ထင်သာမြင်သာအောင် ထုတ်နုတ်ပြထားပါတယ်။” တဲ့ဗျာ။ အဲ-ရည်ညွှန်းမှာတော့ Ethnics for Journalists (2nd Edition) by Richard Keeble ကို ပေးထားပါတယ်။

    Out of Context လိုသလောက်ဖြတ်ယူပြီး ကိုယ့်သဘောနဲ့ထပ်တူဖြစ်အောင်လုပ်ယူဖော်ပြထားတာမျိုးတွေပါ။ ခုဆောင်းပါးမှာတော့ အဲဒီကိစ္စအကျယ်မပြောတော့ပါဘူး။ လိုရင်းကိုပဲ သွားကြတာပေါ့ဗျာ။ အဲ- ကြားနေမှုက အမှန်တရားလောက်အရေးမပါဆိုတာလေးတော့ မှတ်ထားပေးပါလို့ မေတ္တာရပ်ပါရစေ။

    လိုရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားပြုခွင့်ရှိမရှိနဲ့စပ်လျဉ်းပြီး ဖြေကြားချက်ကို ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာကြီးက စာဖတ်ပရိသတ်ကို ဖြစ်သလို သဘောထား၊ လိုသလို ၀ိသေသပြုပြီး အလိုကျအသုံးတော်ခံခိုင်းခဲ့ပုံပါ။

    ဒီနေရာမှာ လုံးဝကို ရှင်းရှင်းလင်းလင်းသိထားစေလိုတာက ကျွန်တော်တို့ အနေနဲ့ရိုဟင်ဂျာကို ကိုယ်စားမပြု သလို ရိုဟင်ဂျာအရေး ဆောင်ရွက်နေတာလည်းမဟုတ်ဆိုတာပါ။

    ဒါက အော်စလိုမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေသွားတဲ့ ရိုဟင်ဂျာနိုင်ငံသားပြုခွင့် ရှိနိုင်မရှိနိုင်နဲ့ ပတ်သတ်တဲ့အဖြေ ဗွီဒီယိုဖိုင်ပါ။

    http://www.youtube.com/watch?feature=player_embedded&v=GLhmiaKLXT8#

    ဒေါ်အောင်ဆန်းစုကြည်အဖြေကို ၁၆း၁၀ လောက်ကနေ စကြည့်နိုင်ပါတယ်။

    မေးခွန်းမေးတဲ့ပုဂ္ဂိုလ်က ဒီရိုဟင်ဂျာပြဿနာရဲ့ အရင်းအမြစ်နဲ့ဆက်စပ်ပြီး မေးခွန်းထုတ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံခေါင်းဆောင်လည်း ဖြစ်တာကြောင့် အစားထိုးအဖြေအသစ်တစ်ခု ရဖို့ မေးတာပါလို့ လည်း ပြောသွားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေက –

    I spoke for rule of law. And rule of law covers rules of citizenship as well. This is what I mean by saying the root of the problem is lack of rule of law. We are not certain exactly what the requirements of citizenship laws are. I will mention one particular case of one of our candidates for the last by-election who was disqualified because in accordance with the election regulations, all candidates have to be born of nationals, both parents must be nationals. This candidate of ours, his parents, both of them are Burmese nationals when he was born. But later, his father took another nationality. And on those grounds, he was disqualified as a candidate. ….. Even with regard to citizenship we are not clear what the laws really are. Rule of law, if you have very clear as to who are the citizens of the country under the citizenship laws and who qualified, then there would not be this problem which is always coming up there is an accusation, some people do not belong in Bangladesh and some people do not belong in Burma. Bangladesh says that they are not ours and Burma says that they are not ours and these poor people get shuffled around.  So we have to have rule of law, we have to know what the law is. We have to make sure that it is properly implemented.
    ဒေါ်အောင်ဆန်းစုကြည်က ကနဦးမှာ တရားဥပဒေစိုးမိုးရေးက အဓိက အရင်းအမြစ်ပဲဆိုတာကို ထိမိရိုးရှင်းစွာ ဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကို မြန်မာမှုပြုရရင် –

    “ကျမ တရားဥပဒေစိုးမိုးရေးအကြောင်း ပြောခဲ့တယ်။ ဒီတရားဥပဒေစိုးမိုးရေးထဲမှာပဲ နိုင်ငံသားဖြစ်ခွင့်ဥပဒေကလည်း အကျုံးဝင်နေပါတယ်။ ဒါကြောင့် ဒီပြဿနာရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့်ဖြစ်တယ်လို့ ကျမဆိုလိုတာပါ။ နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေမှာ ဘာတွေလိုအပ်နေသလဲဆိုတာ ကျမတို့ တိကျသေချာခြင်း မရှိသေးဘူး။ (တနည်း – နိုင်ငံသားဖြစ်နိုင်ဖို့ ဥပဒေထဲမှာ ဘာတွေလိုအပ်သလဲဆိုတာ ဂဃနဏပြဌာန်းထားခြင်းမရှိသေးဘူး။) ”…. အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အလ်ဒီကိုယ်စားလှယ်တစ်ယောက် အပယ်ခံခဲ့ရတာကို ဥပမာပေးပြောသွားခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်က မွေးတုန်းကတော့ အဖေရော အမေရော မြန်မာနိုင်ငံသားတွေဖြစ်နေခဲ့ပါတယ်။ အဲ- နောက်ပိုင်းမှာတော့ ဖခင်ဖြစ်သူက တခြားနိုင်ငံသားခံယူသွားတယ်ဆိုပြီး သူ့ကို ပယ်ခဲ့တာပါ။ ပါတီကိုယ်စားလှယ်ဖြစ်ခွင့် ဥပဒေမှာကျ ဖခင်ရော မိခင်ပါ နိုင်ငံသားဖြစ်ရမယ်လို့ ပြဌာန်းထားပါတယ်။ …………

    ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ဖြေကြားတာက “နိုင်ငံသားဖြစ်ခွင့်ရှိခြင်းကိစ္စမှာတောင် ကျမတို့ဟာ ဥပဒေဘယ်လိုရှိလဲဆိုတာ မရှင်းလင်းသေးပါဘူး။ တရားဥပဒေစိုးမိုးရေးမှာ ခင်ဗျားအနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိရေးဥပဒေအောက်မှာ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားတွေ၊ ဘယ်သူတွေကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီသူတွေဆိုတာ အလွန်ရှင်းရှင်းလင်းလင်း ဖြစ်နေရပါမယ်။ ဒါမှသာ ဒီလိုပြဿနာမျိုးတွေ ရှိမလာမှာပါ။  (ပြဿနာဆိုတာမှာ) ဒီစွပ်စွဲမှုက အမြဲတမ်းဘယ်လို တက်လာသလဲဆိုတော့ တချို့ကိုတော့ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က ပိုင်တာမဟုတ်ဘူး၊ တချို့ကိုတော့ဖြင့် မြန်မာနိုင်ငံက ပိုင်တာမဟုတ်ဘူး (တနည်း တချို့ကတော့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမဟုတ်ဘူး၊ တချို့ကတော့ မြန်မာနိုင်ငံသားမဟုတ်ဘူး) ဆိုပြီးတော့ပါ။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီလူတွေက ကျွန်တော်တို့ နိုင်ငံသားမဟုတ်ဘူး၊ မြန်မာဘက်ကလည်း ဒီလူတွေက ကျွန်တော်တို့နိုင်ငံသားမဟုတ်ဘူး ဆိုပြီးပြောနေကြတော့ ဒီသနားစရာကောင်းတဲ့လူစုက ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ဖြစ်နေရပါတယ်။ ဒါကြောင့် ကျမတို့က တရားဥပဒေစိုးမိုးရေးရှိရမယ်၊ တရားဥပဒေဆိုတာ ဘာလဲဆိုပြီးသိရမယ်။ ဒီဥပဒေကို စနစ်ကျစွာ အကောင်အထည်ဖော်ဖြစ်အောင် အသေအချာဆောင်ရွက်ရမယ်။”

    အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတဲ့အခါ မေးခွန်းမေးသူ အမေရိကန် ရုပ်သံဌာနတစ်ခုရဲ့ ရီပိုတာဖြစ်သူက ဆက်ပြီး အထွန့်တက်ပါတယ်။

    သူအထွန့်တက်ပုံက –

    What should it be with regarding to the citizenship? Are they or they are not?

    ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောခဲ့တဲ့အဖြေက –

    I do not know.

    ဒီနေရာမှာ ကျွန်တော်တို့ စာဖတ်သူကို လုံးဝရှင်းရှင်းလင်းလင်းဖြစ်သွားစေဖို့ အမေးအဖြေကို ဒုတိယမ္ပိ ဖော်ပြပေးပါ့မယ်။

    အမေး – What should it be with regard to the citizenship? Are they or they are not?

    သူတို့က နိုင်ငံသားဖြစ်သင့် မဖြစ်သင့်နဲ့ စပ်လျဥ်းပြီး ဘယ်လိုမျိုးပါသလဲ။ သူတို့က (နိုင်ငံသား)လား (နိုင်ငံသား)မဟုတ်ဘူးလား။

    အဖြေ – I do not know.

    ကျမမသိဘူး။

    ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတာက –

    I do not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma. But who are just come over recently from Bangladesh. But, on the other hand, Bangladesh says No. They don’t want them as refugees because they are not native to Bangladesh and they come over from Burma. So how do we sort this out without “RULE OF LAW”, without proper Immigration Processes, without proper policy, without properly implementation of laws. This is why I said the root of all is “The RULE OF LAW” going back to many decades, not going back just to the crime that is just committed a couple of months ago.

    မြန်မာပြန် – ကျမ မသိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားအနေနဲ့ ရိုဟင်ဂျာအကြောင်းပြောတဲ့အခါ ကျမတို့ ဘယ်သူတွေအကြောင်း ခင်ဗျားပြောနေသလဲဆိုတာ တော်တော်ကလေး မသေမချာဖြစ်နေပါတယ်။ ကျမပြောခဲ့သလိုပါပဲ၊ ကျမတို့ ဘယ်သူတွေကို ရည်ညွှန်းနေသလဲဆိုတဲ့နေရာမှာ ပြဿနာရှိနေပါတယ်။ တချို့က ရိုဟင်ဂျာလို့ကိုယ့်ကိုကိုယ်ပြောနေကြသူတွေဟာတော့ဖြင့် မြန်မာနိုင်ငံသားတွေမဟုတ်လို့ ဆိုကြတယ်၊ သူတို့က ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မကြာသေးမီကမှ ရောက်လာကြသူတွေလို့ ဆိုကြတယ်။ ဒါပေမယ့် နောက်တဘက်မှာတော့ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး၊ သူတို့ကို ဒုက္ခသည်အနေနဲ့ (ကျနော်တို့) လက်မခံနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့ (ရိုဟင်ဂျာ)တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမဟုတ်ဘူး၊ သူတို့က မြန်မာဘက်က လာကြသူတွေလို့ ဆိုတယ်။ ဒီတော့ တရားဥပဒေစိုးမိုးခြင်းမရှိဘဲ ၊ လူဝင်မှုကြီးကြပ်ရေးကိစ္စတွေ စနစ်တကျဆောင်ရွက်ခြင်းမရှိဘဲ၊ စနစ်ကျတဲ့ ပေါ်လစီမရှိဘဲ၊ ဥပဒေကို စနစ်တကျအကောင်အထည်ဖော်ခြင်းမရှိဘဲ ဒီကိစ္စကို ဘယ်လို ရှင်းထုတ်မလဲ။ ဒါကြောင့် ကျမက ဒီကိစ္စအားလုံးရဲ့ အရင်းအမြစ်က တရားဥပဒေစိုးမိုးရေးလို့ ပြောခဲ့တာပါ။ ဒါကလည်း ဆယ်စုနှစ်များစွာကတည်းက (ဖြစ်နေခဲ့တာပါ။) လွန်ခဲ့တဲ့ နှစ်လလောက်က ရာဇ၀တ်မှုကျူးလွန်တဲ့ (ပြဿနာ) ကနေ စလာခဲ့တာမဟုတ်ဘူး။

    ကဲအခု ပထမအဖြေနဲ့ တဆက်တည်းလာတဲ့ ဒုတိယအဖြေ။ ပထမအဖြေကို သဘောမကျတဲ့ မေးခွန်းထုတ်သူက ဆက်မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ဖြေတဲ့ ဒုတိယအဖြေကို Out of context လုပ်ပြီး သဘောကျဘာသာပြန်မယ်ဆိုရင်တော့ အလွဲကြီးလွဲပါပြီ။

     

    အလဲဗင်းဂရုမြန်မာပြန်တာက ဒုတိယအဖြေတစ်ခုတည်းကို ကွက်ပြီးပြန်ထားတာပါ။ ပြန်ထားတော့လည်းဗျာ။ ဒီိလိုဖြစ်နေပါတယ်။

    “ရှင်ပြောတဲ့ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ  ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။ ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ တချို့က ပြောဆိုကြတယ်။”

    “who you are talking about” ဆိုတာနဲ့ “we don’t know who they are” ဆိုတာ လုံးဝကွဲပြားခြားနားတဲ့အဓိပ္ပါယ်ပါ။

    အလဲဗင်းမီဒီယာဂရုခင်ဗျား။ ခင်ဗျားတို့ဘာသာပြန်လိုက်တဲ့ စကားလုံးများရဲ့ မူရင်းက ဒီလိုပါ။

    Ido not know because when you talk about the Rohingya, we are not quite sure who you are talking about. As I said there is a problem about who we are referring to. There is someone who says that those people who claim to be Rohingyas are not the ones who are actually native to Burma.But who are just come over recently from Bangladesh.

    အဓိပ္ပါယ်က ရှင်းရှင်းလင်းလင်းကြီးပါပဲ။ “ပထမ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ဘာကြောင့်လဲဆိုရင် ဥပဒေကသာ ဘယ်သူကတော့ဖြင့်နိုင်ငံသား၊ ဘယ်သူကတော့ဖြင့် နိုင်ငံသားဖြစ်ဖို့ အရည်အချင်းမီတယ်စသဖြင့်ဆုံးဖြတ်နိုင်မယ်။ အဲသလိုဖြေတယ်၊ ဒါကို မေးခွန်းမေးသူက ရိုဟင်ဂျာက နိုင်ငံသားဟုတ်လားမဟုတ်လားထပ်မေးတယ်။ ဒီအခါ ဒေါ်အောင်ဆန်းစုကြည်က ကျမမသိဘူး၊ ခင်ဗျားပြောတဲ့ရိုဟင်ဂျာကို ဘယ်ဥပဒေနဲ့ ဆုံးဖြတ်ပြီးနိုင်ငံသားဟုတ်တယ်၊ မဟုတ်ဘူး အဆုံးအဖြတ်ပေးနိုင်မလဲ၊ သူမှန်တယ်၊ ငါမှန်တယ်ဆိုပြီး တဖက်တမျိုးစီ ပြောနေကြတာပဲ၊ ဒါကြောင့်ကျမက အဆုံးအဖြတ်ပေးမယ့် ဥပဒေရှိဖို့၊ စိုးမိုးဖို့၊ လူဝင်မှုကြီးကြပ်ရေးကဏ္ဍတွေ စနစ်ကျဖို့က အဓိကပါလို့ ပြောခဲ့တာပေါ့” လို့ ဖြေကြားပါတယ်။

    ဒီလိုရှင်းရှင်းကြီးဖြစ်နေတဲ့ အဓိပ္ပါယ်ကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် လှည့်စားတဲ့ မီဒီယာကြီးခင်ဗျား။ အမှန်တရားဆိုတာ ကြားမနေလဲရပါတယ်လို့ ပြောခဲ့တဲ့မီဒီယာကြီးခင်ဗျား။ ဒေါ်အောင်ဆန်းစုကြည်ချပြခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိတရားဥပဒေကိစ္စတွေကို မီဒီယာကြီးအနေနဲ့ စာဖတ်ပရိသတ်ကို ချပြပေးခဲ့ဖူးပါသလား။ ဘယ်နှစ်ကြိမ်လောက် ချပြပေးဖူးပါသလဲ။

    ကဲအခု၊ အထက်မှာ ကျနော်ပြောတဲ့ အဓိပ္ပါယ်မျိုးကိုသာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တာပါဆိုတာကို ပိုမိုခိုင်မာစေဖို့ လန်ဒန် စီးပွားရေးနဲ့ နိုင်ငံရေး တက္ကသိုလ် (London school of economics and politics) မှာ ဆွေးနွေးခဲ့တဲ့ (http://www.youtube.com/watch?v=j5myaBEV9Wk&list=UUuaRmKJLYaVMDHrnjhWUcHw&index=7&feature=plcp ) ဒီဘိတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုပြောဆိုဆွေးနွေးသွားသလဲဆိုတာက အနည်းငယ်သုံးသပ်ပါမယ်။ တရားဥပဒေစိုးမိုးရေး အတွက် procedure နဲ့ transitions အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့ပါတယ်။ အဲ – Burma law is obsolete. မြန်မာ့ဥပဒေက ဒိတ်အောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားခဲ့တာကတော့ မှတ်သားစရာပါပဲ။

    ဒေါ်အောင်ဆန်းစုကြည်က Statelessness in Burma ၊ မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်မရှိဘဲ ယောင်ခြောက်ဆယ်ဖြစ်သူများအတွက် We can base in rule of Law ၊ ကျမတို့ တရားဥပဒေစိုးမိုးရေးကို အခြေခံနိုင်တယ်၊ ဒီလိုအခြေခံတဲ့နေရာမှာ Two aspects  ၊  ရှုထောင့်နှစ်မျိုးရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

    1) The law of citizenship. What are the citizenship laws in Burma like? Are these just? Are these in line with internationally acceptable standard? ဒေါ်အောင်ဆန်းစုကြည်က

    မြန်မာပြည်က နိုင်ငံသားဖြစ်ခွင့်ရှိခြင်းဥပဒေက ဘယ်လိုမျိုးပါလဲ။ အဲဒီဥပဒေက တရားမျှတရဲ့လား၊ ဒီဥပဒေက နိုင်ငံတကာက လက်ခံနိုင်မယ့် စံပုံဆန်တွေနဲ့ရော ကိုက်ညီနေလား ဆိုပြီး မေးခွန်းထုတ်ပါတယ်။

    အဲ နံပါတ် ၂ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက procedural ပါ။ ဘိုလိုကတော့ အကြမ်းဖျင်း ဒီလိုမျိုးပါ။   How do the immigration authorities work? How do the police work? How do the court work?

    လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေ ဘယ်လိုအလုပ်လုပ်ပါသလဲ၊ ရဲတွေ ဘယ်လို အလုပ်လုပ်နေပါသလဲ၊ တရားရုံးတွေ ဘယ်လိုအလုပ် လုပ်နေပါသလဲ။ (ဒါတွေက procedural တွေပါတဲ့)

    These two are essential to find why stateless persons are stateless. Whether there is not something that can be done to assure the position within the rule of law.

    ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အချက် ၂ ချက်ကတော့ နိုင်ငံမဲ့နေသူတွေ ဘာကြောင့် နိုင်ငံမဲ့နေသလဲဆိုတာ ရှာဖွေဖို့ အဓိကနည်းလမ်း ၂ သွယ်ပါလို့ ပြောသွားခဲ့ပါတယ်။ ဒီအချက် ၂ ချက်ကို အခြေခံခြင်းဖြင့် (ဒီနိုင်ငံမဲ့နေသူများ) အတွက် အခြေအနေတစ်ခုကို တရားဥပဒေအတွင်းမှာပဲ တိကျသေချာစွာ အဆုံးအဖြတ်ပေးဖို့ (ဥပဒေ အမျိုးအစားတစ်ခု) ရှိမနေဘူးလားဆိုတာကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

    ဒီတော့ဗျား။ ကောက်ချက်ကတော့ ဒီလိုချပါတယ်။ အလဲဗင်းမီဒီယာက ဘာသာပြန်ဆောင်းပါးရှင်များအနေနဲ့ ဒီလို out of context လုပ်တာကတော့ အမှန်တရားကနေ သွေဖယ်ပြီး ပြည်သူကို လှည့်စားတယ်လို့ပဲ ပြောရမှာပါ။ တခြားနည်းလမ်းမရှိပါ။

    ဗွီဒီယိုဖိုင်များကို အသေအချာနားသောတဆင်ကြည့်ကြပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစာမရေးမီ ဗွီဒီယိုဖိုင်တွေကို အနည်းဆုံး ၃ ခေါက်ထပ်မနည်း နားထောင်ခဲ့ပါတယ်။ တခြားတတ်ကျွမ်းသူများဆီကလည်း သဘောထား မေးမြန်းခဲ့ ပါတယ်။

    အလဲဗင်းမီဒီယာက ဒီလင့်ခ် (http://goo.gl/a219B) ကို တင်အပြီး မိနစ်အနည်းငယ်အကြာမှာပဲ ဒီလို ဖြုတ်ချပြစ်ခဲ့ ပါတယ်။

    ဒါနဲ့ မခံမရပ်နိုင်တဲ့ အမှန်တရားလိုလားသူအချို့က ဇဝေဇ၀ါဖြစ်ပြီး ကျနော့်ဆီ ဆက်သွယ်လာပါတယ်။ သူတို့ထဲက တစ်ယောက်က အလဲဗင်းကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မက်ဆေ့ခ်ျပို့ပြီး ဘာလို့ အထက်ပါလင့်ခ်ကို ဖျက်ချရသလဲဆိုတာ မေးမြန်းခဲ့ပါတယ်တဲ့။ (ပုံမှ Article #14161 not found ဆိုသည့်စာသားအား သတိပြုကြပါ)

    အဲ မိနစ်အနည်းငယ်ကြာလေတော့ အထက်ပါလင့်က ပြန်ပြီး အလုပ်လုပ်လာပါတယ်။ အခုလက်ရှိလည်း အဲဒိလင့်ခ်က အလုပ်လုပ်တုန်းပါ။

    Link address ကတော့

    http://news-eleven.com/index.php?option=com_content&view=article&id=14161:2012-06-20-03-05-17&catid=42:2009-11-10-07-36-59&Itemid=112

    ဒီတော့ဗျား။ ကျွန်တော်လေ့လာဖူးတဲ့ The most successful propaganda technique ဆိုတာလေး ကြုံကြိုက်တုန်း တင်ပြပါရစေ။ မူရင်းကတော့ ဒီမှာပါ။ (http://www.freerepublic.com/focus/f-news/1530401/posts)

    နံပါတ် ၃ မှာ ပြောထားတာက

    # 3. Misinformation: This is a subtle technique, it involves reporting information in such a way that the final message of the story is not true, it’s what the propagandist wants you to believe.

    သက်ပြင်းရှည်ကြီးပဲ ချမိပါတယ်ဗျား။(အင်္ဂလိပ်လိုပဲ နားလည်တော်မူကြပါကုန်) ဒီတော့ဗျား ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေက မြန်မာ့လက်ရှိ ဥပဒေသည် နိုင်ငံတကာစံချိန်တွေနဲ့ မကိုက်ညီဘဲ နိုင်ငံသားဖြစ်ခွင့်၊ မည်သူသည်နိုင်ငံသား၊ မည်သူသည်နိုင်ငံသားမဟုတ်ဆိုတာတောင် မခွဲခြားပေးနိုင်တဲ့ဥပဒေဖြစ်နေတယ်ဆိုတာကိုသာ conclude လုပ် ယူနိုင်ပါတယ်။ အလဲဗင်းကြီးပြောသလို “ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာသည် နိုင်ငံသားမဟုတ်” ဆိုပြီး ဒဲ့ပြောလိုက်သလိုလို ဘာလိုလိုညာလိုလို conclude လုပ်လို့လုံးဝမရပါ။

    ဒါကို မြန်မာစာဖတ်ပရိသတ် (အင်္ဂလိပ်နားမလည်ကြတဲ့) က သဘောမပေါက်နိုင်ပဲ အလဲဗင်းပေ့ခ်ျမှာ ဟာ.. အမေစုက ပြောလိုက်ပီဟေ့ စသဖြင့် ကွန်မန့်တွေရေးကြတာ အဓိက misinform လုပ်ထားတဲ့ အလဲဗင်းမှာ တာဝန်ရှိပါတယ်။

    နောက်ဆုံးမေးချင်တာကတော့ – အလဲဗင်းမီဒီယာအုပ်စုခင်ဗျား။ နောင်ကြီးတို့မှာ အမှန်တရားဆိုတာကို ထူးထူးခြားခြားလေးများ Define လုပ်ထားရင် ကျွန်တော်တို့ကိုလည်း ဗဟုသုတအဖြစ် ဝေမျှပေးပါလို့ ရိုးသားစွာတောင်းဆိုလိုက်ပါတယ်ခင်ဗျား။

     

  • တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ အတွဲ(၂)

    ရေးသားပြုစုသူ – အငြိမ်းစား ပါမောက္ခ ဒေါက်တာအောင်ဇော်

    ဒီစာအုပ်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေကတော့ ….

    ၁။ သွေးသောက်ကြီးဇေယျာရန်ကင်း ဦးတုံးဖြူ
    ၂။ ကင်းတားကုလားပျို ဗိုလ်ပို
    ၃။ မြန်မာ့ဘာဏုရာဇာမောင်လာနာ
    ၄။ ၀ိပဿနာကျမ်းပြုဆရာရှိုက်အစ္စမာအိလ်
    ၅။ အလင်္ကာကျော်စွာ ဘိလပ်ပြန်ဆရာညိန်း
    ၆။ ဘာသာပြန်ဝတ္ထုဆရာ အမူကြင်
    ၇။ မြန်မာစာညွန့်ပေါင်းကျမ်းအဖွဲ့ဝင် ဦးလှဒင်
    ၈။ လွေ့လွေ့ရမ်းရမ်း လှူဒါန်းသည့် ပုဂ်္ဂိုလ်ဟာဂျီဦးဘအို
    ၉။ ပဉ္စရူပံ ဦးခ
    ၁၀။ မြိုင်ဆိပ်က မအန၀ီ
    ၁၁။ နိုင်ငံကျော်ဓမ္မကထိက ၀ဏ္ဏကျော်ထင်ဟာဖိဇ်ဟစံရှား
    ၁၂။ ပါဠိပါမောက္ခကြီး အဟ်မဒ်ကာစင်
    ၁၃။ ကာတွန်းဝိဇ္ဇာ ၊ ဒါရိုက်တာ သရုပ်ဆောင်ဦးဘကလေး
    ၁၄။ ပါမောက္ခချုပ်ဆရာကြီး ဦးကာ
    ၁၅။ မွဖ်သီဟာဂျီအဗ်္ဗဒွလ်စွတ်ဗဟန်
    ၁၆။ သီချင်းကြီးအဆိုကျော် ဦးအလီ (ဒဂုန်မောင်ကြီး)
    ၁၇။ အိုလမာအဖွဲ့ ကနဦးဘာသာပြန်ဆရာ မော်လာနာ ရဟ်မသွလ်လာ
    ၁၈။ သီရိပျံချီဦးဘစိန် M.Sc, B.C.S
    ၁၉။ အာဇာနည်ခေါင်းဆောင်ကြီးဆရာကြီးဦးရာဇတ်B.A (NAT)
    ၂၀။ ဓမ္မကထိကဆရာသိန့်
    ၂၁။ သုတေသီအမတ်မင်းဦးဘိုးခိုင်
    ၂၂။ ကဗျာစာဆို ဦးပု (ဖြူး)
    ၂၃။ စွယ်စုံအနုပညာရှင် ရတနာပုံမောင်စု
    ၂၄။ မိုးကျဗလီရှေ့ဆောင် မုဖ်သီမုဟမ္မဒ်စွလေဟ်အမီနီ
    ၂၅။ ဦးဘရှီးအောင်ကျော်
    ၂၆။ သီရိပျံချီ ဦးဘသောင်းB.Sc
    ၂၇။ အန်ဆွာရီဖခင်ကြီးဆရာကြီး ဦးအဟ်မဒ်
    ၂၈။ ဂိုဏ်းချုပ်ဆရာကြီး ဆာလေကိုတ၀လ် B.Sc
    ၂၉။ တော်ဝင်စာပေအဖွဲ့ဝင် ဦးဘသော်
    ၃၀။ ရာဇ၀င်သုတေသီ ရွှေဘိုဦးဘဦး
    ၃၁။ စာပေဥယျာဉ်မှူး ဆရာဒဂုန်သိန်း
    ၃၂။ ဆရာကြီး အဲမ်အီဘရာဟင်
    ၃၃။ မဟာသရေစည်သူဦးဖေခင်
    ၃၄။ မောင်လာနာM.A. ဂနီ
    ၃၅။ တောင်တွင်းကြီး ဟာဂျီ
    ၃၆။ နိုင်ငံဂုဏ်ရည်ပထမဆင့်ဆရာချယ်
    ၃၇။ တော်ဝင်သမိုင်းပညာရှင် ဇေယျကျော်ထင်ဗိုလ်မှူးဘရှင် B.A (Hons) M.R.A.S, M.R.N.S
    ၃၈။ ကမ္ဘာ့အလင်းဆရာနူးရ်
    ၃၉။ စီအေ ဦးဗလွင်
    ၄၀။ ဆရာကြီး ဦးဃနီ (ဓူဝံ)
    ၄၁။ ဆရာဦးကို M.A (မန္တလေးတက္ကသိုလ်)
    ၄၂။ ပီကင်းပြန် ခြင်းဦးဘသိန်း
    ၄၃။ အိုလမာအဖွဲ့ချူပ် ဥက္ကဌကြီး အိဗ်ရာဟင်မ် အဟ်မဒ် မဇွာဟေရီ
    ၄၄။ သီရိပျံချီဆရာဃာဇီ မုဟမ္မဒ်ဟာရှင်
    ၄၅။ နိုင်ငံဂုဏ်ရည် ပထမဆင့် ဗိုလ်မှူးကြီးတင်စိုး
    ၄၆။ မောင်လာနာ ကာရီ မက္ကဆူဒ်အဟ်မဒ်ခန်း ဦးခင်မောင်ကြီး
    ၄၇။ ဓာတုဗေဒပါမောက္ခ ဆရာ ဦးအောင်ခင်
    ၄၈။ ပါလီမန်အမတ် ဒေါ်အေးညွှန့်
    ၄၉။ ဘာသာပြန်မှူး မော်လ၀ီ နူးရ်မုဟမ္မဒ်ဦးခင်ရွှေ
    ၅၀။ မောင်လာနာ ဖရီဒွတ်ဇမာန်းဦးသိန်းမောင်
    ၅၁။ သုတေသီ စာဆို ဇာလီရှင်
    ၅၂။ စာရေးဆရာ သမိုင်းသုတေသီ ပသီဦးကိုကိုလေး

     

    PDF Download လုပ်ရန်  Click Here
    Myanmar Muslim Vol-2 by Dr-Aung Zaw

  • The lentil storehouses, owned by Burmese Muslims, had been set fire

    June 19, 2012

    On yesterday, 12.30am, the lentil storehouses had been set fire in Ta Zaung Yoe village which is located in between two well-known towns, Yekyi and Athote, in Ayeyarwaddy division. Arson was allegedly started by four stranger Buddhist monks and which completely destroyed a storehouse and a motorbike possessed by a Muslim business man, U Hanif.

    Fire crews from Yekyi and Athote fought the arson successfully within an hour with the help of surrounding residences.

    Storehouse guard had tried to persuade the perpetrators. “Those four monks are not from my town. They are new faces as I know almost all the monks from surrounding area. After they’d set up fire, left on a truck. I couldn’t have a scene to its license plate because of darkness”, he told to myanmarmuslim.net on phone.

    There have been reported about the state governor who personally came and inspected the situation on today’s morning.

    According to the residences, it is noted that there have been Buddhists and ruly Muslims stay together peacefully for a long time in the area of Nga Thahine Gyaung, Yekyi and Athote.

    This is the second incident happened against the Burmese Muslims after the unrest in Rakhine state.

    Translate News from http://myanmarmuslim.net/news.php?item.705.22

  • အသုတ်မြို့အနီး တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ပဲဂိုဒေါင် မီးရှို့ခံရ

    အသုတ်မြို့အနီး တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်ဆိုင်သည့် ပဲဂိုဒေါင် မီးရှို့ခံရ

    သတင်း – Myanmar Muslim Net မှ ကူးယူဖော်ပြပါသည်။

     

    အသုတ်မြို့ရှိ အစ္စလာမ်ဘာသာဝင်တို့ ဆုတောင်း ဝတ်ပြုရာ ဗလီဝတ်ကျောင်းတော် တခု
    Photo-http://bumisepi.com

    ယနေ့ မနက် (၁၉ရက် ဇွန်) ည သန်းခေါင်ကျော် ၁၂း၃၀ နာရီခန့်တွင် ဧရာဝတီတိုင်းကြီး ဒေသ၊ ရေကြည်မြို့နှင့် အသုတ်မြို့ကြား၊ တဇောင်းရိုးကျေးရွာရှိ အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်သည့် ပဲဂိုဒေါင်များကို မျက်နှာစိမ်း ဘုန်းကြီး (၄) ပါးမှ လာရောက်မီးရှို့ခဲ့ကြောင်းသိရှိရသည်။ အဆိုပါမီးရှို့လောင်မှုကြောင့် တဇောင်းရိုးကျေးရွာနေ အစ္စလာမ်ဘာသာဝင် ဟာနစ်ဘိုင် ပိုင်ဆိုင်သော ပဲဂိုဒေါင် တစ်လုံး၊ မော်တော်ဆိုင်ကယ် (၁)စီးမှာ လုံးဝပြာကျ ပျက်စီးသွားကြောင်း သတင်း ရရှိသည်။

    အခင်းဖြစ်ပွားရာသို့ ရေကြည်မြို့နှင့် အသုတ်မြို့မှ မီးသတ်ကားများ ဒေသခံပြည်သူများ ဝိုင်းဝန်း မီးငြိမ်းသတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားပြီး (၁) နာရီခန့််အကြာ မီးငြိမ်းသွားကြောင်း သိရှိရသည်။ ဂိုဒေါင်စောင့်သည့် ဝန်ထမ်းမှ မီးရှို့ဖျက်ဆီး သူများကို မည်သို့မှတောင်းပန် တားဆီး၍မရကြောင်း သိရှိရပါသည်။  ဂိုဒေါင်စောင့်ကြပ်သည့် ဝန်ထမ်း၏ ပြောကြားချက်အရ အဆိုပါ ဘုန်းကြီး(၄) ပါးမှာ ၄င်းတို့ မြို့မှ မဟုတ်ကြောင်း၊ ၄င်းတို့အနေဖြင့် အနီးအနားမြို့များမှ ဘုန်းတော်ကြီးများအားလုံးကို သိကြောင်း၊ ယခုမီးလာရှို့သူများမှာ မျက်နှာစိမ်းများဖြစ်ကြောင်း၊၊ မီးရှို့ ပြီးသည်နှင့် ထရပ်ကားတစ်စီးဖြင့် ထွက်ပြေးသွားကြောင်း၊ ညအမှောင်ဖြစ်သောကြောင့် ကားနံပါတ်ကို သေချာစွာ မမြင်ရကြောင်း myanmarmuslim.net သို့ ဖုန်းဖြင့် ပြောကြားခဲ့ပါသည်။

    အခင်းဖြစ်ပွားရသို့ ယနေ့မနက် (၁၉ ရက် ဇွန်)တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းမှူးကိုယ်တိုင်လာရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

    ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါဒေသ ဧရီယာ ငသိုင်းချောင်း၊ ရေကြည် ၊ အသုတ် ဒေသများမှ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များမှာ ရှေးယခင်ကတည်းက ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး မည်သည့် ပြဿနာမှ မရှိခဲ့ကြကြောင်းသိရပါသည်။