ဆောဖ်ဝဲနည်းပညာထွန်းကားရာအိန္ဒိယ နိုင်ငံမှ ကျမ်းမြတ်ကုရ်အာန်လေ့လာရေး တွင်ပိုမိုထိရောက်မှုစေရန် Al misbah အမည်ရ ကုရ်အာန် ဆော့ဝဲတစ်ခု အားတီ ထွင်လိုက် ပါသည်။ အဆိုပါဆော့ဖ်ဝဲဖြင့် အသက်အရွယ်မရွေး ဘာသာမရွေးကုရ်အာန် သင်ယူလေ့လာရေး ၌ အလွယ်တ ကူ သင်ကြးနိုင်ရန် မွတ်စလင်ဆောဖ်ဝဲ ပညာရှင် ၃၀ဦးပါဝင်သော အဖွဲ့ကနေ ဖန်းတီးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာကျော်ကာရီများက ဖတ်ရွက်သော အာယသ်တစ်ခုချင်းစီအား ယင်းဆော့ဝဲ ဖြင့် သဂ်ျ ၀ိဒ် ဌာန်ကရိုဏ်းကျကျ သင်ယူနိုင်ပါသည်။ ဟင်ဒီ အုရ်ဒူ ၊အင်္ဂလိပ် ဘာသာပြန်တို့ကိုလည်း တစ်အာယသ်ချင်းဆီ နားဆင်နိုင်ရန်ဖန်တီး ထားကြောင်း သိရသည်။ ထို့ပြင် အာယသ်တော်များကို လည်း
Blog
-
ကုရ်အာန်လေ့လာရေးဆောဖ်ဝဲ အိန္ဒိယက တီထွင်
-
ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာတင်မောင်
ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် ဒေါက်တာတင်မောင်
(၁ ဖေဖော်ဝါရီ ၁၉၃၄ – ၁၄ နိုဝင်ဘာ ၂၀ဝ၁)၁၉၃၄ ခု ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၊ ပုဂံဆောင်၌ ပညာရေးဝန်ကြီး ဦးကာ(ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်၊ ဥက္ကဌ၊ ရာထူးဝန်အဖွဲ့)၊ ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။
၁၉၃၉ ခုSt. Philomena’s Convent E.H.S တွင် Edward Ka အမည်နှင့် ကျောင်းပညာစသင်သည်။ မန္တလေး St. Josephs Convent E.H.S တွင် ပညာဆက်သင်သည်။၁၉၅၂ မှာ ၁၉၅၆ အထိ ဥပစာသိပ္ပံမှ ဒုတိယရသည်။ သင်္ချာဂုဏ်ထူးတန်းကို ထူးချွန်စွာ တက်ရောက်ခွင့်ရသည်။ ၁၉၅၆ ခု အောက်တိုဘာလတွင် လန်ဒန်တက္ကသိုလ်၌ ဂုဏ်ထူးတန်း တက်ရောက်သည်။B.Sc (Special) သင်္ချာကို ပထမတန်းဂုဏ်ထူး First Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။
၁၉၅၇ တွင် M.Sc (Maths) သင်္ချာမဟာသိပ္ပံဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ အင်္ဂလန်နိုင်ငံ Cambridge Universityတွင် ပါရဂူဘွဲ့အတွက် ဆက်လက်သင်ကြားသည်။
၁၉၅၈ မှ ၁၉၇၆ အထိ ရန်ကုန်တက္ကသိုလ်တွင် သင်္ချာ ကထိကအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုတောအတွင်း ၁၉၇၀ အောက်တိုဘာလမှ ၁၉၇၅ မတ်လအထိ လန်ဒန်တက္ကသိုလ်သို့ ပါရဂူဘွဲ့အတွက် ထပ်မံသွားရောက်ခဲ့သည်။
၁၉၇၆ တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန (U.C.C) သို့ ညွှန်ကြားရေးမှူးရာထူးနှင့် ရောက်ရှိတာဝန် ထမ်းဆောင်သည်။ ၁၉၈၅ အောက်တိုဘာလတွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရသည်။ သိပ္ပံနှင့် နည်းပညာရေးရာ ကော်မတီဝင်ဖြစ်သည်။
၁၉၈၆ တွင် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာန၊ သိပ္ပံဌာန ဌာနမှူးတာဝန်ကို (U.C.C) ညွှန်ကြားရေးမှူးရာထူးနှင့် တွဲဖက်ထမ်းဆောင်သည်။
၁၉၈၈ မတ်လ ၂၉ ရက်တွင် တက္ကသိုလ်များကွန်ပျူတာဌာနနှင့် ကွန်ပျူတာသိပ္ပံဌာနကို ပူးပေါင်းပြီး ကွန်ပျူတာတက္ကသိုလ်ဟူ၍ ဖွင့်လှစ်ရာ ထိုတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၈၉ ဇန်နဝါရီ ၁၂ ရက်တွင် ကွန်ပျူတာတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၉၄ ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။
၁၉၉၈ တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံနည်းပညာရှင်များအဖွဲ့ အမှုဆောင်ဖြစ်သည်။ ၂၀ဝ၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။
-
ငါက အကြမ်းဖက်ဝါဒီလား
သူတို့တွေလေ
ငါတို့ကို လက်ညှိုးထိုး ယိုးစွပ်ခဲ့ကြပေါ့။
ဒိုင်းနမိုက်တွေ
ရင်ဘတ်မှာ စည်းနှောင်ပြီး
အဆောက်အအုံတွေ
လေယာဉ်တွေကို
ဖောက်ခွဲဖျက်ဆီး…
အရပ်သား ရာပေါင်းများစွာကို
သေတွင်းထဲ ပို့. . .
အဲဒီလိုလုပ်ရပ်တွေနဲ့
သွေးဆာနေတဲ့ အကြမ်းဖက်ဝါဒီတွေ …တဲ့
အော် . . .
ငါက အကြမ်းဖက်ဝါဒီတဲ့လား။အစွန့်ပစ်ခံ ဒုက္ခဖြစ်သနစ်တွေ ……..
ခိုးယူဖြတ်တောက်ခံလိုက်ရတဲ့ လူ့အခွင့်အရေးတွေ ………..
ဒီလိုနဲ့
မျှော်လင့်ချက်မဲ့တဲ့ ဘ၀မှာ
ထွက်ပေါက်ရှာ ပွင့်အံပေါက်ကွဲခဲ့ကြတဲ့
ငါတို့နဲ့ယုံကြည်ချက်တူသူတွေ
ဆဗ်ရာ
ချပ်တီလာ
ဒုက္ခသည်စခန်းတွေဆီမှာ တွေ့နိုင်ရဲ့
ဒါနဲ့ပဲ
ငါက အကြမ်းဖက်ဝါဒီ ဖြစ်ရရောလား။ (more…) -
တို့တွေဘယ်ထိအောင်ဆက်မှားနေကြဦးမှာလဲ..?
တစ်ခုသောညခင်း… အခါတိုင်းကဲ့သို့ပင်အိမ်ပြန်နေကြအချိန်။ဟော…လာပါပြီ “105”ကား၊မှတ်တိုင်မှာစောင့်ဆိုင်းနေသူများကံစမ်းမဲပေးသလိုအလုအယက် အုံနှင့်ကျင်းနှင့်ပြေးတက်ကျရင်းကိုယ်ပါကားပေါ်သို့ရောက်သွားရသည်။ အိမ်ပြန်ချိန်ကပုံမှန်နောက်ကျတတ်ပေမယ့်လဲ အမြဲစိတ်ပူတတ်သောအမေ့စီကဖုန်းဝင်လာသည်။ ဖုန်းပြန်အချတွင်တော့ကားက နောက်တစ်မှတ်တိုင်တွင် ကျောက်ချရပ်နားလိုက်သည်။ ဟွန်းကိုပုတ်ကာပုတ်ကာ.. လီဗာကိုကစားကာ.. ကစားရင်းဖြင့်မှတ်တိုင်မှ လူတွေကိုမြူဆွယ်ရင်း ချိန်ဆွဲကာရပ်နားနေသည်။ ဒါကထုံးစံ..ဘာမှအဆန်းမဟုတ်။ အိမ်မြန်မြန်ရောက်ချင်သောကိုယ်ကသာ.. “တောက်..ကြာလိုက်တာ” ဟုစိတ်ထဲမှာရေရွတ်ရင်းဒေါမနာ သပွါးနေမိသည်။ မကျေမနပ်အကြည့်တစ်ချက် စပယ်ရာစီပို့အလွှတ်.. အမျိုးသမီးကြီးတစ်ဦးကစပယ်ယာအား “ဟဲ့..ကောင်လေး..ဒီတစ်ရာကို ဟိုလူ့ကိုပေးပေးပါဦး” ဟုအကူအညီတောင်းနေတာ မြင်လိုက်ရသည်။စပယ်ယာက “ဟုတ်ကဲ့..အစ်မ”ဟုဆိုကာ…
-
တူနီးရှားက မီးစ အီဂျစ်ပြဿဒ် မီးလောင်
ကိုယ့်မြင်းကိုစိုင်း စစ်ကိုင်းရောက် ရောက် ပုံစံဖြင့် အီဂျစ်နိုင်ငံအား အနှစ်သုံးဆယ်ကျော်ကြာ အုပ်ချုပ်လာခဲ့သူ အသက် ၈၃နှစ်ရှိ သူ သမ္မ တ မိုဘာရက် အား မကျေနပ်မှု ၊ အာဏာပိုင်တို့၏အကျင့်ပျက်ခြစားမှု၊ အလုပ်လက်မဲ့များပြားလာခြင်း၊ ဆင်းရဲမွဲတေမှု စသည့် အကြောင်းအရင်းများကြောင့် အီဂျစ် ပြည်သူများမှာ နိုးထအုံကြွ ရန် ၂၀၁၁ နှစ်ဆန်းပိုင်းကစ၍ လှုပ်လှုပ်ရွရွ ဖြစ်လာ ခဲ့ သည်။
လှုပ်ရှားတက်ကြွ သူများက အစိုးရရုံးပိတ်ရက် ဖြစ်သည့် ဇန်န၀ါရီ ၂၅ရက်အား ဒေါမာန် ဟုန် နေ့ အဖြစ်သတ်မှတ်ခဲ့ကာ သောင်းချီ ရှိသော လူထုကြီးက ကိုင်ရိုမြို့လယ်ကနေ အာဏာရပါတီ NDP ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် နိုင်ငံပိုင် ရုပ်သံဌာန သို့ ဦးတည် ဆန္ဒပြ ခဲ့ကြ သည်။ ယင်းနေ့မှစ၍ နိုင်ငံတ၀ှမ်းတွင် လည်း စတင် ဆန္ဒပြခဲ့ကြသည်။ ၄င်းကိုင်ရိုဆန္ဒပြပွဲအား ရဲတပ်ဖွဲမှ မျက်ရည် ယိုဗုံးများ သုံး ကာ လူ စုခွဲခဲ့ သည်။ထို့အတူ ပြည်ထဲရေးဝန်ကြီးဌာနမှ အတိုက်အခံ မွတ်စလင်ညီအစ်တော် အဖွဲ Muslim Brotherhood အား ၄င်း ဆန္ဒပြ ပွဲများ နှင့် စပ်လျဉ်းပြီး ပြစ်တင်ဝေဖန်ခဲ့သည်။ အီဂျစ်မှတက်ကြွလှုပ်ရှားသူများက လူမှုကွန်ရက်များဖြစ်သော Facebood Twitter များသုံးကာ ဆန္ဒပြပွဲ အားဆက်လက် အရှိန်မြင့်တင်ခဲ့ကြသည်။ လူထုအုံကြွသည့် ဒုတိယမြောက်နေ့ဇန်န၀ါရီ ၂၆ရက်နေမှာတော့ သွေးမြေး ကျမှု များ ဖြစ်ပေါ် ခဲ့ရသည်။ ရဲတပ်သားများက မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆံ ၊ ဆန္ဒပြသူများက မီးလောင်ဗုံးများ ၊ ကျောက်ခဲများ နှင် သူတပြန် ကိုယ်တစ်ပြန် ပစ်ခတ်ကြသဖြင့် ရဲသားတစ်ဦး နှင့် ပြည်သူတစ်ဦးတို့ သေဆုံးခဲ့ရသည်။ ဆူးအက်မြို့၌ လည်းဆန္ဒပြသူ ၅၅ဦး နှင့်ရဲသား ၁၅တို့ ဒဏ်ရာရရှိခဲ့ကြသည်။ (more…)