News @ M-Media

Blog

  • လစ်ဗျားမှာ ဗုံးမိုးတွေရွာပြီ

    မနေ့က ပဲရစ်မှာကျင်းပခဲ့တဲ့ ၂၂ နိုင်ငံပါဝင်တဲ့ ညီလာခံကနေ လစ်ဗျားနိုင်ငံအား စစ်အင်အားဖြင့်အရေးယူရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ တိုက်လေယဉ် အစီး ၂၀ ပါဝင်တဲ့ ပထမအသုတ် လှုပ်ရှားမှုတွင် Benghazi ၌ ကဒါဖီအင်အားစုများ၏ တင့်ကား ၄စီးအား ပစ်ခတ်ခဲ့သည်။ အမေရိကန် စစ်သင်္ဘောများမှပစ်လွှတ်သော Tomahawk ဒုံးကြည်များဖြင့် လေကြောင်းခုခံမှုများအား ချိန်ရွယ်ခဲ့ကြောင်းသိရသည်။ လစ်ဗျားမှ အစိုးရဆန့်ကျင်သူများက တိုက်ခိုက်မှုများအား ကျေနပ်နှစ်သက်ကြကြောင်း ပြောကြားခဲ့ကြသည်။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မီးစိမ်းပြပြီးသည်နှင့် အနောက်နိုင်ငံများက လစ်ဗျားနိုင်ငံအား စစ်ဆင်ရေးကို မနေ့ညက စတင်ခဲ့ကြသည်။ “အာရုဏ်ဦးခရီးရှည်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို အမေရိကန်၊ ပြင်သစ်၊ ဗြိသိသျှ၊ အီတလီ နှင့် ကနေဒါနိုင်ငံများက နိုင်ငံ၏ နေရာမျိုးစုံမှတိုက်ခိုက်ရန် စီမံခဲ့ကြသည်။ အမေရိကန်နှင့် ဗြိသိသျှ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများဖြင့် မြို့တော် Tripoli  နှင့် Misrata မြို့တဝိုက်တွင် တိုက်လေယာဉ် ၂၀ဖြင့် Tomahauk ဒုံးကြည် ၁၁၀ ပစ်ခတ်ခဲ့ကြသည်။ ပြင်သစ် တိုက်လေယာဉ်များက အတိုက်အခံများ၏ တင့်ကား ၄ စင်းအား ဗဟို Benghazi တွင်ဖျက်ဆီးခဲ့သည်။ Tripoli, Misarata, Benghazi, zuvere နှင့် Sirte မြို့များတွင် ဗုံးမိုးများ ရွာခဲ့သည်။
    (more…)

  • Obama က Gaddafi အား သတိပေး

    အမေရိကန်သမ္မတ Barack Obama က လစ်ဗျားခေါင်းဆောင် Muammer Gaddafi အား အကြမ်းဖက်မှုများမလုပ်ရန် သတိပေးခဲ့ပါတယ်။ အကြမ်းဖက်မှုများမရပ်ဆိုင်းပါက လစ်ဗျားပုန်ကန်သူများကို ကဒါဖီထံမှကာကွယ်ရန် ကမ္ဘာ့နိုင်ငံများသည် လှုပ်ရှားကြလိမ့်မည်ဟုပြောခဲ့ပါတယ်။

    “ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ခိုင်မာပြီးသား၊ ဖြေရှင်းနည်းတွေကလည်း ထင်ထင်ရှားရှားပါ” လို့ ဘရာဇီးသမ္မတ Dilma Rousseff နဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ လစ်ဗျားနိုင်ငံသားတွေကို ကာကွယ်ဖို့လိုအပ်နေပြီး အရပ်သားတွေကိုရည်ရွယ်တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန်းကမရပ်ပါက ကျွန်တော်တို့ မဟာမိတ်တွေက အရေးတကြီးလှုပ်ရှားဖို့ အသင့်ဖြစ်နေပါပြီ” ဟုပြောခဲ့ပါတယ်။

    ဘရာဇီးနိုင်ငံသည်လည်း လစ်ဗျားခေါင်းဆောင် Gaddafi ကို ရှုပ်ချသောနိုင်ငံများထဲတွင် အပါအဝင်ဖြစ်ကြောင်း Obama က အသိပေးခဲ့သည်။

    (CİHAN) Zaman News

  • အီရန်တပ်မတော်အရာရှိက အရှေ့အလယ်ပိုင်းက ဆန္ဒပြမှုတွေဟာ အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတွေကို ခြိမ်းခြောက်နေကြောင်းပြော

    “အစ္စလာမ့်နိုင်ငံတွေ နိုးကြားလာတာ၊ ထင်ရှားတဲ့ တော်လှန်ရေးတွေနဲ့ အစ္စလာမ့်နိုင်ငံတွေ လွပ်လပ်ရေးရလာတာတွေဟာ အစ္စရေးနိုင်ငံရဲ့ ထောက်ပံ့မှုတွေကို လျော့ကျစေပြီး၊ အစ္စလာမ့်နိုင်ငံတွေ အင်အားကောင်းလာတာပါ” လို့ အီရန်တပ်မတော် ဝန်ထမ်းအင်အား ပူတွဲအကြီးအကဲများ၏ သဘာပတိက ကြာသာပတေးနေ့က ပြောကြားသွားပါတယ်။

    ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ဒေသရဲ့ ရေနံအရင်းအမြစ်တွေကို မှီခိုနေရပြီး အစ္စလာမ့်နိုင်ငံတွေက ဆန္ဒပြခြင်းခံရတဲ့ အကျင့်ပျက်အာဏာရှင်တွေဟာ တကယ်တော့ အနောက်နိုင်ငံတွေရဲ့ အသုံးချခံတွေဖြစ်တယ်လို့ Firouzabadi ပြောခဲ့ပါတယ်။

    “ဒီဆန္ဒပြမှုတွေဟာ အမေရိကန်၊ အနောက်နိုင်ငံတွေနဲ့ အစ္စရေးနိုင်ငံတွေကို ခြိမ်းခြောက်နေပါတယ်” လို့ အီရန်တပ်မှုးရဲ့ပြောဆိုချက်ကို IRNA က ဖော်ပြခဲ့ပါတယ်။

    လူတွေရဲ့အာရုံတွေကို ဆန္ဒပြမှုတွေကနေ အီရန်နျူကလီယား ပရိုဂရမ်ဆီကိုရောက်အောင် ဆွဲယူနေတာဟာ ဒေသတွင်းလှုပ်ရှားမှုတွေကို ကြောက်လို့ဖြစ်ကြောင်း ထပ်လောင်းပြောကြားသွားပါတယ်။

    (more…)

  • ကဒါဖီ ရဲ့ သား ပြင်သစ်သမ္မတထံမှ ငွေ ပြန်တောင်း

    လစ်ဗျား ကိစ္စအပေါ် ပြင်သစ်ရဲ့ တုံ့ပြန့်ပုံက တူနီရှားနဲ့ အီဂျစ် လူထုဆန္ဒပြပွဲတွေကလို ခပ်ရှော်ရှော် မဟုတ်တော့။ ဘာစိတ်ကူးပေါက်သွားတယ်မသိ၊ ယခု ရက်ပိုင်း ပြင်သစ် အတော် တိုးတက်လာတယ် ဆိုရမည်။

    ပြင်သစ်သမ္မတ ဆာကိုဇီက ကဒါဖီ အစိုးရကို ဖိအားပေးလာသည်။ သူပုန်တွေကို အသိအမှတ်ပြုပြီး လေယာဉ် မပျံသန်းရ ဇုံကို တွန်းပေးနေသည်။ ဒီအတွက် ကဒါဖီ သားအဖက အရင် သမ္မတ ဆာကိုဇီ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ထောက်ပံ့ ပေးခဲ့တဲ့ ငွေတွေ ပြန်တောင်းနေသည်။

    ကဒါဖီရဲ့ သား ဆာအိဖ် အယ်လ် အစ္စလာမ်က သမ္မတ ဆာကိုဇီ ကို “ကျူပ်တို့ပေးခဲ့တဲ့ ငွေတွေ ပြန်ပေး” ဟု အင်တာဗျူး တစ်ခုပြောရင်း အော်တောင်းသည်။ CNN သတင်းထောက်က ကဒါဖီ့ သားကို “အခု ပြင်သစ်က လစ်ဗျားမှာ ကြားဖြတ် အစိုးရ ဖြစ်ဖို့ တောင်းဆိုနေတယ် ခင်ဗျား သဘောထား ဘယ်လိုရှိလဲ” မေးကြည့်တော့ ဆာအိဖ် က (more…)

  • လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန် လုံခြုံရေးကောင်စီ ချမှတ်

    လစ်ဗျားနိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်လိုက်ပါပြီ။ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိနဲ့ ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ်လိုက်တာပါ။ ဘရာဇီး၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယနဲ့ ရုရှားတို့က မဲမပေးခဲ့ကြပါဘူး။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက အဆိုကို တင်ခဲ့တာ ဖြစ်ပါတယ်။

    မစ္စတာ ကဒါဖီရဲ့ တပ်တွေက ဗုံးကြဲနေတဲ့အတွက် အရပ်သားတွေကို အကာအကွယ်ပေးဖို့ လစ်ဗျားနိုင်ငံအပေါ်မှာ မပျံသန်းရဇုန်ကို သတ်မှတ်ဖို့ လိုအပ်တာ မှန်သမျှ လုပ်ပိုင်ခွင့်ပေးမယ့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ ဘယ်နိုင်ငံခြားတပ်မှ လစ်ဗျားနိုင်ငံကို သိမ်းပိုက်ဖို့ ခွင့်ပေးမထားပါဘူး။ (more…)