ဗြိတိန်နှင့် ကနေဒါတပ်ဖွဲ့များ က အာဖဂန်နစ္စတန်ရှိ ဘိန်းဖြူ မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း ဗြိတန် သည်ဆန်း သတင်းစာက ထုတ်ဖေါ် ရေးသာလိုက် ပါသည်။ ဟဲလ်မန်ပြည်နယ်တွင် ဗြိတိန်တပ်သားများက ၄င်း ကန်ဒါဟာ လေဆိပ်တွင် ကနေဒါတပ် သားများက်၎င်း ဘိန်းဖြူများ နိုင်ငံပြင်ပ သို့သယ်ဆောင်ရာ တွင် အကူအညီပေးနေကြသည်။ အာဖဂန်ရှိနိုင် ငံခြားစစ်သားများ အသုံးပြုသော camp bastion နှင့်ကန်ဒါဟာလေဆိပ်များ ရှိ စစ်သားများ ယင်း ဖြစ်စဉ်တွင်ပါဝင်နေကြသည် ဟု သိရသည်။…. ‘ဒီသတင်း ကို သေသေချာချာ မသိရသေးပေမဲ့ ဗြိတိန်နဲ့ အာဖဂန်နစ္စတန်ရှိလေဆိပ် အ၀င် အထွက်တွေ ကို စောင့်ကြည့်နေပါတယ်၊ အနံခံခွေးတွေကို ပိုအသုံးပြုနေတာပါ ။ ပါဝင် ပတ်သက်တဲ့ ဘယ်သူကိုမဆို ပြတ်ပြတ်သားသားကိုင်တွင်သွားမှာပါ.. ဟု ဗြိတိန်ကာကွယ်ရေးဌာနမှ ပြောဆိုပါသည်။ (more…)
Blog
-
ဗြိတိန်၊ကနေဒါတပ်ဖွဲများ အာဖဂန်ဘိန်း ကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေ
-
ပါကစ္စတန်၌ အကြမ်းဖက်တိုက်ခိုက်မှုများကို ပုံမှားရိုက်လျှို့ဝှက်ပြုလုပ်နေသည့် ဇီ(သို့)ဘလက်ဝါးတား
ဘလက်ဝါးတားကုမ္ပဏီမှ ဇီလုံခြုံရေးကုမ္ပဏီဟု
အမည်ပြောင်းထားသည့် စစ်ရေးကန်ထရိုက်ကုမ္ပဏီသည် အမေရိကန်စီအိုင်အေထောက်လုမ်းရေးအဖွဲ့နှင့်
ယနေ့တိုင်သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ ပါကစ္စတန်နိုင်ငံမြို့ကြီးများဖြစ်သည့် ကရာချိ၊ ပက်ရှဝါ၊ အစ္စလာမ်မာဘတ်နှင့် အခြားမြို့ငယ်များတွင်
လျှို့ဝှက်အကြမ်းဖက်တိုက်ခိုက်မှုများကိုပြုလုပ်နေကြောင်း၊ ၎င်းတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ပါကစ္စတန်တာရစ်အီးတာလီဘန်(တီတီပီ)အဖွဲ့မှ
ပြုလုပ်လေဟန် သတင်းထုတ်လွှင့်ပြီး တာလီဘန်များကို သိက္ခာချတိုက်ခိုက်လျက်ရှိကြောင်း လေ့လာသိရှိခဲ့ရသည်ဟု ဒဗလျူအမ်အာစစ်ရေးလေ့လာသည့်
သုတေသနအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ ဇီလုံခြုံရေးကုမ္ပဏီ အေးဂျင့်များသည် အာဖဂန်နစ္စတန်၊ ဆိုမာလီ၊ တရုတ်ဆင့်ကီယန်းဒေသ၊ ပါကစ္စတန်၊ အီရန်၊
အီရတ်နိုင်ငံများတွင် အပြစ်မဲ့ပြည်သူများအား လျှို့ဝှက်၍ အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိကြောင်း၊ အစ္စရေးမော့ဆက်အဖွဲ့နှင့်
အိန္ဒိယသုတေသနဌာနအမည်ခံ ထောက်လှမ်းရေးအဖွဲ့များကလည်း ဇီလုံခြုံရေးအေးဂျင့်များကို လျှို့ဝှက်အကူအညီပေးလျက်ရှိကြောင်း သုတေသနအဖွဲ့၏
တွေ့ရှိချက်၌ ဖော်ပြထားသည်။ လွန်ခဲ့သည့်လက ကရာချီမြို့၌ စီတန်းလှည့်လည်သည့် ဘာသာရေးပွဲတွင်လည်းကောင်း၊
ကွက်တာမြို့ရှီယိုက်ပွဲတော်တွင်လည်းကောင်း၊ ဗုံးခွဲတိုက်ခိုက်သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်မှာ ဇီအေးဂျင့်များ၏ လက်ချက်ပင်ဖြစ်ကြောင်း
ဒဗလျူအမ်အေသုတေသနအဖွဲ့ကဖော်ပြထားသည်။
ကိုး- Myanmar News Week Journal 23.9.2010, www.ap.org
-
နိုင်ငံခြားအလုပ်သမားများ ဗြိတိန်လုပ်ငန်းခွင်များ တွင် ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရ
ဗြိတိန်တွင်မြင့်မားသော လုပ်ခလစာ ဖြင့် အလုပ်လုပ်ရန် ရောက်ရှိလာကြသော နိုင်ငံခြားအလုပ်သမားများမှာ ဗြိတိန်ရှိ လုပ်ငန်းခွင်များတွင်
မှန်းချက်နှင့် နှမ်းထွက်မကိုက် သည့် အဖြစ်မျိုးနှင့် ယခုအခါ တွင် ကြုံတွေ့နေ ရပြီဖြစ် သည်။ သည်ဆန်း သတင်းစာက ဗြိတိန်ရောက် နိုင်ငံခြား
အလုပ် သမားများသည် ရုပ်ပိုင်း၊စိတ်ပိုင်း၊ နှင့် လိင်မှု စော်ကားမှုများ ရင်ဆိုင်ကြုံ တွေ့ နေကြောင်း ၊ ရေးသား ဖေါ်ပြ လိုက်သည့် အ ပြင် ဗြိတိန်
ချယ်နယ် ၄ ရုပ်သံမှလည်း နိုင်ငံခြား အလုပ်သမား ၁၅၀၀၀၀ ခန့်မှာ ခေတ်သစ် ကျေးကျွန်များသဖွယ် အလုပ်ရှင်၊ အိမ်ရှင်များက သောခတ်ပိတ်လှောင်ခြင်း၊
နေ့စဉ်ပိတ်ရက်မရှိ နာရီ ၂၀ခန်အလုပ်စေခိုင်းခံနေရသည် ဟု ထုတ်လွင့်ပြသခဲ့ ပါ သည်။ -
MP3,MP4 Ipod များ ကြောင့် အကြားအာရုံထိခိုက်သူ ၃ဆအထိမြင့်တက်
ခေတ်ပေါ် ဖျော်ဖြေရေးပစ္စည်း များဖြစ် သော MP3,MP4 Ipod များ ကြောင့် အနှစ်၂၀ အတွင်း အကြား အာရုံ ထိခိုက် ခဲ့သော ဆယ်ကျော်သက်ဦးရေ သည် ၃ဆ အထိမြင့် တက် လာ ကြောင်း သိရ သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ် အတွင်း လူ ငယ်၅ဦး လျှင် တစ်ဦး မှာ အကြား အာရုံ ချွတ်ယွင်း မှု များ ဖြစ်ပေါ်နေပြီး ယင်း အရေ အ တွက် သည် ၁၉၈၈ မှ ၁၉၉၄ ခု နှစ် တွင်းရှိ နားဝေဒနာရှင် အ ရေ အတွက်ထက် ၃၀%အထိ ပိုမိုခဲ့ကြောင်း အမေရိကန် ဆေး ပညာ အစည်းအရုံ့းက ထုတ်ပြန် ခဲ့ပါသည်။ အမေရိကန် ဆယ် ကျော် သက်များနည်းတူ
-
စင်ကာပူရောက် မြန်မာလုပ်သားတစ်ဦး MRT ရထားတိုက်ခံရပြီး တစ်နာရီအကြာတွင်သေဆုံး
စက်တင်ဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းတွင် ခါတစ်အမ်အာရ်တီ(Khatib MRT station) ဘူတာတွင် မြန်မာလုပ်သားတစ်ဦး ရထားတိုက်ခံရကြောင်း သတင်းရရှိသည်။ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ပရောဂျက်စူပါဗိုက်ဆာဖြစ်သည့် သန်းစောသည် အရက်သောက်ထားသည်ဟုယူဆရပြီး ၁၉ ရက်နေ့မနက် ၁၂.၄၅ မိနစ်တွင် မီးရထားလမ်းပေါ်သို့ ပြုတ်ကျကာ ရထားတိုက်ခံရခြင်းဖြစ်သည်။ စင်ကာပူရဲတပ်ဖွဲ့မှ သူ့အားရထားအောက်မှဆွဲထုတ်ယူရန် မိနစ် ၂၀ ကြာမြင့်ခဲ့သော်လည်း သူ၏ဘယ်ဘက်ခြေထောက်အောက်ပိုင်းကို ဖြတ်ပြစ်ပြီးမှ ဆွဲထုတ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
သူသည်ရထားတွဲသုံးတွဲမြောက်၏ အောက်ဖက်တွင်ပိတ်မိနေခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့ Singapore Civil Defence Force မှဖော်ပြခဲ့သည်။ အသက်သုံးဆယ်ကျော်အရွယ်ရှိသည့် သန်းစောကို နီးစပ်ရာ ခူးတက်ပွက်ဆေးရုံသို့တင်ပို့ခဲ့သော်လည်း ဆေးရုံရောက်ပြီး တစ်နာရီအကြာတွင် သေဆုံးသွားခဲ့သည်။
စင်ကာပူသယ်ယူပို့ဆောင်ရေးအာဏာပိုင် (Land Transport Authority) အနေဖြင့် ဘူတာရုံများတွင် စင်္ကြန်အကာများကို ထပ်မံကာရံလျက်ရှိရာ ဖော်ပြပါမှုခင်းဖြစ်ပွားခဲ့သည့် ခါတစ်ဘူတာရုံတွင်မူ စင်္ကြန်အကာများတပ်ဆင်မထားရသေးဘဲ ခရီးသည်များကို စင်္ကြန်ပေါ်မှ မီးရထားလမ်းပေါ်သို့ လိမ့်ကျမှုမှ အကာအကွယ်မပေးနိုင်သေးပေ။
စင်ကာပူသယ်ယူပို့ဆောင်ရေးအာဏာပိုင်က ၂၀၁၂ အမီ စင်္ကြန်အကာများကို အပြီးတည်ဆောက်လျက်ရှိရာ ယင်းအတွင်ဒေါ်လာငွေ ၁၂၆ မီလီယံကုန်ကျကြောင်းနှင့် စင်္ကြန်အကာတံခါးပေါင်း ၁၉၂၀ ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ်အတွင်း မီးရထားလမ်းပေါ်သို့ လိမ့်ကျခြင်းသို့မဟုတ် ရည်ရွယ်ချက်ရှိရှိခုန်ချခြင်းမျိုးအမှုပေါင်း ၆ ခုရှိသွားပြီဖြစ်သည်။ အမှု ၄ ခုမှာ လူသေမှုဖြစ်ပွားခဲ့သည်။
(news.asiaone.com)