တာလီဘန်တို့နှင့်လျှို့ဝှက်ဆွေး နွေးပွဲသည် တိုးတက်မှုရှိခဲ့ကြောင်း အာဖဂန်နစ္စတန်၏ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေသည် မကြာခင်ဖြစ်ထွန်းလာမည်ကို မျှော်လင့် ကြောင်း သမ္မတဟာမိဒ်ကာဇိုင်းကပြောကြားလိုက်သည်။ အာဖဂန်ပြည်သူတွေ၊ နိုင်ငံတကာမိသားစု နဲ့အိမ်နီးချင်းတွေအားလုံးအတူတူ အာဖဂန် ငြိမ်ချမ်းရေရအောင် လုပ်ဆောင်နေကြပါတယ် ၊တစ်နှစ် ၊ ၂နှစ်အတွင်း အမြန်ဆု့းငြိမ်ချမ်းရေးရဖို့ မျှော်လင့်နေပါတယ် ဟု သူက ပြောကြာခဲ့သည်။ တာလီဘန်များနှင့် ငြိမ်ချမ်းရေး ဆွေနွေး ရန် မကြာခင်ကထူထောင်လိုက်သော ငြိမ်းချမ်းရေးကောင်စီ က အာဖဂန်နစ္စတန်အစိုးရနှင့်တာလီဘန်များအကြား စေပစပ်ဆွေးနွေးနိုင်ရန် ကြားဝင်ဆောင် ရွက်ပေးနေ ကြောင်းသိရသည်။တာလီဘန်များအာဖဂန်လူမျိုးအားလုံးသည် ယခုတွေဆုံဆွေးနွေးမှုကို အာရုံထား ကြသည် မိမိတို့သိရှိနေကြောင်း ကာဇိုင်းက မှတ်ချက်ပေးခဲ့သည်။၂၀၀၁ခုနှစ်ကတည်းကအာဖဂန်သို့ အမေရိကန် ၀င်ရောက်ခဲ့ပြီနောက် တာလီဘန်များအား ဖယ်ရှားလိုက်နိုင်သော်လည်း ယနေတိုင်း အာဖရန်နစ္စတန်မှာ တည်ငြိမ်မှု မရရှိနိုင်သေသော်လည်း အပြစ်မဲအရပ်သားများစွာ သေကြခြင်း၊ ဘီန်ဖြးမှောင်ခိုလုပ်ငန်များကြီး ထွားလာခြင်း၊လာဘ်စာမှုထူပြော လာခြင်း များ သာဖြစ်ထွန်းခဲ့သည်။ နေတိုးအဖွဲနှင့်အမေရိကန်တို့က သမ္မတ ကာဇိုင်းက ငြိမ်ချမ်းကောင်စီ ဖွဲ့စည်းနိုင်ခြင်း ကိုကြိုဆိုခဲ့ကြသည်။ အဆိုပါ ငြိမ်ချမ်းရေး ကောင်စီ ကို အာဖဂန်နစ္စတန်သမ္မတဟောင်းများ၊တာလီဘန်အဖွဲ့ဝင်ဟောင်းများ၊ ပါလီအမတ်များ နှင့်အမျိုးသမီး ၈ဦနှစ်ဖွဲ့စည်းထားသည်။ သမ္မတကာဇိုင်းမှ မကြာခင် တာလီဘန်များနှင့်လျှို့ဝှက်ဆွေးနွေးပွဲကို ထပ်မံပြုလုပ်မည်ဟုလည်း အတည်ပြုပြောကြားခဲ့သည်။ တာလီဘန်တို့ကမူ ယင်းကောင်စီ၏ အခန်းကဏ္ဍကို အမေရိကန်တို့၏ လှည့်ကွက်အဖြစ်သာ ရှုမြင်ထားသည်။ PressTv
Leave a Reply
You must be logged in to post a comment.