News @ M-Media

Blog

  • နေမှ ထုတ်လွင့်သော လျှပ်စစ်သံလိုက် မုန်တိုင်းများက ကမ္ဘာဆက်သွယ်ရေး ပြတ်တောက်စေနိုင်

    နေမျက်နှာပြင် တွင်ဖြစ်ပေါ်နေသော လျှပ်စစ် သံလိုက်မုန်တိုင်း များ မြေကမ္ဘာသို လာမည့် နှစ်များအတွင့်း ရိုက်ခတ်လာနိုင် ခြင်းကြောင့် အီလက်ထရောနစ် ဆက်သွယ်စနစ်တစ်ခုလုံး အကြီးအကျယ် ပျက်စီးသွား နိုင်ကြောင်း အမေရိကန် အာကာသလေ့လာရေးအေဂျင်စီ(နာဆာ)မှ သတိပေး လိုက်ပါသည်။ မငြိမ်မသက်ဖြစ်နေသာ  နေမျက်နှာ ရှိ နေစွယ် များမှ ထုတ်လွတ်သော သံလိုက်စက်ကွင်းများက ကမ္ဘာအပေါ်ယံ သံလိုက်စက်ကွင်းများနှင့် တွန်းတိုက်မိရာ ကနေ  ယင်း သံလိုက် မုန်တိုင်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ် ကြောင်း နာဆာကပြောဆို သည်။

    နာဆာက မည့်သည်အချိန်တွင်ဖြစ်ပေါ်မည်ကို တိတိကျကျ မဆိုထားသော်လည်း လာမည့် ၂၀၁၂ တွင် ဖြစ်နိုင်ချေရှိ သည်ဟုသာ ဖေါ်ပြထားသည်။ အာကာသလေ့လာရေး မှတ်တမ်းများတွင်လည်း ၁၈၅၉ခုနှစ် အတွင်း နေမှ လျှပ်စစ် သံလိုက် မုန်တိုင်းများ  ကမ္ဘာသို့ ရိုက်ခတ်ခဲ့ကြောင်း ဖေါ်ပြထားခဲ့သည်။ ထိုအချိန်က ကမ္ဘာကြေးနန်းဆက်သွယ်ရေး စနစ်တစ်ခုလုံးကို နေမှ ရိုက်ခတ်လာသော သံလိုက်စက်လှိုင်းများက နာရီပေါင်းများစွာ အနှောက်ယှက်ပေးခဲ့ သည်။ ကြေးနန်းစက်များကိုပျက်စီးစေခဲ့ပြီး၊ ကြေးနန်စက္ကူများကိုပါ မီးလောင်စေသည် အထိ ပြင်းထန်ခဲ့ပါသည်။ ကမ္ဘာကြေး နန်းဆက်သွယ်ရေးသည်လည်း  ၂၄နာရီနီးပါးရပ်ဆိုင်း သွားခဲ့သည့်အပြင် ယင်းလှိုင်းများကြောင့် ကောင်းကင်ပြင်သည်

    အနီရောင်၊ခရမ်းရောင်၊ အစိမ်းရောင်တောက်ပနေပုံကို မြောက်အမေရိကန်၊တောင်အမေရိက တစ်ခွင်ကနေ နာရီပေါင်း အတော်ကြာအောင်တွေ့မြင် ခဲ့ကြသည်။ လက်ရှိကာလ နေမျက်နှာပြင်ပေါ်ရှိ ဖြစ်ပေါ်လှုပ်ရှားမှုများသည် နှစ်ပေါင်း၄၀၀ အတွင်း  အပြင်းထန်ဆုံးဖြစ်နေကြောင်း  သိပ္ပံပညာရှင်များ က ဆိုထားကြပြီး နာဆာအေဂျင်စီကလည်း ပြီးခဲ့သော ၂၀၀၆ ခုနှစ်ကစပြီး  ၄င်းနေသံလိုက်မုန်တိုင်းများနှင့် ပတ်သက်ပြီး သတိပေး တင်ပြချက်များပြု
    လုပ်လာခဲ့ပါသည်။

    နေမျက်နှာပြင်၏ လှုပ်ရှားမှုများသည် ခန့်မှန်းထားသည်ထက် အချိန်ကြာမြင့် နေသဖြင့် လာမည့်နှစ်များ တွင်ပိုမို
    ပြင်းထန်နိုင် ဖွယ်ရှိနေကြောင်း ပြင်းထန်သော သံလိုက်လှိုင်းများ မြေကမ္ဘာ သို့ရိုက်ခတ်နိုင် အချိန်ကာလမှာ လာမည့်နှစ်ပေါင်း၁၀၀အတွင် ဖြစ်ပေါ်နိုင်သကဲ့သို့ ရက်ပေါုင်း ၁၀၀အတွင်း လည်း ဖြစ်ပွား နိုင်ကြောင်း
    ဟု နာဆာ ဆိုထားသည်။ ၁၈၅၉ခုနှစ် က ခေတ်ကာလသည် ယနေ့ကာလ ကဲ့သို့နည်းပညာများမပေါ်ထွန်းခဲ့သေး သဖြင့် ထို ခေတ်က ပြည်သူများ ၏ လူနေမှု ဘ၀ အပေါ်များစွာ သက်ရောက် မှုမရှိခဲ့ချေ။သို့သော် ယနေ့ခေတ် တွင် လူသားများက  သတင်းဆက်သွယ် ရေးနည်းပညာ ကို အခြေခံသော ဘဏ်လုပ်ငန်း ဆက်သွယ်ရေး၊
    ကျန်းမာရေး၊ ကွန်ပြူတာကွန်ရက်စနစ်၊ ကုန်စည်ပို့ဆောင်ရေး ၊ဂြိုလ်တုလမ်းညွန်စနစ်၊ များ ကို အလွန်အကျွံ အမှီသဟဲပြု လာနေကြသည်။ ထို့ကြောင့် နာဆာမှ သိပ္ပံပညာရှင်မား ခန်မှန်းထားသည့်အတိုင်း သာ ကမ္ဘာမြေကို ရိုက်ခတ်လာပါက ၁၈၅၉ခုနှစ် ကထက် ဆိုးဆိုးဝါးဝါး သက်ရောက်မှုများ ဖြစ်ပေါ် လာမည် မှာ မြေကြီးလက်ခတ်မလွဲပေ။ လျှပ်စစ် သံလိုက်မုန်တိုင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများကိုကာကွယ်နိုင်ရန် ယခုချိန်ကစပြီး လုပ်ဆောင်ထားသင့် သည်ဟု လေ့လာအကြံသူများက တင်ပြထားကြသည်။

    http://examiner.com/weather-in-albany/nasa-massive-solar-storm-2012-could-wipe-out-power-grid
    http://www.csmonitor.com/Science/Cool-Astronomy/2010/0809/Could-a-solar-storm-send-us-back-to-the-Stone-

  • သင်ယူစရာ Islamic Study ပါ

    ညီအစ်ကိုမောင်နှမများခင်ဗျာ အလ္လာဟ့်ကရုဏာတော်ဖြင့် နိုင်ငံရပ်ခြားသို့သွားစရာမလိုဘဲ Islamic Study ကို Eng

    လိုလေ့လာနိုင်ပါပြီ။ Dr.Bilal Phlip,BA in Islamic Studies in Madeenah, MA in Islamic Theology in Riyadh,

    PhD in Islamic Theology inthe University of Wales, UK (ခရစ်ယာန်ဘာသာမှ အစ္စလာမ်သို့

    ကူးပြောင်းလာခဲ့သူဖြစ်ပြီး အစ္စလာမ်နှင့်ပတ်၍ စာအုပ်များစွာကို ရေးသားနေသူ ဖြစ်ပြီး ယနေ့ကမ္ဘာလုံးဆိုင်ရာ Dawah

    လှုပ်ရှားမှု ကွန်ယက်တွင်ရှေ.တန်းမှပါဝင်နေသူတစ်ဦးလည်းဖြစ်၍ the Founder and former Head of the Islamic

    Studies Department of Preston University (2002), Ajman, UAE, the Founder and Head of the Islamic

    Studies Academy (2007), Doha, Qatar, the current Founder and Head of the English-medium Islamic

    Studies Department of Knowledge International University (2008), Riyadh, and Head of the College of

    Da’wah and Islamic Culture (English Section 2009), Omdurman Islamic University, Sudan, the Director

    of PERF (Professional Education and Research Foundation) and Supervising Director of Preston

    International College (www.prestonchennai.ac.in) and Al-Fajr International School (www.al-

    fajrinternational.com), Chennai, India တို့အဖြစ်လည်း အစ္စလာမ့်တာဝန်များကို ထမ်းဆောင်နေသူဖြစ်သည်။ )

    ကမ္ဘာအရပ်ရပ်မှ ခရီးဝေးမထွက်နိုင်သော်လည်း ပညာဗဟုသုတရှာဖွေလိုသူ မူစလင်တို့အတွက် Online Islamic

    University (www.islamiconlineuniversity.com) တစ်ခုကိုတည်ထောင်ထားပြီး

    အသိပညာဖြန့်ဝေပေးလျက်ရှိသည်။

    (more…)

  • အန်ဝါရ် အလ် ဆာဒက် ( အီဂျစ် ) – ငြိမ်းချမ်းရေး နိုဘယ်ဆု ၊ ၁၉၇၈

    မွေး – ၁၉၁၈ ဒီဇင်ဘာလ ၂၅
    မွေးဖွားရာနေရာ – အီဂျစ်နိုင်ငံ ၊ တာလာဒေသ
    ကွယ်လွန် – ၁၉၈၁ အောက်တိုဘာလ ၆
    လူသိများရသည့်အကြောင်းရင်း – ၁၉၇၀ မှ ၁၉၈၁ ခုနှစ်ထိ အီဂျစ်သမ္မတ တာဝန်ထမ်းဆောင်ခဲ့။

    အန်ဝါရ် အလ် ဆာဒက် သည် ၁၉၇၀ မှ လုပ်ကြံမခံရမီ ၁၉၈၁ ထိ အီဂျစ်သမ္မတတာဝန်ထမ်း ဆောင်ခဲ့သည်။ သူသည် နိုင်ငံရေးအာဏာကို အီဂျစ်သမ္မတဟောင်း ဂမားလ် အဗ္ဗဒလ်နာဆာနှင့် မိတ်ဖက်အနေဖြင့် ရရှိလာခြင်းဖြစ်ပြီး အဗ္ဗဒလ်နာဆာအစိုးရသည် ၁၉၅၂တွင် ဗြိတိသျှတို့၏ ကိုလိုနီစနစ်အုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်သော အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ဖယ်ရှားခဲ့သည်။

    (more…)

  • အစ္စလာမ်ငွေကြေးစနစ် မလေးရှားတွင် ပြန်လည်နိုးထလာပြီ

    တမန်တော်နှင့် ဆွဟာဗာသာဝက များလက်တော်က သုံးစွဲခဲ့သည့် အစ္စလာမ့်ဒီနာ ငွေကြေးစနစ်ကို ယနေ့ချိန် အခါတွင် မလေးလူမျိုးများ လိုလိုလားလား သုံးစွဲလျက်ရှိနေပါပြီ၊မလေးရှား အစ္စလာမ်မစ်ပါတီ ဖြစ်သော PASပါတီအားကောင်း ရာ ကလန်တန်းပြည်နယ်၌ သြဂုတ်လဆန်းပိုင်းတွင် ဒုတိယတန်းဝင် တရားဝင်ငွေကြေးစနစအနေနှင့် စတင်သုံးစွဲခဲ့သည်။ ကလန်တန်းပြည်နယ် ရွှေကုန်သည်များအသင်း မှာတ၀န်ရှိသူ Umar Ibrahim Vadillo က “စတင်သုံးစွဲတဲ့ လအတွင်းမှာ ရင်းဂစ် နှစ်သန်းတန်ဖိုးရှိတဲ့ဒီနာ၊ဒရ်ဟမ်တွေ ရောင်းချလိုက်ပါတယ် ။ ကီလန်တန်မှာဆိုရင် တက္ကဆီဒရိုင်ဘာ၊အုံနာ တွေ ကနေ စီးပွါးရေဆိုင်ရာ ငွေပေးငွေ ယူကိစ္စတွေအထိကို ဒီနာ၊ဒရ်ဟမ်ကိုသုံးစွဲနေတာပါ“ဟု ပြောဆိုသည်။ (more…)

  • “ စိမ်းလန်းဝေဆာ မြင့်မြတ်မြေ မဒီနာ” ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အစီအစဉ် ထုတ်ပြန်

    ရာသီဥတုပြေင်းလဲလာမှုနှင့် ကမ္ဘာကြီးပူနွေးလာ မှု သတိ ပေးချက်များ ပိုမိုထိရောက်စေရန်ရည်ရွယ်ပြီး အစ္စလာမ်သာသာအပါဝင် ကမ္ဘာ ဘာသာကြီး၉ခုမှကိုယ်စားလှယ် များပါဝင်သော“ယုံကြည်သစ္စာ သက်ရှိကမ္ဘာ” အမည်ရ ရာသီဥတုပြောင်း လဲမှုဆိုင်ရာ ညီလာခံကို လန်ဒန်မြို့ အနီး ၀င် ဆာရဲတိုက် တွင်၂၀၀၉ နိုဝင်ဘာ၃၇က်နေ့ တွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲ တွင် အစ္စလာမ်ဘာသာကိုယ်စားပြု တက်ရောက်လာသော အီဂျစ်နိုင်ငံ မွဖ်သီချူပ်အလီဂိုးမားမှ “စိမ်းလန်းဝေ ဆာ မြင့်မြတ်မြေမဒီနာ ” မဒီနာမြို့တွင် အကောင်အထည် ဖေါ်မည့် ပတ်ဝန်းကျင် ထိန်းသိမ်ရေး အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

    (more…)