အာဖဂန်နစ္စတန်ရှိ အမေရိကန်ဦးဆောင်သော အနောက်တိုင်းတပ်ဖွဲ့များသို့ ထောက်ပံရေးလုပ်ဆောင်နေသော ကွန်တိန်နာ ယာဉ်များအား ယာဉ်ပိုင်ရှင်များ နှင့် သူတို့၏ အပေါင်းအပါများကိုယ်တိုင် မီးရှို့ဖျက်ဆီနေကြောင်း သိရသည်။ အကြောင်းပြချက်တစ်ချို့ကြောင့် ကုန်တင်ယာဉ်တွေကို သူတို့ကိုယ်တိုင် ဖောက်ခွဲနေတဲ့သက်သေ အထောက်အထားတွေရရှိထားပါတယ် ..ဟု အာဖဂန်လူမျိုးကားပိုင်ရှင်တစ်ဦးကပြောပါသည်။ ပါကစ္စတန် ရဲတပ်ဖွဲ့ကလည်း နေတိုးနှင့်စာချုပ်ချုပ်ဆိုထားသော လောင်စာနှင့် အစားစာကန်ထရိုက်လုပ်ငန်းလုပ်ကိုင်နေသူများကိုယ်တိုင် ၄င်းတတို့၏ ကားများကို မီးရှို ဖေါက်ခွဲ့ အမှုများ ရှိနေကြောင်း လတ်တလောတွင် ဆီတင်ကားကို ဗုံးထောင်နေတဲ့ နေတိုးကန်ထရိုက်တစ်ဦးကို ဖမ်းဆီ မိထားကြောင်း ပြောဆိုပါသည်။ အာဖန်နစ္စတန်ရှိ အနောက်တိုင်းတပ်ဖွဲ့များ နှင့်စာချုပ်ချုပ်လုပ်ကိုင်ကြသောကန်ထရိုက်တာများသည် နှစ်ဖတ်စား အကြံကို အကောင်အထည်ဖေါ်နေကြသည်။ ၄င်းတို့ကားများ တိုက်ခိုက် မီးရှို့ခံရပါကစာချုပ်အရ နေတိုးတပ်ဖွဲများကနေ ကားအသစ် ထပ်မံ ရရှိသကဲ့သို့ လောင်စာများအတွက်လည်း လျော်ကြေးရရှိကြပါသည်။ နယ်မြေခံရဲတပ်ဖွဲ့ ၀င်တစ်ဦးက ကန်ထရိုက်တာတွေက သူတို့တင်ထားတဲ့လောင်စတွေကို အပြင်မှာပြန်ရောင်းတယ် ပြီးတော့ ကားကို မီးရှိုကြတယ်လေ..သူတို့တွေ အကြံကြီးတဲ့ သူတွေပါ…ဒီလူတွေ တစ်ချို့ကို ဖမ်းမိထားတယ် ဟု ပြောပါသည်။ presstv
Leave a Reply
You must be logged in to post a comment.