News @ M-Media

Blog

  • ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းများကို အီရန်က ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်

    ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းများကို အီရန်က ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်

    မေ ၁၀၊ ၂၀၂၀
    M-Media

    -ပြည်တွင်းဖြစ် Covid-19 စမ်းသပ်ကိရိယာကို နိုင်ငံခြားတိုင်းပြည်တွေထံ အီရန်က တင်ပိုခဲ့ပြီး ဗိုင်းရပ်စ် တားဆီးကာကွယ်ရေး၊ ကုသရေးနဲ့ဆိုင်တဲ့ ဆေးပစ္စည်း တော်တော်များများကိုလည်း ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။

    ပြည်တွင်းကုမ္ပဏီတစ်ခုက စမ်းသပ်ကိရိယာတွေကို အမြောက်အများ ထုတ်လုပ်လာနိုင်ပြီးတဲ့နောက် အီရန်အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ နိုင်ငံခြားတင်ပို့ခွင့် ပြုခဲ့တာပါ။ တူရကီ၊ ဂျာမနီနဲ့ အခြားနိုင်ငံတွေကို စမ်းသပ်ကိရိယာ ၄ သောင်းလောက် တင်ပို့ခဲ့ပါတယ်။

    အီရန်သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဒုတိယဥက္ကဌ ဆူရီနာ ဆာတာရီက Covid-19 တိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ ဆေးပစ္စည်း အများအပြားကို လက်ရှိ အီရန်က ထုတ်လုပ်နိုင်ပြီး နိုင်ငံရပ်ခြားက တင်သွင်းစရာ မလိုအပ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Covid-19 ပြန့်နှံ့မှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အီရန်နိုင်ငံဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စမ်းသပ်ကိရိယာတွေ၊ အသက်ရှုစက်တွေ၊ နှာခေါင်းစည်းတွေ၊ ပိုးသတ်ဆေး၊ ပိုးသတ်ကိရိယာတွေကို ပြည်တွင်းမှာပဲ တီထွင်ထုတ်လုပ်လာနိုင်ပါတယ်။

    သောကြာနေ့ကအထိ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်သူ အရေအတွက် ၁၀၄၆၉၁ ဦး ရှိပြီး၊ သေဆုံးသူက ၆၅၄၁ ဦး ရှိပါတယ်။ ပြန်လည်ကောင်းမွန်သူ အရေအတွက်ကတော့ ၈၃၈၃၇ ဦး ရှိပါတယ်။

    Ref: Press TV

  • ကိုဗစ်တိုက်ဖျက်ရေးအတွက် မြန်မာစစ်တပ်က ၄ လနီးပါး အပစ်ရပ်မည်

    ကိုဗစ်တိုက်ဖျက်ရေးအတွက် မြန်မာစစ်တပ်က ၄ လနီးပါး အပစ်ရပ်မည်

    မေ ၁၀၊ ၂၀၂၀
    M-Media

    -Covid-19 တိုက်ဖျက်ရေးမှာ အထောက်အကူဖြစ်စေဖို့အတွက် ၄ လနီးပါးကြာ အပစ်ရမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

    မေလ ၁၀ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ကြာမြင့်မယ့် ဒီအပစ်ရပ်မှုဟာ အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ တည်ရှိရာ​ နေရာဒေသမှအပ ကျန်တဲ့ နေရာဒေသအားလုံးမှာ သက်ရောက်မှာ ဖြစ်ပါတယ်။

    သတ်မှတ်ထားတဲ့ စည်းကမ်းချက် ၄ ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လိုက်နာဖို့လည်း ကြေငြာချက်မှာ အကြံပြုထားပါတယ်။ စည်းကမ်းချက် ၄ ချက်က သဘောတူညီချက်တွေကို လိုက်နာဖို့၊ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အလွဲသုံးစားမပြုဖို့၊ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့နဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ ဖြစ်ပါတယ်။

    လက်နက်ကိုင်အဖွဲ့အချင်းအချင်း မတိုက်ခိုက်ရေး၊ တိုင်းရင်းသား ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု မပြုရေး၊ အစိုး အုပ်ချုပ်ရေး ယန္တရားတွေကို မနှောက်ယှက်ရေး၊ သယ်ယူပို့ဆောင်မှု ချောမွေ့စေရေး စတဲ့ ကိစ္စရပ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တာဝန်ယူဖို့၊ တာဝန်ခံဖို့ တိုက်တွန်းခဲ့ပြီး၊ စည်းကမ်းချက် ဖောက်ဖျက်သူတွေကို အရေးယူသွားမယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နိုင်ငံတစ်ဝှမ်း Covid-19 တားဆီးရေး၊ ထိန်းချုပ်ရေးနဲ့ တိုက်ဖျက်ရေးမှာ ဆက်လက် ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း စစ်တပ်က ကတိပြုခဲ့ပါတယ်။

    Ref: Xinhua

  • Covid-19 ပြန့်နှံ့မှုကို မလေးရှားက ဘယ်လို အောင်အောင်မြင်မြင် တုန့်ပြန်နိုင်သလဲ (မြန်မာစာတမ်းထိုး)

    Covid-19 ပြန့်နှံ့မှုကို မလေးရှားက ဘယ်လို အောင်အောင်မြင်မြင် တုန့်ပြန်နိုင်သလဲ (မြန်မာစာတမ်းထိုး)

    Covid-19 ပြန့်နှံ့မှုကို မလေးရှားက ဘယ်လို အောင်အောင်မြင်မြင် တုန့်ပြန်နိုင်သလဲ (မြန်မာစာတမ်းထိုး)

  • မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဇွန်လအထိ သက်တမ်းတိုး

    မလေးရှားက ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဇွန်လအထိ သက်တမ်းတိုး

    မေ ၁၀၊ ၂၀၂၀
    M-Media

    -Covid-19 ပြန့်နှံ့မှု တားဆီးကာကွယ်ရေးအတွက် ရွေ့လျားသွားလာမှု ကန့်သတ်မိန့် (MCO) ကို မလေးရှားက နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်ပါတယ်။

    မတ်လ ၁၈ ရက်နေ့ကတည်းက စတင်ထုတ်ပြန်ခဲ့တဲ့ MCO ကို မလေးရှားက ၅ ကြိမ်အထိ သက်တမ်းတိုးလိုက်တာပါ။ လက်ရှိသက်တမ်းဟာ မေလ ၁၂ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

    မလေးရှားဝန်ကြီးချုပ် မုဟ်ယစ်ဒင် ယာစင်က ကိုဗစ်တိုက်ဖျက်ရေးမှာ တိုးတက်မှုအများအပြားကို မြင်တွေ့ရပေမယ့် ပြည့်ပြည့်၀၀ မအောင်မြင်သေးတာကြောင့် ​ကန့်သတ်ချက်တစ်ချို့ လျှော့ပေးထားတဲ့ ရွေ့လျားသွားလာမှု ကန့်သတ်မိန့်ကို ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ် ၄ ပတ် သက်တမ်းတိုးလိုက်တယ်လို့ ဒီကနေ့ ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    “ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အစိုးရက လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်တာကို ပြည်သူတွေက လိုလားတယ်ဆိုတာ သိရပါတယ်”

    တိုင်းပြည်ကို တံခါးပိတ်ပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်ခဲ့တဲ့ မတ်လ ၁၈ ရက်နေ့နောက်ပိုင်း မလေးရှားမှာ ကိုဗစ်ကူးစက်မှုအရေအတွက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ မေလ ၉ ရက်နေ့အထိ ကူးစက်သူအရေအတွက် ၆၅၈၉ ဦးရှိကာ သေဆုံးသူ ၁၀၈ ဦး ရှိပါတယ်။ ကူးစက်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ပြန်လည် သက်သာသွားပြီ ဖြစ်ပါတယ်။

    မလေးရှားဟာ မေလ ၄ ရက်နေ့ကစလို့ MCO ကန့်သတ်မှုတစ်ချို့ကို လျှော့ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို ပြန်ဖွင့်ခွင့်ပေးခဲ့ကာ သက်တမ်းတိုးတဲ့ နောက်ထပ် ၄ ပတ်မှာလည်း ဒီအတိုင်းပဲ ဆက်လက်ကျင့်သုံးမှာ ဖြစ်ပါတယ်။

    Ref: The Star

  • Apple က AirPods အလုံးရေ သန်းချီ ဗီယက်နမ်တွင် ထုတ်လုပ်မည်

    Apple က AirPods အလုံးရေ သန်းချီ ဗီယက်နမ်တွင် ထုတ်လုပ်မည်

    မေ ၉၊ ၂၀၂၀
    M-Media

    -Apple ကုမ္ပဏီဟာ သူတို့ရဲ့ နာမည်ကျော် AirPods နားကြပ်တွေကို ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်သွားတော့မယ်လို့ သိရပါတယ်။

    ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုတွေ ဖြစ်နေတဲ့အချိန် ထုတ်ကုန်တွေကို တရုတ်နိုင်ငံပြင်ပ ရွှေ့ပြောင်းဖို့အတွက် Apple ရဲ့ ကြိုးပမ်းမှုတစ်ခုပါ။

    AirPods တွေကို မတ်လ အစောပိုင်းလောက်ကတည်းက ဗီယက်နမ်နိုင်ငံမှာပြောင်းရွှေ့ထုတ်လုပ်နေတာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ် ထုတ်လုပ်မှုပမာဏရဲ့ စုစုပေါင်း ၃၀ ရာခိုင်နှုန်း (၃ သန်းကနေ ၄ သန်း​ကြား) လောက်အထိ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။

    ဗီယက်အနမ်အစိုးရဟာ Apple ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေကို အထူးပါမစ်တွေ ထုတ်ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ချောမွေ့အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

    AirPods ပမာဏာ အများစုနဲ့ AirPods Pro တို့ကိုတော့ တရုတ်နိုင်ငံမှာပဲ ဆက်လက်ထုတ်လုပ်သွားမှာပါ။

    ပြီးခဲ့တဲ့နှစ်အတွင်း AirPods အလုံးရေ ၆၅ သန်းလောက် ရောင်းခဲ့ရပေမယ့် အခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ရောင်းအား ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: Nikkei Asian