News @ M-Media

Blog

  • အစ္စရေး၏ လူသတ်ပွဲကြောင့် အငတ်ဘေးဆိုက်လာတဲ့ ဂါဇာက ပါလက်စတိုင်း ပြည်သူများ

    အစ္စရေး၏ လူသတ်ပွဲကြောင့် အငတ်ဘေးဆိုက်လာတဲ့ ဂါဇာက ပါလက်စတိုင်း ပြည်သူများ

    ဇန်န၀ါရီ ၈၊ ၂၀၂၃
    M-Media 

    -ဂါဇာမှာ အစ္စရေးက ရည်ရွယ်ဆောင်ရွက်တဲ့ မူ၀ါဒကြောင့် ပါလက်စတိုင်းပြည်သူတွေဟာ အငတ်ဘေးဆိုက်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့ B’Tselem က ထုတ်ပြန်ပါတယ်။ 

    B’Tselem အဖွဲ့ဟာ အစ္စရေးအခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့က အစ္စရေးရဲ့ လူ့အခွင့်အရေးချိုးဖောက် သတ်ဖြတ်မှုတွေကို ဖော်ထုတ်နေတာပါ။ 

    ပါလက်စတိုင်းတွေ အငတ်ဘေးဆိုက်နေတာဟာ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်မဟုတ်ဘဲ အစ္စရေးအစိုးရကိုယ်တိုင်က စီမံကိန်းချ ဆောင်ရွက်နေတာလို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

    “ကလေးတွေ စားဖို့လိုက်တောင်းနေတာ၊ တစ်လုပ်စာလှူတာကို ရဖို့ တန်းအရှည်ကြီးစီနေရတာ၊ အကူအညီပေးတဲ့ ထရပ်ကားတွေမှာ လူတွေ တိုး၀ှေ့နေတာတွေဟာ မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းတွေပါ။ အခြေအနေတွေဟာ မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားလာနေပြီး အငတ်ဘေးအန္တရာယ်လည်း တကယ်ရောက်လာပါတော့မယ်။ အစ္စရေးကတော့ သူတို့ရဲ့မူ၀ါဒကို စွဲကိုင်ထားဆဲပါ” 

    အစ္စရေးအနေနဲ့ မူ၀ါဒ ပြောင်းလဲဖို့ဟာ ကျင့်၀တ်တစ်ခုသာ မဟုတ်ဘဲ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအရ လုပ်ကိုလုပ်ရမယ့် ကိစ္စလို့လည်း B’Tselem အဖွဲ့က ထောက်ပြခဲ့ပါတယ်။

    “ငတ်မွတ်ခေါင်းပါးမှုကို လက်နက်သဖွယ်အသုံးမပြုဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တာတွေ အရပ်သားတွေက မရတော့ဘူးဆိုရင် စားနပ်ရိက္ခာနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဆီးအတားမရှိ မြန်မြန်ဆန်ဆန် ခွင့်ပြုပေးရမှာဟာ ပဋိပက္ခမှာ ပါ၀င်နေတဲ့ အဖွဲ့အစည်းတွေရဲ့ တာ၀န်ပါပဲ”

    ဟားမက်စ်ကို လက်တုန့်ပြန်တယ်ဆိုတဲ့ခေါင်းစဥ်နဲ့ အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ လူသတ်ပွဲမှာ အစ္စရေးဟာ ပါလက်စတိုင်းပြည်သူတွေကို အဓိက ပစ်မှတ်ထား သတ်ဖြတ်နေတာဖြစ်ပြီး အသတ်ခံရသူအရေအတွက်ဟာ ၂၃၀၀၀ ရှိလာပြီဖြစ်ပါတယ်။

    အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဂျာနယ်လစ်ကားကို ဒုံးကျည်နဲ့ထုတဲ့ အစ္စရေး

    ဂျာနယ်လစ်ကားကို ဒုံးကျည်နဲ့ထုတဲ့ အစ္စရေး

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    -အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မြင်တွေ့ရတဲ့ ကားတစ်စီးဖြစ်ပါတယ်။

    ဒီကားဟာ ဂျာနယ်လစ်တွေ လိုက်ပါသွားတဲ့ ကားဖြစ်ပြီး မနေ့က ဂါဇာတောင်ပိုင်း ခန်ယူနစ်မြို့မှာ အစ္စရေးက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုကို သတင်းယူဖို့ အသွားမှာ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ 

    ဂါဇာက အလ်ဂျာဇီးရားသတင်းဌာနအကြီးအကဲရဲ့သားဖြစ်သူ ဂျာနယ်လစ် ဟမ်ဇာနဲ့ အခြားသတင်းထောက်တစ်ဦး အပါအ၀င် လူအချို့ သေဆုံးခဲ့ပါတယ်။ 

    အစ္စရေးက ဂါဇာမှာ သတ်ဖြတ်ခဲ့တဲ့ ဂျာနယ်လစ် စုစုပေါင်း ၁၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အာကာသစူးစမ်းမှုတွင် မှတ်တမ်းသစ် တင်နိုင်ခဲ့ပြန်သည့် အိန္ဒိယ

    အာကာသစူးစမ်းမှုတွင် မှတ်တမ်းသစ် တင်နိုင်ခဲ့ပြန်သည့် အိန္ဒိယ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    -အိန္ဒိယရဲ့ နေစူးစမ်းလေ့လာရေး ဂြိုဟ်တု Aditya-L1 ဟာ မနေ့က နေပတ်လမ်းကြောင်းထဲ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး ဒါဟာ အိန္ဒိယ အာကာသစီမံကိန်းရဲ့ နောက်ထပ် အောင်မြင်တစ်ခု ဖြစ်ပါတယ်။ 

    Aditya-L1 ဂြိုဟ်တုကို စက်တင်ဘာလမှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၄ လတာကြာမြင်ခဲ့ပြီးတဲ့နောက် နေပတ်လမ်းကြောင်းထဲ ၀င်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

    ကမ္ဘာနဲ့ နေကြား အကွာအ၀ေးရဲ့ ၁၀၀ ပုံ ၁ ပုံဖြစ်တဲ့ မိုင်ပေါင်း ၉ သိန်း ၃ သောင်းအထိ ရောက်ရှိခဲ့တာပါ။ Lagrange Point 1 ဆိုတဲ့နေရာကနေ နေကိုလှည့်ပတ်ကာ နေရဲ့ အပြင်ဆုံးအလွှာကို လေ့လာသွားမှာ ဖြစ်ပါတယ်။ 

    အာကာသရာသီဥတုအပေါ် နေရဲ့ သက်ရောက်မှု၊ နေနဲ့ ကမ္ဘာကြား ဆက်နွယ်ပတ်သက်မှု လျှို့၀ှက်ချက်တွေကိုလည်း ဒီဂြိုဟ်တုကနေ သိရှိရမှာဖြစ်ပါတယ်။ 

    Aditya-L1 ဂြိုဟ်တုရဲ့သက်တမ်းဟာ ၅ နှစ်ရှိမှာဖြစ်ပါတယ်။ 

    အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လရဲ့တောင်ဘက်၀င်ရိုးစွန်းကို စူးစမ်းရေးယာဥ် ပို့ဆောင်နိုင်တဲ့ ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်း၀င်ခဲ့ပြီး၊ အခုတစ်ကြိမ်မှာလည်း နေရဲ့ပတ်လမ်းအတွင်း လေ့လာရေးယာဥ်လွှတ်နိုင်တဲ့ ပထမဆုံး အာရှနိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေး၏ သတ်ဖြတ်မှုကိုခံရသူ ဂျာနယ်လစ် ၁၀၀ နီးပါးရှိလာ

    ဂါဇာတွင် အစ္စရေး၏ သတ်ဖြတ်မှုကိုခံရသူ ဂျာနယ်လစ် ၁၀၀ နီးပါးရှိလာ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – အစ္စရေး၏ သတ်ဖြတ်မှုကို ခံခဲ့ရသည့် ဂျာနယ်လစ် မူစတာဖာ သူရာယာ၏ အလောင်း)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ ဒီကနေ့ ပါလက်စတိုင်းဂျာနယ်လစ် ၂ ဦး အသတ်ခံခဲ့ရပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ ဂါဇာလူသတ်ပွဲမှာ အသတ်ခံရတဲ့ ဂျာနယ်လစ်အရေအတွက်ဟာ ၁၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    ဂါဇာမီဒီယာရုံးက ဒီသတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားမှု မအောင်မြင်တာကြောင့် အစ္စရေးက ဂျာနယ်လစ်တွေကို သတ်ဖြတ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ 

    ဂါဇာမှာ အကာအကွယ်မဲ့နေတဲ့ ဂါဇာပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်ဖို့လည်း ဂါဇာမီဒီယာရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    Ref: Aljazeera 

  • အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    အစ္စရေးသူလျှို ၁၅ ဦးကို အကျဥ်းချထားလိုက်တဲ့ တူရကီ

    ဇန်န၀ါရီ ၇၊ ၂၀၂၃

    M-Media


    -အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားသူ ၃၄ ဦးထဲက ၁၅ ဦးကို တရားရုံးမတင်ခင် အကျဥ်းချထားလိုက်တယ်လို့ တူရကီက ထုတ်ပြန်ပါတယ်။ 

    ဒီသူလျှိုတွေဟာ အစ္စရေးထောက်လှမ်းရေးအတွက် နိုင်ငံရးနဲ့  စစ်ရေး သူလျှိုလုပ်မှု၊ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲဖို့ စီစဥ်မှုတွေအတွက် ဖမ်းဆီးခဲ့တာလို့ တူရကီက ပြောပါတယ်။ 

    အဲဒီအထဲက ၈ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ၁၁ ဦးကို ခံ၀န်နဲ့ ပြန်လွှတ်ပေးထားတယ်လို့ တူရကီ တရားရေး၀န်ကြီး ယီလ်မဇ် တူနက်က ထုတ်ပြန်ပါတယ်။ 

    ၁၅ ဦးကိုတော့ တရားရုံးမတင်ခင် အကျဥ်းထောင်ထဲ ထိန်းသိမ်းထားပါတယ်။ 

    အစ္စရေးထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်ဟာ တူရကီမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းတွေနဲ့ ဆီးရီးယားနိုင်ငံသားတွေကို သူလျှိုလုပ်ဖို့ စုဆောင်းခဲ့ပြီး၊ ပါလက်စတိုင်းနိုင်ငံသားတစ်ချို့နဲ့ သူတို့ရဲ့ မိသားစုတွေကို ပြန်ပေးဆွဲဖို့ ကြံစည်ထားတယ်လို့ တရားရုံးမှတ်တမ်းတွေကို ကိုးကားပြီး တူရကီ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    တူရကီထောက်လှမ်းရေးဟာ မြို့တော် အစ္စတန်ဘူလ်နဲ့ အခြားပြည်နယ် ၇ ခုက နေရာပေါင်း ၅၇ နေရာကို ၀င်ရောက်စီးနင်းကာ အစ္စရေး သူလျှိုတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Euro News