News @ M-Media

Blog

  • ရက် ၁၀၀ အတွင်း ဂါဇာတွင် ပါလက်စတိုင်း ၂၃၇၀၀ ကျော်ကို အစ္စရေးက သတ်ဖြတ်ထား

    ရက် ၁၀၀ အတွင်း ဂါဇာတွင် ပါလက်စတိုင်း ၂၃၇၀၀ ကျော်ကို အစ္စရေးက သတ်ဖြတ်ထား

    ဇန်န၀ါရီ ၁၄၊ ၂၀၂၄

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာမှာ စတင်ခဲ့တဲ့ အစ္စရေးရဲ့ လူသတ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်ဆုံး ၂၃၇၀၀ ရှိလာပြီ ဖြစ်ပါတယ်။

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်တယ်လို့ ပြောပေမယ့် ပါလက်စတိုင်းပြည်သူတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။ 

    အသတ်ခံရသူတွေထဲမှာ ကလေးငယ် အနည်းဆုံး ၉၆၀၀၊ အမျိုးသမီး အနည်းဆုံး ၆၇၅၀ ပါ၀င်ပါတယ်။ ဂါဇာမှာ လူဦးရေ ၂ ဒဿမ ၂ သန်းရှိပြီး ပျမ်းမျှ ၁၀၀ မှာ ၁ ဦး အသတ်ခံနေရတာဖြစ်ပါတယ်။ 

    ဂါဇာကမ်းမြှောင်တစ်ခုလုံးက အဆောက်အဦးတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    ဒဏ်ရာရသူ အရေအတွက်က ၆ သောင်းကျော်ရှိနေပြီး ကလေးငယ် ၈၆၆၃ ဦး၊ အမျိုးသမီး ၆၃၂၇ ဦး ပါ၀င်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ လူသတ်ပွဲကြောင့် ခြေထောက်တစ်ဖက်၊ ဒါမှမဟုတ် ၂ ဖက်စလုံး ဆုံးရှုံးတဲ့ ကလေးငယ်ပေါင်း တစ်ထောင်ကျော် ရှိပါတယ်။ 

    အကူအညီပေးရေးအဖွဲ့တွေကို အစ္စရေးက ကန့်သတ်ထားတာကြောင့် ဂါဇာမှာ အစာရေစာ၊ လောင်စာနဲ့ ဆေး၀ါးပစ္စည်းတွေ ပြတ်တောက်နေပြီး ၂ ဒဿမ ၂ သန်းသော ပါလက်စတိုင်းပြည်သူတွေဟာ စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။ 

    ဂါဇာပြည်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၁ ဒဿမ ၉ သန်းလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ 

    Ref : Aljazeera 

  • မြန်မာစစ်တပ်နှင့် အဆင့်တူလာပြီဖြစ်တဲ့ အစ္စရေး

    မြန်မာစစ်တပ်နှင့် အဆင့်တူလာပြီဖြစ်တဲ့ အစ္စရေး

    ဇန်န၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အစ္စရေးဟာ နိုင်ငံတကာခုံသမာဓိရုံး (ICJ) မှာ ကြာသာပတေးနေ့က စတင်စစ်ဆေးခံခဲ့ရပါတယ်။ 

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ကို လက်တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာမှာ အစ္စရေးက ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတာဟာ ရက်ပေါင်း ၁၀၀ ရှိလာပြီဖြစ်ပြီး အသတ်ခံရသူ ၂၃၀၀၀ ကျော်ပြီ ဖြစ်ပါတယ်။ 

    ဂါဇာကမ်းမြှောင်က လူနေအိမ်၊ ဒုက္ခသည်စခန်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ အခြေခံအဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    ဂါဇာမှာ လူဦးရေ ၂ သန်းကျော်ရှိပြီး ၁ ဒဿ ၉ သန်းဟာ အစ္စရေးလက်ချက်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကာ ဂါဇာတောင်ပိုင်းမှာ လာရောက်ခိုလှုံနေရပါတယ်။ လက်ရှိ အစ္စရေးဟာ ဂါဇာတောင်ပိုင်းကို အဓိကထားပြီး တိုက်ခိုက်သတ်ဖြတ်နေပါတယ်။ 

    အစ္စရေးရဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ တောင်အာဖရိကနိုင်ငံက သတ်မှတ်ပြီး ဒါကို စစ်ဆေးဖို့ ICJ ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုဟာ ၁၉၄၈ ခုနှစ် ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ပြီး လေကြောင်းကနေ ဗုံးကြဲမှု၊ မြေပြင်တပ်တွေ၀င်ရောက်မှု စတာတွေကို ရပ်တန့်ရေး အရေးပေါ်အစီမံ ဆောင်ရွက်မိန့် ထုတ်ပေးဖို့ တောင်အာဖရိက ရှေ့နေအဖွဲ့က တောင်းဆိုခဲ့ပါတယ်။ 

    အစ္စရေးရှေ့နေအဖွဲ့ကတော့ တောင်အာဖရိကရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ဂါဇာက အစ္စရေးရဲ့ စစ်ဆင်ရေးကို ပုံဖျက်ပြောဆိုတာလို့ ပြန်လည်ချေပခဲ့ပါတယ်။ 

    ICJ တရားသူကြီးတွေက ဆုံးဖြတ်ချက်ကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ပြောကြားခဲ့ပြီး ရက်အတိအကျ မသိရပါဘူး။ 

    ဂါဇာမှာ အစ္စရေးက လူသတ်ပွဲလုပ်နေသလို ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်တွေနဲ့ တရားမ၀င်အခြေချဂျူးတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ယခင်ကထက် ပိုမိုပြုလုပ်လာပြီး အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အသတ်ခံရသူအရေအတွက် ၄၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera

  • ယီမင်တွင် အမေရိကန်နှင့်အဖွဲ့က တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်

    ယီမင်တွင် အမေရိကန်နှင့်အဖွဲ့က တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်

    ဇန်န၀ါရီ ၁၂၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ယီမင်ကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အမေရိကန်တိုက်လေယာဥ်တစ်စီး) 

    -အမေရိကန်နဲ့ ယူကေတို့ဟာ ယီမင်မှာ ဒုတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    ယီမင်ကို အုပ်စိုးနေတဲ့ ဟူသီအဖွဲ့က ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတွေအပေါ် နှောက်ယှက်မှုကို တုန့်ပြန်တာလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    တိုက်လေယာဥ်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ကြာသာပတေးနေ့က စတင်ခဲ့တာဖြစ်ပြီး သောကြာနေ့မှာ ဒုတိယအကြိမ်အဖြစ် နေရာအများအပြားကို ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ 

    ဒီတိုက်ခိုက်မှုတွေကြောင့် လူတွေ သေဆုံးမှုရှိတယ်လို့ ဟူသီအဖွဲ့က ထုတ်ပြန်ထားပြီး လက်တုန့်ပြန်မှုတွေ လုပ်ဆောင်မယ်လို့လည်း ကြေငြာထားပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့လူသတ်ပွဲ မရပ်မချင်း အစ္စရေးကုန်တင်သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီအဖွဲ့က ကြေငြာထားတာပါ။ 

    အမေရိကန်ကတော့ ဂါဇာပြဿနာ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်တယ်လို့ အစောပိုင်းက ပြောကြားထားပေမယ့်လည်း ယီမင်ကို ကျူးကျော်တိုက်ခိုက်မှုတွေ ဦးဆောင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ခွေးသားစားမှု တိုက်ဖျက်မည့် ဥပဒေကို တောင်ကိုရီးယား အတည်ပြု

    ခွေးသားစားမှု တိုက်ဖျက်မည့် ဥပဒေကို တောင်ကိုရီးယား အတည်ပြု

    ဇန်န၀ါရီ ၉၊ ၂၀၂၄

    M-Media 


    -ရာစုနှစ်ချီ ရှိနေတဲ့ ခွေးသားစားမှုဓလေ့ကို တိုက်ဖျက်မယ့် ဥပဒေတစ်ခုကို တောင်ကိုရီးယားလွှတ်တော်က ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။ 

    ခွေးသားစားသုံးမှု တိုက်ဖျက်ရေး ဥပဒေလို့ အမည်ပေးထားပြီး ၂၀၂၇ ခုနှစ်မှာ စတင်သက်ရောက်မှာဖြစ်ပါတယ်။ 

    ဥပဒေမှာ ခွေးတွေကို စားသုံးဖို့အတွက် မွေးမြူရောင်းချတာ၊ သတ်ဖြတ်တာတွေကို အဓိက တားမြစ်ထားပြီး ခွေးသားစားမှုကိုတော့ မပိတ်ပင်ထားပါဘူး။ 

    ခွေးတွေကို စားသုံးဖို့အတွက် စီးပွားဖြစ် မွေးမြူ၊ ရောင်းချ သတ်ဖြတ်သူတွေဟာ ထောင် ၃ နှစ် ဒါမှမဟုတ် ၀မ် သန်း ၃၀ ဒဏ်ငွေ ချမှတ်ခံရမှာဖြစ်ပါတယ်။ 

    ခွေးသားစားသုံးမှုဟာ ကျန်းမာရေးကောင်းတယ်လို့ ကိုရီးယားလူမျိုးတွေက ယူဆထားပြီး  ခွေးစတူးဟာ ကိုရီးယားရဲ့ နာမည်ကျော် ဟင်းလျာဖြစ်ပါတယ်။ 

    အရင်အစိုးရတွေက ဒီဓလေ့ကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကို လူအများစုက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ 

    တောင်ကိုရီးယားမှာ ခွေးမွေးမြူရေးလုပ်ငန်း ၃၅၀၀ လောက်ရှိပြီး ခွေးကောင်ရေ ၁ ဒဿမ ၅ သန်းလောက်ကို စားဖို့အတွက် မွေးမြူရောင်းချနေတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

    (ဓာတ်ပုံ – ခွေးသားရောင်းဆိုင်တစ်ခုတွင် တွေ့ရသည့် ခွေးများ)

  • ၄ နှစ်အရွယ်ကလေးငယ်ကို ပစ်သတ်လိုက်တဲ့ အစ္စရေးစစ်တပ်

    ၄ နှစ်အရွယ်ကလေးငယ်ကို ပစ်သတ်လိုက်တဲ့ အစ္စရေးစစ်တပ်

    ဇန်န၀ါရီ ၀၉၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းတွင် အစ္စရေးက ကျူးကျော်တည်ဆောက်ထားသည့် တရားမ၀င် အိမ်ယာများ(၀ဲ) နှင့် စစ်ရေးဂိတ်များ (ယာ))

    -ပါလက်စတိုင်း ပိုင်နက် တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာ အစ္စရေးရဲတပ်ဖွဲ့က အသက် ၄ နှစ်အရွယ် ပါလက်စတိုင်း သမီးငယ်တစ်ဦးကို မနေ့က ပစ်သတ်လိုက်ပါတယ်။ 

    ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်မှာ အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး လူသတ်ပွဲဆင်နွှဲနေတဲ့ အစ္စရေးဟာ အနောက်ဖက်ကမ်းမှာလည်း ပါလက်စတိုင်းတွေအပေါ် တိုးမြှင့်သတ်ဖြတ်မှုတွေ ပြုလုပ်လာပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်အတွင်းက အစ္စရေးရဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ မနေ့က ကားတစ်စီးဟာ အစ္စရေးရဲတွေကို တိုက်သတ်ဖို့ ကြိုးစားခဲ့တာပါ။ 

    ဒါကို တုန့်ပြန်တယ်ဆိုပြီး အစ္စရေးရဲတွေက မြင်မြင်သမျှ ကားတွေကို ပစ်ခတ်ခဲ့တဲ့အတွက် အခြားကားတစ်စီးမှာ ရှိနေတဲ့ အသက် ၄ နှစ်အရွယ် သမီးငယ် ရိုကိုင်ယာဟာ သေနတ်မှန်ပြီး သေးဆုံးခဲ့ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းမှာ အစ္စရေးဟာ တရားမ၀င် ဂျူးအခြေချအိမ်ယာတွေ ကျူးကျော် တည်ဆောက်ထားသလို၊ စစ်ရေးဂိတ်တွေ ချထားကာ ပါလက်စတိုင်းတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေ နှစ်ပေါင်းများစွာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera