News @ M-Media

Blog

  • တိုက်စစ်မှူးဆာလာဟ် အီဂျစ်လက်ရွေးစင်အသင်းမှ အနားယူမည်ဟု သတင်းထွက်

    တိုက်စစ်မှူးဆာလာဟ် အီဂျစ်လက်ရွေးစင်အသင်းမှ အနားယူမည်ဟု သတင်းထွက်

    ဇွန် ၂၅၊ ၂၀၁၈
    M-Media

    ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ် (ယာ) နှင့်အတူ တွေ့ရသည့် ဆာလာဟ်

    – ချေချင်းညာခေါင်းဆောင် ရမ်ဇာန် ကာဒီရော့ဗ်နဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံကို နိုင်ငံရေးအရ အသုံးချပြီး ဝေဖန်မှုတွေ ပြုလုပ်နေတဲ့အတွက် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ အီဂျစ်လက်ရွေးစင်အသင်းက အနားယူတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။

    ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အီဂျစ်အသင်းဟာ ရုရှားနိုင်ငံအနောက်ပိုင်းက ချေချင်းညာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဂရို့ဇ်နီကို လေ့ကျင့်ရာနေရာအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။

    ချေချင်းညာခေါင်းဆောင်ဟာ လေ့ကျင့်ကွင်းကိုလာရောက်ပြီး ဆာလာဟ်အပါအ၀င် အီဂျစ်ကစားသမားတွေနဲ့ တွဲကာ ဓာတ်ပုံတွေရိုက်ခဲ့သလို အီဂျစ်အသင်းကို တည့်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲမှာလည်း မိုဟာမက် ဆာလာဟ်ကို ချေချင်းညာရဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် သတ်မှတ်ခဲ့ပါတယ်။

    ၂၀၀၄ ခုနှစ်ကတည်းက ချေချင်းညာရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ ကာဒီရော့ဗ်ဟာ ရုရှားဖက်ကိုယိမ်းတဲ့ သဘောထားတင်းမာသူဖြစ်ပြီး သူ့ဒေသအပေါ် တင်းတင်းကျပ်ကျပ်အုပ်ချုပ်မှု၊ လိင်တူချစ်သူ အသိုင်းအ၀ိုင်းအပေါ် ရန်လိုတဲ့မှတ်ချက်တွေ ပေးမှုကြောင့် ဝေဖန်ခံရသူ ဖြစ်ပါတယ်။

    ကာဒီရော့ဗ်နဲ့ ဆာလာဟ် အတူတွဲရိုက်တဲ့ဓာတ်ပုံ ပေါ်ထွက်လာပြီးနောက်ပိုင်း သူပါ ဝေဖန်ခံခဲ့ရတာကြောင့် ဆာလာဟ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် အီဂျစ်လက်ရွေးစင်အသင်းကနေ အနားယူဖို့ စဉ်းစားနေကြောင်း အီဂျစ်ဘောလုံးအသင်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တွေက အတည်ပြုပါတယ်။

    ဒါပေမယ့် အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဒီသတင်းကို ပယ်ချခဲ့ပြီး ဆာလာဟ်ဟာ အသင်းမှာပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

    ဆာလာဟ်ရဲ့ ပုံရိပ်တွေကို အသုံးပြုမှုနဲ့ပတ်သက်ပြီး ဧပြီလကလည်း ဆာလာဟ်နဲ့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်အကြား ပြဿနာ တက်ခဲ့ဖူးပါတယ်။

    အီဂျစ်ပြည်သူတွေကတော့ ဆာလာဟ် လက်ရွေးစင်အသင်းကနေ နှုတ်မထွက်ရေး ဆိုရှယ်မီဒီယာကနေတစ်ဆင့် လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

    Ref: ESPN

  • ငှက်နှင့် ခွဲမရအောင်တူသည့် ထောက်လှမ်းရေးဒရုန်းကို တရုတ် ထုတ်ပြ

    ငှက်နှင့် ခွဲမရအောင်တူသည့် ထောက်လှမ်းရေးဒရုန်းကို တရုတ် ထုတ်ပြ

    ဇွန် ၂၅၊ ၂၀၁၈
    M-Media

    – ငှက်တစ်ကောင်လို လှုပ်ရှားသွားလာနိုင်ပြီး ခွဲခြားဖို့ခက်တဲ့ နည်းပညာမြင့် ထောက်လှမ်းရေး ဒရုန်းတစ်ခုအကြောင်းကို တရုတ်သတင်းစာတစ်စောင်ဖြစ်တဲ့ South China Morning Post က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဒရုန်းစီမံကိန်းကို Dove လို့ အမည်ပေးထားပြီး နိုင်ငံတစ်ဝှမ်း အစိုးရနဲ့ စစ်ဖက်ဌာန ၃၀ ကျော်မှာ အဲဒီ ဒရုန်းတွေကို အသုံးပြုနေသလို၊ အနည်းဆုံး ပြည်နယ် ၅ ခုမှာ ဒီပရိုဂမ်နဲ့ ဆက်နွယ်တဲ့ ကိရိယာတွေကို ဖြန့် ကျက်ထားပါတယ်။

    ငှက်တစ်ကောင်ရဲ့ အလေးချိန်သာသာလောက်သာရှိတဲ့ ဒီဒရုန်းဟာ နည်းပညာမြင့် ကင်မရာ၊ ဂျီပီအက်စ် အင်တာနာတို့ကို တပ်ဆင်ထားပြီး တကယ့်ငှက်တွေလို တောင်ပံခတ်ကာ သွားချင်တဲ့နေရာကို အတိအကျ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ငှက်အုပ်ကြားထဲမှာ ပျံသန်းသွားမယ်ဆိုရင် ခွဲခြားလို့မရဘူးလို့လည်း South China
    Morning Post က ဆိုပါတယ်။

    ဒါပေမယ့် အားနည်းချက်က အချိန်ကြာကြာ သုံးလို့မရတာဖြစ်ပြီး တစ်နာရီကို ၂၅ မိုင်နှုန်နဲ့ အများဆုံး မိနစ် ၃၀ သာ ပျံသန်းနိုင်ပါတယ်။

    ဒီဒရုန်းကို နိုင်ငံအနောက်မြောက်ပိုင်း ရှန်းမြို့မှာရှိတဲ့ Polytechnical တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့တစ်ခုက တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး စမ်းသပ်ပျံသန်းမှု အကြိမ်နှစ်ထောင်ကျော် ဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းမှာပါဝင်တဲ့ ပညာရှင်တစ်ဦးက လက်ရှိမှာ အသုံးနည်းသေးပေမယ့် နောက်ပိုင်း တွင်ကျယ်လာနိုင်တယ်လို့ South China Morning Post ကို ပြောကြားခဲ့ပါတယ်။

    အဲဒီ ငှက်ပုံသဏ္ဍာန် စောင့်ကြည့်ရေးဒရုန်းကို နောက်ဆုံးပေါ် အဆင့်မြင့် ရေဒါတွေတောင် မဖမ်းနိုင်ဘူးလို့ ရှန်းမြို့မှာရှိတဲ့ ကာကွယ်ရေးနည်းပညာ သုတေသနစင်တာက ရေဒါဆိုင်ရာ သုတေသနပညာရှင် လီယာချောင်က ပြောကြားခဲ့ပါတယ်။

    ငှက်ပုံသဏ္ဍာန် စောင့်ကြည့်ရေး ဒရုန်းတွေကို တီထွင်မှုမှာ တရုတ်နိုင်ငံက ပထမဆုံးမဟုတ်ဘဲ ၂၀၁၁ ခုနှစ်က ဂျာမနီအခြေစိုက် Festo Corporation ကုမ္ပဏီဟာ Smart Bird လို့ခေါ်တဲ့ ဒရုန်းတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်ပညာရှင်တွေက မွမ်းမံခဲ့ပြီး ဈေးကွက်မှာ ထုတ်ရောင်းခဲ့ပါတယ်။ ဒါပေမယ့် တရုတ်လို စစ်ဖက်မှာ အသုံးပြုတာမျိုး မရှိပါဘူး။

    Ref: RT

  • 1MDB အလွဲသုံးစားကိစ္စအတွက် မလေးဝန်ကြီးချုပ်ဟောင်း၏ အရာရှိ ဖမ်းဆီးခံရ

    1MDB အလွဲသုံးစားကိစ္စအတွက် မလေးဝန်ကြီးချုပ်ဟောင်း၏ အရာရှိ ဖမ်းဆီးခံရ

    ဇွန် ၂၅၊ ၂၀၁၈
    M-Media

    အမ်ဟာရီ အီဖန်ဒီ နဇာရုဒ်ဒင်ကို ဖမ်းဆီးမှု မြင်ကွင်း

    – နိုင်ငံပိုင်လုပ်ငန်း 1MDB က ငွေကြေးတွေ အလွဲသုံးစားလုပ်ခံရမှုကို ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) က စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူဖြစ်စေဖို့အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ အထူးအရာရှိတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ညမှာ ဖမ်းဆီးလိုက်ပါတယ်။

    အသက် ၄၂ နှစ်အရွယ် အမ်ဟာရီ အီဖန်ဒီ နဇာရုဒ်ဒင်ဆိုသူဖြစ်ပြီး ချုပ်ရပ် ရမန်တစ်ပတ်ရယူဖို့အတွက် တရားရုံးက ခွင့်ပြုခဲ့ပါတယ်။

    အီဖန်ဒီဟာ ၂၀၀၉ ခုနှစ်ကတည်းက နာဂျစ်ရာဇတ်အတွက် အလုပ်လုပ်ပေးခဲ့တာဖြစ်ပြီး MACC ရုံးချုပ်မှာ လာရောက်ထွက်ဆိုပြီးနောက်ပိုင်း အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

    MACC ရဲ့ စာရွက်စာတမ်းတွေအရ ၂၀၁၄ ခုနှစ်အတွင်း နာဂျစ်ရဲ့ ဘဏ်အကောင့်ကနေ အီဖန်ဒီရဲ့ ဘဏ်အကောင့်ထဲကို ကန်ဒေါ်လာ ၅ သိန်း ၀င်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ နာဂျစ်ရုံးမှာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုရှယ်မီဒီယာက ပြောဆိုဆက်ဆံမှုတွေအတွက် တာဝန်ယူခဲ့သူ
    လည်း ဖြစ်ပါတယ်။

    1MDB ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုမှာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဇနီးဖြစ်သူတို့ကိုလည်း MACC က ခေါ်ယူမေးမြန်းခဲ့ပါတယ်။

    မလေးရှားရဲ့ ရှေ့နေချုပ်သစ်က စုံစမ်းစစ်ဆေးရေး စာရွက်စာတမ်းတွေကို ကြည့်ရှုကာ 1MDB ကိစ္စဟာ ရာဇ၀တ်မှုဖြစ်နိုင်လားဆိုတာကို သူ့ရုံးက သုံးသပ်နေတယ်လို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ကြပါတယ်။

    Ref: CNA

  • တူရကီသမ္မတ ရွေးကောက်ပွဲပြန်နိုင်ပြီး သမိုင်းတစ်လျှောက် သြဇာအကြီးဆုံးခေါင်းဆောင် ဖြစ်လာမည်

    တူရကီသမ္မတ ရွေးကောက်ပွဲပြန်နိုင်ပြီး သမိုင်းတစ်လျှောက် သြဇာအကြီးဆုံးခေါင်းဆောင် ဖြစ်လာမည်

    ဇွန် ၂၅၊ ၂၀၁၈
    M-Media

    – မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တူရကီ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ အာဒိုဂန် ပြန်လည်အနိုင်ရရှိခဲ့ပြီး နိုင်ငံသမိုင်းတစ်လျှောက် အာဏာအများဆုံးရတဲ့သမ္မတ ဖြစ်လာပါတယ်။

    မဲရေတွက်မှု ၉၇.၇ ရာခိုင်နှုန်း ပြီးဆုံးချိန်မှာ အနိုင်ရဖို့လိုအပ်တဲ့ ထောက်ခံမဲ ထက်ဝက်ကျော် ၅၃ ရာခိုင်နှုန်းကို အာဒိုဂန်က ရရှိခဲ့တယ်လို့ တူရကီ ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ဆာဒီ ဂူဗန်က ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ ဒီမိုကရေစီ အနိုင်ရသွားပါပြီ။ ပြည်သူလူထု အနိုင်ရသွားပါပြီ။ တူရကီ အနိုင်ရသွားပါပြီ” လို့ အာဒိုဂန်က မြို့တော်အန်ကာရာမှာ သူ့ကိုထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

    ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၈၇ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့ပြီး စံချိန်တင်မဲပေးမှုလည်း ဖြစ်ပါတယ်။

    အာဒိုဂန်ဟာ သူ့ရဲ့ AK ပါတီနဲ့ MHP ပါတီတို့ပေါင်းထားတဲ့ ပြည်သူ့မဟာမိတ်အဖွဲ့ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး မနေ့က တစ်ပြိုင်တည်း ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာလည်း အာဒိုဂန်တို့အဖွဲ့က အနိုင်ရခဲ့ပါတယ်။

    အာဒိုဂန်ဟာ ၀န်ကြီးချုပ်နဲ့ သမ္မတအဖြစ် တူရကီကို ၁၅ နှစ်ကျော် အုပ်စိုးလာခဲ့သူပါ။

    “အင်မတန်လှပတဲ့ ဒီနေ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်” လို့ အာဒိုဂန်က အလံတွေဝှေ့ယမ်းကာ အောင်ပွဲခံနေကြတဲ့ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

    CHP ပါတီက အာဒိုဂန်ရဲ့ အနီးကပ်ပြိုင်ဘက် မုဟက်ရမ် အင်စီယာက ထောက်ခံမဲ ၃၀.၈ ရာခိုင်နှုန်း၊ ကာ့ဒ်ပါတီ HDP က သမ္မတလာင်း ဆီလာဟာတင် ဒီမီရ်တက်စ်က ၈.၁ ရာခိုင်နှုန်း၊ လက်ယာယိမ်း IYI ပါတီက မီရဲလ် အက်ဆီနာက ၇.၄ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ပါတယ်။

    မဲတွေရေတွက်လို့ မပြီးခင်မှာပဲ နိုင်ငံပိုင်ရုပ်သံ Anadolu က ရလဒ်ကြေငြာခဲ့မှုအတွက် အတိုက်ခံတွေဖက်က ဝေဖန်နေကြပါတယ်။

    ပြီးခဲ့တဲ့နှစ်မှာ ပြင်ဆင်ခဲ့တဲ့ တူရကီ အခြေခံဥပဒေအရ သမ္မတကို အာဏာ အလွန်အကျွံပေးထားပြီး ၀န်ကြီးချုပ်ရုံး၊ လွှတ်တော်ရဲ့ စောင့်ကြည့်မှုအခန်းကဏ္ဍကို ဖျက်သိမ်းခဲ့ပါတယ်။

    သမ္မတဟာ ဒုတိယသမ္မတတွေ၊ ၀န်ကြီးတွေ၊ ထိပ်တန်းအရာရှိတွေ၊ အရေးပါတဲ့ တရားသူကြီးနေရာတွေကို တိုက်ရိုက်ခန့်အပ်ခွင့်ရှိမှာ ဖြစ်သလို၊ လွှတ်တော်ကို ဖျက်သိမ်းခွင့်၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များ ထုတ်ပြန်ခွင့်၊ အရေးပေါ်အခြေအနေကြေငြာခွင့် ရရှိမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ

    တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားသတင်းများ

    ဇွန် ၂၄၊ ၂၀၁၈
    M-Media

    ဆွစ်ဇာလန်တိုက်စစ်မှူး ဇာခါနှင့် ရှာကီရီ

    ပနားမားဂိုး ဂိုးပြတ်နိုင်သည့်အင်္ဂလန် စံချိန်သစ်တင်
    ===========
    ဒီကနေ့ညပွဲမှာ ပနားမားကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်းဟာ အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံးသွင်းကာ အနိုင်ရတဲ့ စံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အတွက် ဂိုးတွေကို တိုက်စစ်မှူး ဟယ်ရီကိန်းက ဟက်ထရစ် သွင်းယူပေးခဲ့ပြီ၊ ဂျွန်စတုန်းက ၂ ဂိုး၊ လင်ဂါ့တ်က ၁ ဂိုး သွင်းယူပေးခဲ့
    ပါတယ်။ ဒီနိုင်ပွဲဟာ ၁၉၆၆ ခု ဗိုလ်စွဲပြီးနောက် ကမ္ဘာ့ဖလားမှာ အင်္ဂလန်ဟာ ပထမဆုံး ၃ ဂိုးနဲ့အထက် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ တူနီးရှားကို ဟယ်ရီကိန်းရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အင်္ဂလန်ဟာ ၂ ပွဲနိုင် ၆ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

    ခွဲခြားခံရသည့် အသင်းသားဖက်မှ ဆွီဒင်အသင်း ရပ်တည်ကာကွယ်
    ============
    ဂျာမနီကို ရှုံးနိမ့်တဲ့ပွဲအပြီး လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ တောင်ပံကစားသမား ဂျင်မီ ဒူရ်မက်ဇ်ကို ဆွီဒင်အသင်းဖော်တွေက ရပ်တည် ကာကွယ်ပေးခဲ့ပါတယ်။ ဒူရ်မက်ဇ်ဟာ တူရကီနိုင်ငံက ပြောင်းရွှေ့အခြေချလာတဲ့ အက်ဆီရီယန်မျိုးနွယ်က ဆင်းသက်လာသူပါ။ မနေ့က ဂျာမနီနဲ့ပွဲမှာ သူဟာ နောက်ဆုံးမိနစ်မှာ ဂိုးစည်းနား ပြ
    စ်ဒဏ်ကျူးလွန်ခဲ့ပြီး အဲဒီပြစ်ဒစ်ဘောကို တိုနီခရုဇ်က ၀င်အောင်ကန်သွင်းကာ အနိုင် ၃ မှတ် ရယူသွားတာဖြစ်ပါတယ်။

    ဒီအမှားကြောင့် ပွဲအပြီးမှာ ဆွီဒင် ဘောလုံးပရိတ်သတ်အချို့က ဒူရ်မက်ဇ်ကို ဆိုရှယ်မီဒီယာမှာ လူမျိုးရေးခွဲခြား စော်ကားမှုတွေ လုပ်ခဲ့ပါတယ်။ အသင်းဖော်တွေကတော့ ကံမကာင်းလို့ရှုံးနိမ့်ရတာဖြစ်ကြောင်း၊ ဒီလိုခွဲခြားမှုဟာ ဦးနှောက်မရှိတဲ့လူတွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ကာကွယ်ခဲ့ပါတယ်။ ဒူရ္မက္ဇ္က ဒီစကားေ
    တွကို ဂရုစိုက်နေမှာမဟုတ်ဘဲ မိမိနိုင်ငံအတွက် ကိုယ်စားပြုကစားရတာကို ဂုဏ်ယူတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဆွစ်ဇာလန်တိုက်စစ်မှူးနှစ်ဦး ၂ ပွဲပယ်ပြစ်ဒဏ် ခံရဖွယ်ရှိနေ
    ============
    ဆားဘီးယားအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လက်ကို သိန်းငှက်ပုံသဏ္ဍာန်လုပ်ကာ အောင်ပွဲခံခဲ့တဲ့ ဆွစ်ဇာလန်တိုက်စစ်မှူး ဇာခါနဲ့ ရှာကီရီတို့ကို ဖီဖာက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး နိုင်ငံရေးအရပြုလုပ်တဲ့ အပြုအမူလို့ ထင်ရှားရင် ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ့်အလားအလာ ရှိနေပါတယ်။ အလ်ဘေးနီးယားနွယ်ဖွားတွေဖြစ်တဲ့ သူတို့နှစ်ဦးဟာ အလ်ဘေးနီးယားအလံက သိန်းငှက်ပုံကို ရည်ညွှန်းအောင်ပွဲခံတာဖြစ်ပြီး တစ်ချိန်က ဆာ့ဘ်တွေဟာ အလ်ဘေးနီးယန်းနဲ့ ခရိုအက်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တုန့်ပြန်တာလို့ စွပ်စွဲခံနေရပါတယ်။ သူတို့နှစ်ဦးကတေ့ ဒါဟာ တမင်ရည်ရွယ်တာမျိုးမဟုတ်ဘဲ ပျော်ရွှင်မှုကြောင့် ဖြစ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

    Ref: BBC, Goal