News @ M-Media

1MDB အလွဲသုံးစားကိစ္စအတွက် မလေးဝန်ကြီးချုပ်ဟောင်း၏ အရာရှိ ဖမ်းဆီးခံရ

ဇွန် ၂၅၊ ၂၀၁၈
M-Media

အမ်ဟာရီ အီဖန်ဒီ နဇာရုဒ်ဒင်ကို ဖမ်းဆီးမှု မြင်ကွင်း

– နိုင်ငံပိုင်လုပ်ငန်း 1MDB က ငွေကြေးတွေ အလွဲသုံးစားလုပ်ခံရမှုကို ခြစားမှုတိုက်ဖျက်ရေး ကော်မရှင် (MACC) က စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူဖြစ်စေဖို့အတွက် ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ အထူးအရာရှိတစ်ဦးကို မလေးရှားရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ညမှာ ဖမ်းဆီးလိုက်ပါတယ်။

အသက် ၄၂ နှစ်အရွယ် အမ်ဟာရီ အီဖန်ဒီ နဇာရုဒ်ဒင်ဆိုသူဖြစ်ပြီး ချုပ်ရပ် ရမန်တစ်ပတ်ရယူဖို့အတွက် တရားရုံးက ခွင့်ပြုခဲ့ပါတယ်။

အီဖန်ဒီဟာ ၂၀၀၉ ခုနှစ်ကတည်းက နာဂျစ်ရာဇတ်အတွက် အလုပ်လုပ်ပေးခဲ့တာဖြစ်ပြီး MACC ရုံးချုပ်မှာ လာရောက်ထွက်ဆိုပြီးနောက်ပိုင်း အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

MACC ရဲ့ စာရွက်စာတမ်းတွေအရ ၂၀၁၄ ခုနှစ်အတွင်း နာဂျစ်ရဲ့ ဘဏ်အကောင့်ကနေ အီဖန်ဒီရဲ့ ဘဏ်အကောင့်ထဲကို ကန်ဒေါ်လာ ၅ သိန်း ၀င်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ နာဂျစ်ရုံးမှာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆိုရှယ်မီဒီယာက ပြောဆိုဆက်ဆံမှုတွေအတွက် တာဝန်ယူခဲ့သူ
လည်း ဖြစ်ပါတယ်။

1MDB ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုမှာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဇနီးဖြစ်သူတို့ကိုလည်း MACC က ခေါ်ယူမေးမြန်းခဲ့ပါတယ်။

မလေးရှားရဲ့ ရှေ့နေချုပ်သစ်က စုံစမ်းစစ်ဆေးရေး စာရွက်စာတမ်းတွေကို ကြည့်ရှုကာ 1MDB ကိစ္စဟာ ရာဇ၀တ်မှုဖြစ်နိုင်လားဆိုတာကို သူ့ရုံးက သုံးသပ်နေတယ်လို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ကြပါတယ်။

Ref: CNA