News @ M-Media
Blog
  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ
    မေ ၂၃၊ ၂၀၁၈
    M-Media
    အာဆင်နယ်နည်းပြသစ်က အသင်းကို ဥရောပထိပ်သီး ပြန်ဖြစ်ရန် ရည်ရွယ်
    ===========
    အာဆင်နယ်အသင်းကို ဥရောပရဲ့ ထိပ်သီးအသင်းတစ်ခု ပြန်ဖြစ်စေချင်တယ်လို့ နည်းပြသစ် ယူနိုင်း အမ်မရီက သူ့ရဲ့ ဒီကနေ့ပြုလုပ်တဲ့ တရားဝင် ခန့်အပ်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ၀င်းဂါးနေရာကို ဆက်ခံဖို့အတွက် အာဆင်နယ်အသင်းဟာ ဇကာတင် နည်းပြ ၈ ယောက်ထဲကမှ အမ်မရီကို ရွေးချယ်ခဲ့တာပါ။ အမ်မရီက ချ
    န်ပီယံလိဂ်မှ ၂ နှစ်ဆက် ပါဝင်နိုင်ခြင်းမရှိတဲ့နောက်ပိုင်း ပရီးမီးယားလိဂ်နဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း ပြန်ဖြစ်ရေး လုပ်ဆောင်ဖို့ အသင်းအတွက် အလွန်အရေးကြီးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အမ်ရီဟာ ပီအက်စ်ဂျီနဲ့ ဆီးဗီးလားအသင်းတို့မှာ အောင်မြင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
    မန်ယူအသင်းမှာ ဥရောပတန်ဖိုးအမြင့်ဆုံးအဖြစ် ဆက်ရှိနေဆဲ
    ==============
    မန်ယူအသင်းဟာ ဥရောပမှာ တန်ဖိုးအမြင့်ဆုံး အသင်းအဖြစ် ဆက်ရှိနေတယ်လို့ စီးပွားရေးအုပ် KPMG ရဲ့ မနေ့က ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။ ၂၀၁၅-၁၆ နဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီတွေကို အခြေခံကာ အကျိုးအမြတ်ရရှိမှု၊ ရုပ်သံလွှင့်ခွင့်၊ လူကြိုက်များမှု၊ အားကစားဆိုင်ရာ အလားအလာ၊ ကွင်းတန်ဖိုးတွေကို တွက်ချက်ခဲ့ ရာမှာ မန်ယူအသင်းရဲ့တန်ဖိုးဟာ ယူရို ၃.၂၅ ဘီလီယံ ရှိနေတာပါ။ ဥရောပတစ်ဝှမ်း အသင်းကြီး ၃၂ သင်းကို လေ့လာဆန်းစစ်ခဲ့ရာမှာ ပရီးမီးယားလိဂ်ကလပ် ၆ သင်းဟာ ထိပ်ဆုံး ၁၀ နေရာ ၀င်ခဲ့ပါတယ်။ မန်ယူနောက်မှာ ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်၊ မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီး၊ လီဗာပူးလ်၊ ဂျူဗင်တပ်စ်နဲ့ စပါးတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
    ==============
    အခုနှစ် အပြောင်းအရွှေ့ရာသီမှာ စံချိန်တင်ငွေကြေး သုံးစွဲသွားမယ်လို့ ၀က်စ်ဟမ်းအသင်းရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဂိုးလ်ဒ်က ပြောကြားလိုက်ပါတယ်။ ၀က်စ်ဟမ်းရဲ့ နည်းပြသစ်အဖြစ် မကြာခင် ခန့်အပ်တော့မယ့် မန်နျူယဲလ် ပယ်လီဂရီနီဟာ အသင်း တန်းဆင်းဇုန်မှာ ရုန်းကန်နေရတာကို ပြောင်းလဲဖို့အတွက် ကစားသမား ၄ ဦးကနေ ၅ ဦးအထိ ခေါ်ယူဖို့ ရှိနေပါတယ်။ ပရိတ်သတ်တွေက အသင်းပိုင်ရှင်တွေ ငွေကြေးမသုံးစွဲမှုအတွက် ဝေဖန်မှုတွေ ရှိခဲ့ပြီး ဂိုးလ်ဒ်က ဒီနှစ်မှာတော့ အရင်နှစ်တွေကနဲ့မတူတဲ့ ငွေကြေးမျိုး သုံးစွဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: BBC
  • အလ်အက္ကဆွာဗလီနေရာတွင် ဂျူးဘုရားကျောင်းအစားထိုးထားသည့် ပိုစတာဖြင့် အမေရိကန်သံအမတ် ဓာတ်ပုံတွဲရိုက်
    အလ်အက္ကဆွာဗလီနေရာတွင် ဂျူးဘုရားကျောင်းအစားထိုးထားသည့် ပိုစတာဖြင့် အမေရိကန်သံအမတ် ဓာတ်ပုံတွဲရိုက်
    မေ ၂၃၊ ၂၀၁၈
    M-Media
    – ဂျေရုစလင်က အလ်အက်ဆာဗလီဝတ်ကျောင်းတော်ရဲ့နေရာမှာ ဂျူးဘုရားကျောင်းတစ်ခု အစားထိုးထားတဲ့ ပိုစတာဘေးမှာ ဓာတ်ပုံအရိုက်ခံခဲ့တဲ့အတွက် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအတ် ဒေးဗစ် ဖရီဒ်မန်းဟာ ဝေဖန်ခံနေရပါတယ်။
    တလ်အဗီးနားက ဘနီဘရက်မြို့မှာ မသန်းစွမ်းကလေးတွေကို ကူညီပေးနေတဲ့ Achiya အဖွဲ့က မနေ့မှာပြုလုပ်တဲ့ အခမ်းအနားကို တက်ရောက်စဉ်မှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။
    Achiya က ဒီပိုစတာအတွက် တောင်းပန်ခဲ့ပြီး ၀န်ထမ်းတစ်ယောက်ရဲ့ “နိုင်ငံရေး ခွက်ကျမှု” သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အစ္စရေးက အမေရိကန်သံရုံးကလည်း ဖရီးဒ်မန်းဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ပိုစတာကို သေသေချာချာ မကြည့်ခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
    “အမေရိကန်ပေါ်လစီကတော့ ရှင်းပါတယ်။ ဟရမ်အလ်ရှရစ်ဖ်/Temple Mount ရဲ့ လက်ရှိအခြေအနေကိုသာ ကျွန်တော်တို့ လက်ခံပါတယ်။ သံအမတ် ဖရီးဒ်မန်းဟာ ဓာတ်ပုံရိုက်တဲ့အချိန်မှာ သူ့ရှေ့မှာရှိနေတဲ့ပုံကို ထဲထဲဝင်ဝင် မကြည့်မိပါဘူး။ အငြင်းပွားမှု ဖန်တီးဖို့အတွက် ဘနီဘရက်ကို သူသွားတဲ့အချိန် တစ်ယောက်ယောက်က အမြတ်ထုတ်လိုက်တဲ့အတွက် သူ တော်တော်လေး စိတ်ပျက်နေပါတယ်” လို့ သံရုံးကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    အစ္စရေးက ဂျူးလက်ယာစွန်းရောက်တွေဟာ အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို ဖြိုချပြီး တတိယမြောက် ဂျူးဘုရားကျောင်းဆောက်ဖို့ အချိန်အတော်အကြာကတည်းက ဆော်သြတိုက်တွန်းနေကြတာပါ။
    အလ်အက္ကဆွာ ဗလီဝတ်ကျောင်းတော်နဲ့ Dome of the Rock တို့ကို အစ္စလာမ်သာသနာမှာ တတိယမြောက် အမြင့်မြတ်ဆုံး နေရာအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
    Ref: Aljazeera
  • ပါကစ္စတန်တွင် အပှုလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံး
    ပါကစ္စတန်တွင် အပှုလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး လူ ၆၀ သေဆုံး
    မေ ၂၃၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ အပူလှိုင်းဖြတ်မှုကြောင့် ပြီးခဲ့တဲ့လ ၄ ရက်အတွင်း လူ ၆၀ လောက် သေဆုံးခဲ့ပြီး၊ အပူချိန်ကလည်း ၄၄ ဒီဂရီ ဆဲလ်စီးယက်စ်အထိ မြင့်တက်နေပါတယ်။
    အခုလို အပူလှိုင်းဖြတ်မှုဟာ တစ်နေ့ကို ၁၅ နာရီလောက် အစားအသောက်ရှောင်ရတဲ့ မွတ်လင်တွေရဲ့ ရမ်ဇာန်ဥပုသ်လနဲ့လည်း တိုက်ဆိုင်နေပါတယ်။
    သေဆုံးသူအများစုဟာ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကျန်းမာရေး မကောင်းသူတွေဖြစ်တယ်လို့ Edhi ဖောင်ဒေးရှင်အကြီးအကဲ ဖိုင်ဆဲလ် အဒ်ဟီက ပြောကြားခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ် ဇွန်လကလည်း အခုလို အပူလှိုင်းဖြတ်မှုကြောင့် ကရာချီမှာ လူ ၁၂၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။
    အပူလှိုင်းဖြတ်ချိန်မှာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရတာ၊ အသားအရေကို စိုစွတ်နေအောင်ထားဖို့ လိုတာ စတဲ့ အသိပညာတွေ ပြည်သူတွေမှာ နည်းနေတယ်လို့လည်း အဒ်ဟီက ပြောကြားခဲ့ပါတယ်။
    အစိုးကရတော့ သေဆုံးသူ တော်တော်များများဟာ အပူလှိုင်းကြောင့်၊ ရေဓာတ်ချို့တဲ့မှုတွေကြောင့် မဟုတ်ဘဲ အခြားသော ကျန်းမာရေး အခြေအနေတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီအပူလှိုင်းဟာ နောက်ထပ် ၄၈ နာရီလောက်အထိ ဆက်လက်ရှိနေမှာဖြစ်ပြီး အနည်းဆုံး သောကြာနေ့လောက်အထိ အပူချိန်ဟာ ၄၁ ဒီဂရီ ဆဲလ်စီးယက်စ်လောက် ရှိနေအုံးမယ်လို့ ပါကစ္စတန် မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။
    Ref : Aljazeera
  • လူသန်းချီ၏ အချက်အလက်ပေါက်ကြားမှုအတွက် ဥရောပလွှတ်တော်က Facebook ပိုင်ရှင်ကို စစ်မေး
    လူသန်းချီ၏ အချက်အလက်ပေါက်ကြားမှုအတွက် ဥရောပလွှတ်တော်က Facebook ပိုင်ရှင်ကို စစ်မေး
    မေ ၂၃၊ ၂၀၁၈
    M-Media
    – ဗြိတိန်က နိုင်ငံရေးအကြံပေးအဖွဲ့ Cambridge Analytica က လူသန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို ရယူအသုံးချမှုနဲ့ပတ်သက်ပြီး Facebook တည်ထောင်သူ မာ့ခ် ဇက်ကာဘာ့ဂ်ဟာ မနေ့က ဥရောပလွှတ်တော်မှာ ပြင်းထန်တဲ့ မွေးခွန်းတွေ မေးမြန်းခံခဲ့ရပါတယ်။
    Cambridge Analytica ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့အတွက် လုပ်လုပ်ပေးခဲ့ပြီး Facebook ထံကနေ အသုံးပြုသူပေါင်း ၈၇ သန်းရဲ့ အချက်အလက်တွေကို မလျော်ကန်တဲ့နည်းလမ်းနဲ့ ရယူခဲ့တာပါ။ အဲဒီအထဲမှာ ဥရောပပြည်သူ ၂.၇ သန်း ပါဝင်ခဲ့ပါတယ်။
    ဒီကိစ္စနဲ့ပတ်သက်လို့ Facebook ဟာ အမရိကန်နဲ့ ဥရောပ အင်အားကြီးနိုင်ငံတွေရဲ့ စစ်ဆေးမှုကို ခံနေရပါတယ်။
    ဥရောပလွှတ်တော်ဥက္ကဌ အန်တိုနီယို တာဂျာနီက အချက်အလက်ခိုးယူခံရမှု ဘယ်လိုဖြစ်ခဲ့သလဲဆိုတာအတွက် ဥရောပနိုင်ငံသားတွေဟာ တိကျတဲ့ရှင်းပြချက်မျိုး ရရှိသင့်ကြောင်း၊ ဥရောပရွေးကောက်ပွဲတွေ နီးလာတဲ့အတွက်ကြောင့် ဒီကိစ္စအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ဇက်ကာဘာ့ဂက်တော့ သူ့ကုမ္ပဏီဟာ အသုံးပြုသူတွေဘေးကင်းအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် ထပ်မံတောင်းပန်ခဲ့ပါတယ်။
    “ကျွန်တော်တို့ရဲ့တာဝန်ကို ထိထိရောက်ရောက်သုံးသပ်မှု မလုပ်နိုင်ခဲ့ပါဘူး။ ဒါဟာ အမှားတစ်ခုဖြစ်ပြီး အဲဒီအတွက်လည်း ကျွန်တော်တောင်းပန်ပါတယ်”
    မိတ်ဖက်ကုမ္ပဏီတွေက အချက်အလက် အလွဲသုံးစားပြုမှုကို တားဆီးမယ့် အစီအစဉ်တွေကို ဆောင်ရွက်နေပြီး အသုံးပြုသူတွေရဲ့ လုံခြုံရေးနဲ့ အန္တရာယ်ကင်းရှင်းရေးကို တာဝန်ယူမယ့် ၀န်ထမ်းအရေအတွက်ကို အခုနှစ်ကုန်မှာ နှစ်သောင်းအထိ တိုးမြှင့်သွားမယ်လို့လည်း ဇက်ကာဘာ့ဂ်က ပြောကြားခဲ့ပါတယ်။
    “လူတွေကို အန္တရာယ်ကင်းအောင်လုပ်တာဟာ ကျွန်တော်တို့ အကျိုးအမြတ် များများရဖို့ထက် အမြဲတမ်း အရေးကြီးနေမှာပါ”
    ပြီးခဲ့တဲ့လက အမေရိကန်လွှတ်တော်မှာ ဖြေကြားခဲ့တဲ့ အဖြေမျိုးကိုပဲ မနေ့က ဥရောပလွှတ်တော်မှာ ဖြေကြားခဲ့ပြီး Facebook ရဲ့ ကြေငြာကဏ္ဍ၊ Facebook နဲ့ WhatsApp အကြား အချက်အလက်မျှဝေမှု၊ အသုံးမပြုသူတွေနဲ့ပတ်သက်တဲ့ Facebook ရဲ့ အချက်အလက်စုဆောင်းမှု စတာတွေနဲ့ ပတ်သက်ပြီး တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိပါဘူး။
    ဥရောပသမဂ္ဂဟ ကိုယ်ပိုင်အချက်အလက်၊ မူပိုင်ခွင့်နှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ စည်းမျဉ်းတွေလို အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ပေးရေးနဲ့ပတ်သက်လို့ ဥပဒေအသစ်ကို ပြဌားန်ထားပြီး လာမယ့် ၃ ရက်အတွင်း အသက်ဝင်မှာ ဖြစ်ပါတယ်။
    Ref: Aljazeera
  • တိုင်းပြည်အကြွေးကြောင့် မလေးအစိုးရ၀န်ကြီးများ၏လစာကို ၁၀ ရာခိုင်နှုန်း လျှော့မည်
    တိုင်းပြည်အကြွေးကြောင့် မလေးအစိုးရ၀န်ကြီးများ၏လစာကို ၁၀ ရာခိုင်နှုန်း လျှော့မည်
    မေ ၂၃၊ ၂၀၁၈
    M-Media
    မလေးရှားအစိုးရအဖွဲ့
    – အစိုးရ၀န်ကြီးတွေရဲ့ လစာကို ၁၀ ရာခိုင်နှုန်း လျှော့ချမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ဒီကနေ့မှာ ကြေငြာလိုက်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာရေးပြဿနာအပေါ် အာရုံစိုက်မှု ပြသတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    မလေးရှားအစိုးရသစ်ဟာ ဒီကနေ့ ပူထရာဂျာယာမှာ ပထမဆုံးအစည်းအဝေးကို ကျင်းပခဲ့တာပါ။
    မဟာသီက ဒီလိုလစာဖြတ်တောက်မှုဟာ နိုင်ငံရဲ့ GDP ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ အကြွေး ရင်းဂစ် ၁ ထရီလီယံ ကျော်နေမှုကို လျှော့ချရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်းနာဂျစ်က နိုင်ငံရဲ့အကြွေးဟာ ဂျီဒီပီရဲ့ ၅၅ ရာခိုင်နှုန်းသာ ရှိတယ်လို့ ပြောကြာခဲ့ဖူးပါတယ်။
    မလေးရှားဝန်ကြီးချုပ်ရဲ့လစာဟာ ၂၂၈၂၇ ရင်းဂစ်၊ ဒုတိယ၀န်ကြီးချုပ်ရဲ့လစာဟာ ၁၈၁၆၈ ရင်းဂစ်၊ ၀န်ကြီးလစာက ၁၄၉၀၇ ရင်းဂစ်၊ ဒုတိယ၀န်ကြီးရဲ့ လစာက ၁၀၈၄၈ ရင်းဂစ်တို့ ဖြစ်ကြပါတယ်။
    အစိုးရအဖွဲ့က အကြီးတန်းတာဝန်ရှိသူတွေရဲ့ လစာကို ဖြတ်တောက်မှာလားလို့ မေးတဲ့အခါ မဟာသီက သူ့အနေနဲ့ ဖိအားပေးမှာမဟုတ်ပေမယ့်၊ တိုင်းပြည်ကို ကူညီချင်တယ်ဆိုရင် သူတို့ဟာ လခလျှော့ယူခြင်းအားဖြင့် ကူညီလို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    BN မဟာမိတ်အဖွဲ့ဦးဆောင်တဲ့ အရင်အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်နာဂျစ်က ရွေးကောက်ပွဲမှာ သူတို့ပါတီ အနိုင်ရရင် အစိုးရ၀န်ထမ်းလစာတွေ တိုးပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
    မဟာသီကတော့ လက်ရှိအတိုက်အခံဖြစ်နေတဲ့သူတွေ ပေးခဲ့တဲ့ကတိကို ဖြည့်ဆည်းဖို့အတွက် မိမိမှာ တာဝန်မရှိကြောင်း၊ ဒါပေမယ့် ရှားပါးစားရိတ်ပေးတာမျိုး လုပ်နိုင်မလားဆိုတာကိုတော့ မိမိတို့ ဆန်းစစ်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref: CNA