News @ M-Media

Blog

  • အစ္စရေး၏ သတ်ဖြတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၄ ဦးသေ ၇၀၀ ခန့် ဒဏ်ရာရ

    အစ္စရေး၏ သတ်ဖြတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၄ ဦးသေ ၇၀၀ ခန့် ဒဏ်ရာရ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဒဏ်ရာရသူတစ်ဦးကို ခေါ်ဆောင်သွားစဉ်

    – ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုမှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တဲ့အတွက် အနည်းဆုံး ၄ ဦး သေဆုံးပြီး ၇၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ၁၉၄၈ ခုနှစ်မှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းမိသားစုတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုတဲ့ အဲဒီဆန္ဒပြမှုမှာ လူတစ်ထောင်နီးပါးလောက် ပါဝင်ခဲ့ကြတာပါ။ ဒါဟာ ပြီးခဲ့တဲ့လတွေအတွင်း ၄ ကြိမ်မြောက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေလည်း ၇၀၀ နီးပါးလောက် ရှိခဲ့ပါတယ်။

    Great March of Return ခေါင်းစဉ်နဲ့ မတ်လနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၃၉ ဦး ရှိလာခဲ့ပြီး၊ ဒဏ်ရာရသူက ၄၀၀၀ ကျော်လောက် ရှိနေပါတယ်။

    ဒီလို ပစ်ခတ်သတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာက ဝေဖန်မှုတွေ လုပ်ခဲ့ပေမယ့် အစ္စရေးကတော့ နယ်စပ်တစ်လျှောက် စနိုက်ပါသမားတွေချထားကာ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းတွေအပေါ် ဆက်လက် ပစ်ခတ်မှုတွေ လုပ်နေပါတယ်။

    Ref: Aljazeera

  • အစ္စရေး၏ သတ်ဖြတ်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၄ ဦးသေ ၇၀၀ ခန့် ဒဏ်ရာရ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဒဏ်ရာရသူတစ်ဦးကို ခေါ်ဆောင်သွားစဉ်

    – ဂါဇာကမ်းမြှောင်မှာ မနေ့ကပြုလုပ်တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြမှုမှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တဲ့အတွက် အနည်းဆုံး ၄ ဦး သေဆုံးပြီး ၇၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေကို ၁၉၄၈ ခုနှစ်မှာ အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းမိသားစုတွေရဲ့ မျိုးဆက်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုတဲ့ အဲဒီဆန္ဒပြမှုမှာ လူတစ်ထောင်နီးပါးလောက် ပါဝင်ခဲ့ကြတာပါ။ ဒါဟာ ပြီးခဲ့တဲ့လတွေအတွင်း ၄ ကြိမ်မြောက် ဆန္ဒပြမှုလည်း ဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူတွေလည်း ၇၀၀ နီးပါးလောက် ရှိခဲ့ပါတယ်။

    Great March of Return ခေါင်းစဉ်နဲ့ မတ်လနှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ အဲဒီဆန္ဒပြမှုအတွင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူဟာ ၃၉ ဦး ရှိလာခဲ့ပြီး၊ ဒဏ်ရာရသူက ၄၀၀၀ ကျော်လောက် ရှိနေပါတယ်။

    ဒီလို ပစ်ခတ်သတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာက ဝေဖန်မှုတွေ လုပ်ခဲ့ပေမယ့် အစ္စရေးကတော့ နယ်စပ်တစ်လျှောက် စနိုက်ပါသမားတွေချထားကာ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းတွေအပေါ် ဆက်လက် ပစ်ခတ်မှုတွေ လုပ်နေပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဆွီဒင်မှ နာမည်ကြီး ဒီဂျေ တင်မ်ဘာလင်း

    မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုမလုပ်တော့
    ==============
    နျူလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ထပ်လုပ်မှာမဟုတ်ဘဲ နျူလက်နက် စမ်းသပ်တဲ့နေရာကိုလည်း ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ဒီနေ့မနက်မှာ ကြေငြာလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီပြောကြားမှုကို ကြိုဆိုခဲ့ပါတယ်။ ကင်ဂျုံအန်နဲ့ ထရမ့်တို့ဟာ မကြာခင်မှာ တွေ့ဆုံဖို့ရှိနေပြီး မနေ့ကလည်း ကင်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတတို့အကြား တိုက်ရိုက် ဖုန်းလိုင်းတစ်ခုကို တပ်ဆင်ခဲ့ပါတယ်။

    လက်နက်ကိုင်ခွင့်ကိစ္စအတွက် ကန်ကျောင်းသားများ ဆန္ဒထပ်ပြ
    =================
    လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို အစိုးရက ပြုပြင်ပြောင်းလဲမှု မရှိသေးတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ကျောင်းသားတွေဟာ မနေ့မနက်ပိုင်း ၁၀ နာရီတိတိအချိန်မှာ ကျောင်းခန်းတွေထဲကနေ အပြင်ကိုထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဖေဖော်ဝါရီလ ဖလော်ရီဒါ အထက်တန်းကျောင်းမှာ လူ ၁၇ ဦးသေဆုံးတဲ့ သေနတ်ပစ်မှုအပြီး ဒုတိယအကြိမ်မြောက် ကျောင်းခန်းအပြင်ထွက် ဆန္ဒပြမှု ဖြစ်ပါတယ်။

    နာမည်ကျော် ဆွီဒင်ဒီဂျေ အိုမန်တွင် သေဆုံး
    ===================
    ဂီတလောကမှာ Avicii လို့သိကြတဲ့ ဆွီဒင်က နာမည်ကျော် ဒီဂျေသမား တင်မ်ဘာလင်းကို အိုမန်မြို့တော် မူစကတ်က တိုက်ခန်းတစ်ခုမှာ မနေ့နေ့လယ်ပိုင်းက သေဆုံးလျက် တွေခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ တင်မ်ဘာလင်းဟာ ဂီတထူးချွန်ဆု မြောက်များစွာ ရရှိထားသူ ဖြစ်ပါတယ်။ ဘာ့ကြောင့်သေဆုံးရလဲဆိုတာ မထုတ်ပြန်သေးပါဘူး။

    မသန့်ရှင်းသည့် တရုတ်ငါးသေတ္တာဗူးများကို မလေးနှင့် အင်ဒိုတို့ပိတ်
    ===============
    ဗူးထဲမှာ သန်ကောင်အသေတွေ တွေ့ခဲ့တာကြောင့် တရုတ်နိုင်ငံထုတ် ငါးသေတ္တာနှစ်မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းဖို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။ Fujian Yongfa နဲ့ Dongshan Dongyi Foods ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ငါးသေတ္တာတွေဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံကလည်း ဒီပြဿနာကြောင့်ပဲ တရုတ်ထုတ် ငါးသေတ္တာ ၃ မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းခဲ့ပါတယ်။

    Ref: CNA, Aljazeera

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    – ဒီရာသီကုန်မှာ အာဆင်နယ်အသင်းက ထွက်တော့မယ့် နည်းပြ အာဆင်ဝင်းဂါးဟာ ဘောလုံးလောကကနေ အနားယူမှာမဟုတ်သေးဘဲ နိုင်ငံအသင်းနည်းပြ ဒါမှမဟုတ် အားကစားဒါရိုက်တာအဖြစ်နဲ့ ဘောလုံးလောကထဲမှာ ဆက်ရှိနေမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခြား ကလပ်အသင်းတစ်ခုကို နည်းပြဖို့တော့ မရှိပါဘူး။ ၀င်းဂါးဟာ အာဆင်နယ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့အကြောင်း ဒီကနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

    – အာဆင်နယ်အသင်းဟာ ၀င်းဂါးနေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အန်းရစ်ကို ဆက်သွယ်နေတယ်လို့ သတင်းတွေထွက်လာပါတယ်။ ဒါပေမယ့် လစာကိစ္စ အဆင်မပြေနိုင်ဘူးဆိုတဲ့ ပြောကြားမှုတွေ ရှိနေပြီး အာဆင်နယ်ကစားသမားဟောင်း ဗီရာယာနဲ့ မီခေးလ်အာတီတာတို့လည်း အာဆင်နယ်နည်းပြ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

    – အဆင့်လေးနေရာက စပါးနဲ့ ၅ မှတ်ကွာဟနေပေမယ့် အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရနိုင်ဖို့ အခွင့်အရေးရှိသေးပြီး ဒီအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်ပါတယ်။

    – အာဆင်နယ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့သတင်းကြောင့် ၀င်းဂါးအတွက် ပျော်ရွှင်မိတယ်လို့ ပြိုင်ဘက် မန်ယူနည်းပြဟောင်း ဆာအဲလက် ဖာဂူဆန်က ဒီကနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ အာဆင်နယ်မှာ ၀င်းဂါး စွမ်းဆောင်ခဲ့တာတွေအတွက် လေးစားကြောင်း၊ နည်းပြတစ်ယောက်ကို တစ်ရာသီ၊ နှစ်ရာသီလောက်သာခံတဲ့ ခေတ်သစ်ဘောလုံးလောကမှာ အာဆင်နယ်လို့အသင်းမျိုးမှာ ဒီလောက်ကြာကြာ ရှိနေနိုင်တာဟာ ၀င်းဂါးရဲ့အောင်မြင်မှုကို ပြသနေတာဖြစ်ကြောင်း ဖာဂူဆန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    – ရော်နယ်ဒိုဟာ ဝေဖန်သူတွေကို အသံတိတ်စေဖို့ အမြဲတမ်း နည်းလမ်းရှာနေသူဖြစ်ပြီး တိုက်စစ်မှူးချင်းယှဉ်ရင်တောင် သူဟာ သူများထက် ပိုပြီးထူးခြားတာတွေကို လုပ်ပြလေ့ရှိတယ်လို့ အသင်းဖော် ရီးယဲလ်နောက်ခံလူ ရာဖေးလ်ဗာရိန်းက ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ရီးယဲလ်အတွက် အခုရာသီ ပြိုင်ပွဲပေါင်းစုံမှာ ၃၉ ပွဲကစားပြီး ၄၂ ဂိုး သွင်းထားပါတယ်။

    Ref : Goal

  • အဓမ္မကျင့်ခံရသူ၏ အမည်ကို ဖော်ပြသည့်အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယဒဏ်ရိုက်

    အဓမ္မကျင့်ခံရသူ၏ အမည်ကို ဖော်ပြသည့်အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယဒဏ်ရိုက်

    ဧပြီ ၂၀၊ ၂၀၁၈
    M-Media

    မုဒိမ်းကောင်များကို အလျင်အမြန်အရေးယူရေး ဆန္ဒပြမှု

    – ကက်ရှ်မီးယားမှာ အဓမ္မကျင့် အသတ်ခံခဲ့ရတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ရဲ့အမည်ကို သတင်းမှာ ထည့်သွင်းဖော်ပြခဲ့တဲ့အတွက် မီဒီယာကုမ္ပဏီ ၁၂ ခုကို အိန္ဒိယတရားရုံးက ကန်ဒေါ်လာ ၁၅၀၀၀ စီ ဒဏ်ရိုက်လိုက်ပါတယ်။

    အိန္ဒိယဥပဒေအရ အဓမ္မကျင့်ခံရသူတွေရဲ့ အမည်ကို မီဒီယာမှာ ဖော်ပြခွင့်မရှိဘဲ ဒီပြဌာန်းချက်ကို ကျူးလွန်မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံဖို့ သတ်မှတ်ထားပါတယ်။

    နယူးဒေလီ တရားရုံးချုပ်က ဒီပြဌာန်းချက်ကို မလိုက်နာတဲ့ မီဒီယာကုမ္ပဏီ ၁၂ ခုကို ရူပီး ၁ သန်းစီ ဗုဒ္ဓဟူးနေ့မှာ ဒဏ်ရိုက်ခဲ့ပြီး တစ်ပတ်အတွင်း ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။ ဒဏ်ငွေတွေကိုတော့ လိင်အကြမ်းဖက်မှုခံရသူတွေကို ကူညီပေးတဲ့အစီအစဉ်မှာ ထည့်ဝင်သုံးစွဲမယ်လို့ ဆိုပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ လူတစ်စုရဲ့ ပြန်ပေးဆွဲ အဓမ္မကျင့်ခံရတဲ့ ကလေးငယ်ရဲ့ အမည်ကို အိန္ဒိယမီဒီယာ တော်တော်များများက ဖော်ပြခဲ့ကြပြီး တရားရုံးအမိန့်ကြောင့် အခုနောက်ပိုင်းမှာ နာမည်ဖော်ပြခြင်း မပြုတော့ပါဘူး။

    မိန်းကလေးငယ်ဟာ နော်မာဒစ် မွတ်စလင်လူ့အဖွဲ့အစည်းကဖြစ်ပြီး ဟိန္ဒူအစွန်းရောက်အုပ်စုတစ်ခုက ဘာသာရေးမုန်းတီးမှု၊ မွတ်စလင်တွေကို ခြောက်လှန့်လိုမှုတွေနဲ့ ဒီလို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ မုဒိမ်းကောင်တွေကို တရားမစွဲရေး ဟိန္ဒူရှေ့နေတွေနဲ့ ဟိန္ဒူအစွန်းရောက်တွေက ချီတက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။

    ဒီကိစ္စကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး မုဒိမ်းကောင်တွေကို အလျင်အမြန် အရေးယူရေး၊ ကာကွယ်ပေးသူတွေကို အပြစ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

    Ref: Alarabiya