News @ M-Media

နေနှင့် အနီးဆုံးနေရာသို့ လူသားများ သွားရောက်နိုင်ခဲ့ပြီ

ဒီဇင်ဘာ ၂၈၊ ၂၀၂၄
M-Media

-အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ နေစူးစမ်းလေ့လာရေး အာကာသယာဥ် Parker Solar Probe ဟာ သောကြာနေ့က နေကနေ မိုင်ပေါင်း ၃ ဒဿမ ၈ သန်း၀ေးတဲ့နေရာအထိ ချဥ်းကပ်နိုင်ခဲ့ပါတယ်။

ဒါဟာ သမိုင်းတစ်လျှောက် လူသားတွေ နေနဲ့အနီးဆုံးကို ချဥ်းကပ်ကာ စူးစမ်းလေ့လာမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာကာသယာဥ်ရဲ့ အခြေအနေ ကောင်းမွန်ပြီး ပုံမှန်အတိုင်း အလုပ်လုပ်နေတယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။

နေရောင်ခြည်လေလှိုင်းတွေနဲ့ နေမျက်နှာပြင် အခြေအနေတို့ကို လူသားတွေ ပိုမို လေ့လာသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ Parker Solar Probe အာကာသယာဥ်ကို ၂၀၁၈ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး နေကို ၂၁ ကြိမ် လှည့်ပတ်ပြီးပါပြီ။

ကမ္ဘာနဲ့နေဟာ မိုင်ပေါင်း ၉၃ သန်း ၀ေးကွာပြီး Parker Solar Probe အာကာသယာဥ်က ကမ္ဘာကနေ မိုင်ပေါင်း ၈၉ သန်း အကွာအ၀ေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Ref: BBC