News @ M-Media

၁၉၉၂ ဥရောပဖလားချန်ပီယံ ဒိန်းမတ်အသင်းနည်းပြဟောင်း ကွယ်လွန်

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
M-Media

– ဒိန်းမတ်နိုင်ငံ၏ ဘောလုံးသမိုင်းတွင် တစ်ခုတည်းသော အဓိကအောင်မြင်မှုအဖြစ် ၁၉၉၂ ဥရောပဖလားအား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် လက်ရွေးစင်နည်းပြဟောင်း ရစ်ချတ်မိုလာ နီလ်ဆင်မှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်သည့် နီလ်ဆင်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင် လကတည်းက ဦးနှောက်အမှေးယောင်ရောဂါ ခံစား နေရခြင်း ဖြစ်ပြီး ယမန်နေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဒိန်းမတ် ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။

ဒဏ်ရာကြောင့် ကစားသမားဘ၀ သက်တမ်းတိုခဲ့သော်လည်း နီလ်ဆင်မှာ ဒိန်းမတ်အသင်းအား ၁၉၉၀ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဥရောပဖလား ဗိုလ်လုပွဲတွင် ဂျာမနီအသင်းအား ၂-ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့ကာ ဒိန်းမတ်အသင်းအား ဥရောပဖလား ရရှိအောင် ညွှန်ကြား ပေးနိုင်ခဲ့သည်။ ဒိန်းမတ်အသင်းအား ၆ နှစ်ကြာ ကိုင်တွယ်ခဲ့စဉ်အတွင်း ၇၃ ပွဲတွင် ပွဲ ၄၀ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ထို့နောက် ဖင်လန်နှင့် အစ္စရေးအသင်းများ၏ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဘောလုံးလောကမှအနားယူခဲ့သည်။ ၁၉၉၆ ဥရောပ ဖလားချန်ပီယံ ဒိန်းမတ်အသင်း ဂိုးသမားဖြစ်ပြီး ထိုပြိုင်ပွဲအတွင်း အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် မန်ယူဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က နီလ်ဆင်ကွယ်လွန်သွားခြင်းအတွက် ၀မ်းနည်းမိကြောင်း ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
Ref : Goal

Comments

Leave a Reply