အောက်တိုဘာ ၂၅ ၊ ၂၀၁၄
M-Media
သီဟ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှုနဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။
အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်းက ပြည်နယ်တရားလွှတ်တော်ထံ အယူခံတင်သွားမယ် လို့ ပြောပါတယ်။
အမှုမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ တောင်ကုတ်မြို့ ဒေသခံ ၇ ဦးကို အခင်းဖြစ်ပွားပြီး တနှစ်ကျော် အကြာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ လူသတ်ရန် လူစုလူဝေးနဲ့ ကြိုတင်ကြံစည်မှု ပုဒ်မ ၃၄ တို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စွဲချက်တင်တဲ့အခါ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ တင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အမိန့်ချမှတ်ခဲ့တာပါ။
၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ ရိုးမသစ္စာ ခရီးသည်တင်ကားမှာ လိုက်ပါခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ၁ဝ ဦး ဟာ အကြမ်းဖက်သမား ရာနှင့်ချီပါဝင်တဲ့ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် ၇က်စက်စွာ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား- RFA(မြန်မာပိုင်း)
Leave a Reply
You must be logged in to post a comment.