ဇန်န၀ါရီ ၆၊ ၂၀၁၅
M-Media
– Air Asia လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် QZ 8501 ၏ ပျက်ကျမှုကို စုံစမ်းစစ်ဆေးမှုအတွင်း လေကြောင်းဆိုင်ရာ အရာရှိများ ပါဝင်ခြင်းမပြုရန် အင်ဒိုနီးရှားအစိုးရက အမိန့်ပေးလိုက်သည်ဟု သိရသည်။
ဒီဇင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့အသွား ပျက်ကျခဲ့သည့် အဆိုပါလေယာဉ်မှာ ထိုနေ့တွင် ပျံသန်းခွင့် လိုင်စင်မရဘဲ ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး တာဝန်ရှိသူများက မည်သည့် အတွက်ကြောင့် ပျံသန်းခွင့်ပေးခဲ့ခြင်းကိုလည်း စံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။
၉ ရက်မြောက်လာသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ခရီးသည်စုစုပေါင်း ၃၇ ဦး၏ အလောင်းကိုသာ ရရှိခဲ့ပြီး ကျန်ရှိသည့် ခရီးသည်များနှင့် ပျက်ကျရသည့်အကြောင်းအရင်းကို ဆုံးဖြတ်နိုင်မည့် Black Box ကို ဆက်လက်ရှာဖွေနေမှုမှာ ရာသီဥတုကြောင့် နှောင့်နှေးနေသည်။
အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနကမူ ဆူရာဘာယာရှိ လေဆိပ်တာဝန်ရှိသူများနှင့် လေကြောင်းလမ်းပြများအား အဆိုပါလေယာဉ် ရှာဖွေရေးနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် အမိန့်ပေးထားသည်။ ထို့ပြင် ပျံသန်းခွင့်ပါမစ်ကို ချိုးဖောက်သည့် အခြား လေကြောင်းလိုင်းများကိုလည်း အရေးယူသွားမည်ဟု ၀န်ကြီး ဂျိုကို မာဂျက်မိုဂျိုက ယမန်နေ့တွင်
ပြောကြားခဲ့သည်။
Air Asia ကြောင်းလိုင်းမှာ လက်ရှိအချိန်တွင် ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းခြင်းကို ရပ်ဆိုင်းထားရပြီး၊ ၀န်ကြီး မာဂျက်မိုဂျိုကမူ လိုင်စင်အား ပိတ်သိမ်းနိုင်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့သည်။
ခရီးသည်နှင် လေယာဉ်အမှုထမ်း ၁၆၂ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ် ပျက်ကျမှုမှာ ရာသီဥတုကြောင့်ဟု အကြမ်းဖျဉ်း ယူဆထားသော်လည်း ကျွမ်းကျင်သူများကမူ ထိုနေ့တွင် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသည့် အခြားသောလေယာဉ်များမှာ အဘယ့်ကြောင့် ရာသီဥတုဒဏ် မခံစားရသနည်းဟု မေးခွန်းထုတ်ခဲ့သည်။
ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူများကမူ Black Box မေတွေ့မချင်း ပျက်ကြရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိနိုင်ဟု ပြောကြားခဲ့သည်။
Ref : channelnewsasia
Leave a Reply
You must be logged in to post a comment.