News @ M-Media

ဝဏ္ဏကျော်ထင် ဟာဂျီမ ဆရာမကြီး ဒေါ်စောရွှေ

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
M-Media

ဝဏ္ဏကျော်ထင် ဆရာမကြီး ဟာဂျီမ ဒေါ်စောရွှေ

ဆရာမကြီး ဒေါ်စောရွှေ သည် ၁၂၆၇ ခုနှစ် ပြာသိုလဆန်း (၉)ရက် ၁၉၀၃ ခုနှစ် ဇန်န၀ါရီလ(၆) ရက် အင်္ဂါနေ့တွင် အင်းစိန်မြို့ အဘ ဦးဘကျင် အမိ ဒေါ်နှင်းလှိုင်တို့မှ မွေးဖွားခဲ့ပါသည်။

ဥပစာတန်းနှင့် အင်္ဂလိပ်မြန်မာ ဆရာဖြစ်လက်မှတ်ရရှိခဲသည်။ အင်္ဂလိပ် နယ်ချဲ့ အစိုးရခေတ်တွင် ကုမ္မာရီ အမျိုးသမီးအဖွဲ့ ၊ ဗမာမွတ်စလင်(မ်) အမျိုးသမီး နိုးကြားရေးအဖွဲ့၊ မုဆိုးမများ စောင့်ရှောက်ရေးအဖွဲတို့ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်းက မွတ်စလင် အမျိုးသမီးများ အိမ်တွင်းပုန်းဘ၀မှ လွတ်မြောက်ရေးနှင့် လူမှု့ဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေးတို့ကို စည်းရုံးလှုံဆောင်ခဲ့ပြီး သူနာပြုတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် ဗမာမွတ်စလင်(မ်) အမျိုးသမီး အဖွဲ့ချုပ်ကို ဦးဆောင် ဖွဲစည်းခဲ့ပြီး ကွယ်လွန်သည့် အထိ ဥက္ကဌအဖြစ်  တာဝန်ယူဆောင်ရွက်ခဲ့သည်။

 

လမ်းမတော် မဲဆန္ဒနယ် မှ တိုင်းပြုပြည်ပြု လွတ်တော် အမတ်အဖြစ်လည်းကောင်း ရမည်းသင်း မဲဆန္ဒ နယ်မှ လူမျိုးစုလွှတ်တော် အမတ် အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။

အစ္စလာမ် သာသနာရေးရာ ကောင်စီ စတင်တည်ထောင်ရာတွင် ဗဟို အလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၅၂-ခုနှစ် မှ ၁၉၆၀ ခုနှစ်အတွင်း ရန်ကုန်ဆေးရုံကြီး ကြီးကြပ်ရေး အဖွဲ့ဝင် အဖြစ်လည်းကောင်း ရန်ကုန် အကျဉ်းထောင် ကြိးကြပ်ရေးအဖွဲ့ဝင် အဖြစ်လည်းကောင်း ပြည်ထောင်စု လူမှုရေး ၀န်ထမ်းကောင်စီဝင် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

အိန္ဒိယ နိုင်ငံ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ မြန်မာနိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်အဖြစ် အစည်းအဝေး တက်ရောက်ခဲ့သည်။

၁၉၅၅ ခုနှစ်တွင်  မိဘမဲ့ မွတ်စလင်(မ)် အမျိုးသမီးငယ် များအတွက် မွတ်စလမ်(မ်) အမျိုးသမီး သာသနာ့ ရိပ်သာ (ဂေဟာ) ကို တည်ထောင်ပေးခဲ့ပြိး လက်ရှိ သုံးထပ်တိုက် အဆောက်အဦး ကြီးကို ကြိုးပမ်း တည်ဆောက်ခဲ့သည်။

အစ္စလာမ်ရေးရာ အမျိုးသမီး ရှေ့ဆောင်သင်တန်းကို စတင် ပျိုးထောင် ခဲ့သော ဗိသုကာကြိးလည်းဖြစ်သည်။ ၁၉၆၂ ခုနှစ် ဇန်န၀ါရီ(၄) ရက်နေ့တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် ၀ဏ္ဏကျော်ထင် ဘွဲ့ကို လက်ခံရရှိခဲ့ပါသည်။

ဆရာမကြီး ဒေါ်စောရွှေသည် မွတ်စလင်မ် အမျိုးသမီးများအပါအ၀င် တမျိုးသားလုံအတွက် ကြိုးပမ်းကာ အမှန်တရားကို စေတနာအပြည့်ဖြင့် ကိုယ်ကျိုးမဖက် အစဉ်တိုက်ပွဲဝင်ခဲ့သော မွတ်စလင်မ်တို့၏ စံပြစံတင်ထိုက်သည့် မိခင်မွန်အဖြစ်နှင့်ပင် ၁၉၈၀ ခုနှစ် ဇွန်လ(၂၁)ရက် စနေနေ့ အသက် (၇၇) နှစ် တွင် အလ္လာအသျှင်မြတ်၏ အမိန့်တော်ခံယူခဲ့ပြီး ကန်တော်လေး မွတ်စလင်သုသာန်တွင် မြှုပ်နှံခဲ့ပါသည်။

579789_501250073250801_799325020_n

ဓါတ်ပုံရှင်းလင်းချက်-တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တရ ၁၂.၆.၁၉၄၇) အစည်းအဝေးကျင်းပရာ လွှတ်တော်ရင်ပြင်အရှေ့တွင် ရိုက်ထားသည်။

ပထမတန်း -အလယ်ခြောက်ယောက်မြောက်တွင် ဒေါ်စောရွှေ(ဗမက)၊
ဒုတိတန်း – ယာဘက်ဒုတိယမြောက် ဆရာကြီးဦးရာဇတ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊
တတိယတန်း -၀ဲဘက်(၅)ယောက်မြောက် ဦးသန်းညွန့်၊ ဦးခင်မောင်လတ်

ဆရာကြီးဦးရာဇတ်၊ ဦးသန်းညွန့်၊ ဦးခင်မောင်လတ်၊ဒေါ်စောရွှေ(ဗမက) တို့မှာ မြန်မာမွတ်စလင်မ် လွှတ်တော်အမတ်များဖြစ်ကြသည်။

 

 

Comments

Leave a Reply