အောက်တိုဘာ ၁၂၊ ၂၀၁၅
M-Media
– ရုရှားမှာ ၎င်းတို့၏စစ်တပ်မှ ကြဲချခြင်းဖြင့်လည်းကောင်း၊ အာဆတ်အစိုးရအား ထောက်ပံ့ပေးခြင်းဖြင့် လည်းကောင်း အတွဲလိုက် ပေါက်ကွဲစေတတ်သော အဆင်မြင့် cluster ဗုံးများကို ဆီးရီးယားစစ်ပွဲတွင် အသုံးပြုနေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ယနေ့တွင် ပြောကြားလိုက်သည်။
ဆီရီးယာ၏ ဒုတိယမြို့တော်ဖြစ်သော အဲလစ်ပိုတွင် အောက်တိုဘာ ၄ ရက်နေ့က ကြဲချခဲ့သည့် အဆိုပါဗုံးများ၏ ဓာတ်ပုံများကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ရရှိခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ သုံးစွဲခြင်းမှာ စိုးရိမ်စရာကောင်းကာ အနာဂတ်တွင် ဆီးရီးယား ပြည်သူများအား ထိခိုက်နစ်နာစေမည် ဖြစ်ကြောင်း ထို cluster ဗုံးများ အသုံးပြုခြင်းကို နိုင်ငံတကာ၏ ပိတ်ပိတ်ထားမှုတွင် ရုရှားနှင့် ဆီးရီးယားတို့ ပါဝင်သင့်ကြောင်း အဖွဲ့မှ အရှေ့အလယ်ပိုင်းဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ နဒင်းမ် ဟူရီက ပြောကြားခဲ့သည်။
ရုရှားမှာ စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်ကာ ဆီးရီးယားသမ္မတ အာဆတ်အား ဆန့်ကျင်သည့် အဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဗုံးဗဒေသာဟု ခေါ်ဆိုသည့် Cluster ဗုံးများမှာ အတွဲလိုက်ပါဝင်သည့် ဗုံးများဖြစ်ပြီး ဖျက်အားပျင်းသောကြောင့် နိုင်ငံအများအပြားက သုံးစွဲခြင်းမပြုရန် သဘောတူထားကြသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.