News @ M-Media

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ အသင်းနှင့် လမ်းခွဲ

အောက်တိုဘာ ၁၉၊ ၂၀၁၅
M-Media

myan

– မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ နည်းပြဖြစ်သည့် ရာဒို့ဂ်ျကို အေဗရာမိုဗစ်မှာ အသင်းနှင့် ရုတ်တရက် လမ်းခွဲခဲ့သည်ဟု သိရသည်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး စင်ကာပူအသင်း၏ နည်းပြဟောင်းဖြစ်သူ အေဗရာမိုဗစ်မှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မြန်မာ့လက်ရွေးစင်အသင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လတွင် စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဆိုးရွားသည့် ရလဒ်များကြောင့် ယခုကဲ့သို့ လမ်းခွဲရခြင်း ဖြစ်နိုင်သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ အုပ်စု G တွင် ၅ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားကာ ရမှတ်လေးမှတ်ဖြင့် တောင်ကိုရီးယား၊ ကူဝိတ်နှင့် လက်ဘနွန်တို့၏အောက် စတုတ္ထနေရာတွင် ရှိနေသည်။

ဆားဘီးယားနည်းပြ အေဘရာမိုဗစ်၏ ရုတ်တရတ်လမ်းခွဲမှုမှာ မလေးရှားလက်ရွေးစင်အသင်း၏ လစ်လပ်နေသော နည်းပြနေရာကို ရယူရန် ဖြစ်နိုင်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

မြန်မာ့လက်ရွေးစင်အသင်းကို မြန်မာ ယူ ၁၉ အသင်းအား ယူ ၂၀ ကမ္ဘာ့ဖလား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂျာ့ဒ်ဇီစီက ကိုင်တွယ်သွားမည်ဖြစ်သည်။ ၎င်း၏ ပထမဆုံးပွဲမှာ နိုင်ဘာ ၁၂ ရက်နေ့တွင် ကစားမည့် တောက်ကိုရီးယားအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲဖြစ်သည်။

Ref: Channelnewsasia

Comments

Leave a Reply